Android

လူသားနဲ့တထပ်တည်းတူအောင်တည်ဆောက်ထားတဲ့စက်ရုပ်များကိုAndroidလို့ခေါ်ပြီးရှေး
ဟောင်းဂရိဘာသာစကားမှဆင်းသက်ပါတယ်။ဒီလိုစက်ရုပ်တွေကိုတည်ဆောက်တဲ့နည်းပညာ
မှာတော့ထုံးစံအတိုင်းဂျပန်တွေပဲဦးဆောင်တာပေါ့လေ။ကျနော်ဟိုးအရင်ကတည်းကAndroid
တချို့ကိုသတိထားမိပေမယ့်လူနဲ့သိပ်မတူသေးလို့စိတ်မဝင်စားမိပါဘူး။ဒါပေမယ့်အခုနောက်ဆုံး
ဂျပန်တွေထုတ်လုပ်လိုက်တဲ့ReplieeQ2ဟာတော်တော်လေးကိုတိုးတက်လာတာတွေ့ရပါတယ်။
နူးညံ့တဲ့ဆီလီကွန်အသားအရေပိုင်ရှင်ReplieeQ2ဟာလူသားများနဲ့စကားလက်ဆုံလက်ကျတတ်
တယ်လို့ဆိုပါတယ်။

သူနဲ့မရှေးမနှောင်းမှာထွက်လာတဲ့ကိုးရီးယားEveR2ကတော့ဂျပန်တွေလောက်မစွံကြောင်းဆိုပါ
တယ်။ဘယ်လိုဘဲဖြစ်ဖြစ်နောက်ဆုံးမှာတော့လူသားတွေဟိုးနှစ်ပေါင်းများစွာကတည်းကစိတ်ကူး
ရင်ခဲ့တဲ့လူတူစက်ရုပ်များဟာတော့ရှေ့ကိုမှန်မှန်ကြီးချီတက်လို့နေပါပြီ။အကယ်၍များကျနော်တို့မျိုး
ဆက်များကံကောင်းရင်တော့အိုကြီးအိုမအဖိုးကြီးဘဝမှာပြုစုပေးမဲ့စက်ရုပ်မလှလှလေးတွေနဲ့တွေ့
ချင်တွေ့နေရမှာနော။

Repliee Q2






Click here to watch the presentation of Repliee Q2


DER 2




Click here to watch DER 2's been garrulous


ကိုရီးယားတို့ရဲ့နောက်ဆုံးထုတ်EVE R2






Tags:

0 comments: