စက်ဘီးစီးခြင်းဆိုးကျိုး


စမ်းသပ်လေ့လာမှုတစ်ခုရဲ့နောက်ဆုံးတွေ့ရှိချက်တခုအရစက်ဘီးစီးခြင်းဟာအမျိုးသမီးများရဲ့
အောက်ပိုင်းဒွါရပေါက်များကိုထုံထိုင်းလာစေတယ်လို့ဆိုပါတယ်။

သိပ္ပံပညာရှင်များဟာစက်ဘီးသမားအမျိုးသမီး၄၈ဦးနဲ့အပြေးသမားအမျိုးသမီး၂၂ဦးတို့ကိုနှိုင်း
ယှဉ်လေ့လာကြည့်တဲ့အခါမှာစက်ဘီးသမားအမျိုးသမီးများရဲ့အောက်ပိုင်းဒွါရပေါက်တွေဟာအ
ပြေးသမားတွေထက်ပိုပြီးထုံထိုင်းလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ငယ်ရွယ်သူတွေအားလုံးလိင် မှုဆိုင်ရာဆောက်ရွက်ချက်တွေမှာတော့ကျဆင်းမသွားကြောင်းကိုလည်းတွေ့ရှိရပါတယ်။

စက်ဘီးစီးခြင်းကြောင့်ရလာတဲ့ကျန်းမာရေးအကျိုးအမြတ်တွေဟာအများအပြားရှိသလိုကျော၊ခါး
နာခြင်း၊အဆစ်လွဲခြင်းအစရှိတဲ့ဆိုးကျိုးတွေလည်းမကြာခဏဆိုသလိုလိုက်ပါလာတတ်ပါတယ်။
ယခင်စမ်းသပ်မှုများရဲ့တွေ့ရှိချက်မျာအရအမျိုးသားစက်ဘီးစီးသူများမှာလည်းပန်းသေခြင်းနဲ့
အောက်ပိုင်းဒွါရပေါက်များထုံထိုင်းမှုတို့ဖြစ်ပေါ်ခြင်းရှိကြောင်းအထောက်အထားတွေတွေ့ရှိရဖူးပါ
တယ်။

နှစ်ရှည်လများ၊နေ့စဉ်စက်ဘီးစီးခြင်းဟာအဓိကတရားခံလို့ပြောရင်ရနိုင်ပါလိမ့်မယ်။ဘာ့ကြောင့်လဲ
ဆိုရင်စက်ဘီးအုန်းပေါ်ထိုင်နေစဉ်ကာလအတွင်းဒွါရပေါက်များရဲ့အာရုံကြောနဲ့သွေးလွှတ်ကြောများ
ဟာတိုက်ရိုက်ဖိသိပ်ခြင်းခံထားရသလိုဖြစ်နေပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့အရုံကြော
ထိခိုက်မှုများနဲ့အတူသွေးစီးဆင်းမှုပါကျဆင်းလာပြီးအထက်ပါပြဿနာတွေနဲ့ကြုံတွေ့ရခြင်းဖြစ်
ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

Source:Lifescience

Tags:

1 comments:

သက်စံ

7:24 PM

အဟိ
တူ ဖွပြီ
လူဂျိုးကြီး