ရှားပါးအမျိုးသမီးအလာဂျီတမျိုး




နောက်ဆုံးသောရှာဖွေတွေ့ရှိချက်များအရအမျိုးသမီးများမှာအင်မတန်မှကိုရှားပါးပြီးဖြစ်
တောင့်ဖြစ်ခဲအလာဂျီတမျိုးရှိပါတယ်တဲ့ခင်ဗျာ။အဲဒါကတော့ယောက်ျားသုက်ရည်နဲ့မတဲ့
သောအလာဂျီတစ်မျိုးဖြစ်ပါတယ်။ဖြစ်လေ့ဖြစ်ထရှိသောလက္ခဏာများကတော့လိင်အင်္ဂါ
တဝိုက်မှာယားရံပူလောင်ခြင်း၊ရောင်ရမ်းခြင်းများအပြင်၊အခြားသောခန္တာကိုယ်အစိတ်အ
ပိုင်းများမှာပါအလားတူလက္ခဏာများပေါ်လာတတ်ပါတယ်။နောက်ဆုံးအခြေအနေကတော့
အသက်ရှူရခက်ခဲလာခြင်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့လက္ခဏာများဟာလိင်ဆက်ဆံအပြီးမိနစ်၃၀ခန့်အကြာမှာပေါ်လာလေ့
ရှိပါတယ်။ဒါပေမယ့်အချို့အမျိုးသမီးများကတော့နာရီအတော်ကြာ၊ရက်အတော်ကြာမှသာ
ပေါ်လာလေ့ရှိပါတယ်။နောက်ပြီးထပ်မံစမ်းသပ်လေ့လာမှုများအရအချို့အမျိုးသမီးများဟာ
ဆက်ဆံဘက်တစ်ဦးတစ်ယောက်နဲ့သာအလာဂျီဖြစ်တတ်ပြီးအချို့ကတော့ဆက်ဆံဖက်အ
မျိုးသားအားလုံးနီးပါးနဲ့အလာဂျီဖြစ်လေ့ရှိကြောင်းတွေ့ရပါတယ်။

ဒီအလာဂျီအမျိုးအစားဟာအမျိုးသားများရဲ့သုက်ရည်သက်သက်ကိုသာဓာတ်မတဲ့ခြင်းမ
ဟုတ်ပဲသုက်ရည်အတွင်းပါဝင်လာတဲ့ဓာဓုပစ္စည်းများနဲ့လည်းဓာတ်မတဲ့ခြင်းမျိုးများဖြစ်
လေ့ရှိပါတယ်။အဲဒီဓာဓုပစ္စည်းများကတော့ဆက်ဆံဖက်အမျိုးသားများရဲ့အစားအသောက်
နဲ့သုံးစွဲတဲ့ဆေးဝါးများအပေါ်မှာမူတည်ပါတယ်။

ဒီအလာဂျီအမျိုးအစားဖြစ်လေ့ရှိတဲ့အသက်အရွယ်ပိုင်းကတော့ဖြင့်အသက်၂၀မှ၃၀အတွင်း
ဖြစ်လေ့ရှိပြီး၄၁ရာခိုင်နှုန်းဟာပထမအကြိမ်လိင်ဆက်ဆံဖူးစဉ်မှာပဲကြုံတွေ့ခံစားဖူးတယ်လို့
စစ်တမ်းများအရသိရပါတယ်။အခြားသောဆက်စပ်မှုတခုကတော့ထက်ဝက်ကျော်သောဝေ
ဒနာရှင်များမှာအခြားသောအလာဂျီဓာတ်မတဲ့မှုများပါရှိနေခြင်းဖြစ်ပါတယ်။အကယ်၍ကုသ
မှုမခံယူဘူးဆိုရင်တော့ဖြင့်လက္ခဏာတွေဟာဖြည်းဖြည်းခြင်းဆိုးဝါးပြင်းထန်လာတတ်ပါတယ်။

ကုသဖို့အတွက်ဆိုရင်ဖြင့်ဝေဒနာရှင်အမျိုးသမီးရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုဖြည်းဖြည်းချင်းအမျိုး
သားရဲ့သုက်ရည်နဲ့ယဉ်ပါးပြီးခံနိုင်ရည်ရှိလာစေရန်လေ့ကျင့်ပေးရခြင်းပဲဖြစ်ပါတယ်။ပထမကုထုံး
ကတော့အမျိုးသမီးရဲ့လိင်အင်္ဂါအတွင်းကိုအာနိလျှော့ချထားတဲ့သုက်ရည်များမိနစ်၂၀ကိုတစ်ကြိမ်
ကျသွင်းပေးခြင်းဖြစ်ပြီးရက်သတ္တပတ်အနည်းငယ်ကြာပါလိမ့်မယ်။ကုသချိန်အတွင်း၂နာရီတကြိမ်
ကျလည်းသုက်ရည်ရဲ့အာနိသင်ကိုဖြည်းဖြည်းခြင်းမြှင့်တင်ပေးရပါသေးတယ်။နောက်တနည်းက
တော့သုက်ရည်အနည်းငယ်ပါဝင်တဲ့တန်ပြန်အလာဂျီထိုးဆေးကိုရက်သတ္တပတ်အတန်ငယ်ကြာ
ထိုးပေးရခြင်းပဲဖြစ်ပါတယ်။

ရေးအကြီးဆုံးအချက်တော့ကုထုံကာလအတွင်းတပတ်ကို၂ကြိမ်၃ကြိမ်ခန့်လိင်ဆက်ဆံပေးဖို့
လိုအပ်ခြင်းဖြစ်ပါတယ်။ဒီဓာတ်မတဲ့ခြင်းဖြစ်စဉ်ကြီးတခုလုံးရဲ့တရားခံကတော့အမျိုးသားတို့သုက်
တွင်းပါပရိုတင်းတစ်မျိုးဖြစ်ပြီးProstateအကျိတ်မှလာတယ်လို့ဆရာဝန်များကဆိုပါတယ်။

ကဲ..ထို့ကြောင့်ပေါ့လေဒီစာကိုဖတ်မိကြတဲ့မမများ၊ကိုယ်တိုင်ခံစားရရင်သော်လည်ကောင်း
ဒါမှမဟုတ်အသိမိတ်ဆွေများမှာရှိနေရင်သော်လည်းကောင်းပြောပြပြီးရှက်ရွံမနေပဲအမြန်ဆုံး
ကုသသင့်ပါတယ်။ဒါမှလည်းလူဘဝပေးတာဝန်ကြီးကိုစိတ်ချမ်းချမ်းသာသာနဲ့ထမ်းရွက်နိုင်မှာ
ပေါ့ဗျား။

Ref:lifescience

Tags:

2 comments:

Anonymous

1:14 AM

ဘိုးတော်ကြီးကတော့ ကုသတဲ့နေရာမှာ Volunteer လုပ်ချင်နေပြီနဲ့တူရဲ့...ရောဂါမပျောက်မခြင်းပေါ့...
အဟိ...တတ်လည်းတတ်နိုင်တဲ့ဘိုးတော်ဘဲ...
ရောဂါရှိမရှိဘဲ...ပုံမှန်စမ်းသပ်ရတော့မလို...
မြန်မြန်ကုဘို့တောင် စည်းရုံးလိုက်သေး...
..
ခွိ..ခွိ..စတာနော်..စိတ်ဆိုးပါနဲ့...

boedawgyi

2:52 PM

ကျနော်ဒီနေ့မနက်ပဲကုသရေးဌာနမှာVolunteerစာရင်း
သွင်းလိုက်တယ် ဟဲဟဲ