ဖြူစင်သောကလေးဘဝ

lmnop.blogsမှာဖတ်ရတာ က
ကျွန်တော်တို့တွေအများစုက ၁ဝနှစ်ကလေးလိုပြုမူနေထိုင်နေတဲ့အချိန်မှာ အခုခေတ်၁၀နှစ်ကလေးတွေက ဂိုဏ်းတွေနဲ့ဂျွိုင်းခြင်း မဟုတ်ကဟုတ်က စိတ်နှိုးဆွစေသော စာသားတွေပါရှိတဲ့ တီရှပ်အင်္ကျီဝယ်ယူခြင်း အစရှိတာတွေနဲ့ အလုပ်များနေကြပါတယ်တဲ့။ဆိုတော့ကလေးတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့လိုလူလားမြောက်အရွယ်ရောက်သူတွေအရေးကြီးဆုံးလိုက်နာလုပ်ဆောင်ရာမယ့်အကြောင်းကတော့ ကလေးတွေကို ကလေးလိုဘဲဆက်ဆံဖို့ပါဘဲ။ ပထမကမ္ဘာကလေးတွေကျတော့ ကွန်ပြူတာအင်တာနက်သုံးနိုင်တဲ့အတွက် ပုံထဲကစာအတိုင်း မဖြစ်သင့်တဲ့အကျိုးဆက်တွေဖြစ်လာရတော့တာဘဲ။ဒီနေရာမှာ ကလေးတွေ ကွန်ပြူတာမသုံးသင့်ဖူးလို့မဆိုလိုပါဘူး။ဒါပေမယ့် လို့လူကြီးမိဘတွေအနေနဲ့တော့ ကိုယ့်ကလေးအတွက် အင်တာနက်ဟာမသုံးတတ်ရင် အန္တရာယ်အလွန်ကြီးမားတာကိုတော့ သတိပြုမိဖို့လိုပါလိမ့်မယ်။ အဲဒီအတွက် ဆင်ဆာဆော့ဖ်ဝဲတွေကို လည်း သုံးသင့်ရင်လည်းသုံးရပါလိမ့်မယ်။ အမှန်တကယ်ကတော့ ကလေးဆိုတာ စားချိန်တန်စား ကစားချိန်မှာ ပျော်ပျော်ပါးပါး စော့ကစားနေဖို့ဘဲ လိုအပ်မဟုတ်ဖူးလားဗျာ..။ ကျွန်တော်တို့ မြန်မာကလေးသူငယ်အများစုကြတော့ရော ဘာတွေလုပ်နေကြပါသလဲ။ ကျွန်တော်သိသလောက် ကျွန်တော့်တူမ ဆိုရင် အခုခေတ်ကလေးတွေထုံးစံအတိုင်း အတတ်မြန်တော့ ကျွန်တော့်အစ်မတွေ အဒေါ်တွေက တီဗီကြော်ငြာသီချင်းတွေ သူ့ကို သင်ပေးပြီးတော့ အိမ်ကိုလူလာရင် ပြန်ဆိုပြခိုင်း သရုပ်ဆောင်ခိုင်းပြီး တော့ဂုဏ်ယူကြပါတယ်။ ဒါကတီဗွီကြော်ငြာဘဲရှိပါသေးတယ်။မြန်မာမိသားစု အများစုမှာက တီဗီကြည့်ရင် ကလေးတွေနဲ့ အတူတူကြည့်ကြတာများပါတယ်။တီဗီကြော်ငြာကြည့်တာ ပြဿနာမဟုတ်ပေမယ့် တီဗီကြော်ငြာကအတိုင်း သရုပ်ဆောင်နိုင်အောင် သင်ကြားပြသတာက ပြဿနာပါ။အဲဒီလိုသင်ကြားပြသမှုတွေဟာ ကျွန်တော်တို့ မသိနိုင်တဲ့ ကလေးတစ်ယောက်ရဲ့နူးညံ့တဲ့ သိမှုဆိုင်ရာဦးဏှောက်ကို အရောင်ပြောင်းသွားစေနိုင်လို့ပါဘဲ။နောက်တစ်ခုက သတ်ဖြတ်ထိုးကျိတ်နေတဲ့ ကားတွေဆိုလည်းဘဲ ကလေးရှေ့မရှောင် ကြည့်ကြတာပါဘဲ။ အိမ်နေရာအခက်အခဲရှိလို့လဲအကြောင်းပြလို့ရပေမယ့် အနောက်နိုင်ငံတွေမှာလို ကလေးက သေနတ်နဲ့ တစ်ကျောင်းလုံးကို ပြစ်သတ်တဲ့ ဆိုးကျိုးတွေနဲ့မတွေ့ခဲ့ရင်တောင်မှ ကလေးတစ်ယောက်စိတ်ကိုတော့ အနည်းနဲ့အများကြမ်းတမ်းခက်ထန်စေပါလိမ့်မယ်။ ကလေးတွေနဲ့ပတ်သတ်လို့ရေးရတာကလည်း ကျွန်တော်ကိုယ်တိုင်ငယ်စဉ်ကလေးဘဝ က child abuse သဘောမျိုး လုပ်တဲ့လူကမရည်ရွယ်ပေမယ့်လည်း အလုပ်ခံခဲ့ရလို့ပါ။ ရလာတဲ့အကျိုးဆက်ကတော့ အငုံ့စိတ် မိမိကိုယ်ကိုယ်မယုံကြည်တဲ့စိတ် စတာတွေကို အရွယ်ရောက်ချိန်မှာ မနည်းပျောက်အောင် ဖျောက်ဖျက်ရတာပေါ့။ ပြီးတော့လည်းဘဲ ကျွန်တော့်လို ဘဝတူသူငယ်ချင်းမျိုးတွေနဲ့လည်းဆက်ဆံခဲ့ရလို့ပါ။ ဆိုလိုတာက မြန်မာပြည်မှာ ကလေးသူငယ်အရေးကို အသေအချာအလေးပေးဆောင်ရွက်ဖို့ဆိုတာ အရွယ်ရောက်လူကြီးတိုင်းမှာတာဝန်ရှိပါတယ်။ ဒေါသတကြီးရိုက်နှက်ဆုံးမတာတွေ မဟုတ်တာတွေနဲ့ကြောက်တတ်အောင် ခြိမ်းခြောက်ပြောဆိုတာတွေကို တတ်နိုင်သလောက်ရပ်သင့်ပါပြီ။ ကလေးတွေရဲ့ကိုယ်ရည်ကိုယ်သွေးကို နိမ့်ပါးစေနိုင်ပါတယ်။ ကျွန်တော်တို့က သူတို့ကိုအားကိုးရမှာမဟုတ်ဖူးလားဗျာ။ ပန်းချီဆရာမ ချောအိသိမ်းတို့ ကလေးတွေအတွက် လှုပ်ရှားကြိုးပမ်းမှုတွေ ဖတ်ရရင် အရမ်းကိုပီတိဖြစ်ပါတယ်။ ရေးရရင်တော့ အများကြီးပါဘဲ။ ဆရာဆူဒိုနင်ရဲ့ ကလေးသူငယ်ထိန်းသိမ်းခြင်း အနုပညာလို စာအုပ်မျိုးတွေ ကို မိဘတွေသေသေချာချာဖတ်ပြီးတော့ ကလေးသူငယ်တွေကို ဆက်ဆံနိုင်ရင်သိပ်ကောင်းမှာဘဲလို့ တွေးမိရင်း ကလေးသူငယ်ကိစ္စကို ဒီတင်ဘဲရပ်လိုက်ပါတော့မယ်။
လမ်းကြုံလို့ ကိုအော်လံမောင်ရဲ့ စာလေးကလည်းသိပ်ကောင်းတယ်ဆိုတာလက်တို့လိုက်ပါရဲ့....
တော်ပါပြီ ဒါလောက်ပါဘဲ။

Read More...

အမျိုးသားသုံးတားဆေး


The tablet would prevent a man from being able to impregnate a woman, but within a few hours his fertility would return to normal.

ခေါင်းစဉ်မြင်ရုံနဲ့ပေါက်ပေါက်ရှာရှာလုပ်ပြန်ပြီလို့ထင်မှာပဲဗျ။ဒါဆေးသိပ္ပံလောကရဲ့တဆင့်တိုးအောင်မြင်
မှုတခုဗျ။နောက်တစ်ချက်ကတော့အမျိုးသမီးတွေအတွက်တော့တကယ့်သတင်းကောင်း။ပဋ္ဋိသန္ဓေတားတဲ့
ဆေးတွေပေါ်လာကတဲကအမျိုးသမီးတွေကသာဒီကိစ္စကိုတာဝန်ယူလာခဲ့ရတာအစဉ်အလာတခုတောင်ဖြစ်
နေပြီ။တခုခုပြဿနာဖြစ်တိုင်းမင်းကပေါ့တီးပေါ့ဆနဲ့ဆေးမမှန်မှန်မသောက်တာလို့ပြောခံရတာမျိုးတွေဒုနဲ့
ဒေးလေ။တိုးတက်လာတဲ့နည်းပညာတွေကကျွန်တော်တို့ရဲ့ကျားမတန်းတူညီမျှရေးကိုပိုမိုထောက်အကူပြု
ပေးလာတာပေါ့။နောင်တစ်ချိန်မှာ"ရှင်လည်းဆေးမှန်မှန်သောက်ပါလား"ဆိုတာမျိုးတွေကြားရတော့မယ်ထင်
ပါ့။

သူတို့သတင်းဆောင်းပါးထဲမှာရေးထားတဲ့ဆေးတွေကအားလုံးစမ်းသပ်အဆင့်မှာပဲရှိပါသေးတယ်။ဒါပေမယ့်
နောက်လေးငါးနှစ်အတွင်းဈေးကွက်ကိုရောက်မယ်လို့လဲမျှော်မှန်းထားပါတယ်။နာရီပိုင်းလောက်ကြိုပြီးအမျိုး
သားတွေစားရတဲ့စားဆေးကနေပြီး၊ယနေ့ခေတ်အမျိုးသမီးတွေစားနေတဲ့တစ်နေ့တစ်လုံးမှန်မှန်သုံးအမျိုးစား
မျိုးတွေ၊ထိုးဆေးတွေအားလုံးထဲမှာတော့ဟော်မုန်းမပါတဲ့အတွက်ဘေးထွက်ဆိုးကျိုးနည်းတဲ့တစ်မျိုးကိုအကောင်း
ဆုံးလို့ညွှန်းထားသေးတယ်။နောက်ငါးနှစ်ဆိုတော့လည်း..အင်းနောင်တစ်ချိန်ကျနော်ကိုယ်တိုင်လဲတာဝန်ခွဲဝေ
ယူနေရမယ်ထင်တာပဲ။
အပြည့်အစုံကိုဒီနေရာမှာဖတ်ပါ။
Tags:

Read More...

ဘောလုံးအကစားသစ်SOCCI


ဆော်ကီအမည်ရှိလမ်းဘေးကျဉ်းကျဉ်းကြပ်ကြပ်စတိုင်ဘောလုံးကစားပုံမျိုးနဲ့ဘက်စ်စကတ်ဘောဆန်
ဆန်စည်းမျဉ်တွေပေါင်းစပ်ထားတဲ့အာကစားကိုအမေရိကန်နိုင်ငံနေရာအချို့မှာစတင်တွေရလာရပါပြီ။
၁၉၉၇လောက်မှာစတင်ပေါ်ပေါက်ခဲတဲ့ဒီဂိမ်းကိုကျနော်တော့ခုမှသိတယ်ဗျ။အရင်ဆုံးပုံစံကြည့်ရတာ
ဗမာပြည်လမ်းကြိုလမ်းကြားမှာစမောဂိုးဆိုပြီးကိုယ်တိုင်လုပ်ဂိုးနှစ်ခုချကစားပုံနဲ့တူတယ်။ဒါပေမယ်သူ
တို့ဂိုးက3Dဂိုးဗျ။2ဘက်လုံးကနေသွင်းလို့ရတဲ့အပြင်ဘက်စကတ်ဘောလိုအပေါ်ကနေပါအဆစ်သွင်းလို့
ရသေး။ရှေ့ကဆို၁မှတ်၊နောက်ကဆို၂မှတ်၊အပေါ်ကဆို၃မှတ်။ကစားနည်းကဘောလုံးကိုခြေထောက်နဲ့
ဘက်စကတ်ဘောပုတ်သလိုတစ်ချက်ထောက်တော့တာ၊မြေမထိတော့တာ၊တိုက်ရိုက်မြောက်ဘောနဲ့ပေး
တာတွေသုံးတယ်။ဖျက်မဲ့လုကတိုက်ရိုက်ဝင်လို့မရဘူး။ဝင်လုရင်ဖေါင်းဖြစ်တယ်တဲ့။အဲဒီတော့တော့ပြီးအသယ်
မှာဖြတ်လုရတယ်။သဘောတရားကတော့ဒါပဲပေါ့ဗျာ။အသေးစိတ်စည်းကမ်းနဲ့အချက်အလက်တွေကိုတော့သူ
တို့ဝပ်ဆိုဒ်မှာဖတ်ကြည့်ပေါ့။
Demo Videoclip
www.socci.net
Tags:

Read More...

အစုံသုပ် မျိုးဆက်

It's 9:30 p.m., and Stephen and Georgina Cox know exactly where their children are. Well, their bodies, at least. Piers, 14, is holed up in his bedroom--eyes fixed on his computer screen--where he has been logged onto a MySpace chat room and AOL Instant Messenger (IM) for the past three hours. His twin sister Bronte is planted in the living room, having commandeered her dad's iMac--as usual. She, too, is busily IMing, while chatting on her cell phone and chipping away at homework.

တိုးတက်တဲ့နိုင်ငံက လူငယ်တွေကြားထဲမှာသာ အဖြစ်များနေလို့ သူတို့ကို အစုံသုပ်မျိုးဆက် ဆိုပြီး တိုင်းမ်က CLAUDIA WALLIS နေရေးထားတာပါ။ ဒါပေမယ့်အဲဒီင်္ဆောင်းပါးလေးကို နည်းနည်းပါးပါးစတိလောက် ဖတ်ပြီးတော့ ကိုယ်လည်းဘဲအဲဒီလိုမျိုးဆက်ထဲကပါလားလို့ခံစားရတယ်။
အမှန်က ကျွန်တော်ကအသက် ၃၀ နီးနေပါပြီ။ ဒါပေမယ့် ဆယ်ကျော်သက်တွေလိုဘဲ ဟိုဟာလည်းလုပ်ခြင် ဒီဟာလည်းလုပ်ခြင်နဲ့ မတည်ငြိမ်ဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက် ကဒီလိုဘယ်ဟုတ်ပမလဲ။ အင်တာနက်မသုံးရတော့ ကျွန်တော့်ရဲ့ နေ့စဉ်အချိန်တွေက လက်ဖက်ရည်ဆိုင် နဲ့ လမ်းဘေးက အုတ်ခုံမှာ သူငယ်ချင်းတွေနဲ့ ဂစ်တာတီးရင် ပျော်ရွှင်နေရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းတော့ နေ့စဉ်အချိန်ရဲ့ အတော်တော်များများက ကွန်ပြူတာစကရင်ရှေ့မှာ ဘဲကုန်ဆုံးနေတာများတော့ တစ်ခါတစ်လေ ကျွန်တော့် မိသားစု သူငယ်ချင်းတွေနဲ့ ရိုးရိုးယဉ်ယဉ်လေး ဘာမသိညာမသိ ဘာသိဘာသာ လေး နေရတဲ့ ဘဝ ကိုပြန်တမ်းတမိတယ်။ ဒါလေးဖတ်လိုက်ရတော့ ကိုယ့်ရှေ့ရေးအတွက်နည်းနည်းတော့ ဆင်ခြင်ဦးမှလို့စဉ်းစားမိတယ်။ တခါတလေ အမြန်နှုန်းမြင့်နိုင်သလောက်မြင့်နိုင်အောင်စွမ်းဆောင် နေရတဲ့ ဒီခေတ်ကြီးထဲမှာ ရန်ကုန်မှာတုန်းက ဆိုက်ကားစီးရင်ခံစားရတဲ့ ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး အရသာကိုလွမ်းသား။ မြင်းလှည်းစီးရတာလည်း ကြိုက်တာဘဲ။ ဘာဘဲဖြစ်ဖြစ် မြန်တဲ့နေရာမှာတတ်နိုင်သမျှမြန်အောင်လုပ်ရတဲ့နေရာမှာ ရှင်သန်နေရတော့ သူတို့လို လိုက်မြန်အောင်လုပ်နေရမှာပါဘဲ ဘယ်တတ်နိုင်ပါ့မလဲ။ အင်း….အရေးကြီးတာက ချိန်ခွင်လျှာတော့ ပြန်ညှိမှရတော့မယ်။

Generation M has a lot to teach parents and teachers about what new technology can do. But it's up to grownups to show them what it can't do, and that there's life beyond the screen.

ref:Time-The Multitasking Generation

Read More...

ကြံကြံဖန်ဖန်Toast Printer


ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ပြီးဘယ်လိုအိုင်ဒီယာတွေနဲ့စပြီးဖန်တီးလိုက်လဲတော့မသိဘူးဗျာ။ပေါင်
မုန့်မီးကင်ပေါ်မှာကိုယ်လိုချင်တဲ့ပုံစံထွက်တဲ့ကိရိယာတစ်မျိုးတော့ပေါ်လာပြီ။ကော်ဖီဆိုင်လေးတွေမှာအ
ထူးအဆန်း၊ဒီဇိုင်းဆင်ပြီးရောင်းရင်တော့မဆိုးလှပါဘူး၊ဒါပေမယ့်အိမ်သုံးအတွက်ဆိုရင်ဖြင့်ကလေးတွေ
လက်ကလိဖို့ပဲကောင်းတယ်။
via:Scifi Tech
Source:Inseq
Tags:

Read More...

ပီကေစားမယ်ဆိုရင်



ပေါက်ပေါက်ရှာရှာပီကေတွေကို အဲဒီဆိုဒ် ကနေရောင်းပေးနေတာ။ ဝယ်တော့မစားနိုင်ပါဘူး။ဒါပေမယ့်လို့ တစ်ချို့ပီကေဘူးခွံတွေက ရီတော့ရီရသား။

Read More...

Modern Day Robin Hood - New York - Cash Blow Out!!

Modern Day Robin Hood - New York - Cash Blow Out!!(YouTube)


မျက်လုံးရှိလို့သာယုံရတယ်။ နယူးရော့ခ်လိုနေရာမျိုးမှာ ပိုက်ဆံလိုက်ကျဲနေတာ….ဟာ ဟ
အင်း…ဘာဘဲဖြစ်ဖြစ်သတိရလိုက်တာ….ဘုံကထိန်တို့ ဘုရားပင့်တဲ့အချိန်တို့မှာပိုက်ဆံကျဲလို့လိုက်ကောက်ရတာ။

Read More...

Acousticore - Two Virgins with Two Guitars


ဒီနေ့မှကြည့်ဖူးတာ။ သူတို့သီချင်းကိုလဲ အခုမှစနားထောင်ဖူးတာ။် ဒါပေမယ့် အဲဒီဝိုင်းကို တစ်ထိုင်ထဲကြိုက်သွားပြီ။ ကျွန်တော့်အတွက်တော့ လုံးဝ ရော့ခ်အင်ရိုးလ်ဘဲ။အခုသီချင်းဗီဒီယို ထက်စာရင် ကျွန်တော်က Squirrel (in Your Pants) ကိုပိုကြိုက်တယ်ဗျ။ဒါပေမယ့် မြန်မာ့ မျက်စိနဲ့ကြည့်ရင် ရိုင်းနေမှာစိုးလို့ပါ။

Tags:


Read More...

မျက်ကန်းတစ္ဆေ

ထစ်ချူန်းသလို
ဝုန်းဒိုင်းကြဲပြီး
ဖွဲခနဲ ဖွဲခနဲ
ကျဲအန်ချလိုက်တဲ့
စိတ်အန်ဖတ်တွေ
အခုများတော့လည်း
ဘာမှမဟုတ်သလို
ပတ်လက်လေးလန်
ငြိမ်သက်လို့…။

ဘာကိုမှလဲ
ပြောမနေချင်တော့ပါဘူး
“ငါအားလုံးကို မြင်ဖူးပြီးပြီ”
ဆိုတဲ့သီချင်းကိုဘဲ
ခပ်တိတ်တိတ်လေး
ကျော့ကာ ကျော့ကာ
နားထောင်ရင်း
ဂျုံခင်းထဲမှာဘဲ
ကိုယ့်ဘာသာကိုယ်
လိုက်ဖမ်းနေတော့မယ်ကွယ်….။

ဒါဘဲလေ
နောက်ဆုံးတော့လည်း
ဒီလိုဘဲဖြစ်ရမှာပေါ့။

I've Seen It All is main sound track of the "Dancer In The Dark" Movie , sing by Bjork and Thorm Yorke(Radio Head's vocalist)
Tags:

Read More...

Street Art







(via 100proof , woodster)

Read More...

Fall in love




(via woodster)

Read More...

့ရယ်စရာ ဓါတ်ပုံများ




“ဘယ်မှာလဲကွယ် ရှာရတာမောလှပေါ့”



"ကျူပ်အလုပ်မဟုတ်ဖူး"ဆုရဓါတ်ပုံ





YMCA တဲ့.....တော်တော်ကဲတယ်


via

Read More...

Terroristရှာမယ့်ပျား


ကမ္ဘာပေါ်မှာပျားတွေဟာအင်မတန်မှကိုအနံ့ခံကောင်းမွန်တဲ့သတ္တဝါတွေဖြစ်ပါတယ်။သဘာဝအရဝတ်
မှုံတွေပန်းပွင့်တွေရဲ့ရနံကိုသာမကအခြားအမျိုးမျိုးသောဝတ္တုပစ္စည်းတွေရဲ့ရနံအသေးစိတ်ကိုမှတ်မိသိ
ရှိနိုင်ကြောင်းလူသားတွေတွေ့ရှိသွားတဲ့အခါမှာတော့..။

သိပ္ပံပညာရှင်တစ်စုတီထွင်ထားတဲ့"Sinffer-box"ဟာပျားတွေကိုဖေါက်ခွဲဖျက်ဆီးရေးပစ္စည်းနဲ့ပတ်
သက်တဲ့အနံ့အမျိုးမျိုးကိုထိမ်းကျောင်းလေ့ကျင့်ပေးနိုင်ပါတယ်။ဒီလိုထိမ်းကျောင်းလေ့ကျင့်ထားတဲ့ပျား
တပ်စုကိုလေယာဉ်ကွင်း၊ဘူတာရုံအစရှိတဲ့လူစည်ကားရာအရပ်တွေမှာအသုံးပြုပြီးအသေခံဗုံးဖေါ်က်ခွဲရေး
သမားများကိုတန်ပြန်သိရှိနိုင်ဖို့ပါပဲ။

ဒါ့အပြင်ပျားတွေကိုကဖင်းလိုဓာတ်မျိုးများပါကျွေးပြီးသူတို့ရဲ့မှတ်ဥာဏ်ကောင်းမွန်လာစေတဲ့အပြင်ရှေ့ဆက်
ပြီးပိုမိုအနံ့ခံအားကောင်းတဲ့ပျားမျိုးများပါသားဖေါက်ထုတ်လုပ်နိုင်ဖို့ပြင်ဆင်နေကြပါသေးတယ်။နောက်ဆုံးပြော
ရရင်ပျားတွေဟာခွေးတွေထက်သာလွန်တဲ့အချက်ကတော့ခွေးတွေလို၃လလေ့ကျင်စရာမလိုပဲ၁၀မိနစ်နဲ့အနံခံ
တတ်လို့ပါတဲ့။
အပြည့်အစုံကိုဒီနေရာမှာဖတ်ရှုနိုင်ပါတယ်။
Tags:

Read More...

Original Railroad Tycoon





အောက်တိုဘာလအတွင်းကစတင်ပြီးဖြန့်ချီလိုက်တဲ့Sid-MeierရဲRaildroadsဂိမ်းအပြီးမှာတော့2Kgamesဟာ
၁၉၉၀ခုနှစ်ကစတင်ဖြန့်ချီခဲ့တဲ့ပထမဦးဆုံးသောRailroad-Tycoonကိုတရားဝင်အလကားဆွဲချဖို့ခွင့်ပြုလိုက်ပါပြီ။
15Mbသာသာရှိတဲ့ဒီဂိမ်းလေးနဲ့အတူ256mbရှိတဲ့Railroadsဒီမိုကိုပါဒီနေရာမှာရနိုင်ပါတယ်။
Tags:

Read More...

First blog from space


As I had said in my speech… today I’m leaving and in my heart I have a special place for three countries… Iran the country where I was born and raised, America the country that gave me the opportunity to educate myself and to succeed, and Russia the country that made my dream come true…Goodbye Star City, the city of dreamers…

Anousheh's Space blog

Read More...

၅ + ၅ = ၅

လူမှုပတ်ဝန်းကျင်နဲ့ ဆက်နွယ်တဲ့ ရုပ်ရှင် အတိုလေး ၅ကား ကို နိုင်ငံတကာ အနုပညာအဖွဲ့ ၅ဖွဲ့က ဒါရိုက်တာ ၅ ယောက် ကရိုက်ထားတယ်ဆိုတာ reblog ကနေဖတ်လိုက်ရလို့ပါ။
ဇာတ်ကားနာမည်တွေက
Free Media
The Golden Shot
Want and Need
Polyfaith
VisitorsStudio
တို့ဖြစ်ပါတယ်။ စိတ်ဝင်စားရင် netartfilm မှာသွားကြည့်နိုင်ပါတယ်။ ကျွန်တော်တော့ အကြောင်းအရာတွေဖတ်ပြီးစိတ်ဝင်စားမိပါတယ်။ ဒါပေမယ့် တစ်ကားမှ မကြည့်ရသေးပါဘူး။ နောက်အချိန်ရမှဘဲ ကြည့်ဖြစ်မယ်ထင်တယ်။ ဒီလို စိတ်ထဲမှာ တေးထားတာတွေအတော်တော့များနေပြီ။

Read More...

ဂရိတို့ရဲ့အံမခန်းကိရိယာ


Historians of technology think the instrument is technically more complex than any known device for at least a millennium afterward.


လွန်ခဲ့တဲ့အနှစ်၂၀၀၀ကျော်ကာလကနေလနက္ခတ်တာရာနဲ့ဂြိုလ်များလှုပ်ရှားသွားပုံကိုတွက်ချက်နိုင်ပြီး
ပြက္ခတိန်များရေးဆွဲရာမှာအသုံးပြုခဲ့တဲ့Antikythera-Mechanismအမည်ရှိကိရိယာတစ်မျိုးကိုဂရိ
ကမ်းရိုးတန်းအတွင်းရှိသင်္ဘောပျက်တစ်စီးမှာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။အထက်မှာဖော်ပြထားတဲ့
ဘယ်ဘက်ပုံမှာတော့မြင်ရတဲ့အတိုင်းပြန်လည်ရှာဖွေတွေရှိခဲ့တဲ့မူရင်းကိရိယာဖြစ်ပြီးညာဘက်ပုံကတော့
နောက်ဆုံးပေါ်ဓာတ်မှန်နည်းပညာများကိုအသုံးပြုပြီးပြန်လည်ပုံဖေါ်ထားတာဖြစ်ပါတယ်။

ခွေးသွားစိတ်နဲ့ဂီယာအများအပြားကိုအသုံးပြုထားတဲ့ဒီကိရိယာရဲ့တည်ဆောက်ထားပုံဟာသူ့ခေတ်သူ့အ
ခါနဲနှိုင်းယှဉ်ကြည့်ရင်အင်မတန်မှကိုအဆင့်မြင့်လွန်းပြီးနောင်အနှစ်၁၀၀၀ကြာတဲ့အထိဒီလိုနက်နဲတဲ့ကိရိယာ
မျိုးပေါ်မလာခဲ့ဘူးလို့လဲသမိုင်းပညာရှင်များကဆိုပါတယ်။အပြည့်အစုံကိုဒီနေရာမှာဖတ်ရှုနိုင်ပါတယ်။
Tags:

Read More...

အင်တာနက်မီဒီယာပေါက်ကွဲမှု

ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ အင်တာနက်သတင်းအချက်အလက် စီးဆင်းမှုသည် Digg Reddit တို့လို ကမ္ဘာနဲ့အဝှမ်း အင်တာနက်သုံးသူကို ဗဟိုပြုတဲ့နာမည်ကျော် သတင်းရင်းမြစ်တူးတဲ့ ဝက်ဘ်ဆိုဒ် တွေကြောင့် အလွန်တရာမှ မြန်ဆန်လာပါတယ်။ ပိုပြီးလည်းကျယ်ပြန့်ရှုပ်ထွေးလာပါတယ်။ သတင်းဖတ်သူရဲ့ စိတ်ဝင်စားမှုဆိုင်ရာနယ်ပယ်အလိုက် သတင်းအရင်းအမြစ်အတွေကို အခြားစိတ်ဝင်စားမှုတူညီတဲ့ နယ်နမိတ်စည်းခြားနေထိုင်သော လူပေါင်းမြောက်များစွာနဲ့ ဖလှယ်နိုင်လို့ပါဘဲ။ အခုတစ်ခါ BuzzFeed ဆိုတဲ့ဝက်ဘ်ဆိုဒ်ကနေပြီးတော့ ကမ္ဘာအနှံ့ အကောင်းဆုံး ဝက်ဘ်ဆိုဒ်များ ဘလောဂ်များ သတင်းများ မှာ ဖက်ရှင်၊ရုပ်ရှင်၊ဂီတ၊လူမှုရေး၊နိုင်ငံရေး တို့နဲ့ပတ်သတ်ပြီး လူပြောသူပြောများနေတဲ့ သတင်းတွေကို သူတို့ရဲ့ ဆန်းသစ်တဲ့သတင်းခြေရာခံမှုနည်းပညာနဲ့ သတင်းစီးဆင်းမှု အရှိန်အဟုန်ကို ပိုပြီးအားကောင်းစေတော့မယ်ဆိုပါကြောင်း။
BuzzFeed: the new Digg?
Update:topix- Local news for the world
(via kottke)
Tags:

Read More...

Santaကိုဘန်းမယ်


"Santa is an English language creation, people who want to see him should go to America where I am sure Coca Cola will be happy to oblige."

ဒီနှစ်ခရစ်စမတ်အချိန်သြစတြီးယားနဲ့ဂျာမဏီမှာစန်တာဖိုးဖိုးကြီးကိုအရင်လိုမြင်ရဖို့သိပ်မသေ
ချာတော့ပါဘူး။ဗီယင်နာမြို့ရဲ့အစည်ကားဆုံး..ခရစ်စမတ်ဈေးရောင်းစင်တာကြီးရှေ့မှာလူတွေစု
ဝေးဆန္ဒပြနေကြပါတယ်။အဓိကအကြောင်းရင်းကတော့Santa Clausသို့မဟုတ်St.Nicolas
ဟာခရစ်စမတ်ရဲ့တကယ့်အနှစ်သာရဖြစ်တဲ့ယေရှုခရစ်ရဲ့မွေးနေ့ကိုသူရဲ့လက်ဆောင်တွေနဲ့ဖုံး
လွှမ်းစေတဲ့အပြင်ပိုဆိုးတဲ့အချက်ကတော့စန်တာဖိုးဖိုးကြီးရဲ့Imageဟာကိုကာကိုလာကစတင်ခဲ့
ခြင်းကြောင့်ဖြစ်ပါတယ်။ဒီဆန့်ကျင်ရေးရောဂါဟာအိမ်နီးချင်းဂျာမဏီထိပါပြန့်နှံသွားလေရဲ့။

အပြည့်အစုံဖတ်ရန်

Tags:

Read More...

၂၁ရာစု ဟက်ခ်ကာ အဖွဲ့

လူငယ်တွေ အသည်းစွဲ Linkin Park ရဲ့ ရှေ့ထွက်အဆိုတော် Chester Benningtonရဲ့ ဆဲလ်ဖုန်းထဲက မှတ်တမ်းမှတ်ရာတွေကို သူ့ ရဲ့ပရိသတ်မိန်းမတစ်ယောက်က ဆဲလ်ဖုန်းကုမ္ပဏီရဲ့ ဝက်ဘ်ဆိုဒ်ကို ဟက်ခ်လုပ်ပြီးယူလိုက်ပါတယ်တဲ့။ ရော့ခ်ကာကြီးရဲ့ ဖုန်းဘီလ်တွေ၊ဖုန်းနဲ့ ရိုက်ထားတဲ့ဓါတ်ပုံတွေ ကို ဘက်ကီးပေးတဲ့အပြင်သူ့မိန်းမရဲ့ဖုန်းနံပါကိုပါယူပြီး သူ့မိန်းမကိုလည်း ခြိမ်းခြောက်တယ်လို့ အဲဒီအမှုကို စုံစမ်းရတဲ့စုံထောက်က ပြောပါတယ်။ တော်တော်ဆိုးတယ်နော်။ အသေးစိတ်ကို တော့ Fan hacks Linkin singer cell data, threatens wife - CNN.com
(via reblog)

Read More...

လုံခြုံရေးစက်ရုပ်သစ်



ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့AquaCityအမည်ရှိရှော့ပင်းမောကြီးမှာလူသားလုံခြုံရေးဝန်ထမ်းများနဲ့အတူ
Reborg-Qအမည်ရှိလုံခြုံရေးစက်ရုပ်အမျိုးအစားတစ်မျိုးကိုစတင်သုံးစွဲနေပါပြီ။ကီလိုဂရမ်၉၀လောက်
လေးတဲ့ဒီလုပ်ခြုံရေးလုပ်သားဟာအလိုအလျှောက်ကင်းလှည့်နိုင်သလိုအဝေးမှလည်းလိုသလိုထိမ်းကျောင်း
နိုင်ပါတယ်။ကင်မာရာလေးလုံးတပ်ဆင်ထားပြီးဓာတ်လှေကားများကိုပါထိမ်းချုပ်နိုင်တဲ့အပြင်လူသူရှိမရှိ၊
မီး၊ရေယိုမှုအစရှိသည်တို့ပါစစ်ဆေးနိုင်တယ်လို့လဲဆိုပါတယ်။...

အကယ်၍သံသယဖြစ်ဖွယ်များကိုတွေ့ရှိပါကကွန်ပျူတာထိမ်းချုပ်ခန်းအတွင်းသို့အချက်ပေးပြီးတာဝန်
ကျဝန်ထမ်းများကိုသတိပေးတတ်ပါသေးတယ်။သဘောကျစရာကောင်းတဲ့နောက်functionတခုကတော့
ရင်ဘတ်ပေါ်ကမော်နီတာမှာသာမကအသံနဲ့ပါပရိုမိုးရှင်းကြော်ငြာပေးခြင်း၊ကလေးပျောက်ကြော်ငြာပေးခြင်း၊
နာရီနဲ့ရာသီဥတုအခြေနေ၊အစရှိတာတွေကိုအဆက်မပြတ်ပြောနိုင်တဲ့အပြင်FeliCa-card-readerနဲ့
ဝန်ထမ်းအစစ်ဟုတ်မဟုန်စစ်ဆေးနိုင်ခြင်းတို့ဖြစ်ပါတယ်။စက်ရုပ်ရဲ့အခြေခံဈေးနှုန်းကတော့ဒေါ်လာ၃၂၀၀
့ဖြစ်ကြောင်းပါ။

Via:Pinktantacle
Tags:

Read More...

၁၀မိနစ် တစ်ခါသုံး အီးမေးလ်

၁၀ မိနစ် တစ်ခါသုံး အီးမေးလ် ဝက်ဘ်ဆိုဒ်ကနေပြီးတော့ အင်တာနက်အသုံးပြုသူတွေအတွက် တစ်ခါသုံးအီးမေးလ်ဝန်ဆောင်မှုပေးနေပါပြီ။ ကိုယ်လက်ရှိသုံးနေတဲ့ အီးမေးလ်ကို အသင်းဝင်ဖောမ် ဖြည့်ရမှာ မပေးချင်ရင် တစ်ခါသုံးအီးမေးလ်ကိုသုံးသင့်ပါတယ်။ အဲဒီလို သုံးချင်းအားဖြင့် စပါးမ်မေးလ် အန္တရာယ်ကလည်းကာကွယ်ပြီးသားဖြစ်ပါတယ်။ ကျွန်တော်ကလောလောဆယ်တော့ mailinator ကိုဘဲသုံးနေပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ အကယ်၍ တစ်ချို့ဝက်ဘ်ဆိုဒ်တွေက အသင်းဝင်နာမည်အစား မေးလ်နဲ့ Login လုပ်ရမယ်ဆိုရင်တော့ အဲဒီဝက်ဘ်ဆိုဒ်ရဲ့ နာမည်နဲ့ mailinator မေးလ်ကို ဂျီတော်ခ်မှာဘဲ စတားပြပြီးပြန်မှတ်လိုက်တယ်။အဲဒါဆိုရင် အဲဒီဝက်ဘ်ဆိုဒ်ကို အချိန်မရွေး တစ်ခါသုံးမေးလ်နဲ့ဝင်လို့ရပါပြီ။ ရိုးရိုးသာမာန်အိုင်ဒီနဲ့ ဘဲ Login လုပ်ရမယ်ဆိုရင်တော့ ဘာမှကိုမလိုတော့ပါဘူး။ စမ်းကြည့်ပေါ့ဗျာ။ သုံးရတာ အဆင်ပြေပါတယ် ။

Read More...

Parkingအကူအညီပေးတဲ့Lexus


သက္ကရာဇ်၂၀၀၇အတွက်ထုတ်လုပ်လိုက်တဲ့LuxusLS460ဇိမ်ခံဆီဒင်ကားမှာIntelligent
Park Assist systemလို့ခေါ်တဲ့ပါကင်ထိုးရန်အကူအညီပေးနိုင်တဲ့ကွန်ပျူတာစနစ်မျိုးစတင်ပြီး
ပါလာပြီလို့ဆိုပါတယ်။

ဒီစနစ်အလုပ်လုပ်ပုံရဲ့အကြမ်းဖျင်းသဘောကိုပြောရမယ်ဆိုရင်ဖြင့်ကားနောက်ပိုင်းမှာပါတဲ့ကင်မရာ၊ကား
တွင်းတပ်ဆင်ထားတဲ့ကွန်ပျူတာနဲ့၊ဆင်ဆာပါတဲ့စတီယာရင်တို့ကစပါလိမ့်မယ်။အဓိကသတိပြုရမှာက
ဒီစနစ်ဟာကားကိုအလိုလိုပါကင်လုပ်ပေးမှာမဟုတ်ပဲအကူအညီပေးရုံသက်သက်သာဖြစ်ပါတယ်။ဒါကြောင့်
ကားမောင်းသူဟာအထက်ကပုံပါစနစ်ရဲ့မော်နီတာကိုကြည့်ရင်းမျှားများကိုပါလိုသလိုအတန်သင့်နှိပ်ပေးဖို့
တော့လိုအပ်ပါတယ်။ဒရိုင်ဘာဟာကိုယ်သဘောကျတဲ့ပါကင်နေရာလွတ်ကိုတွေ့တဲ့အခါမျှားခလုတ်များက
ိုအသုံးပြုပြီးလေးထောင့်ကွက်လေးကိုကိုယ်ရပ်ချင်တဲ့နေရာကိုရွေ့ပေးရမှာဖြစ်ပါတယ်။ဒီအခါမှာကားဟာမော်
နီတာပေါ်ကလေးထောင့်ကွက်နေရာကိုပါကင်ဝင်လုပ်ပါလိမ့်မယ်။အရေးအကြီးဆုံးကတော့ဒီစနစ်ဟာနောက်
မှာလူနဲ့အရာဝတ္ထုများကိုအသိရှိနိုင်ပဲကားမောင်းသူကဘရိတ်ကိုတစ်ချိန်လုံးထိမ်းထားရမှာပဲဖြစ်ပါတယ်။

အပြည့်အစုံကိုဒီနေရာမှာ
ဖတ်ရှုနိုင်ပါတယ်။

Tags:

Read More...

ဒီအာအမ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ

ဒစ်ဂျစ်တယ်လ်ခေတ်ကြီးဆိုတော့ DRM(Digital Rights Management) နဲ့ပတ်သတ်ပြီး သူတို့ ဆီမှာ အတော်ကလေး လူပြောသူပြောများနေတာကြာပါပြီ။ Freeculture.org ကနေ လုပ်တဲ့ Down With DRM ဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်တဲ့ DRM ဆန့်ကျင်မှု ဗီဒီယိုပြိုင်ပွဲမှာ အနိုင်ရရှိသူတွေရဲ့ ဗီဒီယိုတွေကို သူတို့ဆိုဒ်မှာဘဲတင်ပေးထားပါတယ်။ မိတ်ဆွေလည်း Anti-DRM ကို စိတ်ဝင်စားရင်း အဲဒီမှာ သွားကြည့်နိုင်ပါပြီ။ BBC ရဲ့ဆောင်းပါးမှာတော့ ယူကေရဲ့ ခေတ်နောက်ကျနေတဲ့ ကော်ပီဥပဒေကို ဒစ်ဂျစ်တယ်ခေတ်နဲ့ညီအောင်.... ပြန်လည်ပြုပြင်ရေးဆွဲတော့မယ်တဲ့။ ဘာလိုလဲဆိုတော့ National Consumer Council ရဲ့ သုတေသန စစ်တမ်းအရ ဗြိတိန်နိုင်ငံသားတစ်ဝက်ကျော်က စီဒီတွေထဲကနေပြီးတော့ သူတို့ရဲ့အိုင်ပေါ့တ်၊ကွန်ပြုတာနဲ့ အခြားအမ်ပီသရီးပလေယာတွေထဲကို ကူးထည့်နေခြင်းအားဖြင့် လက်ရှိကော်ပီရိုက်ဥပဒေကို ချိုးဖောက်ရာကြနေလို့ပါတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ဒစ်ဂျစ်တယ်လ် ပစ္စည်းတွေကို မိမိကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ ရိုးရိုးသားသား အများနဲ့ဖလှယ်သုံးမယ်ဆိုရင် မူပိုင်ဥပဒေနဲ့ ကင်းလွတ်ခွင့်ရှိသင့်တယ်လို့ ကိုယ်တိုင်လည်း စားသုံး သူပီပီ ယုံကြည်ပါတယ်။ မဟုတ်ရင်ဗျာ အလကားနေရင်း အာဒိန္နဒါနာကို နေ့တိုင်းချိုးဖောက်သလိုဖြစ်နေတော့မှာပေါ့။ ဟုတ်ဖူးလား။ဘွိုင်းဘွိုင်း ဘလောဂ်ကာ ကိုရီ ရဲ့ ဒီအာရမ်ဆန့်ကျင်ရေးနဲ့ ပတ်သတ်တဲ့ ပြောကြားချက်ကို PDF ဖိုင်အဖြစ်နဲ့ ဒီလင့်ခ် ကနေတဆင့်ရယူ ဖတ်ရှုနိုင်ပါတယ်။

Tags:

Read More...

စိတ်ဝင်စားစရာ နတ်ပရောဂျက်များ

ပထမဦးဆုံးအမေဇုန် နွိုင်ရာ(Amazon Noir – The Big Book Crime project)ကို အရင်ဖတ်ပြီးတော့ အဲဒီ ကရူ သို့မဟုတ် ဂှိုဏ်းအဇွဲ့သားထဲက တစ်ချှို့လုပ်ထားတဲ့ ဝက်ဘ်ဆိုဒ် ubermorgen ကိုရောက်သွားပါတယ်။ အဲဒီမှာ GWEI - Google Will Eat Itself ,etoy တို့လို စိတ်ဝင်စားဖို့ကောင်းတဲ့ ပရောဂျက်တွေကို သွားတွေ့မိတယ်ဗျို့။ အဲ စိတ်ဝင်စားဖို့ကောင်းတယ် ဆိုတာမျှသာနော်။ ကျန်တာတော့ ကျွန်တော်လည်း မသိဘူး။ The Guardian ရဲ့ Alive and clicking ဆိုတဲ့ဆောင်းပါးမှာတော့ GWEI နဲ့ပတ်သတ်ပြီး ရေးထားတယ်ဗျ။အသေးစိတ်ကိုတော့ လင့်ခ်တွေကနေဖတ်ပေတော့ဗျာ။

Read More...

အင်စတောလေးရှင်းနှင့်ပဖော်မန့်စ် အတ်များ




အင်စတောလေးရှင်းနှင့်ပဖော်မန့်စ် အတ်တွေကို သိပ်နားမလည်ပါဘူး။ ဒါပေမယ့် အထက်က ပုံတွေကိုတော့ ခံစားလို့ရတယ်။ ဖန်တီးသူက Paola Pivi ဖြစ်ပါတယ်။ ဒီဆိုဒ်မှာ ထပ်ကြည့်ချင်ရင် ကြည့်လို့ရပါတယ်။ တခြား အနုပညာရှင်တွေရဲ့ လက်ရာတွေ ရှိပါသေးတယ်။


Maurizio Cattelan ရဲ့ ဒေါ်လာ၂.၁သန်းတန်(1996) The Ballad of Trotsky

(via we-make-money-not-art)

Read More...

အစိမ်းရောင်မောင်းနှင်ခြင်း

ကျနော်တို့ကမ္ဘာမှာတနေ့တခြားရှားပါးလာတဲ့မြေအောက်ကနှစ်ချို့လောင်စာတွေနဲ့နောက်ဆက်တွဲ
ဆိုးကျိုးလေထုညစ်ညမ်းမှုတွေကိုကာကွယ်ဖို့အမျိုးမျိုးသောသယ်ယူပို့ဆောင်ရေးယာဉ်တွေကိုပြောင်း
လဲဖို့ကြိုးစားနေတာဆယ်စုနှစ်တွေမနည်းတော့ပါဘူး။ဒါပေမယ့်လဲပေါ့လေ၊ယနေ့အထိတော့ထူးထူး
ခြားခြားပြောင်းလဲသွားတာမျိုးတော့မတွေ့ရသေးဘူးပေါ့။ဒါကြောင့်လဲရေနံကလွဲပြီးဘာမှမထွက်တဲ့အ
ရှေ့အလယ်ပိုင်းကအာရတ်တွေခေါင်းထောင်နေသေးတာပေါ့ဗျာ။


အဲဒီအထဲမှာမ၊နေ့စဉ်လူတိုင်းသုံးစွဲနေရတဲ့မော်တော်ကားတွေရဲ့လောင်စာလိုအပ်ချက်တွေနဲ့လေထု
ညစ်ညမ်းမှုတွေကအဆိုးဆုံးဗျာ။အထူးသဖြင့်LAကယ်လီဖိုးနီးယားပေါ့။ဖရီးဝေးပေါ်တက်လိုက်ရင်မျက်
စိတဆုံးကားတန်းကြီးဗျာ။တနေ့တနေ့သန်းဘယ်လောက်ထိရှိမလဲမသိဘူး။လူခြင်းတူပေမဲ့အသက်
ရှုတာခြင်းကွဲသွားတယ်ဆိုတာတခြားမြို့တွေကိုရောက်မှသိတယ်။ညစ်ပတ်လိုက်တဲ့လေ။ဖြုန်းလိုက်ကြ
တဲ့ဓာတ်ဆီတွေ။....

ဒါပေမဲ့ဒီလိုမလိုအပ်ပဲဖြုန်းတီးပြီးကာဗွန်ဒိုင်အောက်ဆိုဒ်Emissionတွေစွတ်ထုတ်လို့ကမ္ဘာ့ပူနွေးမှုကြီး
ပိုဆိုးလာတာကိုလူတွေကတကယ်နားမလည်ကြဘူးဗျ။သိတော့သိတယ်စိတ်မဝင်စားဘူးဆိုတာမျိုးပေါ့။
ဆလင်ဒါတွေပိုများလေ၊အင်ဂျင်ပိုကြီးလေ၊ဘီးလေးဘီးလုံးလည်လေ၊ပိုမိုက်လေဆိုတဲ့၂၀ရာစုအလယ်လောက်
ကအယူအဆမျိုးတွေရှိနေတုံးပဲ။ကျနော်တို့ဗမာပြည်မှာချမ်းသာကြွယ်ဝခြင်းရဲ့ပြယုဒ်Land-Cruiserတို့
Pradoတို့လိုSUVအမျိုးအစားကားတွေကိုဒီမှာလည်းချမ်းသာတဲ့ကောင်တွေကဈေးကြီးပေးပြီးဝယ်စီးကြတယ်။
မြို့လည်ခေါင်ကြီးနေပြီးတောလမ်းသွားဖို့ပါလုပ်ထားလို့ဆီပိုစား၊ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပိုထုတ်တဲ့ကား
မျိုးတွေကိုပိုက်ဆံအကုန်ခံပြီးဝယ်စီးတာတော်တော်တုံးတယ်လို့ကျနော်တော့ထင်တာပဲ။ကျနော်သာတတ်နိုင်
ရင်HYBRIDကားတွေကိုပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ဝယ်စီးပါတယ်။

ထားလိုက်ပါတော့လေ။လေရှည်မိနေတယ်။ကျနော်အဓိကဒီမှာပြချင်တာကနောက်မဝေးတော့သောအနာဂတ်
မှာအထက်ပါပြဿနာတွေကိုဖြေရှင်းဖို့ကားအသစ်တွေအများကြီးကြံစည်ထားတယ်ဗျ။တချို့ဆိုအခုတောင်စ
ပြီးသုံးနေကြပြီ။ပုံပန်းသဏ္ဍန်နဲ့အမြန်နှုန်းတွေကတော့သုံးတဲ့လောင်စာပေါ်မှာမူတည်ပြီးအတော်လဲကွဲပြားသွား
တယ်ဗျ။သုံးတဲ့လောင်စာတွေကတော့နေရောင်ခြည်၊လျှပ်စစ်အပြင်၊အစိမ်းရောင်ရေညှိတောင်ပါသေး။


လျှပ်စစ်ကားThe Moviee





ရေညိုသုံးHummer O2




အသေးစိတ်ကိုဒီနေရာမှာဖတ်ရှုလေ့လာနိုင်ပါတယ်။

ဒါနဲ့စကားမစပ်ဗျာ။မနှစ်ကLAရဲ့လေထုညစ်ညမ်းမှုနဲ့ပတ်သတ်ပြီးဖိုင်နယ်အတွက်ပေပါတခုရေးရင်းအတန်း
ထဲမှာဆွေးနွေးဖြစ်တယ်ပေါ့ဗျာ။အတန်းဖေါ်အာဂျင်တီးနားကငနဲ့ကသူတို့ဆီမှာCNGအမျိုးအစားကားတွေကို
တွင်တွင်ကျယ်ကျယ်သုံးနေပြီးဖြစ်ကြောင်းထကြွားသဗျ။ဒါနဲ့ကျနော်လည်းအားကျမခံရွှေပြည်ကြီး(Crierထံမှ
ငှားရမ်းသည်)မှာလည်းCNGတွေသုံးနေပြီလို့လျှာရှည်လိုက်မိတယ်။

အဲဒီတော့ရွှေပြည်ကြီးကိုရောက်ဖူးပြီးအကြောင်းစုံနောကြေအောင်သိတဲ့ကျနော့်ပရော်ဖက်ဆာကအံသြတကြီး
နဲ့"မင်းတို့အစိုးရကဘယ်ဆိုးလိုလဲ့ကွ၊Fossil-fuelတွေကိုအနာဂတ်နဲ့နောင်လာနောက်သားတွေအ
တွက်ထိန်းသိမ်းရကောင်းမှန်းတော့သိသားပဲကွ"လို့ချီးကျူးတယ်ဗျာ။ဟားဟားPublicအတွက်ရေနံဖိုးမ
တတ်နိုင်တော့လို့ပဲလား၊ဒါမှမဟုတ်အဲဒီပိုက်ဆံနဲ့လက်နက်ချင်ဝယ်လို့ပဲလားဆိုတဲ့ထင်မြင်ချက်တော့ရှက်လို့
မပေးခဲ့ဘူးဗျာ။


Tags:

Read More...

ဗရုတ်နဲ့ သုက္ခနေ့စွဲများအကြောင်း

ဗရုတ်နဲ့သုက္ခနေ့စွဲများအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့ကရေးခဲ့လို့လားမသိဘူး။ အဲဒီနေ့ကနေ ဒီနေ့အထိ ဗရုတ်သုက္ခတွေ ဆက်တိုက်ကြီးကိုဖြစ်ပျက်တော့တာပါဘဲ။ ကျွန်တော်လည်း အတော့်ကိုမကောင်းတဲ့လူမှန်း ကိုယ့်ဘာသာကိုယ်လက်မခံချင်ပေမယ့် လက်ခံလိုက်ရတော့တယ်။ ဒီလိုဗျ ဒီလို။ကြာသာပတေးကမူးတဲ့အရှိန်ကမပြေသေးဘူး သောကြာနေ့ညကျတော့ လွန်ခဲ့တဲ့ တစ်လလောက်ကသူများကို ချီးပေးထားတဲ့ပိုက်ဆံပြန်ရတယ်ဗျာ။ ဆိုတော့ လက်ထဲမှာငွေယားလေးရှိရင် ဖွာခနဲ ဖွာခနဲသုံးတတ်အကျင့်အတိုင်း ကျွန်တော်ဒီမှာ အရမ်းခင်ရတဲ့ “ကိုဇော်ကြီး” “ကိုကျော်ဝဏ္ဏ”တို့နဲ့အတူသောက်လိုက်ကြတာ မနက်သုံးနာရီထိုးသွားပါလေရောဗျာ။ စနေနေ့ ဒီဂျေပွတ်(ပါးကန်ဆေး) ရမယ့်အလုပ်ကိုတစ်နာရီ နောက်ကျတဲ့အပြင် လမ်းမှာ ရဲအစစ်ခံရတယ်။ အိုဗာစတေးလား ဘာလားပေါ့ဗျာ။ အဲဒါနဲ့ ရဲ၅ ယောက်အခြံအရံနဲ့ အိမ်ကိုပြန်ပြီး ဗီဇာပြန်ပြရသေးတယ်။ ပြီးတော့ အလုပ်သွားတော့ ဆိုင်ခေါင်းကနေ....“မင်းဘာလို့ အလုပ်နောက်ကျတာလဲ”လို့မေးတော့ “မနေ့ညက အမူးလွန်သွားလို့”လို့ ကျွန်တော်ကပြန်ဖြေတော့ “အမူးလွန်စရာလားကွ၊နောက်တစ်ခေါက်ဆို အလုပ်ဖြုတ်ပစ်မယ်”လို့ အကျိန်းအမောင်း ခံခဲ့ရတယ်။ အဲဒီနေ့ က ၂၅ရက်ဆိုတော့ ဒီမှာ လခထုတ်တဲ့ရက်ဖြစ်နေတယ်ဗျာ။ ဂျပန်တွေ လာစားလိုက်ကြတာ ဆေးရတာ လက်ကိုမလည်ဘူး။ လေချိန် တအေ့အေ့တတ်လိုက်ဆေးလိုက်နဲ့ ပေါ့ဗျာ။ အလုပ်ပြီးတော့ ဘယ်ရမလဲ ကျွန်တော်လည်း တနလာင်္ကနေ သောကြာနေ့အထိလုပ်တဲ့ အလုပ်ကလခကို ဘဏ်ကတဆင့်သွားထုတ်ပြီး စကဲံတော့တာဘဲ။ ပိုက်ဆံဘယ်လောက်ဆိုတာတော့ မပြောပြချင်တော့ပါဘူး။ ဒီမှာ နေ့ပိုင်း အလုပ်လုပ်တဲ့ တခြားဗမာတွေထက် နည်းတာတော့အမှန်ဘဲ။ အဲ စောန က ဟာပြန်ဆက်ရအောင်။ ပိုက်ဆံထုတ်ပြီးပြီးချင်းဘဲ လမ်းမှာ ဝီစကီတစ်လုံးဝင်ဆွဲပြီး အိမ်ကိုပြန်တယ်။ အိမ်မှာ ကိုထွန်းအေးနွဲ့တို့နဲ့ ခဏလောက်သောက်ပြီးတော့ လမ်းမှာကထဲက ရည်ရွယ်ချက် ရှိတဲ့အတိုင်း “ရှင်းဂျုကု” ကို သူတို့ အတန်တန် တားနေတဲ့ကြားထဲက တစ်ယောက်ထဲချီတတ်တယ်ဗျာ။ အဲဒီမှာတင် အရက်သမား အမှားတစ်ထောင် ဆိုတဲ့ စကားပုံအတိုင်း ဗရုတ်သုက္ခတွေ ဖြစ်တော့တာဘဲဗျာ။ ရောက်သွားတဲ့နေရာလည်း ကြည့်ဦး။ ယာကူဇာတွေ ကြီးစိုးတဲ့ တိုကျိုရဲ့ အနက်ရောင်နယ်မြေ “ကာဘူးကီချော”ကို ဆိုက်ဆိုက်မြိုက်မြိုက် ကြီးကို ရောက်သွားတာ။ အရင်က အဲဒီနေရာ အကြောင်း တခြားဗမာ တွေ ဆီကနေ ကြားဘဲကြားဖူးတာ။ သိတာမဟုတ်ဖူး။ ကျွန်တော်က ရှင်းဂျုကု ဖြစ်ရင် ပြီးရောဆိုပြီး သွားတာပါဗျာ။ အဲဒီ “ကာဘူးကီချော”မှာ ဟိုလှည့်ဒီလှည့် ဖင်လှည့်ခေါင်းလှည့် လုပ်နေတုန်း ကပ္ပလီတစ်ကောင် က တောသားမြို့တတ်မှန်း သိသွားပြီး သူတို့ ဆိုင်မှာ အရက်သောက်ရင် မိနစ်ကိုးဆယ် ဘယ်လောက်ဘယ်လောက် ကျတယ် အဝအပြဲဘယ်လို သောက်လို့ရတယ် ဆိုတာ လာပြောတာနဲ့ လိုက်သွားမိတယ်။ ဟိုမှာ က ကောင်မလေးတွေက အရက်ငှဲ့ပေးတာဗျ။ ဆိုတော့ ဂျပန်မလေးတစ်ယောက် က ကျွန်တော့်နဲ့ အဖော်လာလုပ်ပေးတယ်။ ကောင်မလေးတွေနဲ့ ဆိုရင်ဲ့ ကျွန်တော်က နည်းနည်းတုံးတယ်ဗျ။ သူက ကာစတန်မာဆိုပြီး ရေလာမြောင်းပေးလုပ်ပေးတာတောင် ကျွန်တော်က ခပ်ရှက်ရှက် အင်း အဲ နဲ့ ခွေးအကြီးလှည်းနင်းနေတာ။ အဲဒီဆိုင် က ဘရာဇီးမ တစ်ယောက် က လူရှင်းလို့ဆိုပြီး ဘိုးတော်ကြီး ရေးဖူး တဲ့ ကျောက်တုံး၊ကတ်ကြေး ဂိမ်းလာကစားပေးမှ အိုကေသွားတော့တယ်။ ကြုံတုန်းကြွားရဦးမယ်။ ကျွန်တော်ကြီးဘဲ နိုင်တာဗျ။ လူက မူးသာမူးနေတာ။ ဟဲ ဟဲ။ ပြီးတော့ စကားတစ်ပြောပြောနဲ့ ဝီစကီ ကိုလှိမ့်သောက်မိတယ်ဗျာ။ မနက် မိုးလင်းနိုးမှ ဆိုင်ရဲ့လှေကားအပြင် ဖက်မှာ အန်ဖတ်တွေနဲ့ ခွေခွေလေး အိပ်ပျော်နေမှန်း သိရတော့တယ်။ သတိရမိမိခြင်း ပိုက်ဆံအိတ်ကိုကြည့်တော့ ပါလာတဲ့ ပိုက်ဆံတွေကမရှိတော့ဘူး။ လမ်းစရိတ် အကြွေတွေဘဲထားပြီး အကုန်နှိုက်သွားလို့။ လူလဲ တော်တော်လေးခံပြင်းသွားတယ်ဗျာ။တစ်ခုတော်သေးတာက ရှင်းဂျုကု မသွားမှီမှာ ဘဏ်ထဲကထုတ်လာတဲ့ ပိုက်ဆံ ၃ပုံ၂ပုံကို အိမ်ကကိုထွန်းအေးနွဲ့ဆီမှာ အပ်ထားမိလို့။ နောက်ပြီးတော့ကျန်သေးတယ်။ အံချောင်နေတဲ့ ညာဖက်ရှေ့သွားတစ်ချောင်းလည်း မရှိတော့ဘူးဗျာ။ အဲဒီသွားက ချောင်ချောင်ပြီးတော့ ခဏခဏ ကျွတ်နေလို့ တနင်္ဂနွေနေ့မှာ ကော်သွားကပ်ဖို့လုပ်ထားတာဗျာ။ ဘယ်မှာ ကျွတ်ခဲ့မှန်းမသိတော့ဘူး။ ဆိုတော့ ကျွန်တော့် ပါးစပ်ရှေ့ပိုင်းမှာ ပြတင်းပေါက်ကြီးဖြစ်နေတာပေါ့ဗျာ။ ကိုယ့်ကိုယ်မှန်ထဲ ပြန်ကြည့်တော့ ရုပ်ဆိုးလိုက်တာဗျာ။စိတ်ထဲမှာ ခံအပြင်းဆုံးက သွား မရှိတော့တာကိုဘဲ။ ဒီမှာအသစ်ပြန်စိုက်ရင် ဒေါ်လာ ၇၀၀ လောက်ကုန်မှာဆိုတော့။ အဟင့်ဟင့်။တတ်နိုင်ဘူးနော်။ ဒါနဲ့ တောက်တစ်ခေါက်ခေါက် နဲ့ အိမ်ပြန်မယ်လုပ်ရော လမ်းပေါ်မှာ ချာလီလို့ခေါ်တဲ့ အသက်၅၀ကျော် သြဇီတစ်ယောက်ရယ် စတိဗ်လို့ခေါ်တဲ့ အမေရိကန်တစ်ယောက်ရယ် နောက်တရုတ်တစ်ယောက် ရပ်ပြီးစကားပြောနေတာသွားတွေ့တယ်ဗျာ။ သူတို့နဲ့ ကလည်း ချာလီက ဟဲလို ဆိုပြီးစနှုတ်ဆက်လို့ ဝင်ရောပြီးနောက်မှ သိရ ခင်ရတာပါ။ သူတို့ကိုလည်း ဖြစ်ကြောင်းကုန်စင်တွေ လျှောက်ပြောပြလိုက်တော့ နည်းနည်းကိုယ်ချင်းစာပြီး စတိဗ်က သူ့လက်ထဲက ဗီယာတိုက်တယ်။ အဲဒီမှာပြောချင်တာက ဒီမှာနေတဲ့ ၂နှစ်တာကလအတွင်း စတိဗ်လိုဗရုတ်လည်းကျ၊ခင်ဖို့လည်းကောင်းတဲ့လူမျိုးပထမဦးဆုံးအကြိမ်တွေ့ဖူးခြင်းဘဲ။ စကားပြောတော့လည်း ဗရစ်ဂျတ်ဂျုံးစ် ဆိုတဲ့ဟာသရုပ်ရှင်ထဲက ဗရစ်ဂျတ်ရဲ့ သူငယ်ချင်းလို f***k ချင်းကိုထပ်နေတော့တာဘဲ။ ဒါပေမယ့် နောက်ပိုင်းသူနဲ့အရက်အတူတူလျှောက်သောက်တော့မှ စိတ်ရင်းကောင်းတယ်ဆိုတာရယ် ၊ လူကရွှတ်နောက်နောက်နေတတ်ပေမယ့် အတွေးအခေါ်ရှိတယ် အိုးပန်းဖြစ်တယ်ဆိုတာသိလာတယ်။ သူကျွန်တော့်ကို စမိတ်ဆက်ကတည်းက တခြားဒီမှာကြုံဖူးတဲ့ တစ်ချို့နိုင်ငံခြားသားတွေလို တိုးတတ်တဲ့တိုင်းပြည်ကဆိုပြီး ဖင်ခေါင်းကျယ်မနေဘူး။ အသံသြသြကြီးနဲ့ ရယ်ရယ်မော ခရိုးအေးရှန်း -အမေရိကန် ဘာညာသာရကာ ဆိုပြီး သူ့ကိုယ်သူမိတ်ဆက်တယ်ဗျ။ ဒါနဲ့ စိတ်ထဲမှာ နည်းနည်းခင်သွားပြီး မင်းတို့နဲ့အရက်တူတူသောက်ချင်တယ်ကွာ မင်းဒီနေ့အားလားလို့မေးတော့ စတိဗ်ရော ချာလီကပါ အိုကေတယ်လေ။ သောက်ကျတာပေါ့ လို့တက်တက်ကြွရှိနေတယ်ဆိုပေမယ့် ဟိုတရုတ်ကနည်းနည်းဖင်ခေါင်းကျယ်နေသေးတယ်။ထားလိုက်ပါတော့. အဲဒီကောင်အကြောင်း။ ဒါနဲ့ ငါအိမ်တစ်ခေါက်ပြန်ပြီး ပိုက်ဆံသွားယူလိုက်ဦးမယ်လို့ပြောပြီး အိမ်ကိုပြန်ဒိုးလိုက်တယ်။ စတိဗ်ဆီက ဖုန်းနံပါတ်တော့ အသေအချာတောင်းခဲ့တာပေါ့ဗျာ။ အိမ်ရောက်တော့ ပိုက်ဆံအပ်ထားတဲ့ ကိုထွန်းအေးနွဲ့မရှိတာနဲ့ အဘကြေးအိုးဆိုင်သွားပြီး နားပူနားဆာ သွားလုပ်ရတာပေါ့ဗျာ။ သူက မသွားတော့ မသွားစေချင်ဘူး။ ဒါပေမယ့် အဘ ကလည်း ထုတ်ချေးရှာပါတယ်။ ဆိုတော့ ပိုက်ဆံရ ရချင်းဘဲ အဲဒီကိုတစ်ခေါက်ပြန်သွားတယ်ဗျာ။ ပြန်ရောက် ရောက်ချင်း ၄၅မိနစ်လောက်ကျမှ လူချင်းပြန်တွေ့ကြတယ်။ ထုံးစံအတိုင်း လွဲရသေးတာပေါ့ဗျာ။ နောက်တော့ ချာလီရဲ့ ဘိဖြစ်တဲ့ တိုက်တစ်တိုက်ပေါ်ကို အရင်သွားကြတယ်။ ဟိုမှာ နည်းနည်းပါးပါး စကားစမြည်ပြောပြီး ကာရာအိုကေဆိုင် သွားမယ်လုပ်ရော ချာလီက သူခဏနားချင်တယ်ဆိုလို့ ကျွန်တော်နဲ့စတိဗ်နှစ်ယောက်ထဲချီတက်ကျတယ်ဗျာ။ လမ်းတစ်လျှောက် သူနောက်ပြောင်နေတာတွေကတော့ ကျွန်တော့်ရင်မှာ အတော့်ကို သဘောခွေ့စရာချည်းဘဲ။ ဆိုင်တစ်ဆိုင်ဝင်သောက်လိုက် လမ်းလျှောက်လိုက် လမ်းပေါ်က လူတွေကို သိမသိသိ နှစ်ယောက်သား မျက်နှာပြောင်လိုက်နဲ့ပေါ့။ကံကောင်းချင်တော့ မျက်နာလိုက်ပြောင်တဲ့ လူတွေထဲမှာ ယာကူဇာ တစ်ယောက်မှမပါလို့ ခေါင်းနဲ့ကိုယ်အိုးစာ မကွဲတယ်။ တစ်ချို့ချာတိတ်မလေးတွေ ဆိုရင် တဟိဟိရယ်ပြီး ကျွန်တော်တို့ နားကနေ ပြေးကြတယ်။ စတိဗ်က ဂျပန်အထီး အမ အကုန်လိုက်နောက်တာဆိုတော့။ဟား ဟား ဟား။ ရေးနေရင်းမျက်လုံးထဲမြင်ယောင်လာတယ်။ အဲဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ လမ်းဘေးဘီယာဆိုင်မှာ ဘီယာဝယ်ရင်း ခဏထိုင်စကားပြောကြတော့မှ သူ့ရင်ထဲက ဒဿနတွေ နားထောင်ရတော့တာဘဲ။အဲဒီကြမှ ဒီလူက အဖြူ၊အမည်း၊အဝါ အသားရေမခွဲခြားတတ်တဲ့ တကယ့်ပွင့်လင်းတဲ့လူပါလားလို့သိရတာ။ သူက အသက်၃၀ ဂျပန်မနဲ့လက်ထပ်ထားတာတဲ့။ အလုပ်အကိုင် အကြောင်းတော့ နှစ်ယောက်လုံးမပြောကြဘူး။ ဟုတ်တယ်လေ အဲဒီအချိန်မှာ မူးနေဖို့ဘဲမဟုတ်လား။နောက် နာရီဝက်လောက်ကြာတော့မှ နောက်ထပ်တစ်ဆိုင်ထပ်ပြောင်းကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သူ့ကို ဆန်းဆေး(ဆရာ)လို့ခေါ်နေပြီ။ ဟီ ဟိ။ အဲဒီဆိုင်မှာ လည်း ဂျပန်၂ယောက်ထိုင်နေတဲ့ဝိုင်းကို ဝင်ထိုင်ပြီး ဗရုတ်တွေကြကျသေးတယ်။ ဂျပန်တွေကပါ ကျွန်တော်ခေါ်သလို ဆန်းဆေးလို့ စတိဗ်ကိုခေါ်တယ်။ တစ်ယောက်က အင်္ဂလိပ်စကား နည်းနည်းပါးပါးရတယ် ဆိုတော့ ပေါက်ကရပေါက်ပန်း ပြောလို့ရတာပေါ့။ အဲဒီဆိုင်ကနေမှ တဆင့် စတိဗ်ကကျွန်တော့်ကို ဈေးပေါ်တဲ့ အရက်ရောင်းတဲ့ စတိုးဆိုင်ကို ခေါ်သွားတယ်။ ငါတို့ ဒီဆိုင်ရှေ့မှာ သောက်ရင်း နဲ့ ငါ့မိန်းမ လာတာကို စောင့်ကြမယ်တဲ့။ ငါ့မိန်းမလည်း ငါတို့နဲ့အတူ ကာရာအိုကေ ဆိုရအောင်လို့တဲ့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း အိုကေ လေလို့ ပြန်ဖြေလိုက်တယ်။ ဘီယာတစ်ယောက် တစ်လုံးကုန်တယ်ဆိုရင် ဘဲ ချာလီက ပေါ်တော်မူလာတယ်။ ချာလီရောက်လာပြီး သိပ်မကြာဘူး ပါကစ္စတန် အဖိုးကြီး တစ်ယောက် တုန်ချိတုန်ချိနဲ့ ကျွန်တော်တို့ဘက်ကိုလျှောက်လာတယ်။ သူက ချာလီ့ မိတ်ဆွေ ဖြစ်နေတယ်ဗျာ။ နောက်မှ ချာလီပြောလို့ သိရတာ အဲဒီအဖိုးကြီးက အရင်က ဒီရှင်းဂျူကု တစ်ဝိုက်မှာ ဆိုင်ကြီးဆိုင်ကောင်းတွေ ပိုင်ပြီးချမ်းသာခဲ့တာတဲ့။ အဖိုးကြီးရှေ့မှာ တင်မိတ်လည်းမိတ်ဆက်ပေးရင်း သူ့အကြောင်းပြောပြတာပါ။ ကျွန်တော်လည်း စိတ်ထဲ အတော်မကောင်းဖြစ်သွားတယ်ဗျာ။ ဒါနဲ့ အခုဘာလုပ်ချင်လဲ မေးတော့ အရက်သောက်ချင်တယ်ဆိုတာနဲ့ သူ့အတွက် ဘီယာ ၂လုံးနဲ့ အရက်တစ်ပုလင်း ဝယ်ပေးလိုက်တယ်။ ခဏနေတော့ စတိဗ်မိန်းမရောက်လာတယ်ဆိုပါတော့ဗျာ။ ရှေ့ဆင့်နောက်ဆင့် ဆိုရင် ဘဲ ရဲနှစ်ယောက် က ဆိုင်ထဲကလူတွေ ချွန်လို့လား မသိဘူး “မင်းတို့ ဒီလိုဆိုင်ရှေ့မှာအရက်မသောက်နဲ့”ဆိုပြီးလာတားပါလေရော။ အဲဒီမှာ စတိဗ်မိန်းမက ဂျပန်မဆိုတော့ နည်းနည်းရှက်ပြီး ရဲတွေလည်းပြန်ရော လင်မယားနှစ်ယောက် နည်းနည်းစကားများကြတယ်။ ပြီးတော့ စတိဗ်မိန်းမ ကစိတ်ကောက်ပြီး ပြန်သွားတယ်။ ကျွန်တော်လည်း ကြားထဲကနေ အိုးတိုးအန်းတီး ကြီးဖြစ်သွားတယ်ဗျာ။ ဒီကိစ္စတွေ ဆိုတာဝင်ရှင်းပေးလို့လည်းမရဘူးလေ သိတယ်မဟုတ်လား။ ဒါပေသိ ကိုယ့်ဆရာက လည်းခေသူမဟုတ်တော့ “ဟေ့ကောင် လာကွာ ဂိမ်းတွေလျှောက်ကစားရအောင်”ဆိုပြီး ဂိမ်းဆိုင်တွေဘက်ကို ခေါ်သွားတယ်။ ဒီမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ သောက်ကြစားကြ ကစားကြတာတွေအတွက် ကျသင့်ငွေကို သူကရှင်းလိုက် ကျွန်တော်က တစ်လှည့်ရှင်းလိုက်ဆိုတာပါ။ ဘာဘဲပြောပြော ဂိမ်းဆိုင်ကနေထွက်တော့ အိတ်ထဲမှာ ငွေသိပ်မရှိတော့ဘူး ဆိုတာ သတိထားမိတယ်။ ယန်းနှစ်ထောင် ဘဲ ကျန်တော့တယ်။ ဒါပေမယ့် ကာရာအိုကေ ဆိုင်ကို နှစ်ဦးသား ချီတတ်ဖို့ကိုတော့ မပျက်ကွက်ခဲ့ပါဘူး။ ကျွန်တော် အတော်လေးကိုမူးနေပြီဗျ။ အဲဒီအချိန်မှာ။ စတိဗ်ကတော့ ဘာမှဖြစ်သေးပုံမပေါ်ဘူး။ ဆိုင်မှာ သူ့အသံသြသြကြီး နဲ့ ၂ပုဒ်လောက်ဆိုတာ နားထောင်လည်းပြီးရော ဘယ်လိုကနေဘယ်လို အိပ်ပျော်သွားမှန်းမသိတော့ဘူး။ ရဲတစ်ယောက်နဲ့ ကာရာအိုကေဆိုင်က တစ်ယောက်လာနှိုးမှ “ငါ အိပ်ပျော်သွားပြန်ပါလား”ဆိုပြီးကိုယ့်ဘာသာကိုယ်တွေးပြီး စိတ်လေရသေးတယ်။စတိဗ်ကတော့ မရှိတော့ဘူး။ ကျွန်တော့်ကိုလေပြီးပြန်သွားပြီ။ ကာရာအိုကေကနေ အပြန်လမ်းပေါ်မှာ ချာလီနဲ့ပြန်တွေ့တော့ ချာလီက ကျွန်တော့်အတွက် အရက်တစ်လုံး ဆိုဒါ နှစ်လုံးဝယ်ပေးတယ်။ ပြီးတော့ ဆိုဒါတစ်လုံးဆီထဲမှာ အရက်ရောပြီး ကျွန်တော့်အတွက်တစ်လုံး သူ့အတွက်တစ်လုံး ခွဲပေးတယ်။ ဘာလို့လဲဆိုတော့ သူ့သူငယ်ချင်းကို အရက်ဝယ်တိုက်လို့တဲ့။ ဒါနဲ့ အိမ်ကို အရက်ဆွဲပြီးပြန်ခဲ့တော့တယ်။ အိမ်ရောက်တော့ မှ ပြဿနာတွေ အကြီးအကျယ်တတ်တော့ပါဘဲဗျာ။ အိမ်မှာ ကိုထွန်းအေးနွဲ့ ရယ် ကိုဇော်ကြီးရယ် ကအရက်သောက်နေကြတယ်။ ကိုမိုးဆိုတဲ့ အစ်ကိုကြီး၊ ကိုမင်းလွင်၊နောက်အိမ်ကို အသစ်ပြောင်းလာတဲ့ ကိုမျိုးဆိုတာရယ်က ဘေးနာမှာထိုင်နေကြတယ်။ သူတို့ဘာတွေပြောနေလည်းတော့ ကျွန်တော်လည်း မသိဘူး။ အပျော်ရှိန်ကလည်းမသေသေး အမူးရှိန်ကလည်းမသေသေးတော့ ဝင်ပြီးမျက်နှာပြောင်တာဗျာ စကားတွေ မှားကုန်တယ်ဆိုပါတော့ဗျာ။ အဲဒီမှာ ကိုမင်းလွင်က မင်းသိပ်လွန်နေပြီ ဆိုပြီး ကျွန်တော့်ကို ဝင်ထိုးပါလေရော။ ကျွန်တော် သူ့ကို တစ်ချက်တောင်ပြန်မထိုးပါဘူး။ သူ့တင်မှ မဟုတ်ပါဘူး မြန်မာအချင်းချင်းဆိုရင် ဘာမှကိုမလုပ်ချင်တာ။ ဒါနဲ့ ရွဲ့ပြီးတော့ ခင်ဗျား ဘယ်လောက်ထိုးနိုင်မလဲ ထိုးဗျာ ဆိုပြီး စိန်ခေါ်တော့ ပွဲတွေ ပိုကြမ်းလာတယ်။ ဝိုင်းဆွဲတဲ့ လူတွေက ဝိုင်းဆွဲကြပါတယ်။ ကျွန်တော်ကသာ မူးနေတာဆိုတော့ ထိုးကွာဆိုပြီး စွတ်စပ်စိန်ခေါ်တော့ ကိုထွန်းအေးနွဲ့ပါ ဝင်ထိုးတယ်။ ဟား ဟား။ ကိုဇော်ကြီး သာ “မင်းတို့ ဒီလောက်ဖြစ်ချင်တာ အောက်မှာ သွားဖြစ်ကြ”ဆိုပြီး အပြင်သာခေါ်မထုတ်သွားရင် ကျွန်တော့်မျက်နှာတော့ တွေးရက်စရာကိုမရှိဘူး။ဖူးယောင်ကိုင်း သွားမှာ အသေအချာဘဲ။ အပေါ်ထပ်က ကိုထီလာကြီးပါ ရန်ဖြစ်တာ ကြားပြီးတော့ ညကြီးမိုးချုပ် မနေရဘူး။ ရန်ကုန်က ကျွန်တော့်အရင် ဘော့စ်လည်းဖြစ် အစ်ကိုကြီးလိုလည်းဖြစ်တဲ့သူရဲ့ ညီမ အိမ်ကိုလိုက်ပို့ပေးတယ်။ ကျွန်တော်က သူ့ကို အစ်မ လို့ဘဲခေါ်တယ်။ ကျွန်တော် စနေ တနင်္ဂနွေ ပါးကန်ဆေးတဲ့ အလုပ်ကို သူဘဲရှာထားပေးတာပါ။ အဲဒီ အိမ်ရောက်တော့ ကျွန်တော့်ရဲ့အိမ်ရှင်လည်း လိုက်လာပြီး ကျွန်တော့်ဆီက သော့ကိုတောင်းတယ်။ဘာလို့လဲ ဆိုတော့ ကျွန်တော်နေရင် ကျန်တဲ့လူတွေက မနေခြင်ဘူးတဲ့။ ကျွန်တော် အိမ်ပေါ်ကဆင်းမလား သူတို့ဆင်းရမလား ဆိုတဲ့ ပုံစံပေါ့။ အဲဒီလောက် လူချစ်လူခင်ပေါတာ။ နောက်နေ့ကြတော့ အိမ်ပေါ်က နေအထုပ်အပိုးပိုက်ပြီးပြောင်းရတာပေါ့ဗျာ။ ဒီစာဖတ်တဲ့ ခင်ဗျားလည်း အတော်လေး စိတ်ညစ်နေလောက်ပြီနော့်။ နောက်မှ ထပ်ဆက်တော့မယ်ဗျာ။ အရက် အရက် အရက် ……..အင်း နောက်ဆိုရင် ထိမ်းထိမ်းသိမ်းသိမ်းသောက်ရမယ်။ စိတ်ဓါတ်တွေလည်း မွဲပြာကျနေလိုက်တာ အကျဉ်းစံ အစ်ကိုကြီးတွေဘက်ကနေ ပြန်တွေးကြည့်မှ ရှက်လိုက်တာဗျာ။ ရှက်လိုက်တာ…..

Read More...

ကိုယ်လုံးတီးစက်ဘီးစီးချီတက်ပွဲ

This summary is not available. Please click here to view the post.

Read More...

ဒီဇိုင်း အနုပညာလက်ရာများ






ရုရှားကဒီဇိုင်နာတစ်ယောက်ရဲ့လက်ရာတွေပါကျွန်တော်တော့ သူ့လက်ရာတွေကို နှစ်သက်မိတယ်။အချိန်အားရရင်တော့ ဖိုတိုရှောတ်ဂရပ်ဖ်ဖစ်ပိုင်းကို သေချာလေ့လာပြီးကိုယ့်ဘာသာကိုယ်ဖန်တီးချင်လိုက်တာ….ဘယ်တော့များမှ အဲဒီလိုပုံတွေဆွဲနိုင်မလဲမသိဘူး။တုံးကလဲတုံးတော့ ခက်တာဘဲ။

Read More...

ဒီဇိုင်းဖီဗာ၊ဒီဇိုင်းနာကျခြင်း


အပေါ်ကပုံက http://www.designwar.net/ PSD file ကို ဟိုပြောင်း ဒီပြောင်းလုပ်ထားတာပါ။ ဒီဇိုင်းဝါးမှာ တစ်ချို့ယူဇာတွေ တင်ပေးထားတဲ့ ဒီဇိုင်းတွေက ကောင်းမှကောင်းဆိုတဲ့အကြောင်း။
ဖလက်ရှ်အသင့်သုံးဒီဇိုင်းတွေလဲ ဆွဲယူလို့ရတယ်ဆိုတဲ့အကြောင်း…


အနုပညာဒီဇိုင်းခရေဇီဆိုရင်တော့ တူးဒီမဂ္ဂဇင်းကို သူတို့ဆိုဒ်မှာဘဲဒေါင်းလုတ်လုပ်နိုင်ပါပြီ။

Read More...

စာရွက်ပေါ်မှာSaveလုပ်လိုက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအသက်၂၄နှစ်အရွယ်တက္ကသိုလ်ကျောင်းသားတစ်ယောက်တီထွင်
ဖန်တီးတားတဲ့"Rainbow-Technology"ဟာသာမာန်စာရွက်နဲ့ပလက်စတစ်ပြား
တွေပေါ်မှာအချက်အလက်တွေမှတ်သားနိုင်တယ်လို့ဆိုပါတယ်။သမာရိုးကျသုညနဲ့တစ်
ဂဏန်းတွေကိုမသုံးပဲဂျီသြမေတြီးပုံသဏ္ဍန်တွေကိုအသုံးပြုတဲ့နည်းပညာဟာယနေ့လက်
ရှိအသုံးပြုနေတဲ့မီဒီယာများထက်အချက်အလက်တွေအပုံကြီးပိုမှတ်နိုင်သလိုဈေးလည်းပို
သက်သာလိမ့်မယ်လိုတီထွင်သူကပြောပါတယ်။နောင်တစ်ချိန်မှာစီဒီတွေ၊ဒီဗွီဒီတွေတကယ်
ပဲခေတ်ကုန်သွားမလားဆိုတာကိုတော့စောင့်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။သတင်းအပြည့်အ
စုံကိုဒီနေရာမှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

Tags:

Read More...

အင်တာနက်ဝက်ဘ်လှိုင်းစီးခြင်း


အထက်ကပုံကတော့ အီဖေကို တို့ ဘလောဂ်ကိုလာဖတ်တဲ့ အလည်လာတဲ့ပရိသတ်တွေရဲ့ လင့်ခ်အညွန်းကနေမှတဆင့် သွားကြည့်ရင်းတွေ့တဲ့ ရပစ်တ်ရှယ် ဖိုင်တွေကို ရှာပေးတဲ့ rapidfox ဆိုတဲ့ တွားသွားရှာဖွေရေး ဝက်ဘ်ဆိုဒ်ပါ။ အဲ..အဲဒီဆိုဒ်ကနေမှတဆင့် ထုံးစံအတိုင်း လက်ညှိုးကလေးနဲ့ ဝက်ဘ်ဆိုဒ်အောက်မှာပေးထားတဲ့ nigmae.net ဆိုတဲ့လင့်ခ်ကို နှိပ်လိုက်တော့ အပီအပြင်ဆွဲချဖို့ လုပ်ထားတဲ့ ဆိုဒ်တစ်ခုပါဘဲ။ ပြောရဦးမယ် ifox.ws ဆိုတဲ့ ဝါးရပ်ဇ် ရှာတဲ့ ဆိုဒ်ကလေးလည်းမ ဆိုးဘူးဗျ။ သိလား။ တစ်ခုတော့ ရှိတယ်။ ခင်ဗျား ကွန်ပြူတာမှာ နောက်ဆုံးပေါ် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲ ရှိဖို့တော့လိုတယ်။ မဟုတ်ရင်တော့ မှတ်ကရောဘဲ။ သိတယ်မဟုတ်လား။ ပြီးခဲ့တဲ့ သောကြာနေ့က ifox.ws ကနေလှိုင်းစီးလိုက်တာ အမေရိကားက တင်ထားတဲ့ ဖိုရမ်တစ်ခု ရောက်သွားတယ်။ အား လား

အဲဒီကျမှ သိရတယ်ဗျာ။ အွန်လိုင်းခရက်ဒစ်ကဒ် ဂျနေရေတာ ရှိတယ်တဲ့။ ဒါနဲ့ ရပစ်ရှယ် ပရီမီယမ်အကောက်တ်ကို ဟက်ခ်လုပ်ဖို့ အဲဒီဆော့ဖ်ဝဲကို ဒေါင်းလုတ်လိုက်တယ်။ ရောင်းရင်းကြီး ယောက်၆ဆယ် ကတော့ပြောပါတယ်။ အဲဒီလို လုပ်ရင် ခင်ဗျား ခရက်ဒစ်ကဒ် သူခိုးကြီးဖြစ်နေမှာပေါ့တဲ့။ အမှန်က သူများ ခရက်ဒစ်ကဒ်ကို ခိုးတာမဟုတ်ဖူးဗျ။ တကယ့်ဘဏ်ထဲမှာမရှိတဲ့ ရမ်ဒမ်ကဒ်နံပါတ်ထုတ်ပေးတဲ့ ဆော့ဖ်ဝဲပါ။ိ အဲဒီဆော့ဖ်ဝဲကို ဒေါင်းလုတ်လုပ်ပြီး ရပစ်ရှယ်မှာသွားစမ်းရော။ ဒါပေသိ ဟဲ ဟဲ အောင်မြင်စွာနဲ့ ဆုတ်ခွာလာခဲ့ရတယ်ဗျာ။ အဲဒီတော့ နောက်ထပ်ဟာလေးတွေကိုဘဲ အဲဒီဖိုရမ်မှာ သွားရှာတော့ ရပစ်ရှယ်ပရီမီယမ် ၂၀၀၇ ဆိုတာသွားတွေ့တယ်ဗျ။ ရပစ်ရှယ်ကို ညစ်ပတ်ထားတဲ့ ဆော့ဖ်ဝဲ တွေကို တစ်ပေါင်းတစ်စီးထဲ ထည့်တားတဲ့ဆော့ဖ်ဝဲဗျ။ အများကြီးပါဘဲ။ အမျိုးအစားတွေက။ အဲဒီဟာတွေထဲမှာမှ ကျွန်တော့်အတွက်အသုံးဝင်တာကတော့ ပရောက်ဇီအော်တိုမစ်တစ်ချိန်းပေးတဲ့ ဆော့်ဖ်ဝဲပါဘဲ။ ရယ်စရာကောင်းတာက ဆော်ဒီအာရေးဗျ က ပရောက်ဇီပြောင်းပေးတော့ ဒီဘလောဂ်မှာ ရှိတဲ့ပုံတွေထဲက တစ်ချို့ကောင်မလေးပုံတွေကို မမြင်ရတော့ဘူးဗျ။ အော်တိုမစ်တစ် ဆင်ဆာလုပ်ထားတာနဲ့တူတယ်။ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ တရုတ် ပရောက်ဇီဆိုရင်တော့ မြန်မာအတိုင်းဘဲ နိုင်ငံရေးဘလောဂ်တွေ ဝင်လို့မရတော့ဘူး။ ဆဲဗင်းမန်းကီးထဲတောင် မဝင်နိုင်တော့ဘူး။ တော်ပ တော်ပ မောင်မင်းကြီးသားတွေ။ အောက်ကလင့်ခ်တွေကတော့ ရပစ်ရှယ်ပရီမီယမ်အကောတ်လင့်ခ်တွေပါ။ နိုဝင်ဘာ ၁၆ရက်နေ့က နောက်ဆုံးပို့ထားတဲ့.။ အီဖေကိုလည်း အကျင့်မကောင်းတော့ဘုး ခိုးနည်းတွေ မျှသလိုဖြစ်နေပြီ။ ဒါပေသိ အခုထက်ထိ ရပစ်ရှယ်ပရီမီယမ်အကောတ်မရှိသေးပါဘူး။ ပရီမီယမ်၂၀၀၇ ကို စမ်းသုံးချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ဘဲအွန်လိုင်းမှာရှာပြီး ဆွဲချပေတော့နော့။ ဖိုင်တင်ရမှာပျင်းလို့။ တစ်ခုတော့ရှိတယ် အရမ်းကြီးမဟုတ်တာလုပ်ဖို့တိုက်တွန်းနေတာ မဟုတ်ဖူးနော်။ အင်တာနက်ထဲမှာ ကိုယ်ဖြစ်ရင် ကိုယ့်ကွန်ပြူတာဘဲခံရမှာ။ သွားသတိ လာသတိ ကလစ်သတိတဲ့။
အင်တာနက်ဝက်ဘ်လှိုင်းစီးရင် အဲဒါလေးတော့မမေ့ဖို့ ဗလာချီ လူတတ်ကြီးလုပ်ရတယ်ဆိုပါကြောင်း။ ငါကွ......ငှဲလျောင်း ငှဲလျောင်း။
အော်ကျန်သေးတယ်။ ကျွန်တော်တို့လို အတုအယောင် အင်တာနက်ကမ္ဘာမှာပျော်မွေ့တဲ့လူတွေအတွက် Cemetery 2.0 ဆိုတဲ့ နတ်ဝေါခ်ကရိယာလေးက လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ www.dziga.com နဲ့ we-make-money-not-artတွေမှာဖတ်နိုင်ပါတယ်။ ကဲ ကဲ အခုတကယ်တော်ပါပြီ....ဒီပို့စ်ကို အမှန်တကယ်အဆုံးသတ်လိုက်ပါပြီဆိုပါကြောင်း။
http://rapidshare.com/files/2239194/new_rs_prem_ac.zip.html
http://rapidshare.com/files/2047722/rapidshare_premium.rar.html
http://rapidshare.com/files/1884812/rs_prem_ac.zip.html
http://rapidshare.com/files/2454006/Rapid_tools_with_ac.zip.html

Read More...

Advertising.......

Today, I read Meetro's f***in advertising mail in my mail box.I check what is Meetro.Oh! They are really interesting.You know. Meetro is the another kind of social network service.But they added Online messengers. And then I read their web blog and i found this f***in interesting post.


Being an old world guy, I am used to people being physically close…or not close. You see them. You smell them. You can touch them…maybe if they let you. With Meetro, they were close…virtually. How weird is that?


I think it's good advertising technique.ha ha.
Mr.Boedaw we should write like that man.
So we will got a lot of burmese visitors and traffic for our blog.And we should request to click the ad Link for get the money.How do u think man?Is it great?Honestly,I dreamed about to get the money from Advertising and want to donate our money to burmese kids.
So please click click click for our kids.


Tags:

Read More...

Sunday Heat(weekly)



Embers and Envelopes by Mae

ဗာဂျီးနီးယားကမထင်မရှားအဖွဲ့လေးရဲ့၂၀၀၃လောက်မှာထွက်ခဲ့တဲ့စင်ဂယ်တစ်ပုဒ်ပါ။သူတို့မှာအဲဒီ
တုန်းကOfficial-Videoတောင်မရှိလို့တစ်ယောက်ယောက်လက်ဆော့ထားသလား၊ဒါမှမဟုတ်
ရုပ်ရှင်သီချင်းပဲဖြစ်သွားသလားမသိတဲ့ဗီဒီယိုတပုဒ်ပဲရခဲ့ပါတယ်။
သတိ--->Liberal mindedမဟုတ်သူများနှင့်Zero-Torleranceသမားများမကြည့်သင့်ပါ။

Click here to watch the video
Official My Space page

Nerve by Soilwork



Soilworkကတော့ဆရာကြီးတွေမလို့မိတ်ဆက်ပေးစရာမလိုဘူးလို့ပဲယူဆထားပါတယ်။သူတို့ရဲ့
နောက်ဆုံးStabbing the dramaခွေထဲကအကောင်းဆုံးသီချင်းတစ်ပုဒ်ပါ။

Click here to watch the video

Tags:

Read More...

Sex Androidများ

This summary is not available. Please click here to view the post.

Read More...

စက်ဘီးစီးခြင်းဆိုးကျိုး


စမ်းသပ်လေ့လာမှုတစ်ခုရဲ့နောက်ဆုံးတွေ့ရှိချက်တခုအရစက်ဘီးစီးခြင်းဟာအမျိုးသမီးများရဲ့
အောက်ပိုင်းဒွါရပေါက်များကိုထုံထိုင်းလာစေတယ်လို့ဆိုပါတယ်။

သိပ္ပံပညာရှင်များဟာစက်ဘီးသမားအမျိုးသမီး၄၈ဦးနဲ့အပြေးသမားအမျိုးသမီး၂၂ဦးတို့ကိုနှိုင်း
ယှဉ်လေ့လာကြည့်တဲ့အခါမှာစက်ဘီးသမားအမျိုးသမီးများရဲ့အောက်ပိုင်းဒွါရပေါက်တွေဟာအ
ပြေးသမားတွေထက်ပိုပြီးထုံထိုင်းလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ငယ်ရွယ်သူတွေအားလုံးလိင် မှုဆိုင်ရာဆောက်ရွက်ချက်တွေမှာတော့ကျဆင်းမသွားကြောင်းကိုလည်းတွေ့ရှိရပါတယ်။

စက်ဘီးစီးခြင်းကြောင့်ရလာတဲ့ကျန်းမာရေးအကျိုးအမြတ်တွေဟာအများအပြားရှိသလိုကျော၊ခါး
နာခြင်း၊အဆစ်လွဲခြင်းအစရှိတဲ့ဆိုးကျိုးတွေလည်းမကြာခဏဆိုသလိုလိုက်ပါလာတတ်ပါတယ်။
ယခင်စမ်းသပ်မှုများရဲ့တွေ့ရှိချက်မျာအရအမျိုးသားစက်ဘီးစီးသူများမှာလည်းပန်းသေခြင်းနဲ့
အောက်ပိုင်းဒွါရပေါက်များထုံထိုင်းမှုတို့ဖြစ်ပေါ်ခြင်းရှိကြောင်းအထောက်အထားတွေတွေ့ရှိရဖူးပါ
တယ်။

နှစ်ရှည်လများ၊နေ့စဉ်စက်ဘီးစီးခြင်းဟာအဓိကတရားခံလို့ပြောရင်ရနိုင်ပါလိမ့်မယ်။ဘာ့ကြောင့်လဲ
ဆိုရင်စက်ဘီးအုန်းပေါ်ထိုင်နေစဉ်ကာလအတွင်းဒွါရပေါက်များရဲ့အာရုံကြောနဲ့သွေးလွှတ်ကြောများ
ဟာတိုက်ရိုက်ဖိသိပ်ခြင်းခံထားရသလိုဖြစ်နေပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့အရုံကြော
ထိခိုက်မှုများနဲ့အတူသွေးစီးဆင်းမှုပါကျဆင်းလာပြီးအထက်ပါပြဿနာတွေနဲ့ကြုံတွေ့ရခြင်းဖြစ်
ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

Source:Lifescience

Tags:

Read More...

ရှေးဟောင်းဂိမ်းများ

သင်ငယ်ငယ်ကအရူးအမူးကစားခဲဖူးတဲ့ရှေးဟောင်း၈၀ခုနှစ်ကဂိမ်းလေးတွေကို
ပြန်အပျင်းပြေကစားချင်တဲ့အာသီသရှိနေပါသလားမိတ်ဆွေ။ကျနောတော့ဒီဂိမ်း
လေးတွေကစားရင်းငယ်မူပြန်နေတာအတော်ကြာပါပကော။







နောက်ဆုံးပေါ်Java Runtime Envorimentလိုအပ်ပါလိမ့်မယ်။ကျနော့်စက်မှာတော့
IEနဲ့ကျမှပဲကစားလို့ရတယ်ဗျ။

www.1980-games.com

Tags:

Read More...

The evolution of dance


ဟာသပညာရှင်တစ်ယောက်ရဲ့Elvisတို့ခေတ်မှသည်နောက်ဆုံးN'syncတို့Eminem
တို့ခေတ်ထိအမျိုးမျိုးသောခေတ်စားခဲ့တဲ့အကများကိုဆက်တိုက်ကပြသွားပုံဖြစ်ပါတယ်။
သင်သာ၁၉၈၀များအထိကောင်းကောင်းမှီခဲ့ရင်သီချင်းနဲ့ကကွက်တွေအားလုံးနီးပါးကို
ပြန်သတိရစေလိမ့်မယ်။

Click here to watch the video

Tags:

Read More...

ဝိုင်ဖိုင်နဲ့ကျန်းမာရေး


Wi-fiလို့ခေါ်တဲ့ကြိုးမဲ့အင်တာနက်ဧရိယာများဟာအချို့သောရှားရှားပါးပါးပုဂ္ဂိုလ်များကိုကျန်းမားရေး
အရဒုက္ခပေးတယ်လို့ဆိုပါတယ်။ဝိုင်ဖိုင်မှထွက်ရှိတဲ့လျှက်စစ်သံလိုက်လှိုင်းတွေဟာမိုဘိုင်းဖုန်းများထံမှ
ထွက်ရှိတဲ့လျှပ်စစ်သံလိုက်လှိုင်းများထက်နည်းပါးတယ်လို့အတည်ပြုထားပေမဲ့အများအပြားဝေဒနာခံစား
ရသူတွေတကယ်ရှိနေပါတယ်။

ဝေဒနာသည်တစ်ဦးရဲ့အဆိုအရတော့ဝိုင်ဖိုင်ဆက်သွယ်မှုရှိတဲ့အိမ်တွင်းသို့ဝင်လိုက်ရုံနဲ့ကိုယ်ပေါ်ကိုလက်
ညိုးပေါင်း၁၀၀၀လောက်ဝိုင်းထိုးထားသလိုမျိုးရွစိရွစိခံစားရပါတယ်။ဒီဝေဒနာတွေနဲ့ပတ်သက်လို့ဗြိတိန်မှာ
ပြည်သူ့ကျန်းမာရေးလုပ်ငန်းအနေနဲ့စတင်ဆောင်ရွက်နေပြီးမကြာခင်မှာပဲအမေရိကန်မှာလည်း
လိုက်လံလုပ်ဆောင်ဖွယ်ရှိကြောင်းဆိုပါတယ်။

Source:Okfuture

Tags:

Read More...

နတ်ထဲက မြူးဇစ်ဘလောဂ်တစ်ခု

Bryan Adams
The Craberries
Pearl Jam
Fiona Apple
Fool Fighter
The Strokes
Puddle of mudd
Arctic Monkeys
Death Cab For Cutie
Disturbed
Kane
Pink Floyd
UB40
My Chemical Romance
……

ဝိုင်းတွေ အများကြီးမှ အများကြီးဗျာ။ ကျွန်တော့်အကြိုက်အင်ဒီ အဖွဲ့တွေရော ပန့်ခ်၊ ပေါပ့် အဖွဲ့တွေရော မက်တယ်လ်ဝိုင်းတွေရော အားပါး ကောင်းမှကောင်းဘဲ။ အဲဒီဆိုဒ်မှာ အဖွဲ့တွေရဲ့ အယ်လ်ဘမ်ထဲက သီချင်းတွေကို တစ်ပုဒ်ချင်း တင်ထားပေးတာဗျာ။ ရပစ်တ်ရှယ် တို့ ဘာတို့ကို မသုံးထားတဲ့ အတွက် ဘယ်အချိန်မဆို ဆွဲလို့ရတယ်ဗျို့။
ဆွဲဆရာရေ……အမုန်းအမုန်း အားရပါးရဆွဲ။အပီအပြင်ဆွဲပေတော့
လာလေရော့…..အဲဒီဘလောဂ်
မှတ်ချက်။ ။ အဲဒီဘလောဂ်မှာရော ဒီဘလောဂ်မှာဘာ ကျေးဇူးတင်ပါတယ် လို့ ကောမတ်ချဖို့မမေ့ပါနှင့်။ ဆရာကြီး စိန်မျောက်မျောက်ဆိုပြီး ၃ခါတိတိခေါ်ဖို့ သူငယ်ချင်းတွေကို လင့်ခ်ပေးပြီး ခေါ်ခိုင်းတာ တစ်ယောက်မှမခေါ်တဲ့အပြင် မျောက်စုတ်မျောက်နာ ဆိုပြီး ကောင်းချီးပေးခံရတယ်ဗျာ။ ခင်ဗျားက ဆရာကြီး စိန်မျောက်မျောက်လို့ ခေါ်ချင်သပဆိုရင် တော့ ခေါ်စေဗျား။ မျောက်ပါးဝလိုက်တာလို့တော့ ကျိန်ဆဲနဲ့နော်
အမှန်တိုင်းဝန်ခံရရင် ကျွန်တော်ဆရာကြီး ရူး ရူးနေတာပါ။ လူတစ်ကိုယ် အရူးတစ်မျိုး ဆိုပေမယ့် တစ်မူးတော့ ပိုရှုရမှဗျ။
ဟီး ဟီး။

Read More...

ဗရုတ်နဲ့ သုက္ခနေ့စွဲများအကြောင်း

ဒီနေ့ဗျာ မနေ့ညကမူးတာကလည်းမပြေသေး …ရောင်ရင်းကြီးမစ္စတာဘိုးတော်ကို လည်းဂျီတော်ခ်မှာတွေ့လို့ ဟိုပြောင်ဒီပြောင်လုပ်တာဗျာ။ သူုက မျိုးကြီး ရဲ့ နားနားပြီးပြောဆိုတာ နားထောင်ပြီးလို့လားသိဘူး ကျွန်တော်သုံးခါလောက်ပြောမှ “အင်း” ဆိုပြီး မိန့်မိန့်ကြီး နှုတ်ကမြွက်တောမြွက်ကြားတော်မူတယ်။ ဒီကပြောင်ချင်တဲ့ လူကဖီလင်ငုတ်တာပေါ့။ ဟုတ်ဖူးလား။
တူ တော်တော်ဆိုးတယ်နော်။ လူဆိုး နောက်ဆို ခေါ်တော့ဝူး။ ဘာလဲ ခင်ဗျား ကပါ ကျူပ်ကို ငကြောင်ဆိုပြီး စိတ်ထဲမှာ တွေးနေပြီလား။ ရပါတယ်။ ရပါတယ်။ ကျူပ်က ဦးကျော်ပြောသလို လူသားအားလုံးကို လေးစားတဲ့ လူဆိုတော့ စေတနာမေတ္တာရှေ့တွင်ထားပြီး ခွင့်လွှတ်ရမှာပ။ ဟဲ ဟဲ။
မနေ့က ဒီမှာ အများပြည်သူပိတ်ရက်ဗျ။ အရင်ဦးဆုံး အိပ်ယာနိုးတော့ HRDP(Human Resource Development Program )ရဲ့ အစည်းအဝေးကို ဆရာလိုလို သမားလိုလို သွားတတ်တယ်။ လမ်းကြုံလို့ ကြော်ငြာရဦးမယ်။ အဲ့ဒီအဖွဲ့ က ထိုင်းနယ်စပ်မှာရှိတဲ့ ဗမာလူငယ်တွေကို စာတွေသင်ပေး ခေတ်ပညာတွေသင်ကြားပေးနေတဲ့အဖွဲ့ဗျ။ အဖွဲ့ခေါင်းဆောင်က ကိုစည်သူ(ခေါ်)ဆင်ပေါက် တဲ့ဗျ။ လေးစားဖို့သိပ်ကောင်းတယ်။ ကိုစည်သူရေ….ဟဲဟဲ ပင့်လိုက်ပြီဗျို့။ ဗီယာတိုက်ရင် စိတ်လုံးဝဆိုးဘူး။
သူက သူပင်ပင်ပန်းပန်းရှာလို့ရတဲ့ ပိုက်ဆံအကုန်လုံးနီးပါးကို ထိုင်းနယ်စပ်က ကလေးတွေအတွက် လှူတယ်ဗျာ။ တခါတလေ အိမ်လခ ပေးဖို့ မရှိတဲ့အထိဗျာ ။ တော်သေးတာပေါ့ သူ့ရဲ့ အိမ်ရှင်က ဒီမှာ လူတိုင်းက ချစ်ခင်လေးစားတဲ့ “အဘ ကြေးအိုးပိုင်ရှင်“ ကိုသန်းထွတ်ဖြစ်နေလို့ပေါ့။ ပြီးတော့ အဲဒီ အဘက လည်း HRDP ကပါဘဲ။ ကျွန်တော်က တော့ ဒီလ မှ စဝင်တာပါ။ဒါပေသိ စစခြင်း ဆောက်နဲ့ထွင်းဆိုသလို အစည်းအဝေးစတတ်တဲ့ ပထမဦးဆုံးအကြိမ်မှာ ဘဲ စွတ်စပ်ပြီးအာဖျံကွီးတာ အဖွဲ့ထဲကို ဆွဲသွင်းတဲ့ ကိုစည်သူတောင် စိတ်လေသွားတယ်ထင်တယ်။ ဘာဘဲပြောပြော ဒီကနေ့ဆွေးနွေးပွဲကတော့ ကျွန်တော့်ရဲ့ အဲဒီဖွဲ့အတွင်း ဒုတိယကြိမ်မြောက် ဆွေးနွေးပွဲတတ်ခြင်းပါဘဲ။ ထုံးစံအတိုင်း ဇွတ်ဖွတာပေါ့။ ဒီတခေါက်တော့ အဖွဲ့ကလူကြီးတွေ ဒီကောင့်ကို အဖွဲ့ထဲသွင်းတာ ၅ပါးရော ၁၀ပါးပါ မှောက်ပြီလို့ ကိုယ်ဆီကိုယ်ငှ စိတ်ထဲမှာ တွေးနေကြမယ်နဲ့တူတယ်။ အဲဒီလောက်ကို စွမ်းတာ။ အချာဘင်တော့မဟုတ်ဘူး။ဟဲ ဟဲ။ အဲဒီဆွေးနွေးပွဲက “အဘ”ရဲ့ဆိုင်မှာဘဲလုပ်တာ။ လာတဲ့လူကလည်း ၁၂ယောက်လောက်ပါဘဲ။ ကျန်တဲ့လူတွေက နားရက်မရကြလို့နဲ့တူတယ်။ ဆွေးနွေးပွဲအတွက် ကိုကတုံးလို့ခေါ်တဲ့ ကိုအောင်ဇော်ဝင်း ဝယ်လာတဲ့ ဆန်းဒွစ်တွေကို လည်း သူများထက်ပိုပြီး ကျိတ်လိုက်သေးတယ်။ အားလုံးကအားနာပါနာ လောက်ဘဲစားကြတာ။ ကျွန်တော်ကတော့ နေ့လည်စာ လွတ်။ ဘာကြောင့်လဲဆိုတာ ပိုက်ဆံအိတ်ထဲမှာ ယန်းလေးဆယ်ဘဲရှိလို့။ ခင်ဗျားနောက်ဆက်တွဲ တွေထပ်ဖတ်ရင် တိုကျိုမှာ ယန်းလေးဆယ်နဲ့ ဘယ်လိုဖျံကျလို့ရတယ်ဆိုတဲ့ နည်းနာနသယျတွေ ရမှာဗျ။
ဆွေးနွေးပွဲပြီးတော့ နေအိမ်ကိုတခေါက်ပြန်ဒိုးရတယ်။ သူများတွေလို ကြေးအိုးမှာမစားနိုင်လို့။ အဘဆီမှာ ထားတဲ့ လပေးအကြွေးကလည်း ဒီရေလိုလှိမ့်တတ်နေတော့ အားနာတာနဲ့ အကြွေးထားပြီး မှာ မစားတော့ဘူး။ အဘက တော့ဘာမှမပြောပါဘူး။ ဒိုင်းဂျောဘု(ကိစ္စမရှိပါဘူး) လို့ဘဲပြောမှာပါ။ နို့ပေမယ့် သိတတ်ရတာပေါ့ဗျာ ဟုတ်ဖူးလား။ အိမ်လည်းရောက်ရောဘာတွေချက်ထားလဲဆိုပြီးလျှောက်ဖွတော့ ဘာမှလည်းမရှိဘူးဗျာ။ ငပိချက် နဲ့ ငပိထောင်းဘဲရှိတယ်။ ဆိုတော့ ကျွန်တော် လည်း ငပိနှစ်ပါးသွားကရတာပေါ့ဗျာ။ လက်ရှိ ကျွန်တော်က တခြားဗမာ ၃ယောက်နဲ့ အတူနေတာဗျ။ တစ်ယောက်က ဟာသမင်းသားကြီးဦးသန်းနွဲ့ရဲ့ သားအငယ်ဆုံး ထွန်းအေးနွဲ့တဲ့ဗျ။ ကျွန်တော်က သူ့ကိုလည်း“အဘ”လို့ဘဲခေါ်တယ်။ ကျန်တဲ့ နှစ်ယောက်အကြောင်းကိုတော့ နောက်လမ်းကြုံရင်ပြောပြမယ်။ နားထောင်ဖို့ မပြင်းရင်ပေါ့။အဲ ထမးစား ပြီးသိပ်မကြာခင်မှာဘဲ စောနတုန်းကပြောတဲ့ “အဘ”ပြန်လာပါရော။ အမောတော်ပြေ ပုလင်းကလေးလဲ ဆွဲလာသဗျို့။ ဒါနဲ့ သူနဲ့
ကျွန်တော်စတီးတာပေါ့ဗျာ။သောက်ရင်းပြောတာတွေက လည်း အရက်နဲ့ ဘယ်လိုမှမအပ်စပ်တဲ့ ဘုရားတရားအကြောင်းတွေဗျာ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အိမ်ကထည့်ပေးလိုက်တဲ့ အရှင်ဆန္ဒာဒိက စာတွေတနေ့လောက်ကဖတ်ပြီး အသေကြိုက်နေတာ။ ကျွန်တော်တော့ သေသေချာချာ့ ကိုမဖတ်ရသေးဘူး။ ဆိုတော့ အခုတလော အရက်သောက်လို့ သူမူးလာရင် ဘုရားတရားအကြောင်းတွေ
သိပ်ပြောတာ။ ဒီကလဲ ဘယ်ရမလဲ တတ်သလောက်မှတ်သလောက်နဲ့ အင်း…အဲ လိုက်ပြီးသပြန်ဖောတာပေါ့။ ဘာဘဲပြောပြော အဲဒီအဘက သိပ်ချစ်ဖို့ကောင်းပါတယ်။သောက်ရင်း တစ်ဝက်လောက်ကျိုးတော့ ကျွန်တော့်ကို “မင်းဘာစားပြီးပြီလဲလို့ ”မေးတော့ “စားပြီးပြီ ငါးပိနဲ့” လို့ပြန်ဖြေတယ်ဆိုရင်ဘဲ မူးမူးနဲ့ ဆိတ်သားဟင်းထချက်ပါလေရော။ တားလဲမရဘူးဗျာ။ စနေသားမို့လို့လားမသိဘူးသိပ်စိတ်ကြီးတယ်။ အဲဒီလိုနဲ့ သောက်လိုက်ကြတာ တစ်နာရီအတွင်းကုန်ပါလေရော။ နောက်ထပ်ဝယ်ဖို့ကြတော့ သူ့မှာလည်း ပိုက်ဆံမရှိတော့ဘူး။ သူနဲ့ကျွန်တော်က သောက်သောက်စားစား လူ့မင်းသားတွေ ဆိုတော့ အိမ်မှာအမွဲဆုံး။ ဒီလိုပြောလို့ ကျွန်တော့်အဘ ကို ကျွန်တော့်လို “အချဉ်”မထင်နဲ့ဦးဗျ။ သူက စန္ဒယားဆရာ။ ဒီမှာလုပ်တဲ့ ပွဲတွေမှာဆိုရင် သူ့ကိုအားလုံးက ချဉ်းကပ်ရတယ်။ မာမာအေးတို့ နီနီဝင်းရွှေတို့ အစရှိတဲ့ နာမည်ကြီးအဆိုတော်ရှင်ကြီးတွေရဲ့ပွဲတွေမှာ လည်းသူမရှိလို့မဖြစ်ဘူး။ အတီးတင်မကဘူး အဆိုကလဲသိပ်ကောင်းတယ်။ ကျွန်တော်တော့ ဒီမှာရှိတဲ့ မိုနိုဆိုတဲ့လူတွေထဲမှာ သူရယ် ကိုကျော်စွာဆိုတဲ့နောက်မန္တလေးသားရယ်ကိုအကြိုက်ဆုံးဘဲ။ အသံလုံးကကြီးကြီး ခံစားချက်ကလဲအပြည့်နဲ့ဆိုတော့ နားထောင်တဲ့လူရဲ့ ဘဝင်မှာစွဲငြိနေတော့တာဘဲ။ ဒါပေသိ သူက စောနကပြောတဲ့အတိုင်း ပျော်တတ်ပါးတတ်တဲ့လူဆိုတော့ လူတွေကသူ့ကို ခင်တော့ခင်ကြပါရဲ့ ပညာရှင်တစ်ယောက်အနေနဲ့လေးစားမှုမရှိကြဘူးဗျာ။ ကျွန်တော်တော့ သူ့အတွက်စိတ်နာတယ်။ လောကကြီးမှာ လူလေးစားအောင် တည်တည်တံ့တံ့နဲ့ ခပ်မိန့်မိန့်ကြီးနေဖို့လိုလားဗျာ။ ထားပါတော့ ဒါတွေ။
ပြန်စပ်ရရင် အရက်လည်းကုန်သွားရော သူက အပေါ်ထပ်မှာနေတဲ့ ကိုသန်းလွင်လို့ခေါ်တဲ့ လူရွှင်တော် ကို အရက်နဲ့တကွ အောက်ထပ်သို့ကြွဖို့ဖုန်းဆက်ပြီးတော့ဖိတ်ပါလေရော။ ကျွန်တော်ကတော့ ပန်းချီဆရာကိုထီလာကို “အဘ ဘယ်လိုလဲ ဒီနေ့ဘာလုပ်မလဲ”ဘာညာသာရကာ ဖုန်းဆက်တယ်ဆိုရင်ဘဲ ကိုယ့်ဆရာကလည်း ဓါတ်တယ်လေ။ သူ့နဲ့ အတူနေသွားဖူးတဲ့ကိုကျော်စွာလို့ခေါ်တဲ့ ထားဝယ်သား တစ်ယောက်က သူ့ကို အရက်သောက်ဖိတ်ထားပါတယ်ဆိုတဲ့ အကြောင်းရယ် အခုဘဲသွားတော့မှာမို့လို့ မင်းဘာလိုက်ခဲ့ဆိုပြီး ချက်ချင်းပြန်ဖြေတယ်။ သူက လည်းကျွန်တော်ဘိုင်ပြတ်တတ်တာ ကောင်းကောင်းကြီးကို သိတဲ့အပြင် ဒီလိုမဆက်စဖူးဆက်လာရင် ဒီကောင်ဘာလိုနေတယ် ဆိုတာကောင်းကောင်း သိတယ်။ ဟာ ဟ။ အဲဒါနဲ့ နှစ်ယောက်သား ကိုကျော်စွာ့ အိမ်ကိုချီတတ်ကြတယ်။
အဲဒီ ထားဝယ်သား ကိုကျော်စွာ ကဘယ်လောက်စိတ်ဝင်စားဖို့ကောင်းပြီး ရိုးဖြောင့်တယ်ဆိုတဲ့အကြောင်းကို နောက်မှဘဲ ထပ်ရေးတော့မယ်။ သူနဲ့ အတူတူ သောက်ရတာ ကျွန်တော် ဒီမှာ အရပ်တကာ လှည့်သောက်တဲ့ နေ့ရက်တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ ပျော်ဖို့အကောင်းဆုံးဘဲ။ အဲဒီ အရက်ဝိုင်းအကြောင်းနဲ့ နောက်ပိုင်းတွေက ဆက်ရန်ပေါ့။ခင်ဗျားက မ ဆက်ခိုင်းလည်း ကျွန်တော်က ဆက်မှာဘဲ။ရဘူး စိတ်ကြီးတယ်။ ခနောင်တိုနဲ့နီးနီးလေးမှာနေခဲ့လို့။ ဟီး ဟီး။

မစ္စတာဘိုးတော် ငါဒီလိုလျှောက်ရေးတာ စိတ်ဆိုးနဲ့နော်။ ဘွာတေး ဘွာတေး။ သူက ဆင်ပိုင်ဆိုတော့ နည်းနည်းအရိုသေပြုတောင်းပန်ရတယ်။ ခုလောက်ဆို သောက်ငြင်ကတ်နေလောက်ပီ။ ဟဲ ဟဲ။
Tags:

Read More...

Children's Letters To God







(via artwc.org)
A Business letter to God
Dog letters to god
(via google search)

Read More...

Words Of Wisdom

Read More...