LAမြန်မာ့သကြန်2007

အေပရယ်လ29ရက်နေ့၊အယ်လေမြို့ရဲ့ပူလောင်လောင်နေရောင်ခြည်အောက်မှာကျနော်တို့အဝေးရောက်
မြန်မာပေါင်းမြောက်များစွာဟာအတာသကြန်ပွဲကိုယခုလိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်ခင်ဗျာ။တောင်ပိုင်း
ကယ်လီဖိုးနီးယားမြန်မာအသင်းမှကြီးမှုးကျင်းပပြီးကယ်လီဖိုးနီးယားသမိုင်းတစ်လျှောက်မှာအစည်ကားဆုံး
သောပွဲဖြစ်ခဲ့ပါတယ်။





ဖျော်ဖြေရေးအစီအစဉ်အားစောင့်ဆိုင်းနေသူပရိတ်သတ်များ


ပြည်ပမှသကြန်ပွဲများဟာနှစ်ဟောင်းကုန်လို့နှစ်သစ်ကိုအကူး၊ရေပက်ဆော့ကစားရင်းကုသိုလ်ယူအစရှိတဲ့အစဉ်အ
လာတွေထက်နောက်ကွယ်မှာအဓိပ္ပယ်အများကြီးပိုတယ်လို့ကျနော်ယူဆမိပါတယ်။မအားမလပ်မှုတွေကြားထဲကနေ
မြန်မာပြည်သားအချင်းချင်းအစုအလိုက်အပြုံလိုက်ကိုဆုံတွေ့ပျော်ရွှင်ကျရင်း၊မွေးရပ်မြေကိုမထိတထိကြိတ်လွမ်းကျ
တဲ့ပွဲဆိုရင်လည်းမမှားပါဘူး။


အပျံစားမန်းဒတ်





ကျိတ်ကျိတ်တိုးမုန့်ဈေးတန်း



ဒေါ်ဒေါ်မေဆွိ



လဒတစ်ကောင်နှင့်အကယ်ဒမီမေဝင်းမောင်



ခါလိုက်စမ်း!!!ခါလိုက်စမ်းပါ



ကျနော့်အကြိုက်ဆုံး



လှယဉ်ကျေးမယ်ပြိုင်ပွဲ



ဝယဉ်ကျေးမယ်တစ်ဦးပြိုင်ပွဲဝင်စဉ်

Read More...

မြို့ ပြအလင်းရောင်



နာဆာရဲ့မြို့ပြအလင်းရောင်ဓာတ်ပုံဟာတစ်ကမ္ဘာလုံးမှာရှိတဲ့နေရာဒေသအားလုံးအားအလင်းရောင်ကိုအခြေခံပြီး
မြင်ရနိုင်ပါတယ်။ဒီလိုမြင်တွေ့ရာမှာနိုင်ငံတွေခွဲခြားကြည့်လိုက်ရင်လူဦးရေအနည်းအများဟာအက္ခရာမကျပဲမြို့ပြ
လူနေမှုစနစ်မည်ရွေ့မည်မျှဖွံ့ဖြိုးတိုးတက်နေသလဲကသာအက္ခရာကျကြောင်းထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။

အနောက်ဥရောပ၊မြောက်အမေရိက၊အာဖရိကနဲ့အာရှတို့သင်နှိုင်းကြည့်လိုက်ပါ။အဖွံဖြိုးဆုံးသောဒေသတွေဟာ
ထိန်ထိန်ညီးနေတာကိုတွေ့ရပါလိမ့်။အဲဒီနောက်ကျနော်တို့ရဲ့အာရှကိုနည်းနည်းပိုပြီးအာရုံပြုကြည့်လိုက်။ဂျပန်ကျွန်း
ဆွယ်၊ကိုရီးကျွန်းဆွယ်၊မလေးကျွန်းဆွယ်နဲ့အိန္ဒိရတိုက်ငယ်တခုလုံးUrbanizationဖြစ်ထွန်းကြောင်းသက်သေ
ခံနေပါတယ်။သို့သော်လည်းတောက်မိမီးခဲတရဲရဲတရုတ်ကြီးတို့နိုင်ငံဟာရှေ့ဘက်ခြမ်းလေးကလွဲလို့အမှောင်ဖုံးနေ
ရှာပါတယ်။

အကယ်၍သင့်ကော်နက်ရှင်မြန်ဆန်ပြီးပုံကြီးများကိုကြည့်နိုင်ခဲ့ရင်တော့ကျနော်တို့ရွှေပြည်ကြီးကိုလည်းသေသေချာ
ချာကြည့်ရှုနိုင်ပါသေးတယ်။အဖွံဖြိုးဆုံးလို့ဆိုနိုင်တဲ့ရန်ကုန်မန္တလေးလမ်းတစ်လျှောက်မှာရှိတဲ့အလင်းစက်ကလေးများ
နဲ့တဖက်နိုင်ငံကကျောက်ဖရားမြစ်ဝှမ်းတစ်လျှောက်ကအလင်းစက်ကြီးများကိုတော့စိတ်မသက်မသာမြင်ရပါလိမ့်မယ်
ခင်ဗျာ။

ပုံကြီးများကြည့်ရန်

Read More...

A brief history of marijuana


Reefer Madness Great marijuana movie

Read More...

St.Stupid's Day Parade



မိုက်မဲသောသူတော်စင်နေ့လို့ဘဲ ဘာသာပြန်ရမလားမသိဘူး။ တော်တော်လေးတော့ရီရတယ်။ နည်းနည်းလေးလဲကပျက်ကချော်၇ှိမှ နေလို့ထိုင်လို့ကောင်းတာ။
ဗွီဒီယိုလင့်ခ်

Read More...

OSS Training Toolkit

OSS Training Toolkit

List of Individual Chapters
 Chapter 1: Free & Open Source Software

 Chapter 2: Step by Step Fedora Installation Guide
 Chapter 3: Linux Servers Configuration
 Chapter 4: Application Servers
 Chapter 5: RDBMS: MySQL
 Chapter 6: Open Source Programming
 Chapter 7: CMS, CRM, ERP
 Chapter 8: Office Productivity Suite
link

Read More...