ပေါက်တော့ပေါက်တယ်ဒါပေမယ့်...


အာရှ၏LasVegasဟုတင်စားလာရသည့်တရုတ်ပိုင်မကာအိုကျွန်းရှိလောင်းကစားရုံတစ်ခုတွင်သက်လတ်ပိုင်းအရွယ်
အမျိုးသမီးတစ်ဦးသည်၅ဟောင်ကောင်ဒေါ်လာ(US-60cents)သာထည့်သွင်းကစားရသည့်Slotကစားစက်တစ်ခု
မှအမေရိကန်ဒေါ်လာ၅သန်းပေါက်သွားခဲ့သည်။လောင်းကစားရုံတာဝန်ခံများအားချက်ခြင်းအကြောင်းသောအခါ၊ထိုစက်
မှာအမြင့်ဆုံးဒေါ်လာ၆၀၀၀သာပေါက်ကြေးရှိကြောင်း၊ဤသို့ဖြစ်ရခြင်းမှာထိုစက်၏ပေါက်ကြေးမီတာစနစ်ချို့ယွင်းချက် ကြောင့်ဟုပြန်လည်ငြင်းဆိုရာမှ၊အမျိုးသမီးမှရဲခေါ်သည်ထိဖြစ်ပွားကြလေသည်။

နောက်ဆုံးတွင်မကာအိုလောင်းကစားမှုစုံစမ်းစစ်ဆေးရေးဗျူရိုက၊စက်ချို့ယွင်းမှုသက်သက်သာဖြစ်သောကြောင့်ဆုငွေ
ပေါက်ကြေးပေးရန်မလိုကြောင်းဆုံးဖြတ်ချက်အပြီးထိုအမျိုးသမီးမှာလက်လျှော့၍ဟောင်ကောင်သို့ပြန်သွားခဲ့ရလေသည်။
အလားတိုSandအမည်ရှိလောင်းကစားရုံတစ်ခုတွင်လည်းဖေဖေါ်ဝါရီလအတွင်းက၁၆နှစ်အရွယ်အသက်မပြည့်သေးသူ
မိန်းကလေးတစ်ဦးအားပေါက်ကြေးဒေါ်လာ၉၄၀၀၀ပေးရန်ငြင်းဆန်ခဲ့ဖူးသည်။သို့သောထိုတစ်ကြိမ်တွင်၊ဗျူရိုမှထိုအသက်
မပြည့်သူမိန်းကလေး၏မိခင်ဖြစ်သူအားပေးလျော်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။

Ref:Southchina morning post

0 comments: