အင်တာနက်မီဒီယာပေါက်ကွဲမှု

ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ အင်တာနက်သတင်းအချက်အလက် စီးဆင်းမှုသည် Digg Reddit တို့လို ကမ္ဘာနဲ့အဝှမ်း အင်တာနက်သုံးသူကို ဗဟိုပြုတဲ့နာမည်ကျော် သတင်းရင်းမြစ်တူးတဲ့ ဝက်ဘ်ဆိုဒ် တွေကြောင့် အလွန်တရာမှ မြန်ဆန်လာပါတယ်။ ပိုပြီးလည်းကျယ်ပြန့်ရှုပ်ထွေးလာပါတယ်။ သတင်းဖတ်သူရဲ့ စိတ်ဝင်စားမှုဆိုင်ရာနယ်ပယ်အလိုက် သတင်းအရင်းအမြစ်အတွေကို အခြားစိတ်ဝင်စားမှုတူညီတဲ့ နယ်နမိတ်စည်းခြားနေထိုင်သော လူပေါင်းမြောက်များစွာနဲ့ ဖလှယ်နိုင်လို့ပါဘဲ။ အခုတစ်ခါ BuzzFeed ဆိုတဲ့ဝက်ဘ်ဆိုဒ်ကနေပြီးတော့ ကမ္ဘာအနှံ့ အကောင်းဆုံး ဝက်ဘ်ဆိုဒ်များ ဘလောဂ်များ သတင်းများ မှာ ဖက်ရှင်၊ရုပ်ရှင်၊ဂီတ၊လူမှုရေး၊နိုင်ငံရေး တို့နဲ့ပတ်သတ်ပြီး လူပြောသူပြောများနေတဲ့ သတင်းတွေကို သူတို့ရဲ့ ဆန်းသစ်တဲ့သတင်းခြေရာခံမှုနည်းပညာနဲ့ သတင်းစီးဆင်းမှု အရှိန်အဟုန်ကို ပိုပြီးအားကောင်းစေတော့မယ်ဆိုပါကြောင်း။
BuzzFeed: the new Digg?
Update:topix- Local news for the world
(via kottke)
Tags:

0 comments: