Showing posts with label korea. Show all posts
Showing posts with label korea. Show all posts

USB credit cardများKoreaတွင်စတင်အသုံးပြု


Shinhanကဒ်ဟုအမည်ပေးထားသောUSBအမျိုးအစားအကြွေးဝယ်ကဒ်များကိုကိုရီးယားတွင်လွန်ခဲ့သည့်ဒီဇင်ဘာ၂ရမှစတင်၍အ
သုံးပြုနေပြီဟုကိုရီးယားအခြေဆိုက်Electronic-Timesဝက်ဆိုဒ်၌ဖေါ်ပြထားသည်။USBအမျိုးအစားသစ်၏ထူးခြားမှုမှာICချစ်ပြား
ငယ်တစ်ခုပါရှိပြီးအများသုံးအင်တာနက်ရှိသည့်နေရာများတွင်credit-paymentပေးဆောင်နိုင်သည့်ပရိုဂမ်တစ်ခုပါပါရှိသည်။

အွန်လိုင်းဝယ်ယူမှုများအတွက်ရှေးရိုးကဒ်များလိုနံပတ်များ၊လုံခြုံရေးကုဒ်များရိုက်ထည့်စရာမလိုတော့ဘဲUSBကဒ်အားကွန်ပျူတာ
သို့ထိုးသွင်းလိုက်ရုံဖြင့်ပြီးမြောက်စေမည်ဟုဆိုထားသည်။သာမာန်အရောင်းဆိုင်များတွင်ဝယ်ယူသည့်အခါတွင်လည်းUSBကဒ်အား
ထုတ်စရာပင်မလိုဆိုင်ရှိICကဒ်Readerမှလှမ်း၍scanလိုက်ခြင်းဖြင့်အရောင်းအဝယ်ပြီးမြောက်စေမည်။သိုရာတွင်အခြားသောဒေ
တာများအားUSBတွင်သိမ်းဆည်း၍တော့မရနိုင်ဟုဆိုထားသည်။

ကုမ္ပဏီ၏အဆိုအရာကွန်ပျူတာအင်တာနက်မှတဆင့်ဝယ်ယူခြင်း၊ပေးချေခြင်းများနှင့်ပိုမိုရင်းနှီးကျွမ်းဝင်သောလူငယ်မျိုးဆက်သာ
USBအမျိုးအစားအားပိုမိုနှစ်သက်ကြလိမ့်မည်ဟုခန့်မှန်းထားသည်။

Read More...

လက်ပါ..ပါရတဲ့ကိုရီးယားနိုင်ငံရေး



ဟုတ်ပါသည်..ဒီဇင်ဘာ၁၄မှာတော့လက်ပါပါသွားကြခြင်းဖြစ်သည်။အခင်းဖြစ်ပွါးရာနေရာမှာတောင်ကိုရီးယားပါလီမန်၏National
Assemblyတွင်ဖြစ်သည်။အော်ဟစ်ဆဲဆို၊ထိုးကြိတ်ရိုက်နှက်၊ခြင်းတို့မိနစ်အတော်ကြာအောင်ဖြစ်ပွါးနေခဲ့ပြီးနောက်ဆုံးတွင်ပါလီ
မန်အမတ်တစ်ဦးသတိလစ်လဲကြသွားကာထမ်းစင်နှင့်ထုတ်သွားရသည့်အချိန်မှရပ်သွားကြသည်ဟုဆိုသည်။ဤဖြစ်ရပ်သည်မ
နက်ဖြန်၁၉ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲအားတစ်နည်းမဟုတ်တစ်နည်းထိခိုက်လိမ့်မည်ဟုလည်းသုံးသပ်နေကြ၏။သာ
မာကိုးရီးယားပြည်သူတစ်ဦးအတွက်တော့အင်မတန်ရှက်စရာကောင်းချင်ကောင်းနေလိမ့်မည်။တစ်ကမ္ဘာလုံးကကြည့်ပြီးအကဲ
ဖြတ်နေကြသည်ကိုး။အချို့ကလည်းဒါလားကွမင်းတို့ဒီမိုကရေစီဆိုတာဟုအားရဝမ်းသာထောက်ပြနိုင်သည်။သို့သော်ပါလီမန်မ
ရှိ၊ပြန်လှန်ငြင်းခုန်မည့်သူမထား၊လမ်းမပေါ်တွင့်တစ်ဖက်သက်ပစ်ခတ်ရိုက်နှက်ခြင်းဖြင့်သာဖြေရှင်းတတ်သည့်နိုင်ငံတွင်တော့
ရှက်တတ်လာလျှင်ပင်အဆင့်တစ်ဆင့်မြင့်လာသည်ဟုယူဆရမလို....။



Click here to watch the other videos at youtube

Read More...