ယာမန်းဘပူဖောင်း




အပေါ်ကပုံမှာ မြင်ရတာကို တိရစ္ဆာန်ရုံထဲက ပန်ဒါဝက်ဝံလေးတွေဆိုပြီး အထင်မမှားလိုက်ပါနဲ့။
မြန်မာလို ဘာသာပြန်ရင် တောင်ပေါ်ကစုန်းမ လို့ အဓိပ္ပါယ်ရတဲ့ ယာမန်းဘ Yamanba (ヤマンバ) များဖြစ်ပါတယ်။ သူတို့ကို တိုကျိုရဲ့ အထင်ကရမြို့ကြီးတွေဖြစ်တဲ့ ရှီဘူရနဲ့ ရှင်းဂျုကု တို့မှာ မမြင်ချင်မှအဆုံးတွေ့နိုင်ပါတယ်။ ယာမန်းဘ ဝတ်စားဆင်ယင်မှုဖက်ရှင်မှာ အဓိကကျတာက အသားရေကနေလောင်ထားတဲ့ ခပ်ညိုညိုဖြစ်ရပါမယ်။ အဲဒီလိုဖြစ်ဖို့ တစ်ချို့ယာမန်းဘများက မိတ်ကပ်သုံးကြပါတယ်။ ချမ်းသားတဲ့မိဘက ဆင်းသက်လာတဲ့ ငွေကြေးအကုန်ခံနိုင်တဲ့ ယာမန်းဘများကတော့ အသားအရေ ညိုအောင်လုပ်ပေးတဲ့ ဈေးအလွန်ကြီးတဲ့ ဗျူတီပါလာတွေဆီသွားပြီး မညို ညိုအောင်လုပ်ကြပါတယ်။(ကျွန်တော်ကတော့ သူတို့ကို အညာခေါ်သွားချင်လိုက်တာ)။
မျက်လုံးတစ်ဝိုက် ကိုအဖြူရောင် သို့မဟုတ် အရောင်ဆူးဆူး ကာလာအမျိုးမျိုး သုံးပြီး ချယ်သလိမ်းချယကြပါတယ်။ ဝတ်စားဆင်ယင်မှုမှာလည်း အရောင်တောက်တောက် တိုနံ့နံ့ အဝတ်အစားတွေကို မြင်တဲ့လူမျက်လုံးကျိန်းအောင် ဝတ်ဆင်ကြပါတယ်။ သူတို့အတွက်ကတော့ ဒီလိုမျူိးဝတ်စားဆင်ယင်မှုဟာ ချစ်စရာကောင်းတဲ့ ဝတ်စားဆင်ယင်မှုဆိုပြီး ယာမန်းဘဖြစ်ရတာကို အလွန်ဂုဏ်ယူကြပါတယ်။ ဘာဘဲပြောပြော ဒီဝတ်စားဆင်ယင်မှုပုံစံဟာ ဆယ်ကျော်သက်ဂျပန်လူငယ်တွေကြားထဲမှာ ယနေ့အထိ ပန်းပန်လျက်ပါဘဲခင်ဗျား။
Asainweek Article
wikipedia
Flickr
မှတ်ချက်၊ ။ကိုလေးဖြူရဲ့ စုန်းမ သီချင်းက သူတို့နဲ့တော့သိပ်လိုက်ဖက်တာဘဲ။ ဟီး ဟီး
Tags:

0 comments: