Paris and Tara

Read More...

Sketches

















































via yayhooray

Read More...

ရှေးငါးမန်း၊ တီဗွီချယ်နယ်လ် ဟိုက်ဂျက်

ကလေးမွေးတဲ့ အပျို
a Komodo dragon who has never mated or even mixed with a male, became a mother and father of five this week, British scientists said on Wednesday.

Scientists announced in December in the journal Nature that Flora had fertilized the eggs herself without any male help, in a process culminating in parthenogenesis or "virgin birth."


ရှေးငါးမန်း ရိုက်တာဗီဒီယို















တီဗွီချယ်နယ်လ် ဟိုက်ဂျက် (YouTube)

Max Headroom Pirating Incident - 11-22-87















via damninteresting

Read More...

တစ်နေ့တာအချိန်များ

်ထုံးစံအတိုင်း ၀င်နေကြ ဖိုရမ်တွေဆီကို သွားပြီး ဟိုရှုပ်ဒီရှုပ်လုပ်ပြီးတော့ ဘော့စ်နဲ့ ပြောစရာ ဆိုစရာ ရှိလာလို့ စကားသွားပြောတယ်။
ကျွန်တော့်ရှေ့ရေးအတွက် ဆွေးနွေးပြီးတော့ နောက် အလုပ်မရခင်စပ်ကြား ဖရီးလန့်စ် ပရိုဂရမ်မာလုပ်ဖို့ အဖြေထွက်လာတယ်။ ကျွန်တော်နည်းနည်းတော့ လွတ်လပ်သွားတာပေါ့။
ပိုက်ဆံရဖို့ အချိန်ပိုင်းအလုပ်လုပ်ရတော့မယ်ဆိုပေမယ့် ပျော်ပါတယ်။ နို့မို့ ရင် သူ့ကို အားနာနေရလို့။
ပြန်လာတော့ သူငယ်ချင်းတစ်ယောက်ကတော့ ဂျီတော့ခ် ကနေ အယ်လ်အေ ကိုသွားပြီး ဦးတင်မိုးကို ဂါရ၀ သွားပြုမယ်လို့ပြောတယ်။ ကောင်းသားဘဲလို့ ။

အရင်က သိပ်သတိမထားမိတဲ့ ကဗျာတိုလေးကို ပြန်ဖတ်မိတယ်။ ဆရာတင်မိုးရဲ့ နာမည်ကြီးကဗျာ ဧည့်သည်ကြီးတဲ့။ ဆရာကြီးကွယ်လွန်သွားမှ ဘဲ ဖတ်မိတော့တယ်။
ဖတ်ပြီးတော့ ဆရာ့အတွက် စိတ်တောင်မကောင်းဘူး။ ဆရာကြီးနဲ့ ပတ်သတ်တဲ့ ဆရာကြီးနဲ့ ပတ်သတ်လို့ မနေ့ကတော့ ကြားကြားချင်း အနောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးမယ့် ပြည်ချစ်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဆုံးရှုံးလေခြင်းဆိုပြီးတော့ အားငယ်မိတယ်။ ဒီနေ့တော့ ကိုယ်မဖတ်ဖူးတဲ့ ဆရာကြီးရဲ့ ကဗျာတွေ ဖိုရမ်မှာ ဖတ်ပြီး စိတ်ထဲမှာ ကောင်းလိုက်တာလို့တွေးမိတယ်။ ရိုးဂုဏ်အပြည့်နဲ့ ချစ်စရာတကယ်ကောင်းတာဘဲ။ တစ်ချို့ကဗျာတွေဆိုရင် ကျောင်းသုံးမြန်မာစာတွေမှာ ထည့်သွင်းသင့်တယ်။
ဖိုရမ်ထဲမှာတော့ မန်ဘာတစ်ယောက် က မန္တလေးဂေဇက်မှာ ဆရာကြီးနဲ့ ပတ်သတ်ပြီးတော့ ခံစားချက်တွေကို ရေးပေးဖို့ လင့်ခ်ပေးပြီး အဆိုပြုထားတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်းအဲဒီလင့်ခ်ကနေတဆင့် သွားလိုက်တာပေါ့။ ဘာရေးရမှန်းမသိသေးပါဘူး။
နောက်တော့ ထုံးစံအတိုင်း အင်တာနက်ထဲကို ဒိုးယိုပေါက်ပြန်ဝင်ပြီးတော့ ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်နေလိုက်တော့တယ်။

Read More...

Heav Metal Fun

Heavey Metal (YouTube)

Read More...

မသိလို့ဖြေပေးပါနှင့် အခြားဟာသပုံများ

မသိလို့ဖြေပေးပါ

















"CLICK HERE FOR A FREE XBOX 360" ads














တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။


















Chocolate Cover SQL


















via thedailywtf

Read More...

1984 online comic book and video


Orwell's 1984 online comic book

Orwell 1984: Paranoia

1984Comic video
"The great 1984comic project is merged with Pink Floyd's album the Wall."

Mash-up by Christopher Borne found on Archive.org


Read More...

Web Zen: Flash Funny

sheep ringtone
squow
sinister ducks
kungfu bunnies
cows with guns
these little pigs
chicken a day
cowscapes
cluck of july

via boing boing

Read More...

အောင်မလေးလေး ဘိုးတော်ကယ်ပါဘုရား

အား အီး ဆွဲလို့ရ၀ူး

ယောကျာ်းတစ်ယောက်၏ အဆိုးဆုံး အိပ်မက်

Celebrities Favorite Curse Words

Can Fu

Animation VS Animator

paper wars

Triumph Bon Jovi

MST3K - The Making of of MST3K 1/3
MST3K - 903 Puma Man 1/10
MST3K-A Date With Your Family
Dr. Frankenstein, Full Movie


Read More...

ကမ္ဘောဒီးယားတာဇံမလေး

ကမ္ဘောဒီးယားမှာ တာဇံမလေးတွေ့လို့တဲ့။ ဘီဘီစီသတင်းဖတ်လိုက်ရလို့။ အသက်၈နှစ်အရွယ်ကပျောက်သွားပြီး ၁၉နှစ်လောက်ကြာမှပြန်တွေ့သတဲ့။ လမ်းလျှောက်ရင် ကျွန်တော့်လိုဘဲတဲ့။ ဘိုးတော်ကြီးနဲ့ပေးစားရကောင်းမလားဘဲရယ်။

Read More...

O2

Online Education Cheat Sheet
Org2.0

Read More...

အမိန့်ကိုဘဲ နာခံတာပါ

အမိန့်ကိုဘဲ နာခံတာပါ

ဂျာမနီမှ ကားမောင်းသမားတစ်ယောက် ကားမှာ ပါတဲ့ စတ်တယ်လိုက် အချက်ပြ လမ်းညွှန်စနစ်က ညွှန်ကြားတဲ့အတိုင်း ဘယ်ဘက်ကို ကွေ့ချလိုက်လို့ ယာဉ်တိုက်မှုဖြစ်ပွားတယ်လို့ ရိုက်တာ သတင်းက ဖော်ပြထားပါတယ်။ တဆက်ထဲဘဲ ဂျာမနီမှာ အဲဒီလို လမ်းညွှန်စနစ်က လာတဲ့ အသံရဲ့ အမိန့်ကို နာခံပြီး လိုက်လုပ်လို့ ဖြစ်ပွားရတဲ့ အလားတူ ယာဉ်တိုက်မှုတွေ ယာဉ်မောင်းသမားတွေ မကြာသေးခင်လများမှာလဲ ဖြစ်ပွားခဲ့ကြောင်း နှင့် ယာဉ်မောင်းသမားများက သူတို့ဟာ အမိန့်ကိုနာခံလို့ ဒီလိုဖြစ်ပွားကြောင်း ၀န်ခံကြတယ်လို့လဲ သတင်းအရသိရပါတယ်။

Read More...

Realistic and Funny Ads










Agency: Downtown Partners
Ad: Such advertisment was placed in Toronto for World First Aid Day, depicting a woman lying on the floor.












Agency: Jung von Matt, Hamburg
Ad: This advertisment is for Dental implant insurance and shows skittles as teeth.

via funforever

Fight Smoking
















VW Van Ad


































Here is an unusual airport driver who has VW Van outside waiting for more than one person, showing you how many guests “could fit” in the van.



























Freedom Of Speech
Amnesty International campaign

via frederiksamuel.com

Read More...

Woman drinks so much water she dies

SACRAMENTO, California (AP) -- A woman who competed in a radio station's contest to see how much water she could drink without going to the bathroom died of water intoxication, the coroner's office said Saturday.

Jennifer Strange, 28, was found dead Friday in her suburban Rancho Cordova home hours after taking part in the "Hold Your Wee for a Wii" contest in which KDND 107.9 promised a Nintendo Wii video game system for the winner.

"She said to one of our supervisors that she was on her way home and her head was hurting her real bad," said Laura Rios, one of Strange's co-workers at Radiological Associates of Sacramento. "She was crying, and that was the last that anyone had heard from her."

နစ်တန်းဒိုး ဂိမ်း အတွက် အသက်ပေးလိုက်ရတယ်ဆိုတော့ သူတို့ဆီမှာတော့ အဲဒီပြိုင်ပွဲကို ၀ိုင်း ကန့်ကွက်ကုန်ကြပြီ။ ပုံစံကြည့်ရတာ ပြိုင်ပွဲကျင်းပတဲ့ ရေဒီယို စတေရှင်တော့ လွယ်မယ်မထင်ဘူး။

Read More...

13th Century Robot

A team from the USA history channel were on campus last month in the Faculty of Engineering to talk about some very old robots. They were there to film a replica of the mechanism for al-Jazari's drinking boat; a boat full of musical automata first constructed in 1206. Professor Noel Sharkey from Computer Science built the core of the device –"bodged it together from a pile of rubbish", he says – to demonstrate how it could have been programmed. The previous claim for the world's oldest programmable automata is for a machine built by Leonardo da Vinci in 1478.

readmore
via MetaFilter's Vintage androids

Read More...

Spiders On Drugs


Spiders On Drugs by filmmaker Andrew Struthers

Read More...

Update: မတရားသော စီရင်ချက်ချခံရသူ အီရန်သူလေး နာဇာနင်း

ကမ္ဘာ့အရပ်ရပ်မှ ပြည်သူများ၏ လက်မှတ်ရေးထိုး လှုပ်ရှားကြိုးပမ်းမှုများနှင့် မီဒီယာများ၏ လှုပ်ရှားမှုများကြောင့် အီရန်တရားရုံးမှ နာဇာနင်းအားသေဒဏ်ကြိုးမိန့်အပြစ်မှကင်းလွတ်ခွင့်ပြုလိုက်ပါပြီ။ နာဇာနင်းအား ကွင်းလုံးကျွတ် အပြစ်မှကင်းလွတ်ခွင့်ကို ဆက်လက်အယူခံဝင်နေကြောင်း သတင်းအရသိရှိရပါသည်။

Read More...

The Man of 100 Voices

Read More...

Angry Angry Angry!!!! World is angry

If you do not upload the images again I might have to contact my lawyer! (jpg)
To all the people in my apartment complex
Hello, Torontonians. I’m Your Garbageman.
To the women who work in my office... I hate you

best of craiglist

Read More...

ကလေးတစ်ယောက်ကို လက်ပ်တော့ပ် တစ်လုံးစီမံကိန်း

ကလေးတစ်ယောက်ကို လက်ပ်တော့ပ် တစ်လုံးစီမံကိန်းကနေပြီး အများပြည်သူအတွက် လက်ပ်တော့ပ်များ ရောင်းချပေးဖို့ အစီအစဉ်သည် ဖြစ်နိုင်ခြေရှိလာပြီလို့ ဘီဘီစီ သတင်းအရသိရှိရပါသည်။ လက်ပ်တော့ပ် အလုံးရေ ၅သန်းကိုလည်း ဖွံ့ဖြိုးစနိုင်ငံများသို့ ဒီနှစ်နွေရာသီမှာ ဖြန့်ဖြူးပေးနိုင်တော့မှာဖြစ်ပြီး ပညာရေးသင်ကြားမှုများ စာသင်များအတွက် အလွန်ပင်အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် လက်ပ်တော့ပ်တစ်လုံး အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့်ရောင်းချမှာဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်မူ အမေရိကန်ဒေါ်လာ ၁၅၀ ဖြင့်ရောင်းချမှာဖြစ်ပါတယ်။ လက်ပ်တော့ပ်များဝယ်ရန် စာချူပ်လက်မှတ်ထိုးသဘောတူထားသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ - ဘရာဇီးလ် ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ နိုင်ဂျီးယီးယား၊ လစ်ဗျား၊ ပါကစ္စတန် နှင့် ထိုင်း တို့ဖြစ်ပါတယ်။ လက်ပ်တော့ပ်များမှာ ထည့်သွင်းမယ့် ဆော့ဖ်ဝဲလ် ကိုXO လို့ခေါ်ပြီး ၎င်းဆော့ဖ်ဝဲလ်ကို သင်ကြားရေးအထောက်အကူပေးနိုင်ရန်အတွက် အထူး ဖန်တီးထားပါသည်။ ၎င်းဆော့ဖ်ဝဲလ်၏ နဂိုပါ ကြိုးမဲ့စနစ် ကွန်ယက်ချိတ်ဆက်ခြင်း၊ ဗီဒီယိုဖြင့်ဆွေးနွေးတိုင်ပင်ခြင်း အစရှိသော ဖန်ရှင်များကြောင့် ကလေးသူငယ်အုပ်စုများ အတူတကွ သင်ကြားရေးအတွက် ပိုမိုအဆင်ပြေလွယ်ကူစေပါသည်။ အဆိုပါစီမံကိန်းသည် ကမ္ဘာ့ပညာရေးရေစီးကြောင်းအား အတိုင်းတာတစ်ခုထိ ပြောင်းလဲပေးနိုင်လိမ့်မည်လို့ ကျွန်တော်လည်း ယုံကြည်ပါသည်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရကတော့ ၀င်ရောက်လက်မှတ်ထိုးတဲ့ နိုင်ငံထဲမှာ မပါလာသေးပါဘူး။ သူ့ခမျာ တရုတ် ရုရှား တို့နဲ့ စစ်လက်နက် စာချူပ်တွေ ရေးထိုးနေရလို့ သိပ်မအားဘူးနဲ့ တူပါတယ်။ တရာနဲ့သာဖြေပေတော့ ရွှေဗမာတို့ရေ။ သတင်းအပြည့်စုံ

မှတ်ချက်။ ။ သတင်းပုံစံရေးကြည့်တာ နောက်ဆုံးတော့လဲ အပြောပုံစံဘက်ပြန်ရောက်သွားတယ်။ ဟီး ဟီး ။

Read More...

မတရားသော စီရင်ချက်ချခံရသူ အီရန်သူလေး နာဇာနင်း



အသက်၁၇ နှစ် ရှိ အီရန်သူလေး နာဇာနင်းသည် သူမကို မုဒိန်းကျင့်သူကို ခုခံကာကွယ်ရာ မုဒိန်းကျင့်သူသေဆုံးသွားသောကြောင့် အီရန်တရားရုံးမှ လူသတ်မှုကျူးလွန်မှု့ဖြင့် ဇန်န၀ါရီလ ၃ ရက် ၂၀၀၆ ခုနှစ်တွင် သေဒဏ်စီရင်ချက် ချလိုက်ပါသည်။ ကနေဒါ လူသားစာနာထောက်ထားရေးအဖွဲ့မှ ဦးဆောင်ကြိုးပမ်းမှုကြောင့် ကမ္ဘာမှသိရှိသွားပြီး မတရားသော ထိုအမှုဆုံးဖြတ်ချက်ကို ဇန်န၀ါရီလ ၁၀ရက်နေ့ ၂၀၀၇ ခုနှစ်သို့ ရက်ရွေ့ဆိုင်းလိုက်ပါသည်။ အီရန်တရားရုံးမှ အယူခံဝင်မှုကို မည်သို့ ဆုံးဖြတ်မည်ကိုမူ စောင့်ကြည့်ရပေဦးမည်။ နာဇာနင်းတစ်ယောက် သေဒဏ်မှလွတ်မြောက်ပါစေ။ နာဇာနင်း၏ မှတ်တမ်းဗီဒီယိုကို ဤလင့်ခ် မှ တဆင့် ကြည့်ရှုနိုင်ပါသည်။
သတင်းအပြည့်စုံဖတ်ရန်

Read More...

ဘ၀ဆိုတာ

ပထမဦးဆုံးတစ်နေ့တွင် ဖန်ဆင်းရှင် သည် ခွေးတစ်ကောင်ကိုဖန်တီး၍ ဤသို့ပြောလေ၏။
ဖန်ဆင်းရှင်- အသင်ခွေးသား သင်၏အိမ်သို့လာသည့်မည်သူမဆိုအား ဟောင်ပါလေ။ အဲဒီအတွက် သင့်ကို ငါ နှစ်၂၀တိတိ အသက်ရှင်သန်ခွင့်ပေးမည်။
ခွေး - နှစ်၂၀တိုင်တိုင် ဟောင်ရမည်မှာ မများလွန်းဘူးလား အရှင်။ ၁၀နှစ်လောက်ဆိုရင်မကောင်းဘူးလား။ ကျန်တဲ့ ၁၀နှစ်ကို အရှင့်ကို ပြန်ပေးပါမည်။ မလိုချင်တော့ပါ။

ဒုတိယတစ်နေ့တွင် ဖန်ဆင်းရှင် သည် မျောက်တစ်ကောင်အားဖန်ဆင်း၍ ဤသို့ပြောပြန်လေသည်။
ဖန်ဆင်းရှင်- လူများကိုဖျော်ဖြေပါ။ အကွက်ဆန်းများနှင့်အသုံးတော်ခံပြီး ရယ်အောင်လုပ်ပါ။ သင့်ကို ရှင်သန်ခွင့် နှစ်၂၀တိတိ ငါ ပေးမည်။
မျောက် - နှစ် ၂၀ တိုင်တိုင် အသုံးတော်ခံရမှာ မများလွန်းဘူးလားအရှင်။ ခွေးအတိုင်းဘဲ ၁၀ နှစ် အရှင့်အား ပြန်ပေးပါမည်။
ဖန်ဆင်းရှင်- ကောင်းပါပြီ။ ငါသဘောတူတယ်။

တတိယတစ်နေ့တွင် ဖန်ဆင်းရှင်သည် နွားတစ်ကောင် အားဖန်ဆင်း၍ ဤသို့ပြောပြန်လေသည်။
ဖန်ဆင်းရှင်- လယ်ထဲဆင်းပါ။ ပူကျစ်သောနေရောင်အောက်မှာ ထွန်ယက်ခြင်းအမှုကိုပြု၍၎င်း သင်၏ နို့ကို ပေး၍၎င်း လယ်သမားမိသားစုများအား အလုပ်အကျွေးပြုပါလေ။ သင့်ကို အနှစ် ၆၀ ပေးပါမည်။
နွား - ဒီလောက်ကြမ်းတမ်းတဲ့ဘ၀မှာ နေထိုင်ဖို့ နှစ်၆၀ကြီးများတောင် မလွန်လွန်းဘူးလား အရှင်ရယ်။ နှစ် ၂၀ ဘဲပေးပါ။ ကျန်တဲ့ နှစ်၄၀ အားအရှင့်အားပြန်ပေးပါမည်။

နောက်ဆုံးနေ့တွင် တော့ ဖန်ဆင်းရှင်သည် လူ အားဖန်ဆင်း၍
“စားပါ။ အိပ်ပါ။ ကစားပါ။ အိမ်ထောင်ပြုပါ။ ဘ၀ကိုပျော်အောင်နေပါ။ ဒီအတွက် နှစ် ၂၀ သင့်အားငါပေးမည်။ ” ဟူ၍ ပြောသောအခါ
လူသည် “နှစ်၂၀ဘဲလားအရှင်။ ကျွန်ုပ်နေသင့်တဲ့ နှစ်၂၀အပြင် နွားက သင့်အားပြန်ပေးသောနှစ် ၄၀ ရယ်၊ မျောက် နဲ့ ခွေး သင့်အားပြန်ပေးသော ၁၀နှစ် ဆီ ကို အပိုဆောင်းမပေးချင်ဘူးလား အရှင်။ အားလုံးပေါင်း ရှင်သန်ခွင့် နှစ်၈၀ပေါ့ အရှင်ရယ်” လို့ ပြန်မေးသတဲ့။
ဖန်ဆင်းရှင်လဲ ကောင်းပြီလေ။ သင်ပြောတဲ့အတိုင်းဖြေစေရမယ်လို့ ပြန်ဖြေသတဲ့။

ဒီလိုနဲ့ ဘဲ လူဟာ ပထမ နှစ်၂၀ မှာ စားလိုက် အိပ်လိုက် သွားလိုက် နဲ့ သူ့ဘ၀ကို ပျော်ပါးပြီးတော့ နောက်ထပ် နှစ်လေးဆယ်မှာတော့ နွားလိုဘဲ သူ့မိသားစု အတွက် ကျွန်ခံရတယ်တဲ့။ နောက် ၁၀နှစ် မှာတော့ သူ့သားမြေးတွေအတွက် မျောက်လိုဘဲ အသုံးတော်ခံဖြေဖြော်ရတယ်။ နောက်ဆုံး သူ့သက်တမ်း ၁၀နှစ်အကြာမှာတော့ အိမ်ရှေ့မှာထိုင်ပြီး မြင်သမျှ လူတိုင်းကို မြည်တွန်တောက်တီးနေရရှာသတဲ့လေ။

အင်တာနက်ဟာသ ကိုဆီလျော်သလိုဘာသာပြန်ပါသည်။ ရိုင်းစိုင်းမှုရှိက ခွင့်လွှတ်ကျပါ။ အဖိုးအဖွားများကိုစော်ကားလိုစိတ်မရှိပါ။

Read More...

ဂျီမေးလ်ဟက်ခ်

ဂျီမေးလ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို ဂျီမေးလ်ဟက်ခ် ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီမှာရှင်းပြထားပါတယ်။ ဟက်ခ်ဆိုလို့ လျှို့ ဝှက်ကီးလ်တွေကို ခိုးတာမဟုတ်ပါဘူး။ ဂျီမေးလ်ကို ဘယ်လိုကောင်းကောင်းအသုံးချနိုင်အောင်ရေးထားတာပါ။ အဲဒီဆိုဒ်မှာမပါတဲ့ တစ်ခုသောအကြောင်းကတော့ တစ်ခါသုံးမေးလ်နဲ့ ဂျီမေးလ်ကို တွဲသုံးတာပါ။ ကိုယ့်မေးလ်နဲ့ ကိုယ်ရေးရာဇ၀င်မဖြည့်ချင်တဲ့အခါ တစ်ခါသုံးမေးလ်ကိုသုံးတယ်။ ပြီးရင် အဲဒီအွန်လိုင်းဖော်မ်မှာ ဖြည့်လိုက်တဲ့ ပါတ်စ်ဝေါဒ်ကို တစ်ခါသုံးမေးလ်ကနေယူတယ်။ပြီးရင် ကော်ပီလုပ်ပြီးတော့ ယူဇာနိမ်းနဲ့အတူ ပါတ်စ်ဝေါဒ်ကို ဂျီမေးလ်ထဲမှာ ပြန်ပြီး ပေ့စ်လုပ်ပြီး ကိုယ့် မေးလ်ကို ကိုယ့်ဘာသာပြန်ပို့တယ်။နောက်တော့ စတားပြထားလိုက်တယ်။ မေးလ်ပို့တဲ့ subject မှာ ဖိုရမ်ဆိုရင် ဖိုရမ်နိမ်းနဲ့ ၀ါးရပ်ဇ်ဆိုရင် ၀ါးရပ်ဇ် နိမ်းနဲ့ ပို့ရင် မေးလ်ကို ရှာရလွယ်ပါတယ်။ သုံးကြည့်ပါ။
ဥပမာ- warezforum တစ်ခုခုမှာ တစ်ခါသုံးမေးလ်နဲ့ ဖြည့်ခြင်း။

Gmail Space Add-on

Read More...

All about SuperMan




Link

Read More...

င်္ံဟစ်တလာနဲ့တူသောကြောင်များ



ဟစ်တလာနဲ့တူသောကြောင်များ သို့မဟုတ် ကစ်တလာ

Read More...

USBပစ္စည်းများ

www.usb.brando.com.hkဟာusbအသုံးပြုသောလူသုံးကုန်ပစ္စည်းများရောင်းချသောနေရာဖြစ်ပါတယ်။
ပစ္စည်းအတော်များများဟာလည်းဈေးမကြီးလှဘူးလို့တော့ယေဘူယျဆိုနိုင်ကြောင်းပါ။လက်တော့တစ်လုံးနဲ့ခရီး
သွားနေရသူအချို့အတွက်တော့အတော်လေးအဆင်ပြေနိုင်ကောင်းပါတယ်။ဒါ့အပြင်Xboxနဲ့PS2တို့လိုUSBPort
ပါသောဘယ်ကိရိယာမျိုးနဲ့မဆိုတွဲဖက်အသုံးပြုနိုင်ပါသေးတယ်။

USBလက်အိတ်၊အနွေးဓာတ်နှင့်အညောင်းအညာဖြေပေးသည်



USBခြေအိတ်၊အနွေးဓာတ်ပေးသည်



အအေးအားအေးစေ၍၊အပူအားနွေးစေမည်

Read More...

ကလေးမွေးတတ်တဲ့စက်ရုပ်


ကမ္ဘာ့ကလေးမွေးဖွားမှုနှုန်းအကျဆင်းဆုံးစားရင်ဝင်ကိုရီးယားနိုင်ငံမှာတော့ဆေးကျောင်းသားများဟာကလေး
မွေးဖွားပုံကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့လေ့လာခွင့်နည်းပါးလာတဲ့အတွက်အမေရိကန်လုပ်စက်ရုပ်မNoelle
ကိုစတင်ပြီးအသုံးပြုနေရပါတယ်။

ထူထဲလှတဲ့စာအုပ်ကြီးတွေ၊လက်ချာမှတ်စုတွေကိုကုန်းဖတ်နေမယ့်အစားအခုလို့လူသားတစ်ယောက်နီးပါးစက်
ရုပ်ကလေးမွေးပေးတတ်တဲ့Noelleဟာအင်မတန်မှကိုအထောက်အကူပြုကြောင်းကျောင်းသားများကဆိုပါတယ်။



မိုင်ယာမီအခြေစိုက်Gaumard-Scientific-Co.IncမှNoelleအမျိုးအစားထောက်အကူပြုစက်ရုပ်များကို
ဒေါ်လာ၂၀၀၀၀နဲ့ရောင်းချလျှက်ရှိပြီးအမေရိကန်နိုင်ငံအတွင်းမှာယူနစ်ပေါင်း၄၀၀ကျော်ခန့်ရောင်းချပြီးပြီလိုဆိုပါတယ်။
အပြည့်အစုံဖတ်ရန်

Read More...

