Mp3 Player၁၀နှစ်ပြည့်ပြီ


ကမ္ဘာ့ပထမဆုံးMp3ဖွင့်စက်Mpman-F10

ကလေးနှင့်လူငယ်များသာကမယခုအခါလူကြီးများပါတွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီဖြစ်သောMp3ဖွင့်စက်ကလေးများ၏သက်
တမ်းသည်Marchလတွင်၁၀နှစ်ပြည့်သွားပြီဟုဆိုသည်။ကမ္ဘာ့ပထမဆုံးသောဈေးကွက်ဝင်Mp3ဖွင့်စက်မှာကိုးရီးယားနိုင်ငံ၊Saehan
Information-Systemsမှထုတ်လုပ်သောMPMan-F10ဖြစ်ပြီး၁၉၉၈ခုနှစ်မတ်လတွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ထို့နောက်ဂျာမဏီ
နိုင်ငံHannoverမြို့ရှိCeBITပြပွဲတွင်ပထမဆုံးပြသခဲ့ပြီးမှဈေးကွက်အတွင်းအလုံးအရင်းနှင့်စတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။

F10တွင်32mb-Flashမန်မိုရီပါဝင်ပြီးကွန်ပျူတာနှင့်ချိတ်ဆက်ရန်ယနေ့ခေတ်ကဲ့သို့USB-PortအားမသုံးပဲParallel-Portအားအ
သုံးပြုထားသည်။ထို့အပြင်သေးငယ်သောLCD-Displayတစ်ခုပါဝင်ကာအရွယ်အစားမှာ91x70x165.5mmရှိသည်။အမေရိကန်
နိုင်ငံတွင်ဒေါ်လာ၂၅၀နှင့်စတင်ရောင်းချခဲ့သော်လည်းDiamond-Multimediaမှထုတ်လုပ်သည့်Rio-PMP300ဝင်ရောက်လာသည့် နောက်ပိုင်းဒေါ်လာ၂၀၀ခန့်သို့ကျဆင်းသွားသည်ဟုဆိုသည်။

Diamond-Multimedia၏Rio-PMP300မှာပိုမိုအောင်မြင်၍ရေပန်းစားခဲ့ပြီးMp3.comနှင့်ပူးပေါင်းကာအင်တာနက်ပေါ်တွင်သီ
ချင်းများရောင်းချနေခဲ့သေးသည်။သို့သော်များမကြာမီအမေရိကန်တေးသံသွင်းလုပ်ငန်းများRIAAအဖွဲ့မှဥပေဒချိုးဖေါက်သည်
ဟုဆိုကာတရားစွဲဆိုပြီးMP3ဖွင့်စက်များရောင်းချမှုကိုပိတ်ပင်ရန်ကြိုးစားခဲ့သည်။လအတန်ကြာတရားရင်ဆိုင်ခဲ့ကြပြီးတရား
ရုံးမှ"Mp3ဖွင့်စက်သည်အသံဖမ်းစက်အဟုတ်သည့်အပြင်၊အသုံးပြုသူများ၏တရားမဝင်Mp3များနှင့်လည်းမသက်ဆိုင်ဟု"ဆုံး
ဖြတ်ချက်ချခဲ့သည်။

၂၀၀၃ခုနှစ်အရောက်တွင်AppleမှIpodအားWindowsအသုံးပြုသူများပါအသုံးပြုနိုင်ရန်ဖန်တီးပေးလိုက်ခြင်းဖြင့်၊ရှေးဦးကုမ္ပဏီ
များအားကျော်လွှားပြီးဈေးကွက်အားချုပ်ကိုင်လိုက်နိုင်သည်။

0 comments: