မြန်မာကလေးတစ်ဦးမွေးစားဦးမယ့် Angelina Jolie



ဆင်းရဲသောတတိယနိုင်ငံများမှကလေးများအားဖက်ရှင်တစ်ခုလိုကောက်ယူမွေးစားနေသောမင်းသမီးအန်ဂျလီနာဂျိုလီသည်
ကိုယ်ပိုင်သမီးရင်းShilohအားမွေးဖွါးပြီးသည့်တိုင်အားမရသေးပဲမြန်မာကလေးတစ်ဦးထပ်မံမွေးစားလိုသေးသည်ဟုသိရ
သည်။ဤကဲသို့မွေးစားခြင်းဖြင့်စစ်ပွဲများ၊ဖိနှိပ်ခံရမှုများဖြင့်အခြေနေဆိုးဝါးလျှက်ရှိသောနိုင်ငံများမှကလေးများအားမွေးစားခြင်း
ဖြင့်ကူညီရာရောက်သည်ဟုယူဆနေသောဂျီုလီသည်ကုလသမဂ္ဂ၏ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။သူမကမြန်မာပြည်
အတွင်းရှိကျောင်းသားကျောင်းသူများ၊အိဒ်စ်ဝေဒနာသည်များအားကူညီပေးလိုသည်ဟုပြောပြသည်။ထိုအပြင်ဘုန်းတော်ကြီး
တစ်ပါးနှင့်တိုင်ပင်၍မြန်မာပြည်တွင်းသို့လုံခြုံစွာဝင်ရောက်ပြီးမိဘမဲ့ဂေဟာတစ်ခုသို့သွားနိုင်ရန်လည်းစီစဉ်နေသေးသည်။ဂျို
လီသည်ကမ်ဘောဒီယား၊အီသီယိုးပီးယား၊ဗီယက်နမ်တို့မှကလေးများအားမွေးစားခဲ့ပြီးသမီးရင်းတစ်ဦးလည်းရှိနေသည်။ထို့
ကြောင့်မြန်မာမိန်းကလေးတစ်ဦးအားမွေးစားခြင်းဖြင့်သူမ၏မိသားစုပိုမိုအရောင်အသွေးစုံလင်သွားမည်ဟုယူဆလျှက်ရှိသည်။

အပြည့်အစုံဖတ်ရန်

Read More...

Inside Burma: Land of fear


နာမည်ကျော်သတင်းထောက်John-Pilger၏Documentariesစီးရီးများအတွင်းမှမြန်မာပြည်နှင့်ပတ်သတ်သောအကြောင်းဖြစ်သည်။
နေ့စွဲအတိအကျမသိရသော်လည်းသက္ကရစ်၂၀၀၀ဝန်းကျင်ခန့်မှဖြစ်နိုင်သည်။

Click here to watch the 52mins documentary on Google video

Read More...

Very rare leaflets In Burma during WWII

ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်နှင့်မဟာမိတ်တပ်များမြန်မာပြည်အတွင်းဝင်စဉ်မြန်မာပြည်သူများအားဝါဒဖြန့်ချီရန်အတွက်အသုံး
ပြုခဲ့သောလက်ကမ်းစာရွက်များအားတွေ့ရှိသဖြင့်ပြန်လည်မျှဝေလိုက်ခြင်းဖြစ်သည်။ထိုလက်ကမ်းစာရွက်များအားလုံးအားစိတ်
ဓာတ်စစ်ဆင်ရေးအကြောင်းအားပြီးပြည့်စုံစွာ၊ဓာတ်ပုံအဖြာဖြာနှင့်ရှာဖွေစုစောင်းတင်ပြထားသောwww.psywarrior.comမှယူထား
ခြင်းဖြစ်သည်။

psycho-warfare၏သမိုင်း၊အသုံးပြုပုံ၊ပထမနှင့်ဒုတိယကမ္ဘာစစ်အပါအဝင်ကိုရီးယား၊ဗီရက်နမ်၊အီရတ်၊ကိုဆိုဗိုအစရှိသည့်စစ်
ပွဲများတွင်အသုံးချပုံများအကြောင်းအားစစ်မှုထမ်းဟောင်းတစ်ဦးမှရေးသားထားသောကြောင့်စိတ်ဝင်စားသူများလေ့လာသင့်သည့်
ဆိုဒ်တစ်ခုဖြစ်သည်။

ဂျပန်အဝင်အင်္ဂလိပ်အပြေးကာလတွင်၊ဂျပန်တို့ကြဲချခဲ့သောအင်္ဂလိပ်ဆန့်ကျင်ရေးလက်ကမ်းစာရွက်များ။





ဖက်ဆစ်တော်လှန်ရေးစတင်ပြီးမဟာမိတ်တပ်များဝင်ရောက်လာချိန်၊မဟာမိတ်လေယာဉ်များ၏ဗုံးဒဏ်အားရှောင်ရှားနိုင်ရန်ကြဲချ
ခဲ့သည့်လက်ကမ်းစာရွက်များ။





ဖက်ဆစ်တော်လှန်ရေးကာလအတွင်းမဟာမိတ်တပ်များအတွက်လိုအပ်သောလုပ်အားအတွက်ကြော်ငြာသောလက်ကမ်းစာရွက်။
ဗမာ၊ကချင်နှင့်ရှမ်းဘာသာတို့နှင့်ရေးသားပြီး၁၉၄၇နိုဝင်ဘာတွင်ဖြန့်သည်ဟုသိရသည်။





ဒုတိယကမ္ဘာစစ်အပြီးဂျပန်ငွေစက္ကူများမသုံးစွဲရန်ဝါဒဖြန့်သည်လမ်းကမ်းစာရွက်ချို့။







Source:psywarrior

Read More...

ဂျပန်သုတေသီများအကြည်ရောင် အရေပြားနှင့်ဖါးဖန်တီး


ဟီရိုရှီးမားတက္ကသိုလ်မှပရော်ဖက်ဆာMasayuki-Sumidaဦးဆောင်သည့်သုတေသနအဖွဲ့သည်အရေပြားအကြည်နှင့်ခန္တာ
ကိုယ်တွင်းရှိကလီစားများထိဖေါက်မြင်နိုင်သောဖါးမျိုးစိတ်သစ်တစ်ခုဖန်တီးထားသည်ဟုထုတ်ဖေါ်ပြော့ကြားလိုက်သည်။ပရော်
ဖက်ဆက်Sumidaအဆိုအရဂျပန်မှအညိုရောင်ဖားမျိုးစိတ်နှစ်မျိုး(Rana-japonica)အားပေါင်းစပ်ရာမှထိုကဲ့သောအလွန်
အဖြူရောင်သန်းသည့်အရေပြားဖြစ်ပေါ်စေသည့်ဗီဇပြောင်းလဲစေမှုမျိုးရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထိုကဲ့သို့မျိုးစပ်ဖါးများအား
မျိုးဆက်အဆင့်ဆင့်သေချာစွာမွေးမြူခြင်းဖြင့်နောက်ဆုံးတွင်life-cycleတစ်ခုလုံးအကြည်ရောင်ရှိသည့်အထက်ပါဖါးမျိုး
ပေါ်ထွန်းလာခြင်းဖြစ်သည်။သဘာဝအားဖြင့်အကြည်ရောင်အရေပြားရှိသည့်သတ္တဝါများမှာရေနေသတ္တဝါများဖြစ်လေ့ရှိပြီးခြေ
လေးချောင်းအမျိုးအစားမှလွန်စွာရှားပါးလှသည်။

သုတေသီများအဆိုအရဤဖါးမျိုးစိတ်သစ်၏အကူအညီဖြင့်ကင်ဆာ၊ကိုယ်တွင်းကလီစာများအိုမင်းလာမှုအပါအဝင်ဓာတုပစ္စည်း
များ၏ဆိုးကျိုးအစရှိသည်တို့အားလေ့လာရန်ယခင်ကဲ့သို့သတ်ဖြတ်ခွဲစိတ်စရာမလိုတော့ဟုသိရသည်။ထို့အပြင်ကိုယ်တွင်းကလီ
စာများသွေးကြောများအားအပြင်မှပင်လွယ်ကူစွာထင်ထင်ရှားရှားမြင်နိုင်ပြီးစရိတ်ပါသက်သာမည်ဖြစ်သောကြောင့်အနာဂတ်အ
တွက်များစွာအသုံးဝင်မည်လည်းဖြစ်သည်။အထက်ပါတွေ့ရှိမှုအား၂၂ရက်နေ့Zoological-Society-of-Japanတွင်ပြသမည်ဖြစ်သည်။

Source:Pinktentacle

Read More...

Sony PSP နောက်ဆုံးသတင်းအချို့


Nintendo DS Vs Sony PSP

လွန်ခဲ့သောရက်ပိုင်းအတော်ကြာကထွက်ရှိသွားသောဆိုနီပီအက်စ်ပီ၏ဒုတိယမျိုးဆက်ပီအက်စ်ပီSlim/liteအကြောင်းသိ
ရှိပြီးဖြစ်ကြလိမ့်မည်။နောက်ဆုံးဂျပန်မှလာသောသတင်းအရာပီအက်စ်ပီအသစ်သည်ယခင်အပတ်အတွင်းအခြားသောဂိမ်းစ
နစ်များအားလုံးအားကျော်လွန်၍ရောင်းအားအကောင်းဆုံးစနစ်အဖြစ်ရပ်တည်နေသည်။စနစ်သစ်ဖြစ်နေခြင်းကြောင့်သာမက
ပဲနောက်ဆုံးထွက်ရှိလိုက်သည့်Final-Fantasy-series,Crisis-Core:-Final-Fantasy-VIIကြောင့်လည်းဖြစ်သည်ဟုဆို
သည်။ခန့်မှန်းသူများအဆိုအရလက်ကိုင်ဂိမ်းဈေးကွက်တွင်မင်းမူနေသောနင်တန်းဒိုး၏နေရာကိုဆိုနီမှအချိန်အနည်းနှင့်အများ
အတွင်းသိမ်းပိုက်နိုင်တော့မည်ထင်သည်။ဂျပန်တွင်ယခင်အပတ်၏ဂိမ်းစနစ်ရောင်းချရမှုမှာအောက်ပါအတိုင်းပင်။

95,487 Sony PSP
79,974 Nintendo DS
26,181 Nintendo Wii
13,128 PlayStation 2
13,101 PlayStation 3
1,243 Xbox 360

ထို့အပြင်ဂျပန်တွင်ဆိုနီသည်၂၁ရက်နေ့ကပင်ဆိုနီပီအက်စ်ပီများနှင့်တွဲဖက်အသုံးပြုနိုင်သော1-SEGဒစ်ဂျစ်တယ်တီဗီကျူနာ
အားစတင်ဖြန့်ချီလိုက်ခြင်းဖြင့်ထုတ်လုပ်ခဲ့ပြီးသောပီအက်စ်ပီ၇သန်းတို့စံချိန်မြင့်တီဗီအားနေရာမရွေးကြည့်ရှုနိုင်သွားပြီဖြစ်
သည်။သို့သော်လက်ရှိအချိန်ထိဂျပန်တွင်သာရနိုင်သေးဟုဆိုသည်။





Source:Engadget,Pc-world

Read More...

ကမ္ဘာအရောင်းရဆုံးဂိမ်း၂၅မျိုး

ဒေါ်လာဘီလျံပေါင်းများစွာလည်ပတ်နေသောယနေ့ဂိမ်းထုတ်လုပ်ရောင်းချရေး၏သမိုင်းတစ်လျှောက်ရောင်းအားအကောင်းဆုံး
ဂိမ်း၂၅ခွေအားတင်ဆက်လိုက်သည်။
1. Pokémon Red, Blue and Green


အမျိုးအစား-Gameboy
၂၀.၀၈သန်းရောင်းချပြီး

ပိုကီမွန်အနီနှင့်အပြာသည်ပိုကီမွန်၏ပထမဆုံးသောRPGအမျိုးအစားဖြစ်ပြီးဂိမ်းဘွိုင်းအတွက်ဂျပန်တွင်၁၉၉၆၌စတင်ဖြန့်ချီခဲ့
သည်။ထို့နောက်မြောက်အမေရိကတွင်၁၉၉၈နှင့်ဥရောပ၊သြစတြေးလျတို့တွင်၁၉၉၉တို့၌ဖြန့်ချီခဲ့သည်။

2. Super Mario Bros.3


အမျိုးအစား-Nintendo Entertainment System
၁၈သန်းရောင်းချပြီး

မြန်မာပြည်တွင်Family-computerဟုလူသိများသောနင်တန်းဒိုးဂိမ်းစက်အတွက်ထုတ်လုပ်ခြင်းဖြစ်သည်။ဂျပန်တွင်၁၉၈၈၊
မြောက်အမေရိကတွင်၁၉၉၀နှင့်ဥရောပတွင်၁၉၉၁မှစ၍ဖြန့်ချီခဲ့သည်။

3.The Sims


အမျိုးအစား-PC
၁၆သန်းရောင်းချပြီး။

လူ့ဘဝအားSimulationပုံစံဖန်တီးထားပြီးMaxisမှထုတ်လုပ်၍EAမှဖြန့်ချီခြင်းဖြစ်သည်။၂၀၀၀ခုနှစ်ဖေဖေါ်ဝါရီ၎ရက်နေ့တွင်
စတင်ရောင်းချသည်။

4.Nintendogs


အမျိုးအစား-Nintendo DS
၁၄.၇၅သန်းရောင်းချပြီး။

pet-simulationအမျိုးစားဖြစ်ပြီးနင်တန်းဒိုးမှနင်တန်းဒိုးဒီအက်စ်လက်ကိုင်ဂိမ်းစက်အတွက်ထုတ်လုပ်သည်။ဂျပန်တွင်အေပ
ရယ်၂၁၊၂၀၀၅၊မြောက်အမေရိကနှင့်စင်္ကာပူတွင်သြဂုတ်၂၂၊၂၀၀၅တို့၌အသီးသီးဖြန့်ချီကြသည်။

5.Pokémon Gold and Silver


အမျိုးအစား-Gameboy
၁၄.၁သန်းရောင်းချပြီး။

နာမည်ကျော်ပိုကီမွန်ဂိမ်းစီးရီး၏ဒုတိယမျိုးဆက်RPGအမျိုးအစားဖြစ်သည်။၂၀၀၀ခုနှစ်တွင်ဂိမ်းဘွိုင်းအတွက်စတင်ထုတ်လုပ်သည်။

6.Super Mario Land


အမျိုးအစား-Gameboy
၁၄သန်းရောင်းချပြီး

မာရီရို၏ပထမဆုံးသောဂိမ်းဘွိုင်းအခွေဖြစ်သလိုလက်ကိုင်ဂိမ်းများအားလုံး၏ဦးဆုံးမာရီရိုခွေလည်းဖြစ်သည်။၁၉၈၉တွင်ဂျပန်နှင့်
အမေရိကန်နိုင်ငံတို့တွင်စတင်ဖြန့်ချီသည်။

7.Grand Theft Auto: Vice City


အမျိုးအစား-Playstation 2
၁၃သန်းရောင်းချပြီး

အကြမ်းအရမ်းများစွာဖြင့်action-adventureဂိမ်းဖြစ်ပြီးRockstarမှ့ဖြန့်ချီသည်။

Pokémon Ruby and Sapphire


အမျိုးအစား-Gameboy Advance
၁၃သန်းရောင်းချပြီး။

၂၀၀၃ခုနှစ်မတ်လ၁၇ရက်နေ့တွင်စတင်ဖြန့်ချီပြီးနာမည်ကျော်ပိုကီမွန်ဂိမ်းစီးရီး၏တတိရမျိုးဆက်RPGဂိမ်းအမျိုးအစားဖြစ်သည်။

The Sims2


အမျိုးအစား-PC
၁၃သန်းရောင်းချပြီး။


၂၀၀၄ခုနှစ်စက်တင်ဘာ၁၇ရက်တွင်Maxixနှင့်EAတို့မှဖြန့်ချီခြင်းဖြစ်သည်။နံပတ်၃ရောင်းအကောင်းဆုံးThe-Sims၏ဒုတိယ
မျိုးဆက်လည်းဖြစ်သည်။

10.Grand Theft Auto:San Andreas


အမျိုးအစား-Playstation 2
၁၂သန်းရောင်းချပြီး။

Rockstarမှပင်ထုတ်လုပ်ဖြန့်ချီပြီးaction-adventureဂိမ်းအမျိုးအစားဖြစ်သည်။GTA-Franchiseဂိမ်းများတွင်တတိ
ယမြောက်သောသုးံဘက်မြင်အမျိုးအစားဖြစ်သည်။

11. Super Mario 64။ Gran Turismo 3: A-Spec။ Grand Theft Auto III
14. Pokémon FireRed and LeafGreen
15. New Super Mario Bros.
16. Gran Turismo
17. Pokémon Diamond and Pearl။ Super Mario Bros.2
19. Final Fantasy VII
20. StarCraft
21. World of Warcraft
22. Brain Age: Train Your Brain in Minutes a Day!
23. Gran Turismo 2
24. Mario Kart 64
25. Halo 2။ Donkey Kong Country။ Super Mario Kart။ GoldenEye 007။
Pokémon Yellow

Read More...

ယောကျာ်းတကိုယ်ရည် လိင်ဖြေဖျောက်မှုဆန့်ကျင်ရေးကိရိယာ




အထက်ဖော်ပြပါ သံနှင့်ပြုလုပ်သောကိရိယာသည် ၁၈ရာစု ၁၉ရာစုနှင့် ၂၀ ရာစုများတွင် အသုံးပြုခဲ့သော ယောကျာ်းလေးများ၏ တကိုယ်ရည်လိင်အာသာဖြေဖျောက်မှုကို တားဆီးရန်
တီထွင်ဖန်တီးခဲ့သော အလားတူကိရီယာများအနက်မှတခုဖြစ်ပါသည်။ ၁၉၀၀ခုနှစ် အစောပိုင်းကာလများအထိ ထိုခေတ်ကလူအများစုသည် မာစတာဘိတ်လုပ်ခြင်းသည် လူ၏ကျန်းမာရေးကိုထိခိုက်စေယုံမျှမက ဘာသာရေးအရ အပြစ်ရှိကြောင်းယုံကြည်ကြသောကြောင့် ထိုကဲ့သို့ကိရိယာများကိုဖန်တီးကြကြောင်းဆိုသည်
source:scienceandsociety

Read More...

Smileysအစပရော်ဖက်ဆာFahlmanက


အင်တာနက်အသုံးပြုဖူးသူတိုင်းMessengerများChatခန်းများဖိုရမ်နှင့်Message-Boardများပေါ်တွင်:-)သဏ္ဍန်အားမြင်တွေ့
အသုံးပြုသူတွေချေဖြစ်သည်။ထိုသဏ္ဍန်သည်အသုံးပြုသူ၏စိတ်ခံစားမှုအားရိုးရိုးရှင်းရှင်းနှင့်ထိထိမိမိဖေါ်ပြနိုင်ခြင်းကြောင့်တစ်ဦး
နှင့်တစ်ဦးဆက်သွယ်ရာတွက်စကားလုံးပေါင်းများစွာထက်ခရီးရောက်လှပေသည်။သို့သော်ထိုသဏ္ဍန်လေးများ၏သမိုင်းအားသိ
ရှိသူမှာလွန်စွာနည်းပါးလှသေးသည်။တကယ်တော့Smileysလေးများသည်လွန်ခဲ့သော၂၅နှစ်ကတက္ကသိုလ်ပရော်ဖက်တစ်ဦး
၏အိုင်ဒီယာမှစတင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲသော၂၅နှစ်အချိန်ကကွန်ပျူတာနှင့်အင်တာနက်များမှာတက္ကသိုလ်ကြီးများ၊သုတေသနဌာနများတွင်သာတွင်တွင်ကျယ်အ
သုံးပြုနိုင်သေးသည်။ထိုကွန်ရက်များအတွင်းတွင်Message-Boardများရှိပြီးသုတေသနအချက်အလက်များလဲလည်ကြရုံသာ
မကအခြားရေးမကြီးသောကျောင်းတွင်းကျောင်းပြင်သတင်းများ၊အစည်းအဝေးအချိန်ဇယား၊အပျော်နောက်ပြောင်ငြင်းခုန်ကြခြင်း
များပါရှိလေ့ရှိသည်။သို့သော်မကြာခဏဆိုသလိုနောက်ပြောင်ပြောဆိုခြင်းများအားနားလွဲမှုလွဲမှားခြင်းများလည်းဖြစ်လေ့ရှိသော
ကြောင့်ထိုအခက်အခဲကိုဖြေရှင်းရန်Boardကော်မတီမှအကြံဥာဏ်များတောင်းခံတော့သည်။အမျိုးမျိုးသောပုဂ္ဂိုလ်များမှEmotion
များအသုံးပြုသင့်သည်ဟုထောက်ခံကြသော်လည်းမည့်သည့်ပုံသဏ္ဍန်သုံးရန်စဉ်းစားမရဖြစ်နေကြသည်။နောက်ဆုံးတွင်ပရော်ဖက်
ဆာScott-Fahlmanမှ:-)အားMessageတွင့်ထည့်ခြင်းဖြင့်အပျော်နောက်ပြောင်ခြင်းဟုသတ်မှတ်ပြီး:-(အားအမှန်တကယ်
အတည်ယူရန်အကြံပေးခဲ့သည်။ထိုအစနစ်အားအသုံးပြုပြီးများမကြာမီပင်ဒုတိယပုံအားဝမ်းနည်းခြင်း၊စိတ်ရှုတ်ထွေးခြင်း၊သဘော
မကြခြင်းအဖြစ်မှတ်ယူလာကြသည်။

ထိုစနစ်သည်အခြားသောတက္ကသိုလ်ပေါင်းများစွာထိပြန်နှံ့သွားပြီးYahooနှင့်MSNတို့ပေါ်လာချိန်တွင်Messengerများမှတကမ္ဘာလုံး
အတိုင်းတာထိပြန့်နှံသွားတော့သည်။ယနေ့ခေတ်အရောက်တွင်Emoticonပေါင်း၁၀၀ကျော်ထိရှိနေပြီဖြစ်သည်။ပရော်ဖက်ဆာ
Fahlmanမှထိုစနစ်အားသူဦးစွာတီထွင်ခဲ့ကြောင်းစတင်ကြေငြာစဉ်ကမည်သူမျှမယုံကြည်ကြ။အေပီကဲ့သို့သောသတင်းဌာနကြီး
ကိုယ်တိုင်မှလည်းခေတ်ဦးကွန်ပျူတာဘိုးအေကြီးများအားဆက်သွယ်စုံစမ်းစဉ်ကမည်သူမျှမသိကြောင်းဝန်ခံကြသည်။ထို့ကြောင့်ပ
ရောဖက်ဆာFahmanသည်သက်သေပြရန်ဝန်ထမ်းများအကူအညီဖြင့်သူ၏အကြံပြုချက်အားပြန်လည်ရှာဖွေတော့သည်။ထိုစဉ်က
မှတ်တမ်းများအားယနေ့ကဲ့သို့ဒစ်ဂျစ်တယ်စနစ်ဖြင့်သိုလှောင်ခြင်းမဟုတ်သေးပဲ၊ဗီဒီယိုတိပ်ခွေများဖြင့်ကူးယူမှတ်တမ်းတင်ထား
သောကြောင့်ရှာဖွေရာတွင်များစွာခက်ခဲခဲ့လေသည်။သို့သော်နောက်ဆုံးတွင်တော့အောက်ပါMessageအားရှာဖွေတွေရှိကာသက်
သေထူနိုင်ခဲ့လေတော့သည်။



စက်တင်ဘက်၁၉ရက်၁၉၈၂ခုနှစ်တွင်စတင်အသုံးပြုခဲ့ခြင်းကြောင့်ယနေ့တွင်Smileysလေးများ၂၅ပြည့်သွားပြီဖြစ်သည်။အကယ်၍
သာထိုပုံသဏ္ဍန်လေးများမရှိပါကအင်တာနက်လောကတွင်ဆက်သွယ်ပြောကြားရာ၌များစွာခြောက်သွေ့နေမည်မှာသေချာလှသည်။
:-),:),:-P

Source:Cnn/Tech

Read More...

ရုရှားမှစတစ်ကာစက္ကူကား

ကြည့်ရသည်မှာဤကားပိုင်ရှင်သည်မိမိ၏ခံစားချက်များအားအလွန်တရာဖေါ်ထုတ်ပြသတတ်သည်သာမကကဗျာဆန်ဆန်၊မော်ဒန်
အက်ဆန်ဆန်ဖန်တီးတတ်သူဖြစ်ပေလိမ့်မည်။ရောင်စုံစက္ကူငယ်များပေါ်တွင်ခံစားချက်များရေးကာကပ်ထားခြင်းဖြင့်အနည်းဆုံးလမ်း
မပေါ်တွင်အခြားကားများမှဝင်တိုက်ခံရခြင်းနည်းပေလိမ့်မည်။





အပြည့်အစုံကြည့်ရန်

Read More...

Portable Shower


ခရီးသွားလာရင်းဖြစ်ဖြစ်၊ပင်လယ်ကမ်းခြေတွင်သွားရောက်ပျော်ပါးရာတွင်ဖြစ်ဖြစ်ညစ်ပတ်ပေရေလာသောအခါတွင်ရေချိုးစ
ရာမရှိသည့်ပြသနာအားဤဘက်ထရီပါဝါသုံးခရီးဆောင်ရေပန်းမှဖြေရှင်းပေးလိမ့်မည်။Coleman-Japanကုမ္ပဏီမှထုတ်
လုပ်ပြီး¥3,780($33)တန်ဖိုးရှိရေပန်းငယ်တွင်၂၀လီတာဝင်ဆန့်သည့်၁ပေပတ်လည်ကုဗပုံးတစ်ပုံးပါရှိပြီးAAအရွယ်အ
စားဓတ်ခဲလေးလုံး၏အားဖြင့်ရေများအားပန်းထုတ်ပေးနိုင်သည်။

အားရပါးရရေမချိုးနိုင်သော်လည်းအရေးပေါ်ကိုယ်လက်သန့်စင်ရေးအတွက်တော့များစွာအထောက်အကူပြုမည်ဖြစ်သည်။

Source:Digitalworld

Read More...

"မြန်မာအမျိုးသမီးများသတိ"တဲ့

၂၀၀၇ခုသြဂုတ်လ။
မြန်မာအမျိုးသားတစ်ဦးသည်မြန်မာပြည်၊စင်္ကာပူနှင့်ဂျပန်နိုင်ငံတို့တွင်အပျော်အပါးလိုက်စားခဲ့စဉ်ကလူတိုင်းကြောက်လန့်ရွံ
ရှာAIDSရောဂါဖြစ်ပွားစေသည့်HIVဗိုင်းရပ်ပိုးကူးစက်ခံခဲ့ရသည်။

အမေရိကားမှဆေးစွမ်းကောင်းများကြောင့်ပြန်လည်ကျန်းမာလာပြီးအသက်ရှည်နေထိုင်ခွင့်ရလာခဲ့သော်လည်းထိုမြန်မာအ
မျိုးသားသည်ယုတ်မာကောက်ကျစ်စိတ်ကိုမရပ်တံ့သေးပဲဆန်ဖရန်စစ်စကိုမြို့တစ်ဝိုက်မှမြန်မာသမီးပျိုများကိုပစ်မှတ်ထားကာ
ဆက်လက်လှုပ်ရှားပျော်ပါးနေကြောင်းကြားသိရသည်။

သားကောင်းသမီးပျိုများဖြစ်ကြသောမြန်မာအမျိုးသမီးများသည်အိမ်ထောင်မပြုခင်လိင်ဆက်ဆံမှုများမပြုကြပါရန်နှင့်အ
ကယ်၍လိင်ဆက်ဆံခြင်းကိုမလွှဲမရှောင်သာပြုရမည်ဆိုပါကHIVဗိုင်းရပ်ပိုးနှင့်ကာလသားရောဂါပိုးများကူးစက်ခြင်းမှကာ
ကွယ်နိုင်ရန်ကွန်ဒုံးကိုအသုံးပြုကြပါရန်နှင့်မိမိလိင်ဆက်ဆံဖက်၏ကိုယ်ကျင့်တရားနှင့်လိင်ရောဂါရာဇဝင်တို့ကိုလေ့လာစုံ
စမ်းသင့်ကြောင်းတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Source:L.Aထုတ်မန္တလေးဂေဇက်သတင်းစာ

ဒီကနေ့ပဲအသစ်ထွက်တဲ့အဲဒီသတင်းစာကောက်လှန်ရင်းတွေ့မိတာလေးပြန်တင်ပေးတာပါ။အဲဒီလို%$#@@ကောင်တွေရှိ
နေတော့ဒေါ်ဒေါ်မမများကြည့်ကြက်လုပ်ကြပါဦး။အထူးသဖြင့်အမေရိကန်အနောက်ခြမ်းပိုင်းကမမများအပေါ့။တော်ကြာ
ဟိုဟာမတော်ဟိုဒင်းဆိုမဖြင့်။

Read More...

ဗမာပြည်မှ ထူးဆန်းသောရှုခင်း


ဗမာပြည်မှ ထူးဆန်းသောရှုခင်း



ဗမာပြည်ရှိရေကန်တခုအနီးမှကျောက်ဆောင်တခုရဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ဒီဓါတ်ပုံကို တနှစ်တွင်တရက် နေရောင်ခြည်ကျောက်ဆောင်ကို ရိုက်တဲ့ တိကျသော အလင်းထောင့်စောင့်ဆိုင်းရိုက်ရတယ်လို့ဆိုပါတယ်။
ပုံရဲ့ဘယ်ဘက်ကိုကြည့်ပါက နေရောင်ထိတွေ့မှုကြောင့် ရောင်ပြန်ဟပ်သောကျောက်ဆောင်၏ ပုံရိပ်ကိုဒေါင်လိုက်ကြည့်ရှုပါက အောက်ပါအတိုင်းမြင်တွေ့ရမည်ဖြစ်ပါတယ်။



မှတ်ချက်။ ။ ရေကန်တည်နေရာကိုအတိအကျမဖော်ပြထားပါ။
source: wonderfulinfo

Read More...

Instant Rapper Kit


အမြန်ချက်ပြုတ်စားသုံးနိုင်သည့်ခေါက်ဆွဲထုတ်အားInstant-Noodleဟုခေါ်လျှင်သင့်အားရပ်ပါတစ်ဦးပုံစံအမြန်ဆုံးဖြစ်ရန်ဖန်
တီးပေးမည့်အပိုင်းအစလေးတစုအားInstat-rapper-kitဟုခေါ်သည်။စံချိန်မှီရပ်ပါတစ်ဦးဖြစ်ရန်လွယ်မလွယ်တော့မသိပါ။ရပ်
ပါတစ်ဦးနှင့်တူရန်တော့ဝတ်စားဆင်ရင်ရသည်မှာလွယ်လွန်းလှသည်။ထိုမှအားမရသေးပါကRapper-kit၏အကူအညီဖြင့်အ
စွမ်းကုန်တူအောင်ပြင်ဆင်နိုင်သေးသည်။


Details
Price: US$ 9.99
category: Costume Accessories > Costume Kits
brand: Disguise

Description
You can look like a Rap Super Star with this Costume Accessory Kit! Kit includes Dollar Sign $$$ Bling Ring, #1 Medallion Necklace, and Gold Teeth Dentures (with Impression Putty for a Custom Fit every time!)


မြန်မာပြည်မှရပ်ပါရူးများအတွက်ရွှေသတင်းကောင်းဖြစ်နိုင်ချေရှိသည်။

Read More...

WindowsအားLinuxဖြင့်အစားထိုးရန်ကျူးဘားပြင်


ကျူးဘားနိုင်ငံတွင်တစ်နိုင်ငံလုံးအတိုင်းအတာနှင့်အသုံးပြုနေသောမိုက်ခရိုဆော့Windowsစနစ်မှအခမဲ့အသုံးပြုနိုင်သည့်GNU
/Linuxစနစ်အားပြောင်းလဲတော့မည်ဟုဆိုသည်။အကြောင်းရင်းမှာမဟာရန်သူအမေရိကန်ပိုင်မိုက်ခရိုဆော့ကော်ပိုရေးရှင်း၏
ထုတ်ကုန်အားလုံးဝအားထားမှီခိုနေရခြင်းနှင့်၊အမေရိကန်အစိုးရ၏စီးပွားရေးပိတ်ဆို့မှုတို့အားဖြေရှင်းရန်ဖြစ်သည်။လုပ်သား
ပေါင်း၃၈၀၀ကျော်ခန့်အားမကြာသေးမှီကပင်သင်တန်းများပို့ချထားပြီးထပ်မံ၍၆၀၀ခန့်မှာလည်း၎လသင်တန်းအပြင်းအထ်န်
တက်ရောက်နေကြကာစနစ်သစ်အားအစားထိုးရန်ပြင်ဆင်နေကြသည်။ထိုသင်တန်းများမှာ၂၀၀၅ခုနှစ်ကတည်းကအစီအစဉ်ရှိ
ရှိဖြင့်ပို့ချနေခြင်းဖြစ်သည်။

Linuxစနစ်သည်အခမဲ့အသုံးပြုနိုင်သောUnix-typeစနစ်ဖြစ်ပြီးပထမဦးဆုံသောLinux-kernelအား၁၉၉၁ခုနှစ်တွင်
Linus-Torvaldsမှစတင်ရေးသားခဲ့သည်။ထို့အပြင်Open-Sourceဖြစ်သည့်အတွက်လည်းမည်သူမဆိုSource-codeများ
အားရယူပြင်ဆင်နိုင်သေးသည်။တန်ဖိုးကြီးလှသောမိုက်ခရိုဆော့ဖ်၏Windownsစနစ်နှင့်နိုင်းယှဉ်လျှင်လိုအပ်ချက်များရှိသေး
သော်လည်းအခမဲ့ရနိုင်ခြင်း၊Privacyပိုမိုရနိုင်ခြင်းတို့ကြောင့်ရေပန်းစားသည့်စနစ်တစ်မျိုးဖြစ်သည်။

အပြည့်အစုံဖတ်ရန်

Read More...

ဘိုင်ဘိုင်Google(အီရန်)



အဖြတ်အတောက်အစစ်အဆေးပေါင်းများစွာနှင့်သုံးစွဲနေရသောအီရန်နိုင်ငံ၏အင်တာနက်တွင်ယနေ့မှအစပြု၍ဂူဂယ်နှင့်ဂျီမေး
အသုံးပြုခွင့်အားလုံးဝပိတ်ပင်လိုက်ကြောင်းတရားဝင်ကြေငြာလိုက်သည်။အကြောင်းရင်းအားတိကျစွာထုတ်ဖေါ်ပြောကြား
ခြင်းမရှိသေးသော်လည်းအီရန်သည်ယခင်ကတည်းကလိင်မှု၊နိုင်ငံရေး၊အမျိုးသမီးအခွင့်အရေးနှင့်Social-ကွန်ယက်ဆိုဒ်များ
၊ဘလော့များအားတင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသည့်နိုင်ငံဖြစ်သည်။အီရန်နိုင်ငံ၏ISPသည်မြန်မာနိုင်ငံတွင်အသုံးပြုသည့်
Keyword-trigger-filteringစနစ်ကိုပင်အသုံးပြုသည့်အတွက်ပိတ်ဆို့လိုသည့်ဆိုဒ်များသာမကအခြားသောအသုံးဝင်သည့်ဆိုဒ်
များပါဝင်မရလေ့ရှိကြောင်းသိရသည်။ယခုနှစ်အတွင်းတွင်အီရန်သည်အစ္စလမ်ယဉ်ကျေးမှုနှင့်မညီညွတ်သောအကြောင်းကိစ္စအ
တော်များများပြင်းပြင်းထန်ထန်နှိမ်နင်းလျှက်ရှိရာSatelliteတီဗီများပင်ပါဝင်သည်ဟုဆိုသည်။

အပြည့်အစုံဖတ်ရန်

Read More...

Alan Watts၏ အတွေးအခေါ်များ


နာမည်ကျော် South Park ကာတွန်းစီးရီးဖန်တီးသူတစ်ဦးဖြစ်သူ Trey Parkကနေ အကောင်အထည်ဖော်ပြီး ဒဿနပညာရှင် Alan Watts၏ အတွေးအခေါ်များကို ဖလက်ရှ်ပ်အန်နီမေးရှင်း ကားတိုလေးများဖြင့်တင်ပြထားပါသည်။ အမည်များမှာ Appling, life and music, i, zen, madness, prickles and goo တို့ဖြစ်ကြသည်။ အခြားသော ဖလက်ရှ်ပ် ကားတိုများကို freshminds မှ တဆင့် ကြည့်ရှုနိုင်ပါသည်။

life and music



prickles and goo



Read More...

အပျင်းပြေစက္ကူအရုပ်လုပ်ကြမလား




download pdf
Readymechs ဆိုတဲ့ ၀က်ဘ်ဆိုဒ်တွင် ချစ်စရာ စက္ကူအရုပ်ဒီဇိုင်းလေးများကို အခမဲ့တင်ပေးထားပါသည်။ သင့်အနေနဲ့
8.5"x11" စာရွက်နှင့် ကာလာပရင့်တာတလုံးရှိယုံမွှဖြင့် အရုပ်လုပ်နိုင်ပါသည်။ pdfဖိုင်ဖြင့် ရိုးရှင်းလွယ်ကူသော အရုပ်လုပ်ပုံလုပ်နည်းကို အဆိုပါဆိုဒ်မှရှင်းပြပေးထားတဲ့အတွက် အချိန်အားလပ်သောအခါများတွင် အပျင်းပြေလက်ဆော့ဖို့သင့်တော်လှပါကြောင်း။

မှတ်ချက်။ ။ အဆိုပါဝက်ဘ်ဆိုဒ်တွင် သင်ကြိုက်နှစ်သက်သောအရုပ်ကို ကလစ်နှိပ်ပါက pdfဖိုင်ကို ဒေါင်းလုပ်လုပ်နိုင်ပါသည်။

Read More...

စုံစီနဖာ


သစ်ပင်ပေါ်မှာဆောက်တဲ့ချစ်စရာသစ်သားအိမ်လေး
Mass Mind Control Through Network Television

anti-capitalist
Best Graffiti
Bad And Rude Signs
But They Did Not Give Up
calvinandhobbes (comics)
5000+ Resources to Do Just About Anything Online



Just turn off your brain and enjoy the show

Read More...

ဂျပန်မှလေအေးပေးစက်ပါအင်္ကျီသစ်



ဂျပန်နိုင်ငံတွင်ယခုနှစ်ပိုမိုပူနွေးလာသည့်နွေရာသီအားဖြေရှင်းရန်စရိတ်လည်းသက်သာ၊စွမ်းအင်လည်းချွေတာရာရောက်သည့်
လေအေးပေးစက်အင်္ကျီတစ်မျိုးတီထွင်လိုက်ပြန်သည်။ဆိုနီမှပညာရှင်ဟောင်းKouzi-Ichigaya၏လေအေးပေးစက်အင်္ကျီ
၏ခါးနေရာတွင်၁၀စင်တီမီတာခန့်ရှိပန်ကန်အသေးစားနှစ်လုံးပါဝင်ပြီး၊ပန်ကန်မြန်နှုန်းအားလိုသလိုထိန်းချုပ်၍ရသည်ဟုဆိုသည်။
ပန်ကာလည်ပတ်စေရန်အတွက်USBကြိုးအားအသုံးပြုနိုင်သလိုမော်တော်ကားအတွင်းရှိမီးခြစ်အပေါက်နှင့်လည်းချိတ်ဆက်အသုံး
ပြုနိုင်သည်။အပြင်သွားလာရင်းဝတ်ဆင်ရန်အတွက်လည်းAAအရွယ်အစားဓာတ်ခဲလေးလုံးထည့်သွင်းနိုင်သေးသည်။

Size XL 126/45, fans 1.2W, 325g, material 80 percent polyester, 20 percent cotton.


လေအေးပေးစက်အင်္ကျီများတည်ထွင်အသုံးပြုမှုသည်ဂျပန်နိုင်ငံတွင်ခေတ်စားလာသောတီထွင်မှုတစ်ခုပြုပြီးလေအေးစက်ပါသည့်
ဂျက်ကတ်တစ်မျိုးအားShuji-Matsuhitaဆိုသူမှ၂၀၀၅ခုနှစ်ကတည်းကတီထွင်ခဲ့ဖူးသည်။

Read More...

အပြုံးရှာနည်းပညာသစ်နှင့်ဆိုနီကင်မရာများ


အမ်ပီးသရီးဖွင့်စက်အရောင်းပြိုင်ပွဲကြီးတွင်တဖြည်းဖြည်းနေရာပျောက်ဆုံးလာသောဆိုနီသည်အဆင့်မြင့်ဒစ်ဂျစ်တယ်ကင်မ
ရာဈေးကွက်တွင်တော့ထိပ်တန်းနေရာ၌ရှိနေကြောင်းပြသလိုက်သည်။ဆိုနီ၏အသစ်တီထွင်ထုတ်လုပ်လိုက်သောDSC-T70
နှင့်DSC-T200အမျိုးအစား၈မစ်ဂါပစ်ဆဲလ်ပါကင်မရာများတွင်နောက်ဆုံးပေါ်"အပြုံးရှာ"နည်းပညာထည့်သွင်းထားသည်
ဟုဆိုသည်။

ထိုကင်မရာများဖြင့်ရိုက်ကူးရာတွင်မိမိရိုက်ကူးမည့်ပုဂ္ဂိုလ်အားကင်မရာပါစနစ်ဖြင့်မှတ်သားလိုက်ပြီးထိုပုဂ္ဂိုလ်ပြုံးသည့်အချိန်
၌အလိုလျှောက်ရိုက်ကူးပေးသည်။အပြုံးအနေအထားနှင့်ပတ်သတ်၍အနည်းငယ်၊အတော်အသင့်နှင့်ဝါလုံးကွဲရယ်မောခြင်း
ဟူ၍အဆင့်၃ဆင့်ပါရှိပြီးမိမိကြိုက်နှစ်သက်သလိုချိန်ဆပေးနိုင်သည်။ထို့အပြင်အုပ်စုဖွဲ့ရိုက်ကူးရာတွင်လည်းအုပ်စုတွင်းမှ
တစုံတဦးအား"Key-smile"အဖြစ်မှတ်သား၍တစ်အုပ်စုလုံးအားလည်းရိုက်ကူးနိုင်သည်။

ဆိုနီသည်သည်Omron-Corp၊ဂျပန်(လူ့မျက်နှာပြင်အရေပြားနှင့်ပါးစပ်၊မျက်လုံးတို့အပေါ်မူတည်၍ပျော်ရွှင်မူအားတွက်
ချက်တတ်သည့်ဆော့ဝဲထုတ်လုပ်သူ)နှင့်ပူးပေါင်းကာအထက်ပါနည်းပညာအားထည့်သွင်းဖန်တီးထားသည်။ထိုကင်မရာ
အမျိုးအစားများအားလာမည့်အပတ်မှအစပြု၍ဂျပန်နိုင်ငံနိုင်ငံတွင်စတင်ရောင်းချမည်ဖြစ်ပြီအောက်တိုဘာလတွင်တစ်
ကမ္ဘာလုံးအတိုင်းအတာဖြင့်ဖြန်ချီမည်ဟုဆိုသည်။

Source:Msnbc

Read More...

အလန်ဂရင်းစပန်မှ အီရတ်စစ်ပွဲနှင့်ပတ်သတ်သော သူ၏ထင်မြင်ချက်ကိုဖွင့်ချလိုက်ခြင်း

"I am saddened that it is politically inconvenient to acknowledge what everyone knows: the Iraq war is largely about oil,"

၁၈နှစ်တိုင်တိုင် အမေရိကန် ဗဟိုဘဏ်ကို ပဲ့ကိုင်လာသော အမေရိကန်ဗဟိုဘဏ်ဘော့်စ်ဟောင်း အလန်ဂရင်းစပန်က သူ၏ "The Age of Turbulence: Adventures in a New World,"စာအုပ်တွင် ရေနံသည် အီရတ်စစ်ပွဲ၏ အဓ်က အကြောင်းအရင်းဖြစ်သည်ဟု ဖွင့်ချလိုက်သည်။
ထို့အပြင် ဘုရှ်၏ ဗီတိုအာဏာ အလွန်အကျွံသုံးစွဲခြင်းကိုလည်း ဝေဖန်ထားသေးသည်။သူသည် အမေရိကန်လူမျိုးတို့၏ လေးစားခြင်းခံရသော ရီပတ်ဘလင်ကန်ခေါင်းဆောင်ဖြစ်သည်သာမက တိုင်းသိပြည်သိ စကားမှတ်ချက်များပြောခဲသူဖြစ်သည်။

အပြည့်အစုံဖတ်ရန်

Read More...

၆၀ခုနှစ်များ







It wasn't the vodka or the amphetamines
so much as too many choruses
of "Bartender's Blues."
James would shut down the bar,
gas up his car,
and find himself someplace new.
He bartended himself to death
and died in a nursing home,
a thin old man of thirty-one
who warned strangers, "Man,
you gotta take care of your health."

Sometimes, when the shrapnel moves
and I can't sleep, I question James'
assumption that God takes care of drunks
and people on LSD.
Flipping matchsticks across the lawn,
we weren't even fireflies,
but we thought we were the dawn

Fireflies by Jon Forrest Glade

အထက်ကကဗျာပိုဒ်လေးကတော့ ဗီယက်နမ်မျိုးဆက်ဂျာနယ်ပါ Jon Forrest Glade ၏ Firefliesဆိုတဲ့ကဗျာမှ ထုတ်နှုတ်ထားခြင်းဖြစ်ပါသည်။

ဝီကီတွင်တော့ ၆၀ခုနှစ်များကို အောက်ဖော်ပြပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

The sixties were a time of immense change in်။ all areas of public and private life, often referred to as a social revolution global in scale. In the United States, for example, social change was wrought by the American civil rights movement, the rise of feminism and gay rights, invention of the microchip and formulation of Moore's Law, and even the rise of neoconservatism. The "Sixties" has become synonymous with all the new, exciting, radical, subversive and/or dangerous (depending on one's viewpoint) events and trends of the period, which continued to develop in the 1970s, 1980s and beyond. In Africa the 60s were a period of radical change as countries gained independence from their European colonial rulers, only for this rule to be replaced in many cases by civil war or corrupt dictatorships.


ဝါးတားဂိတ်အရေးတော်ပုံ တရားမျှတမှုမရှိသော ဗီယက်နမ်စစ်ပွဲ လူ့အခွငိရေးလှုပ်ရှားမှုများ အမျိုးသမီးတို့၏ ယောကျာ်းနှင့်တန်းတူအခွင့်အရေးရရှိရန်လှုပ်ရှားမှုများ အသားရောင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအစရှိသည်တူို့သည် ၆၀ခုနှစ်များတွင်ဖြစ်ပွားခဲ့သည်။
ထိုသို့သောဂယက်အရှိန်များက ၆၀ခုနှစ်များ ကာလဆီင်္က မျူ်းဆက်များ၏ တွေးခေါ်မှုပုံစံကို ပြောင်းလဲစေခဲ့သည်။ The Beatles, The Rolling Stones, The Grateful Dead, Jefferson Airplane, Janis Joplin, Jimi Hendrix Experience and The Doorsတို့ကဲ့သို့သောရော့ခ်အကျော်အမော်များ ဟစ်ပီယဉ်ကျေးမှု ကိုကင်း ဆေးခြောက် နှင့်အခြားသောမူးယစ်ဆေးဝါးများ လွတ်လပ်စွာသွားလာနေထိုင်လိုခြင်း အစရှိသည်တို့မှာ ၆၀ခုနှစ်များ၏ သင်္ကေတပင်ဖြစ်ပါသာည်။
ူ စစ်ဆန့်ကျင်ရေးသဘောတရားများ တရားမျှတ၍လွှတ်လပ်လိုခြင်းများ စသည်တို့သည်သည် ၆၀မျိုးဆက်များ၏ လက်ကိုင်တရားဖြစ်သည်။ ထို့ကြောင့် နာမည်ကျော် ၀ူဒ်စတော့ခ်ကဲံသို့သော ငြိမ်းချမ်းရေးကို အခြေခံသည့် ရော့ခ်ပွဲတော်ကြီးများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ထိကဲ့သို့သော အတွေးအခေါ်များနှင့် ပေါ့ပ်ယဉ်ကျေးမှုစတိုင်များသည် အမေရိကနှင့ှ်ုဥရောပမှလူငယ်များကို သာမက ကမ္ဘာ့တ၀ှမ်းမှလူငယ်မျိုးဆက်များဆီသို့လည်း ပျံ့နှံခဲသည့်။ မြန်မာပြည်တွင်မူကား ယနေ့ခေတ်ထိနာမည်ကြီးနေသော ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း၊ မင်းမင်းလတ် ဘိုဘိုဟန် ခင်ယုမေစသည့်နာမညါကျော်များပေါ်ထွက်လာခဲ့ပြီး သူတို့၏စတိုင်များကို မြန်မာပြည်မှ၆၀ခုနှစ်လူငယ် များ အသည်းစွဲခဲ့ကြသည်။
မင်းမင်းလတ်၏ ဂေါ်လီမလေး ဘိုဘိုဟန်၏ ပေါင်ချိန်စက် အစရှိသော သီချင်းများတွင် ထိုခေတ်လူငယ်များ၏ နေ့စဉ်ဘ၀ကို တစိတ်တဒေသအားဖြင့်သိရှိနိုင်ပါသည်။


ခေတ်သည်အမြဲပင်တပတ်ပြန်လည်လေ့ရှိပါသည်။ အကြမ်းဖက်မှုများ အီရတ်စစ်ပွဲအရှုပ်တော်ပုံ ဒီမိုကရေစီအနှစ်သာရများပျက်ပျားလာခြင်းနှင့် နည်းပညာများထွန်းကာလာခြင်း အစရှိသည်တို့သည် ယနေ့ခေတ်လူငယ်များ၏ နေ့စဉ်ဘ၀ကို ၆၀ခုနှစ်ကာလများကဲံသို့ တော်လှန်တွန်းလှန်ချင်သော ဆိုရှယ်ပေါက်ကွဲမှုတခူထပ်ဖြစ်ပွားစေနိုင်လားဟုစဉ်းစားမိပါသည်။အထူးသဖြင့်ပေါ့ပ်ယဉ်ကျေးမှု ဂီတ ဖက်ရှင်နှင့် နေ့စဉ်နေထိုင်မှုစတိုင်များတွင် ဖြစ်သည်။ The နှင့်စသောရော့ခ်အဖွဲ့များအပြားပေါ်ထွက်လာခြင်း ၆၀ဒီဇိုင်းဖက်ရှင်များပြန်လည်ခေတ်စားလာခြင်းတို့သည် ခေတ်၏လည်ပတ်တတ်သော သဘောတရားကို သက်သေပြနေသည်ဟု ထင်မြင်ယူဆမိပါသည်။
more 60s photos
Ref: Wiki
The Sixties Project

Read More...