Instant Noodleဖခင်ကြီးကွယ်လွန်

Noodle PaPa


"Peace will come to the world when the people have enough to eat," Momofuku Ando

"မာမီခေါက်ဆွဲစားလို့သိပ်ကောင်းတယ်..ချက်ရတာလဲလွယ်""ရသာမှန်ယမ်ယမ်"
ကျနော်တို့နိုင်ငံမှာအင်တန်ခေတ်စားပြီးရောင်းအားအလွန်ကောင်းတဲ့ခေါက်ဆွဲခြောက်ထုတ်ကြော်ငြာနှစ်မျိုးပါ။
ယနေ့ခေတ်ခေါက်ဆွဲခြောက်ထုတ်ဟာခေါက်ဆွဲအမျိုးမျိုးလွှမ်းမိုးတဲ့အာရှတစ်လွှားမှာသာကမ၊မဆီမဆိုင်ဥရော
ပနဲ့မြောက်အမေရိကတို့အထိနေ့စဉ်သုံးအဟာရတစ်မျိုးအဖြစ်ပေါက်ရောက်နေပါပြီ။တစ်ကမ္ဘာလုံးမှာခေါက်ဆွဲ
ခြောက်ထုတ်ကိုပြုတ်ပြီးမစားဖူးသူရယ်လို့ခပ်ရှားရှားဖြစ်နေမှာကျနော်အာမခံရဲပါတယ်။

ကျနော့်လိုအရသာအမျိုးမျိုးကိုဇိမ်ခံပြီးစားချင်လို့ပဲစားစား၊အလုပ်တွေစာတွေပိပြီးသေချာချက်ပြုတ်မစားနိုင်လို့
ပဲစားစား၊ချွေတာရေးအနေနဲ့ပဲစားစားပေါ့။အဆင်ပြေလွယ်ကူပြီးဈေးလည်းသက်သာလှပါတယ်(ရွှေပြည်ကြီးမ
ပါ)။သို့သော်၊ဒီစားစရာအထုတ်ကလေးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း၅၀ခန့်ကတိုင်ဝမ်းကျွန်းဇာတိပုဂ္ဂိုလ်ကြီးတစ်
ဦးမှဂျပန်မြေမှာတီထွင်ခဲ့တယ်ဆိုတာတော့ကျနော်လည်းမသိခဲ့ရိုးပါ။

ထိုပုဂ္ဂိုလ်ကြီးရဲ့အမည်ကတော့Momofuku-Andoဖြစ်ပါတယ်။၁၉၁၀မှာတိုင်ဝမ်ကျွန်းတွင်မွေးဖွားပြီးအသက်
၂၃အရောက်မှာတော့ဂျပန်ပြည်ကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။အဲဒီနောက်မှာတော့Nissin-Food-Products
Co.Ltdကိုစတင်တည်ထောင်ခဲ့ပြီး၊ကမ္ဘာပထမဆုံးInstant-Noodel၊"Chicken-Ramen"ကို1958မှာစ
တင်မိတ်ဆက်နိုင်ခဲ့ပါတယ်။စပေါ်ခါစကခေါက်ဆွဲတစ်ထုတ်ကိုသာမာန်လက်လုပ်ခေါက်ဆွဲပြုတ်တစ်ပွဲထက်၆ဆ
လောက်ပိုပေးရတယ်လို့ဆိုပါတယ်။ဒါကြောင့်ကနဦးပိုင်းကာလများဟာလူကုံတံအချို့ရဲ့ဇိမ်ခံပစ္စည်းဖြစ်ခဲ့ရပါတယ်။

ပထမမျိုးဆက်Chikin Ramen



Andoဟာကွယ်လွန်ချိန်မှာအသက်၉၆နှစ်ရှိပါပြီ။သူ့ရဲ့ကမ္ဘာကျော်Nissinကုမ္ပဏီဟာလည်းသူ့သားများရဲ့လက်ထဲ
မှာဆက်လက်လည်ပတ်နေဆဲပါ။၂၀၀၅ခုနှစ်ဝက်လောက်မှာဂျပန်လူမျိုးအာကာသယာဉ်မှုးSoichi-Noguchiရဲ့
US.Discoveryလွန်းပျံယာဉ်လေ့လာရေးခရီးစဉ်အတွက်Nissinမှအာကသအတွင်းစားသုံးနိုင်သောvacuum-packed
အမျိုးအစားခေါက်ဆွဲခြောက်ထုတ်တစ်မျိုးတီထွင်ခဲ့ပါသေးတယ်ခင်ဗျာ။
အပြည့်အစုံဖတ်ရန်

Read More...

Girl Powerrrr!!!


Nancy-Pelosiဆိုသောအီတာလျံအနွယ်အမျိုးသမီးကြီးဟာဘယ်သူများပါလိမ့်။ကမ္ဘာပေါ်မှတခြားနိုင်ငံများ
မပြောနဲ့ဦးအမေရိကန်နိုင်ငံမှာတောင်သိသူအတော့်ကိုရှားလှပါတယ်။သူမဟာမကြာခင်ကမှအရွေးအချယ်ခံခဲ့
ရတဲ့အောက်လွှတ်တော်၊the-House-of-Representativesရဲ့ပထမဦးဆုံးပြောရေးဆိုခွင့်အမျိုးသမီး
အရာရှိတစ်ဦးဖြစ်ပါတယ်။လွယ်လွယ်ပြောရရင်တော့သူမဟာအမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာမှာသမ္မတ
ဘုရှ်ကလေး၊ဒုတိယသမ္မတCheneyတို့ပြီးရင်တတိယမြောက်သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီးအမေ
ရိကန်နိုင်ငံရေးသမိုင်းမှာပထမမြောက်အာဏာအရှိဆုံးသောအမျိုးသမီးစာရင်းဝင်သွားပါတယ်။ဂိုဏ်းချုပ်နံပတ်
၃ပေါ့။အမျိုးသမီးဝန်ကြီးချုပ်များပေါ်ထွန်းဖူးတဲ့ဥရောပမြေမှာတော့သိပ်ပြီးမထူးဆန်းလှပေမယ့်အမျိုးသမီးနိုင်ငံ
ရေးခေါင်းဆောင်တွေကိုသိပ်ပြီးမလေးစားချင်ကြတဲ့ယန်းကီးတို့မြေမှာဒါဟာပထမဆုံးအကြိမ်ဖြစ်ကြောင်းပါ။
ဒီသတင်းကိုဖတ်ရင်းရွှေပြည်ကြီးမှအမျိုးသမီးများအမျိုးသမီးအခွင့်အရးဆိုတာတကယ်နားလည်လာပါစေလို့
ဆန္ဒပြုပါတယ်။

"We've waited over 200 years for this time," Pelosi said at an afternoon tea turned power rally. "America's working women, women working at home, whatever they choose to do, they have a friend in the Capitol of the United States."
Girl Powerrr!!


Read More...

လင်းပိုင်ယာဉ်


လက်အငြိမ်မနေတတ်သောနယူးဇီလန်သားတစ်ဦးနဲ့အမေရိကန်တစ်ဦးတို့ဟာအမေရိကန်လေတပ်သုံးတိုက်လေ
ယာဉ်ဟောင်းမှအပိုင်းအစများဖြစ်တဲ့သံမဏိ၊ဖိုင်ဘာ၊အလူမီနီယံအစရှိသည်တို့ကိုအသုံးပြုပြီးလင်းပိုင်ပုံသဏ္ဍန်နှင့်
လင်းပိုင်လိုပါသွားနိုင်တဲ့ယာဉ်အဆန်းတစ်မျိုးကိုတီထွင်ထားပါတယ်။

ပေါင်၄၀၀၀၀တန်ယာဉ်ဟာလင်းပိုင်တစ်ကောင်လိုရေထဲနှစ်ပေလောက်ငုပ်လျှိုးသွားပြီးရေပေါ်ကို၁၀ပေလောက်ထိပျံ
တက်သွားနိုင်ပါတယ်။တီထွင်သူများရဲ့စိတ်ကူးအရဆိုရင်နောင်တစ်ချိန်မှာအားကစားနည်းတစ်မျိုးအဖြစ်ပြိုင်ဆိုင်နိုင်
လောက်အောင်မော်ဒယ်အသစ်တွေထပ်မံတီထွင်ဦးပါမယ်တဲ့ခင်ဗျာ။
အပြည့်အစုံဖတ်ရန်

Read More...

လူဝင်စား?


Glasgowမြိျု့မှ၆နှစ်အရွယ်ချာတိတ်လေးCameron-Macaulayဟာသူ့ဘဝဟောင်းအားမှတ်မိသိရှိတယ်လို့ဆိုပါတယ်။
သူဟာအမြဲတစေဘဝဟောင်းမှအဖေမေနဲ့ညီအစ်ကိုမောင်နှစ်မတွေအကြောင်း၊သူနေထိုင်ခဲ့ရာအိမ်ကြီးအကြောင်းကိုပြော
ဆိုနေလေ့ရှိတဲ့အတွက်သူရဲ့မိခင်ဟာမျက်ကလူးဆန်ပြာဖြစ်ရလေ့ရှိပါတယ်။သူရဲ့အကြီးမားဆုံးဆန္ဒကတော့ယခင်ဘဝဟောင်း
မှအိမ်ကြီးဆီပြန်သွားပြီးသူရဲ့မိခင်ဟောင်းကိုနှုတ်ဆက်စကားပြောကြားဖို့ပါပဲ။ဒီလိုနဲ့တနေ့မှာတော့သူ့ရဲ့ဘဝဟောင်းရှိခဲ့ဖူးရာ
Barraကိုသူတို့သားအမိနှစ်ယောက်စမ်းတဝါးဝါးနဲ့ရောက်ရှိလာခဲ့ပါတော့တယ်။


အံသြစရာကောင်းစွာပဲ၊သူအမြဲပြောနေကြအိမ်ကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သို့ပေမယ့်သူမျှော်လင့်ထားခဲ့သလိုသူရဲ့ဘဝ
ဟောင်းမှမိသားစုဝင်များကဝန်းပမ်းတသာကြိုဆိုကြတာတော့မတွေ့ခဲ့ရရှာပါဘူး။သူ့မိခင်ဟောင်းအစားပိုင်ရှင်ပြောင်းသွား
ပြီးလူသူကင်းမဲ့နေသောဟင်းလင်းပြင်ကြီးကသာကြိုဆိုနေပါတော့တယ်။

ချာတိတ်လေးဟာထိုမြို့မှပြန်လာအပြီးမှာတော့သူ့ဘဝဟောင်းအကြောင်းကိုအရင်လိုသိပ်ပြောဆိုခြင်းမရှိတော့ဘူးလို့ဆိုပါ
တယ်။ဒါ့အပြင်အသက်တနေ့တခြားကြီးပြင်းလာတာနဲ့အတူအတိတ်ဘဝအကြောင်းတွေကိုတဖြည်းဖြည်းမေ့လျှော့လာနေ
တယ်လို့လည်းဆိုပါသေးတယ်ခင်ဗျား။
အပြည့်အစုံဖတ်ရန်

Read More...

အကြိုက်နှင့်ရွေးချယ်မှု

feminine & musculine looks


ဘရတ်ပစ်ရဲ့ခိုင်မာတဲ့မေးရိုး၊ဂျော့ကလူနီရဲ့အရည်ပျော်စေလောက်တဲ့မျက်လုံးနဲ့မျက်ခုံးတွေ၊အရပ်အမောင်းမြင့်မား
ထွားကြိုင်းသူတွေကိုဘာကြောင့်များအမျိုးသမီးတွေအလွန်အမင်သဘောကျကြပါသလဲ။

အဖြေဟာလူအမျိုးမျိုးပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။မျက်စိထဲမှာလှနေလို့လိုဖြေသူတွေရှိသလို၊တဏှာပေမသက်
သက်အဝိဇ္ဇာလိုမသိနားမလည်ခြင်းကြောင့်လိုဆိုသူတွေလည်းအမြောက်အမြားပါ။စဉ်းစားချင့်ချိန်ကြည့်လိုက်ရင်ဖြင့်
အဖြေနှစ်မျိုးလုံဟာသူ့နည်းသူ့ဟန်သူ့အတိုင်းအတာဆီနဲ့မှန်ကန်ကြောင်းတွေ့ရပါလိမ့်မယ်မိတ်ဆွေ။

သို့သောScienctefic-levelမှာတော့ဒီအဖြေတွေဟာကြေနပ်လောက်စရာမရှိပါဘူး။ဘာကြောင့်လှတာလေး
ကိုမှလိုချင်တဲ့အပြင်ဒါကိုတော့လှတယ်ကောင်းတယ်၊ဟိုဟာကိုတယ်မလှဘူးမကောင်းဘူးဆိုတဲ့ဆုံးဖြတ်ချက်တွေ
ချကြသလဲ။ဒီဆုံးဖြတ်ချက်တွေကိုဘယ်အရာများမှစေ့ဆော်နေသလဲဆိုတာတွေဟာသိပ္ပံပညာမှာတော့အင်မတန်အ
ရေးကြီးတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

အရင်ဆုံးကျနော်တို့ဖိုမမိတ်ဖက်ရွေးချယ်ပုံကိုသေချာကြည့်လိုက်ရအောင်။မကြာခင်ကမှပြီးဆုံးသွားတဲ့စမ်းသပ်လေ့
လာမှုများအရအမျိုးသမီးများဟာသူတို့ရဲ့မိတ်ဖက်ကိုပြင်ပပုံပန်းသဏ္ဍန်မှာအလေးထားပြီးရွေးချယ်လေ့ရှိတယ်လို့ဆို
ပါတယ်။ပိုပြီးအသေးစိတ်ပြောရရင်..ယောက်ျားပြီသတဲ့လေးထောင့်စပ်စပ်မေးရိုး၊ပါးလျှပိရိတဲ့နှုတ်ခမ်း၊ထူထဲဖြောင့်
တမ်းတဲ့မျက်ခုန်းရှိပြီး၊ကျန်းမာသန်စွမ်လွန်းသူအမျိုးသားများဟာTestostroneလို့ခေါ်တဲ့ဖိုဟော်မုန်းတစ်မျိုးကြောင့်
အထက်ပါရုပ်ပိုင်းဆိုင်ရာလက္ခဏာများပိုင်ဆိုင်ခြင်းဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာမှာတော့စိန်ခေါ်မှုများကိုနှစ်သက်ခြင်း၊၊မဟာ
ဖိုဝါဒရှိ၍မိန်းမများကိုလွှမ်းမိုးခြင်း၊မကြာခဏရန်ဖြစ်တတ်ခြင်း၊အကြမ်းဖက်ခြင်း၊မိန်းမပွေခြင်းသားသမီးများအားဇနီး
ဖြစ်သူနှင့်အတူပြုစုပျိုးထောင်ရန်စိတ်မဝင်စားခြင်းအစရှိသည်တို့ပါလာလေ့ရှိပါတယ်။

Testostroneပိုနည်းတဲ့အမျိုးသားများဟာမိန်းမဆန်ဆန်မျက်နှာမျိုး..ဥပမာမျက်နှာဝိုင်းခြင်း၊နှုတ်ခမ်းပြည်ြ့ခင်း..
တို့ရှိတတ်ပြီးစိတ်ပိုင်းဆိုင်ရာအရလည်းနုညံပျော့ပြောင်းတတ်ပါတယ်။သူတို့ဟာလင်ယောက်ျားကောင်းတစ်ဦးအပြင်သူ ငယ်ချင်းကောင်းတစ်ဦးလိုရုပ်ပိုင်းရောစိတ်ပိုင်းပါကူညီအားပေးလေ့ရှိရုံသာမက၊စံပြမိဘတစ်ဦးပါဖြစ်တတ်ပါတယ်။

အကြိုးဆက်ကတော့၊အမျိုးသမီးများဟာပထမအမျိုးအစားအမျိုးသားများကိုသိလျှက်နဲ့ပိုမိုFancyဖြစ်တတ်သော်ငြားရေ
တိုဆက်ဆံရေးကိုသာဦးတည်လေ့ရှိတယ်လို့စစ်တမ်းများအရဆိုပါတယ်။ဒုတိယအမျိုးအစားအမျိုးသားများကိုတော့တစ်
သက်တာအိမ်ထောင်ဖက်အဖြစ်ပိုမိုရွေးချယ်ပါတယ်တဲ့။

အမျိုးသမီးများဟာပထမအမျိုးအစားအမျိုးသားများကိုပိုမိုနှစ်သက်ရခြင်းအကြောင်းရင်းကတော့ကျနော်တို့လူသားအားလုံး
ရဲ့ဗီဇအတွင်းမှာပါလာသောမိမိ၏Geneများကိုကျန်းမာသန်စွမ်းသည့်သားသမီးများနှင့်အတူအနာဂတ်ကိုလက်ဆင့်ကမ်းပေး
နိုင်ဖို့ကြောင့်လို့ဇီဝဗေဒသီအိုရီများအရလက်ခံထားပါတယ်။ထိုအခါမှာပိုမိုကျန်းမာသန်စွမ်းတဲ့သူများ(ပထမအမျိုးအစားရုပ်
ရည်ရှိသူများ)ကိုသဘာဝအလျှောက်သဘောကျပါတော့တယ်။သို့သောပိုမိုရှုပ်ထွေးတဲ့Socialစည်းမျဉ်များချမှတ်တတ်တဲ
့လူ့လောက၊သားသမီးများကိုအချိန်အကြားဆုံးပြုစုပျိုးထောင်ရတဲ့လူ့လောက။ဒီလူ့လောကမှာသဘာဝInstinctအရဒုတိ
ယအမျိုးအစားကိုရေရှည်အဖြစ်ရွေးချယ်သွားခြင်းဖြစ်ပါတယ်။

အလားတူပဲအမျိုးသားများဟာငယ်ရွယ်နုပျိုပြီးSex-appealခေါ်မျိုးပွားအင်္ဂါများဖွံဖြိုးသူအမျိုးသမီးများအားပိုမိုကြိုက်ခြင်း
ဟာအရွယ်ရောက်ပြီးအမျိုးသမီးများရဲ့အသက်ကြီးလေကျန်းမာသန်စွမ်းသောရင်သွေးများမွေးဖွားဖို့အခွင့်အရေးကျဆင်းလေ၊
နှင့်သွေးဆုံးချိန်တို့ကိုသဘာဝအလျှောက်ရှောင်ရှားလိုခြင်းကြောင့်ဖြစ်ပါတယ်။သို့မသာမိမိရဲ့Geneများကိုကျန်းမာသန်းစွမ်းတဲ့
သားသမီးများနှင့်လက်ဆင့်ကမ်းသွားနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်းအရာအချက်အလက်တွေဟာကျနော်တို့လူသားတွေရဲ့Chemistry၊ရုပ်ပိုင်းဆိုင်ရာနဲ့အမူအကျင့်၊Instinct
တို့ရဲ့ဆက်နွယ်ပုံကိုစမ်းသပ်ဖေါ်ထုတ်ပြထားခြင်းဖြစ်ပါတယ်။

ရှေးလူသားတစ်ချို့ဟာမျက်နှာသွင်ပြင်နဲ့စိတ်ပိုင်းဆိုင်ရာကိုချိတ်ဆက်ပြထားတဲ့အင်္ဂါရုပ်ကြည့်နည်းကျမ်းများကိုဖေါ်ထုတ်ခဲ့ဖူး
တယ်ဆိုရင်၊မဝေးလှတဲ့အနာဂတ်ပိုမိုပြည့်စုံပြီးတိကျတဲ့အင်္ဂါရုပ်ကြည့်နည်းကျမ်းများထွက်ရှိလာမယ့်အလားအလာရှိကြောင်းပါ။

ကျနော်နောက်အချိန်ရရင်လူသားတို့ရဲ့ပြုမူဆောင်ရွယ်ချက်နဲ့စိတ်တို့ကိုရုပ်ဝါဒဆန်ဆန်ဖြေရှင်းပုံတွေကိုရေးဖြစ်ပါလိမ့်မယ်။
Brain-chemistry,Sexual-selection,Fitness-for-survival,Evolutionary-adaptation
,Natural-selectionစတာတွေပေါ့ဗျာ။ဘာလို့လဲဆိုတော့ကျနော်ကDarwinianရုပ်ဝါဒီမလို့ပါ။

ရုပ်ဝါဒီဆိုလို့လဲလန့်မသွားပါနဲ့ဦးဟီးဟီး။စိတ်ကြောင့်ရုပ်ဖြစ်တယ်ဆိုတာနာမ်ဝါဒပေါ့။ဥပမာဗုဒ္ဓဝါဒ။ရုပ်ဝါဒမှာရုပ်ကိုမှီတွယ်ပြီး
စိတ်ဖြစ်ရတယ်ဆိုသူတွေရှိသလိုဇီဝဗေသမားတွေလိုစိတ်ဟာတကယ်မရှိပဲအမှတ်မှားခံရတဲ့ပညတ်တခုလို့ယူဆသူတွေ
လည်းရှိပါတယ်။ကျနော်ကဒုတိယအမျိုးအစားကိုလက်ခံပါတယ်။တကယ်တော့ဒေးကားတို့မတိုင်ခင်လက်ထက်ကတည်း
ကရုပ်နဲ့နာမ်ဟာသီးခြားစီတည်ရှိတဲ့အရာလို့အနောက်တိုင်းမှာလက်ခံကြပါတယ်။ဒေးကားလက်ထက်ရောက်တော့အဲဒီအ
ယူအဆဟာအရမ်းခေတ်စားလာတာပေါ့ဗျာ။ဒေးကားအဆိုအရရုပ်ဟာအာကာသနဲ့ကလကြားမှာညပ်နေတယ်၊စိတ်မှာတော့
အာကာသနဲ့ကာလမရှိဘူး။ကြိုက်တဲ့အာကာသ၊ကြိုက်တဲ့ကာလကိုခေါက်တုံခေါက်ပြန်သွားလို့ရတယ်။ထို့ကြောင့်ဒီနှစ်ခုဟာ
တစ်သီးတစ်ခြားဆီရှိရမယ်ဆိုတာမျိုးတွေပေါ့။ခေတ်သစ်သိပ္ပံဖွံဖြိုးလာတော့စိတ်ဆိုတာSeries-of-Chemical-reaction
in-brainဆိုတာမျိုးတွေပေါ်လာတယ်။

ထားလိုက်ပါတော့ဗျာ။လေတော်တော်ရှည်မိနေပြီ။ဒီနေ့တော့ဒီလောက်ပါပဲ။

Read More...

အော်ဆင်ဆာ..ဆင်ဆာ

ကျနော်မောင်ဘိုးတော်ထုံးစံအတိုင်းအင်တာနက်ပေါ်ဟိုသွားဒီသွားလုပ်ရင်းဘလော့တစ်ခုပေါ်ကနေ
ရှာတွေ့လာတဲ့ပုံတွေဗျာ။နိုင်ငံခြားကလာတဲ့မဂ္ဂဇင်းနဲ့စာအုပ်တွေကိုဆင်ဆာလုပ်ထားပုံတွေပေါ့။အဲဒီ
တိုင်းပြည်အမည်ကအခုတလောနာမည်ကြီးနေတဲ့အီရန်ပဲဖြစ်ပါတယ်။ပုံတွေကိုဆေးနက်တွေဆေး
ဖြူတွေနဲ့ဖြတ်တောက်ထားပုံတွေဟာကျနော်တို့ရဲ့ရွှေပြည်ကြီးမှပေါ့မဂ္ဂဇင်းတော်တော်များများနိုင်ငံ
ခြားမော်ဒယ်ပုံတွေယူသူတိုင်းဖြတ်တောက်ခံရပုံနဲ့တူလွန်းလှပါတယ်။နောက်ဆုံးတော့လဲဗျာ...
Islamic Repbulic of Iranနဲ့ Union of Myanmarဆိုတာထင်သလောက်မကွာ
လှကြောင်းရိပ်မိလိုက်တယ်ဗျ။

သမ္မတကြီးကိုနောက်နဲ့..မကြိုက်ဘူး



လက်လွန်သွားလို့ပါ..



ဗိုင်းကောင်းကျောက်ဖိမနေလို့



မျက်စိမရှက်ရအောင်ကူညီပါရစေ



ကျောကုန်းလည်းရဘူးဆင်ဆာမှာပဲ


အပြည့်အစုံကြည့်ရန်

Read More...

၂၀၀၆၏ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကား


ယုံချင်ယုံမယုံချင်နေ"ZYZZYX-ROAD"ရုပ်ရှင်ကားဟာအမေရိကန်တစ်နိုင်ငံအတွင်းမှာဝင်ငွေဒေါ်လာ၃၀
(သန်း၃၀မဟုတ်ပါ)ရရှိပြီးစံချိန်တင်ထားလိုက်ပါတယ်။၆ရက်ကြာပြသတဲ့ထိုရုပ်ရှင်ကားဟာဝင်ငွေဒေါ်လာ
၃၀ဆိုတော့ပျမ်းမျှတစ်နေ့၅ဒေါ်လာရရှိပြီးစုစုပေါင်းလူသုံးဦးခန်ကြည့်ရှုကြောင်းသိရှိရပါတယ်။သို့ကမို့ကြောင့်
ဤရုပ်ရှင်ဇာတ်ကားအားသင်နေထိုင်ရာအနီးအနားရုပ်ရှင်တွင်ဖြစ်စေ၊ဒီဗီဒီအငှားဆိုင်တွင်ဖြစ်စေတွေ့ရှိပါက
ဝေးဝေးရှောင်သင့်ကြောင်းကြိုတင်သတိပေးလိုက်ရပါတယ်ခင်ဗျာ။
အပြည့်အစုံကြည့်ရန်

Read More...

Photoshopအစွမ်း

Photoshopလို့ဆော့ဝဲမျိုးတွေတနေ့တခြားအစွမ်းထက်လာပုံမျိုးနဲ့ဆိုရင်နောင်တစ်ချိန်မှာလူတိုင်းမော်ဒယ်
ဖြစ်လာနိုင်ချေရှိပါတယ်။ဆမ်မီဂယ်ဘီယာပြက္ခဒိန်ပေါ်မှနတ်သမီးလေးရဲ့Photoshopဆေးမစားမှီပုံနဲ့ဆေး
စားပြီပုံတို့ကိုနှိုင်းယှဉ်ပြထားပါတယ်။

ဆေးမစားမှီပုံ


ဆေးစားပြီးပုံ


အပြည့်အစုံကြည့်ရန်

Read More...