ကတ်ဆက်တိပ် ယဉ်ကျေးမှု

ငယ်ငယ်တုန်းက သီချင်းနားထောင်တုန်းကတော့ စီ၆၀ကက်ဆက်ခွေလေးနဲ့သွင်းယူထားတဲ့ စတီရီယိုကတ်ဆက်တိတ်ခွေကို တရုတ်လုပ်ကက်ဆပ်နဲ့ နားထောင်ရတာပေါ့။ ဒီဘက် ဒစ်ဂျစ်တယ်လ်ခေတ်ရောက်လာတဲ့အခါမှာတော့ အိုင်ပေါ့တ်လို ပုစိညောက်တောက်ပလေယာတွေသုံးပြီး သီချင်းကို အမ်ပီသရီး အမ်ပီဖိုး ဝေ့ဖ် အစရှိတဲ့ ဒစ်ဂျစ်တယ်လ် ဖော်မတ်အမျိုးမျိုး နဲ့ ဂီတရသကိုနားဆင်ခံစားနိုင်ကြပါပြီ။ လွန်ခဲ့တဲ့ ၁၉၆၀လောက်ကစပြီးတော့ ဒတ်ခ်ျပ် အီလက်ထရောနစ်ကုမ္မဏီ ဖီးလစ်ကနေပြီးတော့ ပေါ့ပါးတဲ့ မီဒီယာတမျိုးဖြစ်တဲ့ ကတ်ဆက်တိပ်ကို ဂီတချစ်သူတွေအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးနှုန်းသက်သာပြီး ထားရသိုရ လွယ်ကူတဲ့ ကတ်ဆက်တိပ်ဟာ တမုဟုတ်ချင်း ဂီတလုပ်ငန်းမှာရေပန်းစားသွားတဲ့အတွက် တခြားတခြားသော ကုမ္ပဏီတွေကလဲဘဲ ဖီးလစ်ရဲ့ ကတ်ဆက်တိတ်နည်းပညာကို အခြေခံပြီး အမြောက်အမြားထုတ်ယူခဲ့တာကြောင့် ၁၉၈၀များမှတော့ ကမ္ဘာနဲ့အ၀ှမ်း ဂီတလောကမှာ လူကြိုက်များရေပန်းစားလာခဲ့ပါတယ်။ ဒါပေမယ့် အသစ်အသစ်ကို ထုတ်လုပ်ချင် သုံးစွဲချင်တဲ့ လူ့သဘာဝ အာသီသနဲ့ ခေတ်ပေါ်ယဉ်ကျေးမှုကြောင့် သူတို့ဟာ အခုခေတ်ကာလမှာ နေရာမရရှာတော့ပါဘူး။ ဒါပေမယ်ဇိုင်းအနုပညာရှင်တွေက သူတို့ကို အမှတ်တရအနေနဲ့ ခေတ်မှီလူ့အသုံးအဆောင်တွေမှာ ကတ်ဆက်တိပ်ပုံရိပ်ကိုအခြေခံပြီး ဆန်းသစ်လှပတဲ့ ဒီဇိုင်းအမျိုးမျိုးဖန်တီးကာ တချိန်က ပေါ်ပြူလာဖြစ်ခဲ့တဲ့ သူတို့ကို အောက်မေ့သတိရထားပါတယ်။ ဆန်းသစ်လှပတဲ့ ကတ်ဆက်တိပ်လူ့အသုံးအဆောင် ဒီဇိုင်းပုံများကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

cassette wallets(အီတလီဒီဇိုင်နာတယောက်ရဲ့ လက်ရာ)

‘cassette tape belt buckle’ by chandra sweet




‘mix tape’ necklace

USB memory stick
Cassette Bag
via designboom

related:Compact Discရဲ့25နှစ်ပြည့်မွေးနေ့မင်္ဂလာ

0 comments: