ဘ၀ဆိုတာ

ပထမဦးဆုံးတစ်နေ့တွင် ဖန်ဆင်းရှင် သည် ခွေးတစ်ကောင်ကိုဖန်တီး၍ ဤသို့ပြောလေ၏။
ဖန်ဆင်းရှင်- အသင်ခွေးသား သင်၏အိမ်သို့လာသည့်မည်သူမဆိုအား ဟောင်ပါလေ။ အဲဒီအတွက် သင့်ကို ငါ နှစ်၂၀တိတိ အသက်ရှင်သန်ခွင့်ပေးမည်။
ခွေး - နှစ်၂၀တိုင်တိုင် ဟောင်ရမည်မှာ မများလွန်းဘူးလား အရှင်။ ၁၀နှစ်လောက်ဆိုရင်မကောင်းဘူးလား။ ကျန်တဲ့ ၁၀နှစ်ကို အရှင့်ကို ပြန်ပေးပါမည်။ မလိုချင်တော့ပါ။

ဒုတိယတစ်နေ့တွင် ဖန်ဆင်းရှင် သည် မျောက်တစ်ကောင်အားဖန်ဆင်း၍ ဤသို့ပြောပြန်လေသည်။
ဖန်ဆင်းရှင်- လူများကိုဖျော်ဖြေပါ။ အကွက်ဆန်းများနှင့်အသုံးတော်ခံပြီး ရယ်အောင်လုပ်ပါ။ သင့်ကို ရှင်သန်ခွင့် နှစ်၂၀တိတိ ငါ ပေးမည်။
မျောက် - နှစ် ၂၀ တိုင်တိုင် အသုံးတော်ခံရမှာ မများလွန်းဘူးလားအရှင်။ ခွေးအတိုင်းဘဲ ၁၀ နှစ် အရှင့်အား ပြန်ပေးပါမည်။
ဖန်ဆင်းရှင်- ကောင်းပါပြီ။ ငါသဘောတူတယ်။

တတိယတစ်နေ့တွင် ဖန်ဆင်းရှင်သည် နွားတစ်ကောင် အားဖန်ဆင်း၍ ဤသို့ပြောပြန်လေသည်။
ဖန်ဆင်းရှင်- လယ်ထဲဆင်းပါ။ ပူကျစ်သောနေရောင်အောက်မှာ ထွန်ယက်ခြင်းအမှုကိုပြု၍၎င်း သင်၏ နို့ကို ပေး၍၎င်း လယ်သမားမိသားစုများအား အလုပ်အကျွေးပြုပါလေ။ သင့်ကို အနှစ် ၆၀ ပေးပါမည်။
နွား - ဒီလောက်ကြမ်းတမ်းတဲ့ဘ၀မှာ နေထိုင်ဖို့ နှစ်၆၀ကြီးများတောင် မလွန်လွန်းဘူးလား အရှင်ရယ်။ နှစ် ၂၀ ဘဲပေးပါ။ ကျန်တဲ့ နှစ်၄၀ အားအရှင့်အားပြန်ပေးပါမည်။

နောက်ဆုံးနေ့တွင် တော့ ဖန်ဆင်းရှင်သည် လူ အားဖန်ဆင်း၍
“စားပါ။ အိပ်ပါ။ ကစားပါ။ အိမ်ထောင်ပြုပါ။ ဘ၀ကိုပျော်အောင်နေပါ။ ဒီအတွက် နှစ် ၂၀ သင့်အားငါပေးမည်။ ” ဟူ၍ ပြောသောအခါ
လူသည် “နှစ်၂၀ဘဲလားအရှင်။ ကျွန်ုပ်နေသင့်တဲ့ နှစ်၂၀အပြင် နွားက သင့်အားပြန်ပေးသောနှစ် ၄၀ ရယ်၊ မျောက် နဲ့ ခွေး သင့်အားပြန်ပေးသော ၁၀နှစ် ဆီ ကို အပိုဆောင်းမပေးချင်ဘူးလား အရှင်။ အားလုံးပေါင်း ရှင်သန်ခွင့် နှစ်၈၀ပေါ့ အရှင်ရယ်” လို့ ပြန်မေးသတဲ့။
ဖန်ဆင်းရှင်လဲ ကောင်းပြီလေ။ သင်ပြောတဲ့အတိုင်းဖြေစေရမယ်လို့ ပြန်ဖြေသတဲ့။

ဒီလိုနဲ့ ဘဲ လူဟာ ပထမ နှစ်၂၀ မှာ စားလိုက် အိပ်လိုက် သွားလိုက် နဲ့ သူ့ဘ၀ကို ပျော်ပါးပြီးတော့ နောက်ထပ် နှစ်လေးဆယ်မှာတော့ နွားလိုဘဲ သူ့မိသားစု အတွက် ကျွန်ခံရတယ်တဲ့။ နောက် ၁၀နှစ် မှာတော့ သူ့သားမြေးတွေအတွက် မျောက်လိုဘဲ အသုံးတော်ခံဖြေဖြော်ရတယ်။ နောက်ဆုံး သူ့သက်တမ်း ၁၀နှစ်အကြာမှာတော့ အိမ်ရှေ့မှာထိုင်ပြီး မြင်သမျှ လူတိုင်းကို မြည်တွန်တောက်တီးနေရရှာသတဲ့လေ။

အင်တာနက်ဟာသ ကိုဆီလျော်သလိုဘာသာပြန်ပါသည်။ ရိုင်းစိုင်းမှုရှိက ခွင့်လွှတ်ကျပါ။ အဖိုးအဖွားများကိုစော်ကားလိုစိတ်မရှိပါ။

0 comments: