ရှောင်လင်ဘုန်းဘုန်းများနဲ့နင်ဂျာတို့ရဲ့ အင်တာနက်တိုက်ပွဲ



တရုတ်သိုင်းလောကမှာ ရှောင်လင်ကွန်ဖူးဆိုတာ နာမည်တလုံးနဲ့နေတာပါ။ ရှောင်လင်ထွက်ဘုန်းကြီးတွေဆိုရင် သိုင်းလောကမှာနေရာရတယ်လို့ ငယ်ငယ်တုန်းက သိုင်းဝထ္ကု အတွဲလိုက်ဖတ်စဉ်က မှတ်သားခဲ့ဖူးပါတယ်။ အင်တာနက်အသုံးပြုသူတစ်ဦးကနေပြီးတော့ တချိန်တုန်းက ရှောင်လင်ဘုန်းကြီးတွေဟာ နင်ဂျာတွေရဲ့ စော်နှက်ခြင်းကိုခံခဲ့ရတယ်လို့ ဖွလိုက်ပါတယ်။ ရှောင်လင်ဘုန်းကြီးတွေရဲ့ သိုင်းက ရှောတယ် ညံ့တယ်ပေါ့။ နင်ဂျာတွေကိုမမှီဘူးပေါ့။ တရုတ်နဲ့ဂျပန်က ၁၉၄၀ လောက်ကထဲက ခြိမ်းခြိမ်းတဘုန်းဘုန်းနောင်ဂျိန်ပလေးနေတယ်ဆိုတော့ကာ ရှောင်လင်ဘုန်းကြီးကျောင်းကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ မခံမရပ်နိုင်တွေဖြစ်ပြီး နင်ဂျာတွေဆီက ၀န်ချတောင်းပန်မှုလိုချင်တယ်လို့ တရုတ်မီဒီယာကို အကြောင်းကြားလှမ်းတိုင်ပါတော့တယ်။ Weird Asian Martial Arts Weapons ဆိုတဲ့ပို့စ်ကြောင့်လားလို့တော့ထင်တာဘဲ။ အဲ့ဒီပို့စ်မှာ ရှေးခေတ်တုန်းက တရုတ်သိုင်းသမားတွေ နင်ဂျာတွေရဲ့ တိုက်ပွဲဝင်လက်နက်အကြောင်းရေးထားတာဖတ်လိုက်ရတယ်။ အဲ့ဒီပို့စ်က အင်တာနက်မှာနည်းနည်းခေတ်စားသွားတယ်။
(ဘုန်းဘုန်းတွေအချဉ်မထင်နဲ့ နော် အင်တာနက်သုံးတယ်)။
Reuters news

boing boing's post

0 comments: