ပန်ဒါအပြာကား



ထိုင်းနိုင်ငံချင်းမိုင်မြို့ရဲ့တိရစ္ဆာန်ရုံအတွင်းမှာဖြစ်ပါတယ်။တရုတ်ပြည်မှ၁၀စာချုပ်နဲ့ငှားရမ်းလာခဲ့သော
Chuang-Chuangနဲ့Lin-Huiအမည်ရှိပန်ဒါမောင်နှံနှစ်ဦးဟာတိရစ္ဆာန်ရုံတာဝန်ရှိသူတွေကိုခေါင်း
စားနေတာအတော်ကြာပြီလို့ဆိုပါတယ်။

ပြဿနာပေါ့သေးသေးတော့မဟုတ်ဘူးဗျ။တရုတ်ပြည်ကငှားလာတယ်ဆိုတာကလည်းထိုင်းမှာပြန်ပြီး
မျိုးဆက်ပြန့်ပွားနိုင်ဖို့ရည်ရွယ်ထားတာပါ။ယခုတော့ရောက်လာတာလည်း၎နှစ်ရှိပြီ။အထီးChuang
Chaungကလည်း၆နှစ်၊အမလေးLin-Huiကလည်း၅နှစ်၊တရုတ်ရိုးရာအတိုင်းလည်းလက်ထပ်ထိမ်း
မြားပေးခဲ့ပြီးပြီ။

အဲဒီမှာတင်ပြဿနာကြီးက..သူတို့နှစ်ဦးလုံးဘယ်လိုမိတ်လိုက်ရမှန်းမသိဖြစ်နေတာပဲဖြစ်ပါတယ်။ဒီနှစ်
အစောပိုင်းကတည်းကသူတို့နှစ်ဦးကိုမိတ်လိုက်ခိုင်းရာမှာဘယ်လိုမှမအောင်မြင်ခဲ့ပါဘူး။ဒါပေမယ့်ဒီတစ်
ခါမှာတော့တိရစ္ဆာန်ရုံရှိသိပ္ပံပညာရှင်များကအလွန်မှထက်မြက်လှတဲ့အကြံအစည်တစ်မျိုးကိုစတင်အသုံးချ
ပါတော့တယ်။

အဲ့ဒါကတော့ပန်ဒါအပြာကားပဲဖြစ်ပါတယ်။အထီးဖြစ်သူChuang-Chuangကိုအင်မတန်အရသာရှိတဲ့ည
စာကျွေးအပြီးမှာအခြားသောပန်ဒါများရဲ့မိတ်လိုက်ပုံအမျိုးမျိုးကိုဗီဒီယိုပြပါတော့တယ်။ရည်ရွယ်ချက်ကတော့
ဒီကားတွေကြည့်အပြီးဒီငနဲကသားပန်ဒါသူ့သူငယ်ချင်းမလေးအပေါ်အချစ်စိတ်တွေနိုးကြားထကြွလာအောင်
ပေါ့လေ။

သူ့တို့ရဲ့ပန်ဒါမျိုးပွားမှုအောင်မြင်ရေးစစ်ဆင်ရေးကြီးအောင်မြင်မမြင်ဆိုတာတော့စောင့်ကြည့်ရပါဦးမယ်။ကျ
နော်လည်းဒီစာရေးရင်း..အော်ငါ့နှယ်.တိရစ္ဆာန်ချင်းအတူတူရှားပါးတိရစ္ဆာန်ဖြစ်ရတာ၊ကောင်းကောင်းနေ
ကောင်းကောင်းစားရတဲ့အပြင်ဟိုကားပါအလကားကြည့်ရသေးလို့တွေးမိပါသေးတယ်။အပြည့်အစုံကို
ဒီနေရာမှာဖတ်ရှုနိုင်ပါတယ်ခင်ဗျား။

Tags:

1 comments:

သက်စံ

1:32 AM

အေးကွာ…လူတွေက သည်းကိုသည်းလွန်းပါတယ်။ သူ့ဘာသူမျိုးပွားမှာပေါ့။ ထားပါ။ရှားပါးတိရစ္ဆာန်အရေးနဲ့ ပတ်သတ်လို့ လူတွေသည်းပုံပြောချင်လို့။ဒီလို….ဒီလို
ငါ့ဆရာတစ်ယောက်ပြောဖူးတယ်။
လင်းပိုင်တို့၊ ဝေလငါးတို့ ဆိုရင်တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ဖြစ်နေလိုက်ကြတာတဲ့
ငါးမန်းများဆိုရင်တော့ တွေ့တာနဲ့ အသေသတ်ဖို့ဘဲတဲ့။
အေးလေ…စပီးဘတ်ရိုက်တဲ့ဂျော ရုပ်ရှင်မှာ ငါးမန်းက လူဆိုးကြီးဖြစ်သွားတာကိုး
ငါးမျိုးနွယ်တူတာခြင်း ငါးမန်းဆိုရင်လူတွေက ရွံကြောက်ကြီးနော်….သတ်မယ်ဆိုတာချည်းဘဲ။
ငါးမန်းတောင်ဟင်းချိုက လည်းသိပ်ကောင်းသကွ။
ထုံးစံအတိုင်း…ရေးတဲ့လူကတခြား၊ မှတ်ချက်ရေးတာတခြားဖြစ်ပြန်ပြီ။ ဟဲ ဟဲ