Yet Another Free Software Public License

ပိုက်ဆံမပေးဘဲ အလကားသုံးလို့ရတဲ့ ဆော့ဝဲတွေမှာ အမြဲတွေ့မြင်နေရတဲ့GPL လိုင်စင်၊ BSD လိုင်စင် တွေအပြင် အခုနောက်ပေါ်လာတဲ့ လိုင်စင်ကတော့ WTFPL ဘဲဖြစ်ပါတယ်။ GPL နဲ့ BSDလိုင်စင်တွေအကြောင်းကို ပရိုဂရမ်မာအတော်များများသိကြပါတယ်။ ဒါပေမယ် WTFPL ဆိုတဲ့ လိုင်စင်မှာပါတဲ့ စာသားတွေကတော့ ဖတ်မိတဲ့ သူအတွက် အနည်းဆုံးပြုံးသွားစေမှာပါ။ ဒါပေမယ့် လိုရင်းတိုရှင်းနဲ့ အိုးပန်းစို့စ်ရဲ့အနှစ်သာရကိုပေါ်လွင်စေပါတယ်။ အိုပန်းစို့စ် ကြိုက်တဲ့ ပရိုဂရမ်ရေးသားသူတွေ အကြိုက်တွေ့နိုင်လိမ့်မယ်လို့ထင်မြင်ယူဆပါတယ်။ အိုးပန်းစို့စ် ဝက်ဘက်ဆိုဒ်ဖြစ်တဲ့ http://freshmeat.net မှာ အဲဒီလိုင်စင်သုံးပြီးရေးထားတဲ့ ဆော့ဝဲတွေရှိနေပါပြီ။

မှတ်ချက်၊ ၊ ဒီပို့စ်က ကျွန်တော့်သူငယ်ချင်း ယောင်၆ဆယ် နဲ့ တခြားခင်မင်ရင်းနှီးခဲ့တဲ့ပရိုဂရမ်မာသူငယ်ချင်းတွေကိုသတိရစိတ်နဲ့ ရေးတာပါ။ ဟီး ဟီး။

Tags:

0 comments: