Showing posts with label annoucement. Show all posts
Showing posts with label annoucement. Show all posts

Time to say goodbye

Farewell my friends. It was fun blogging for almost 2 years in Boesein, but I have decided to shut down this project since Janauary for several reasons.Firstly, I don't have enough time to read and translate all those stuffs which I literally enjoy doing; and secondly, I have alot of personal issuies to be taken care of. Me and my partner, Seinmyoutmyout, couldn't have done 502 posts of nonesense without your very kind encouragments. Thanks zillions for visiting - intentionally or unintentionally, commenting, linking, clicking or..whatever you do here. I am going to delete everything when the domain registeration expires.

Read More...

ရောသမမွှေကြေငြာချက်

တင်္နလာနေ့မှာကျောင်းပြန်ဖွင့်တယ်ဗျာ။ကျနော်မအားပြန်တော့ဘူး။ဘလော့ကအရင်လိုပြန်သေမဲ့ပုံစံမျိုးဖြစ်နေတယ်။ကျနော်
ကျောင်းပိတ်တုန်းကလိုမျိုးတော့မရေးနိုင်တော့တာသေချာပါတယ်။စိန်မျောက်မျောက်လည်းအလုပ်မအားတော့သေချာမ
ရေးနိုင်ဘူးဗျ။အရင်လိုခက်ရှည်ရှည်တွေမရေးနိုင်တော့ပေမဲ့သတင်းအတိုအထွာလေးတွေတော့အတတ်နိုင်ဆုံးတင်ဖြစ်အောင်
ကြိုးစားနေပါတယ်။နောက်တစ်ပတ်တင်္နလာနေ့Labour-dayကျောင်းပိတ်ရက်လည်းဖြစ်၊အလုပ်လည်းမသွားရတဲ့နေ့မှာတော့
ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း၅လည်းဖြစ်နောက်ဆုံးအပိုင်းလည်းဖြစ်တဲ့Postကိုတင်ဖြစ်မှာပါ။

ဒါနဲ့ဗျာဒီဘလော့လေးလုပ်လာတာ၂၅ရက်နေ့ကပဲတစ်နှစ်ပြည့်သွားပြီဗျ။ညီလင်းဆက်ဘလော့ကိုမတော်တဆရောက်သွားရင်း
နဲ့၊အော်မြန်မာလိုလည်းဘလော့လို့ရသကိုးဆိုပြီးစခဲ့တာပါ။အစပိုင်းကတော့ဆော့ဝဲလေးတွေ၊ဂိမ်းလေးတွေ၊မျှဝေရင်းနောက်ပိုင်း
စိန်မျောက်မျောက်ပါပါလာတော့၊တောင်ရောက်မြောက်ရောက်လေးတွေရေးရအောင်စိတ်ကူးနဲ့စာတွေစရေးဖြစ်ပါတယ်။မြန်မာ
ပြည်မှာတုန်းကကျနော်သတင်းသိပ်ငတ်ခဲ့သူပေါ့။နိုင်ငံခြားရောက်တော့အလေ့အကျင့်ပါတစ်မျိုးပြောင်းသွားတယ်။မနက်အိပ်ရာ
နိုးရင်အိမ်သာမဝင်ဘူး၊ကော်ဖီမသောက်မနက်စာမစားခင်ကွန်ပျူတာကောက်ဖွင့်လိုက်ရမှ။အီးမေးချက်ပြီးရင်ဖတ်နေကြသတင်း
နဲ့ဘလော့တွေကောက်ချက်ပြီးမှကျန်တာဆက်လုပ်တယ်။ဖတ်ဖြစ်သမျှလေးတွေကိုဒီမှာပြန်ဝေမျှတဲ့သဘောပါ။

ကျနော်တို့ဘလော့သေနေတဲ့အချိန်မှာရော၊လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အချိန်မှာရောလာရောက်လည်ပတ်ရင်းသီးခံဖတ်ပေးကြတဲ့
ဘလော့အသိုင်းအဝိုင်းလေးမှဘော်ဒါများ၊စီဗုံးမှာလာအော်ရင်းအားပေးကြသူများအားလုံးကိုလုံးဝလုံးဝကျေးဇူးတင်ပါတယ်ဗျာ။

ကြုံတုန်းလေးဗျာ၊ဘိုးစိန်လို့နာမည်ပြောင်းပြီးကတဲကအရင်ဘလော့စပေါ့ကပေးတဲ့http://www.bowdawgyi.blogspot.comတင်
မကwww.boesein.co.nrဆိုတဲ့ဖရီးဒိုမိန်းလေးလုပ်ထားပါတယ်။အခုစမ်းကြည့်တဲ့သဘောနဲ့http://www.boesein.com
ဆိုတာလေးပါလုပ်ထားပါသေးတယ်။Yahooကနေတစ်နှစ်စာကို1.99$ပေးပြီးဝယ်ထားတာပါ။ပထမတစ်နှစ်ကိုဒီနှုန်းနဲ့ပေးပေမဲ့တစ်
နှစ်ကျော်ပြီးဆက်ယူမယ်ဆိုရင်တော့၁၀လောက်ပေးရပါတယ်။ကိုယ်ပိုင်ဆိုဒ်နာမည်လေးလိုချင်သူတွေအတွက်တော့မဆိုးဘူးခင်ဗျ။

Read More...

ခေတ်မှီသူတိုင်းဖါးယားဖေါက်နှင့်ဘလော့ဖတ်သည်


ခေတ်မှီသူတိုင်းဖါးယားဖေါက်နှင့်ဘလော့ဖတ်သည်.....
ခေတ်မှီသူတိုင်းဖါးယားဖေါက်နှင့်ဘလော့ဖတ်သည်......
ခေတ်မှီသူတိုင်းဖါးယားဖေါက်နှင့်ဘလော့ဖတ်သည်......

အကယ်၍သင်ဟာခုချိန်မှာဘလော့တွေကိုမီးလျံမြေခွေးမဟုတ်တဲ့အခြားသောဘရောင်ဇာတွေနဲ့ဖတ်နေသေးတယ်ဆိုရင်ဗျာ၊
၂၁ရာစုမှာရောင်လည်လည်ဖြစ်နေတဲ့ခေတ်ဟောင်းကလူသားတစ်ယောက်အဖြစ်သတ်မှတ်ခံရလိမ့်မယ်ဗျာ။ဟ..ဘာလို့လဲ၊
ဘယ်သူကပြောလည်း..ဟုတ်စ။ဟဲဟဲ.ဒေါသတွေအတောင့်လိုက်ထွက်တော်မူမသွားပါနဲ့ဦးခင်ဗျ။ကျနော်ကနောက်တာပါ။
အကြောင်းရင်းကဒီလိုပါခင်ဗျ။အသုံးပြုလာတာတော်ကြာနေတဲ့ဒီတန်းပလိတ်လေးကိုဒီနေ့ကြမှပဲIEတွေSafariတွေနဲ့ဝင်
ကြည့်မိလို့ပါ။Scriptအယ်ရာဆိုတာကြီးတွေတက်နေလို့ဗျ။ကျနော့်ဆိုက်ဘားလေးဆိုတာတလွဲတစ်ချော်ကိုဖြစ်လို့။ပေါ်ချင်
တာပေါ်ပျောက်ချင်တာပျောက်။အဆိုးဆုံးကတော့စီပုံးလေးလုံးဝဥသုံပျောက်နေတာပါပဲ။လက်ကလိပြီးထည့်ထားတဲ့ကြော်ငြာ
တွေWidgetတွေလည်းကောင်းကောင်းအလုပ်မလုပ်ဖူးခင်ဗျ။မီးလျံမြေခွေးဖန်တီးရှင်တို့ဦနောက်တွေဘယ်နပေါင်ပိုလေးလဲ
တော့မသိ၊အဲဒီErrorတွေကမီးလျံမြေခွေးပေါ်ကျတော့တစက်ကလေးမှကိုမပေါ်ပါခင်ဗျာ။ကျနော်လည်းတတ်သလောက်မှတ်
သလောက်ကလေး(တကယ်တော့ဘာမှမတတ်ပါ)နဲ့တစ်နာရီကျော်လောက်အယ်ရာတွေပြင်ကြည့်ပါသေး။သို့သော်.....
သို့သော်ပေါ့လေ။ဇက်ကြောတွေတက်ပြီးညနေစောင်းရပ်ကွက်ထဲပတ်ပြေးမဲ့အစီအစဉ်ပါဖျက်လိုက်ရတယ်။ကိုယ့်ဟာကိုသောက်
ပျင်းကြီးတာများလို့တော့မပြောပါနဲ့ခင်ဗျ၊မှန်နေလို့ပါ။

ဟုတ်ကဲ့အထက်ပါအကြောင်းကြောင်းတွေကြောင့်ပေါ့ခင်ဗျာ။အိုင်အီးကြီးကတခါတည်းပြီးတယ်ဆိုသူများ၊အော်ပရာကိုဘော်ဒါ
လုပ်ထားသူများ၊ဆဖါရီးကိုတအားကြီးချစ်နေသူများအားလုံးကျနော့်ဘလေ့ကလေးကိုအလည်လာရင်၊ကျနော်တင်ပြထားသော
ပုံစံလေးအတိုင်းမြင်ရအောင်မီးလျံမြေခွေးအားစီးနင်း၍လာတော်မူကြပါခင်ဗျား။

Read More...

ခဏတာအသက်ပြန်ရှုခြင်း


ကြာသပတေးညကစပြီးနောက်ဆုံးစာမေးပွဲတစ်ခုပြီးသွားတယ်ပေါ့ဗျာ။၆လ၇လလောက်လုံးဝနီးပါးပြတ်တောက်နေခဲ့တဲ့
ဘလော့လေးပေါ်ပြန်ရောက်ဖြစ်ခဲ့တယ်။မရေးနိုင်တဲ့အပြင်တခြားဘလော့တွေပါဟုတ်တိပတ်တိကိုမဖတ်ဖြစ်ခဲ့တာ။ခုသေ
ချာကြည့်လိုက်တော့အားလားလား၊နည်းနည်းနောနောဘလော့တွေမဟုတ်ပါလား။ကောင်းတယ်ဗျာ။ကောင်းတယ်။တစ်
ချို့ဆိုအရေးအသားကောင်းသလိုရေးအားပါရှိကြတာ။သိပ်အားကျမိတယ်။အားလုံးစုံအောင်ဖတ်မိဖို့တစ်ပတ်လောက်တောင်
အချိန်ယူရမဲ့ပုံပဲဗျာ။၂ပတ်လောက်ရတဲ့ကျောင်းပိတ်ရက်လေးမှာတော့အရင်လိုစုံစီနဖါအသေးအမွှားလေးတွေတင်ဖြစ်မယ်
ထင်ပါတယ်။အဲဒါလေးတွေကပေါ့ပေါ့ပါးပါးနဲ့ပျော်စရာကောင်းတာကိုး။ကျောင်းပြန်ဖွင့်ရင်တော့အရင်လိုပဲဆန့်ငင်ဆန့်ငင်
နဲ့အသက်ရှုပြန်ရပ်ဦးမှာပါ။တခြားသူတွေအတွက်တော့မသိဘူး၊တစ်ပတ်၅ရက်ကျောင်းတက်ပြီး၃ရက်အလုပ်လုပ်တဲ့အချိန်
ဇယားကကျနော့်အတွက်တော့တကယ့်ကိုစိန်ခေါ်နေတာပါပဲ။

Read More...