Shinhanကဒ်ဟုအမည်ပေးထားသောUSBအမျိုးအစားအကြွေးဝယ်ကဒ်များကိုကိုရီးယားတွင်လွန်ခဲ့သည့်ဒီဇင်ဘာ၂ရမှစတင်၍အ
သုံးပြုနေပြီဟုကိုရီးယားအခြေဆိုက်Electronic-Timesဝက်ဆိုဒ်၌ဖေါ်ပြထားသည်။USBအမျိုးအစားသစ်၏ထူးခြားမှုမှာICချစ်ပြား
ငယ်တစ်ခုပါရှိပြီးအများသုံးအင်တာနက်ရှိသည့်နေရာများတွင်credit-paymentပေးဆောင်နိုင်သည့်ပရိုဂမ်တစ်ခုပါပါရှိသည်။
အွန်လိုင်းဝယ်ယူမှုများအတွက်ရှေးရိုးကဒ်များလိုနံပတ်များ၊လုံခြုံရေးကုဒ်များရိုက်ထည့်စရာမလိုတော့ဘဲUSBကဒ်အားကွန်ပျူတာ
သို့ထိုးသွင်းလိုက်ရုံဖြင့်ပြီးမြောက်စေမည်ဟုဆိုထားသည်။သာမာန်အရောင်းဆိုင်များတွင်ဝယ်ယူသည့်အခါတွင်လည်းUSBကဒ်အား
ထုတ်စရာပင်မလိုဆိုင်ရှိICကဒ်Readerမှလှမ်း၍scanလိုက်ခြင်းဖြင့်အရောင်းအဝယ်ပြီးမြောက်စေမည်။သိုရာတွင်အခြားသောဒေ
တာများအားUSBတွင်သိမ်းဆည်း၍တော့မရနိုင်ဟုဆိုထားသည်။
ကုမ္ပဏီ၏အဆိုအရာကွန်ပျူတာအင်တာနက်မှတဆင့်ဝယ်ယူခြင်း၊ပေးချေခြင်းများနှင့်ပိုမိုရင်းနှီးကျွမ်းဝင်သောလူငယ်မျိုးဆက်သာ
USBအမျိုးအစားအားပိုမိုနှစ်သက်ကြလိမ့်မည်ဟုခန့်မှန်းထားသည်။
0 comments:
Post a Comment