ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း(၅)ပထမပိုဒ်


ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း၅သည်ကျန်ရှိနေသေးသည့်မဖေါ်ပြဖြစ်ခဲ့သောအကြောင်းအရာများအားစုပေါင်း၍တင်ပြမည်
ဖြစ်သလိုနောက်ဆုံးအပိုင်းလည်းဖြစ်သည်။အပိုင်း၎မှအချက်အလက်အနည်းငယ်အားပြန်၍ကောက်ရသော်--ရှေးရိုးတိုက်
ရိုက်ဒီမိုကရေစီ၊ကိုယ်စားပြုခံအခြေပြုဒီမိုကရေစီနှင့်ခေတ်ပေါ်နည်းပညာသုံးTeledemocracyဟူ၍ဖြစ်သည်။ထိုအထဲ
တွင်မှကိုယ်စားပြုခံအခြေပြုဒီမိုကရေစီစနစ်သည်ယနေ့လက်ရှိကမ္ဘာ့ဒီမိုကရေစီနိုင်ငံအများစုတွင်အောင်မြင်စွာကျင့်သုံးနေ
သောစနစ်တစ်ခုဖြစ်သည်။သို့သော်နိုင်ငံရေးစနစ်များသည်ပုံသေကားချပ်မဆန်၊မိမိတို့ကာလဒေသ၊လက်ခံရာတန်ဖိုးများ
အပေါ်တွင်မူတည်၍ဥာဏ်ရှိသလိုချော့မွေ့စနစ်ကျစေရန်အသုံးပြုရမြဲဖြစ်သည်။

ထို့ကြောင့်နိုင်ငံအလိုက်ချမ်းသာကြွယ်ဝသလိုပညာတတ်အရေအတွက်အချိုးအစားများပြီး၊ပုဂ္ဂလိကလွတ်လပ်ခွင့်အားလွန်စွာ
တန်ဖိုးထားသည့်ဖင်လန်၊နော်ဝေ၊ဆွီဒင်၊ဒိန်းမတ်စသည်စကင်ဒီနေးဗီးယားနိုင်ငံများ၏ဒီမိုကရေစီအဆောက်အအုံ၊ဗြိတိန်၊အ
မေရိကန်၊ကနေဒါ၊ပြင်သစ်တို့ကဲ့သို့သောလူသိများသည့်ဒီမိုကရေစီအဆောက်အအုံ၊အာရှမှအိန္ဒိယ၊ဂျပန်၊အင်ဒိုနီးရှားကဲ့သို့
သောအာရှတန်ဖိုးများအားအခြေခံသည့်ဒီမိုကရေစီအဆောက်အအုံ၊ထိုအဆောက်အအုံများမှမည့်သည့်အဆောက်အအုံသည်
အကောင်းမွန်ဆုံး၊စနစ်အကျဆုံးဖြစ်သနည်းဆိုသောမေးခွန်းသည်နောက်ကွယ်မှမကြာခဏလိုက်ပါလာလေ့ရှိသည်။

အမှန်တွင်ထိုမေးခွန်းနှင့်ပတ်သတ်၍တိကျပြတ်သားသောအဖြေမရှိ။ကာလံဒေသံဆိုသည့်စကားအတိုင်းပင်ဖြစ်သည်။အထက်
ပါမေးခွန်းနှင့်ပတ်သက်၍နိုင်ငံရေးသိပ္ပံပါရဂူတစ်ဦးဖြေဆိုပုံအားပြန်လည်တင်ပြရလျှင်၊ဒီမိုကရေစီဆိုသည်မှာရေခဲမုန့်နှင့်တူ
သည်။နို့အရသာ၊စတော်ဘယ်ရီအရသာ၊ချောကလက်အရသာစသည့်အမျိုးအစားများတွင်မည်သည်ကပိုကောင်းသနည်းမေး
သော်ကိုယ်ကြိုက်ရာကိုယ်ကောင်းကြပေလိမ့်မည်။သိုသော်ရတိပြတ်အကောင်းဆုံးအားတကယ်တမ်းတွင်မည်သို့မျှဆုံးဖြတ်၍
မရ။အလားတူပင်ဒီမိုကရေစီစနစ်တွင်လည်းဤဤထိုထိုနိုင်ငံများမှပိုကောင်းသည်ဆိုသည်မှာမမှန်ကန်၊လိုအပ်ချက်နှင့်ကိုက်ညီ
ပြီးစစ်မှန်သောဒီမိုကရေစီအသွင်သဏန်ပါရန်သာလိုအပ်သည်။ဥပမာ-လက်ရှိမြန်မာနိုင်ငံတွင်ဘာဒီမိုကရေစီ၊ညာဒီမိုကရေစီ
အစရှိသဖြင့်အမျိုးမျိုးတံဆိပ်တပ်ရန်ကြိုးစားသော်လည်း၊တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါဝင်ခွင့်မရရှိခြင်း၊နိုင်ငံရေးပါတီ
များပင်စုံစုံညီညီမပါဝင်နိုင်ခြင်းမှာမည်သို့မျှဒီမိုကရေစီမဆန်သောဒီမိုကရေစီအားခုတုံးလုပ်မှုကြီးပင်ဖြစ်သည်။

ဆက်လက်၍တင်ပြမည့်နောက်တစ်ပိုင်းမှာ၊နိုင်ငံများတွင်ရှိသည့်အုပ်ချုပ်မှုပင်မစံနစ်သုံးမျိုးဖြစ်သည်။ကမ္ဘာပေါ်တွင်နိုင်ငံ
ပေါင်း၁၀၀ကျော်ရှိသည့်အနက်နိုင်ငံတိုင်းနိုင်ငံတိုင်းသည်အထက်ပါစံနစ်တစ်မျိုးမဟုတ်တစ်မျိုးတွင်အကြုံးဝင်လေ့ရှိသည်။
ရှေးဦးစွာတင်ပြမည့်အမျိုးအစားမှာရှေးအကျဆုံးနှင့်အရိုးရှင်းဆုံးပုံစံဖြစ်သည့်Monarchyခေါ်ဘုရင်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။
ထိုစနစ်အားထပ်မံ၍ခွဲခြမ်းစိတ်ဖြာလိုက်လျှင်အောက်ပါစနစ်ငယ်နှစ်မျိုးရှိလာလိမ့်မည်။

Absolute Monarchy(သက်ဦးစံပိုင်ဘုရင်စနစ်)
Enlightened-despotismဟုခေါ်သည့်သက်ဦးဆံပိုင်ဘုရင်စနစ်သည်ဘုရင်တို့၏ဘုန်းကံ(သို့)ဘုရားသခင်ပေးသည်
အခွင့်အာဏာဟူသောသဘောတရားပေါ်တွင်အခြေခံ၍နိုင်ငံ၏ဥပဒေများအားဘုရင်နှင့်ဘုရင့်မိသားစုကသာချမှတ်ပြဋ္ဌန်းခြင်း
ဖြင့်အုပ်ချုပ်သည်။ယေဘုယျအားဖြင့်အတိုက်အခံအင်အားစုဟူ၍မရှိပဲပေါ်ပေါက်လာသည့်အတိုက်အခံများအားနည်းအမျိုးမျိုး၊
ဥပဒေအဖုံဖုံဖြင့်ချေမှုန်းလေ့ရှိသည်။ဥပမာ-ယနေ့ဆော်ဒီအာရေးဗျ၊ဘရူနိုင်း

Constitutional Monarchy(စည်းမျဉ်းခံဘုရင်စနစ်)
သက်ဦးစံပိုင်စနစ်မှဖွံဖြိုးတိုးတက်လာသောပုံစံတစ်မျိုးဖြစ်သည်။ဘုရင်သည်တိုင်းပြည်၏ဥသျှောင်ဖြစ်နေသေးသော်လည်းပါလီ
မန်တွင်ပြဋ္ဌန်းသည့်ဖွဲစည်းပုံအခြေခံဥပဒေအားဖြင့်အခွင့်အာဏာကိုကန့်သတ်သည်။ရွေးကောက်တင်မြှောက်ထားသည့်အစိုးအ
ရ(သို့)ရွေးကောက်ခြင်းမပြုသည့်အစိုးရအဖွဲ့သည်တိုင်းပြည်အားဥပဒေအရအုပ်ချုပ်ပြီးယေဘူရအားဖြင့်ဝန်ကြီးချုပ်မှာအစိုးရ
အဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။မျက်မှောက်ကာလတွင်ဘုရင့်နှင့်တော်ဝင်မိသားစုအသိုင်းအဝိုင်းသည်တိုင်းပြည်အုပ်ချုပ်ရေးက
ဏ္ဍများတွင်လုံးဝပါဝင်ခြင်းမပြုတော့ပဲနိုင်ငံ၏စည်းလုံးညီညွတ်မှုနှင့်သမိုင်းအစဉ်အလာအားကိုယ်စားပြုသည့်ပုံစံတစ်မျိုးအဖြစ်
သို့ရွှေ့ရှားလာသည်။ဥပမာ-ဗြိတိန်၊နော်ဝေ၊ဂျပန်၊ထိုင်း

အထက်ပါစနစ်၂မျိုးလုံးတွင်Heritage-Ruleခေါ်သားစဉ်မြေးဆက်ဆက်ခံသောစနစ်အားကျင့်သုံးသည်။

Republic(သမ္မတနိုင်ငံ)
အကြမ်းဖျင်းအားဖြင့်ဘုရင့်နိုင်ငံမဟုတ်သည့်နိုင်ငံအားလုံအားRepublicဟုသတ်မှတ်သည်ဟုဆိုသည်။ပိုမိုတိကျစွာဆိုရသော်
အချုပ်အချာအာဏာသည်ပြည်သူလူထု၏သဘောတူကျေနပ်မှုပေါ်တွင်မူတည်၍ပြည်သူလူထုအသီးသီးအားကိုယ်စားပြုသည့်
ကိုယ်စားပြုလွှတ်တော်စနစ်အားအသုံးပြုလေ့ရှိသည်။သမ္မတနိုင်ငံစနစ်တွင်သာမာန်တိုင်းသူပြည်သားအားလုံးသည်အရည်အ
ချင်းပြည့်မှီပါကမည်သူမဆိုခေါင်းဆောင်သမ္မတဖြစ်ခွင့်ရှိသည်။

Theocracy
သီအိုကရေစီအားမြန်မာဘာသာဖြင့်ပြန်ဆိုရန်သီးသန့်စကားလုံးရှိပုံမရပေ။ဘုရင်စနစ်တွင်ဖြစ်စေသမ္မတနိုင်ငံစနစ်တွင်ဖြစ်စေသီ
အိုကရေစီစနစ်အမြစ်တွယ်ပေါက်ဖွားနိုင်သည်။တကယ်တမ်းတွင်တော့သီအိုကရေစီစနစ်ဆိုသည်မှာနိုင်ငံ၏ဥပဒေအထက်တွင်
ဘာသာတရား၏စည်းမျဉ်းစည်းကမ်းများတည်ရှိနေခြင်းဖြစ်သည်။တနည်းအားဖြင့်နိုင်ငံရေးသဘောတရားများအားဘာသာရေး
သဘောတရားများကလွှမ်းမိုးခွင့်ရရှိနေခြင်းဖြစ်သည်။ထိုစနစ်တွင်ဘာသာရေးနှင့်ပတ်သတ်သည့်ဘုန်းတော်ကြီးများ၊ဝန်ထမ်း
များကြီးစိုးမင်းမူကြသည်။ဥပမာပြရသော်အမှောင်ခေတ်နှင့်အလယ်ခေတ်ရှိအများစုသောဥရောပနိုင်ငံများဖြစ်ပြီးသက်ဦးစံပိုင်
ဘုရင်ပင်လျှင်ကျောင်းတော်၏ခွင့်ပြုချက်ဖြင့်သာအမိန့်ဥပဒေများထုတ်ပြန်ရလေ့ရှိသည်။အကြောင်းရင်းမှာထိုစဉ်ကဘုရားသခင်
၏အခွင့်အာဏာရရှိထားသည်ဟူသောဘုရင်များသည်ဘုရားသခင်၏စည်းမျဉ်းဥပဒေသဖြစ်သည့်သမ္မာကျမ်းစာပါစည်းမျဉ်းများ
ဖြင့်သာအုပ်စိုးခွင့်ရှိသလိုဘုရားသခင်၏ဝန်ထမ်းများဖြစ်သည့်ဘုန်းတော်ကြီးများ၏တည်းဖြတ်ခြင်းအားခံရခြင်းကြောင့်ဖြစ်သည်။
Theonomic-lawsဟုနိုင်ငံရေးသိပ္ပံတွင်ခေါ်ကြသည်။ယနေ့ခေတ်၏အထင်ရှားဆုံးသောသီအိုကရေစီနိုင်ငံမှာအစ္စလမ်မစ်သမ္မ
တနိုင်ငံတစ်ခုဖြစ်သည့်အီရန်နိုင်ငံဖြစ်သည်။

ယခင်အပိုင်း၎ပိုင်းနှင့်အတူဖတ်ရန်

3 comments:

Anonymous

12:18 PM

This comment has been removed by the author.
Anonymous

9:00 PM

Bowdawgyi,
thank you for your posts on politics, and hope sometimes you continue your articles in detail (only when u have time, i mean).

Good Luck, Man!

boedawgyi

9:30 PM

thanx for the support man,i'll try