ကလေးတစ်ယောက်ကို လက်ပ်တော့ပ် တစ်လုံးစီမံကိန်း

ကလေးတစ်ယောက်ကို လက်ပ်တော့ပ် တစ်လုံးစီမံကိန်းကနေပြီး အများပြည်သူအတွက် လက်ပ်တော့ပ်များ ရောင်းချပေးဖို့ အစီအစဉ်သည် ဖြစ်နိုင်ခြေရှိလာပြီလို့ ဘီဘီစီ သတင်းအရသိရှိရပါသည်။ လက်ပ်တော့ပ် အလုံးရေ ၅သန်းကိုလည်း ဖွံ့ဖြိုးစနိုင်ငံများသို့ ဒီနှစ်နွေရာသီမှာ ဖြန့်ဖြူးပေးနိုင်တော့မှာဖြစ်ပြီး ပညာရေးသင်ကြားမှုများ စာသင်များအတွက် အလွန်ပင်အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် လက်ပ်တော့ပ်တစ်လုံး အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့်ရောင်းချမှာဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်မူ အမေရိကန်ဒေါ်လာ ၁၅၀ ဖြင့်ရောင်းချမှာဖြစ်ပါတယ်။ လက်ပ်တော့ပ်များဝယ်ရန် စာချူပ်လက်မှတ်ထိုးသဘောတူထားသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ - ဘရာဇီးလ် ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ နိုင်ဂျီးယီးယား၊ လစ်ဗျား၊ ပါကစ္စတန် နှင့် ထိုင်း တို့ဖြစ်ပါတယ်။ လက်ပ်တော့ပ်များမှာ ထည့်သွင်းမယ့် ဆော့ဖ်ဝဲလ် ကိုXO လို့ခေါ်ပြီး ၎င်းဆော့ဖ်ဝဲလ်ကို သင်ကြားရေးအထောက်အကူပေးနိုင်ရန်အတွက် အထူး ဖန်တီးထားပါသည်။ ၎င်းဆော့ဖ်ဝဲလ်၏ နဂိုပါ ကြိုးမဲ့စနစ် ကွန်ယက်ချိတ်ဆက်ခြင်း၊ ဗီဒီယိုဖြင့်ဆွေးနွေးတိုင်ပင်ခြင်း အစရှိသော ဖန်ရှင်များကြောင့် ကလေးသူငယ်အုပ်စုများ အတူတကွ သင်ကြားရေးအတွက် ပိုမိုအဆင်ပြေလွယ်ကူစေပါသည်။ အဆိုပါစီမံကိန်းသည် ကမ္ဘာ့ပညာရေးရေစီးကြောင်းအား အတိုင်းတာတစ်ခုထိ ပြောင်းလဲပေးနိုင်လိမ့်မည်လို့ ကျွန်တော်လည်း ယုံကြည်ပါသည်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရကတော့ ၀င်ရောက်လက်မှတ်ထိုးတဲ့ နိုင်ငံထဲမှာ မပါလာသေးပါဘူး။ သူ့ခမျာ တရုတ် ရုရှား တို့နဲ့ စစ်လက်နက် စာချူပ်တွေ ရေးထိုးနေရလို့ သိပ်မအားဘူးနဲ့ တူပါတယ်။ တရာနဲ့သာဖြေပေတော့ ရွှေဗမာတို့ရေ။ သတင်းအပြည့်စုံ

မှတ်ချက်။ ။ သတင်းပုံစံရေးကြည့်တာ နောက်ဆုံးတော့လဲ အပြောပုံစံဘက်ပြန်ရောက်သွားတယ်။ ဟီး ဟီး ။

0 comments: