Showing posts with label culture. Show all posts
Showing posts with label culture. Show all posts

ငါးအားဆာကေးတိုက်၍ယတြာချေသောဂျပန်တို့ရိုးရာပွဲ


ဂျပန်လူမျိုးများ၏ကြံကြံဖန်ဖန်ရိုးရာအစဉ်အလာများနှင့်ထူးဆန်းသောPop-cultureများအားဤဘလော့တွင်အလျှင်းသင့်လျှင်သင့်
သလိုတင်ပြလာခဲ့သည်မှာအချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ယခုတစ်ကြိမ်တွင်လည်းထူးထူးခြားခြားရိုးရာပွဲတစ်ခုဖြစ်သည့်ငါးများကို
ဆာကေးတိုက်၍ယတြာခြေခြင်းအခန်းအနားအားဇန်နဝါရီ၇ရက်နေ့ကကျင်းပသွားကြသည်။

ထိုရိုးရာအစဉ်အလာမှာEdoခေတ်(1603-1868)တွင်စတင်ပေါ်ပေါက်ခဲ့ပြီးမိမိ၏အနာဂတ်တွင်ကျရောက်လာမည့်ကံဆိုးမှုများကို
ငါးအားအစားကျခံစေသည့်သဘောဖြင့်ဆာကေးတိုက်ကာမြစ်ထဲသို့လွှတ်ကြခြင်းဖြစ်သည်။အခန်းအနားအားရှင်တိုဘုရားကျောင်း
မှစတင်ကာရိုးရာဝတ်စုံပြည့်ဝတ်ဆင်ထားသည့်အမျိုးသားနှင့်အမျိုးသမီးများကိုယ်တိုင်ငါးဖမ်း၍မြစ်တွင်းသို့မလွှတ်မှီပါးစပ်တွင်းသို့
ဆာကေးလောင်းထည့်ကြသည်။ယခုနှစ်တွင်အသက်၂၅မှ၄၂အရွယ်အမျိုးသားများနှင့်အသက်၁၉မှ၃၃နှစ်အရွယ်အမျိုးသမီးစုစုပေါင်း
၆၂ဦးပါဝင်ဆင်နွှဲကြပြီးဆုမွန်းကောင်းများတောင်းခဲ့ကြသည်ဟုဆိုသည်။ဆာကေးအတိုက်ခံရသောငါးများမှာအစပိုင်းတွင်ရေပေါ်သို့
ပေါလောပေါ်လာသော်လည်းအချိန်အနည်းငယ်အတွင်းအမူးပြေ၍ရေထဲသို့ကူးဝင်ပျောက်ကွယ်သွားကြသည်ဟုဂျပန်အခြေဆိုက်
Mainichiသတင်းတွင်ဖေါ်ပြထားသည်။

Read More...

ဂျပန်ရိုးရာဆူရှီစားနည်း

ဆူရှီဆိုသည်မှာ ဂျပန်တွင်သာမက ကမ္ဘာနဲ့တ၀ှမ်း လူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ သို့ပေမယ့် အမှန်တကယ် အစဉ်အလာဆူရီဆိုင်တွေမှာ စားပုံစားနည်းကို တော့ နိုင်ငံခြားသားတော်တော်များများ မသိနိုင်ကြပါဘူး။ ဒါ့အတွက်ကြောင့် လမန်ဇု လို့ခေါ်တဲ့ လုရွှင်တော်နှစ်ယောက်က ဂျပန်ရိုးရာဆူရှီစားနည်းကို ဟာသနှောပီးတင်ဆက်ထားပါတယ်။ အမှန်တ၀က် အညာတ၀က်မပျင်းအောင်ကြိုးစားထားပါတယ်။
စာလာရီမန်း(ခေါ်) လခစားတွေအရက်သောက်တဲ့အခါကျင့်သုံးတဲ့ အပြုအမူများ စားပြီးပိုက်ဆံရှင်းတဲ့အခါကျင့်သူံးတဲ့အပြုအမူများကတော့ မှန်ပါတယ်။ စိတ်ဝင်စားရင် အောက်မှာကြည့်နိုင်ပါတယ်။


Read More...

Wagahမြို့မှထူးဆန်းသော နယ်စပ်ပိတ်ပွဲ

Photo Sharing and Video Hosting at Photobucket

တစ်ဦးနှင့်တစ်ဦးရန်စကြသော်လည်း...

Wagahမြို့သည်အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံအကြားတရားဝင်ဖြတ်သန်းသွားလာနိုင်သည့်တစ်ခုတည်းသောနယ်စပ်မြို့လေးဖြစ်
သည်။ဗြိတိသျှအင်ပါရာအောက်မှအိန္ဒိယနိုင်ငံသစ်အဖြစ်မွေးဖွားလာသည့်အချိန်တွင်၊မူဆလင်အမျိုးသားများကဟိန္ဒူအများစုရှိ
သည့်အိန္ဒိယမှမူဆလင်နိုင်ငံသစ်တစ်ခုထူထောင်လိုကြသည်။အကြောင်းမှာလူနည်းစုမူဆလင်များအနှိမ်ခံရမည်စိုးသဖြင့်ဖြစ်သည်။
ထို့ကြောင့်ပင်ဗြိတိသျှတို့လက်အောက်မှတရားဝင်လွတ်လပ်ရေးရလုရခင်မှာပင်ပါကစ္စတန်နိုင်ငံအဖြစ်ခွဲထွက်ရန်စီမံပြီးဖြစ်နေကြ
သည်။လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းတွင်လည်းဟိန္ဒူနှင့်မူဆလင်ညီနောင်တို့သွေးချောင်စီးသတ်ပွဲများဖြစ်ပွါးခဲ့ဖူးသည်။ဤ
သို့ဖြင့်၁၉၄၇ခုနှစ်တွင်အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသစ်တို့ပေါ်ပေါက်လာခဲ့ကြပြီးယနေ့ထိစစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီးဖြစ်၏။

လွတ်လပ်ရေးရရှိခဲ့သည့်၁၉၄၇မှအစပြု၍ထိုတစ်ခုတည်းသောနယ်စပ်ဂိတ်မြို့လေးတွင်ထူးဆန်းသောဂိတ်ပိတ်ပွဲအခမ်းအနားအား
နေ့စဉ်နီးပါးမပျက်မကွက်ကျင်းပလာသည်မှနှစ်ပေါင်း၆၀ကျော်ခဲ့ပြီဖြစ်သည။်နေဝင်ချိန်ရောက်လာသည်နှင့်တစ်ပြိုင်နက်နှစ်ဖက်
နိုင်ငံမှခပ်ကြောင်ကြောင်ဦးထုတ်ဆောင်းထားသောစစ်သည်များသည်တစ်ဖက်နှင့်တစ်ဖက်ရန်စသောအပြုအမူများအားစစ်ချီ
ဟန်ပါပါပြုမူကြပြီး၊နှစ်နိုင်ငံအလံအားပြိုင်တူဖြေးဖြေးခြင်းချစေသည်။နှစ်ဖက်နိုင်ငံမှပရိတ်သတ်များသည်မျိုးချစ်စိတ်တက်ကြွဖွယ်
သီချင်းများအားဖွင့်ရင်းအလံများဝှေ့ရန်းကာအားပေးကြသည်။ဤအခန်းအနားသည်နောက်ဆုံးတွင်နှစ်ဖက်အရာရှိနှစ်ဦးလက်ဆွဲ
နှုတ်ခြင်းဖြင့်အဆုံးသတ်သည်။

Photo Sharing and Video Hosting at Photobucket

ဤကဲ့သို့လက်ဆွဲနှုတ်ဆက်၍ပွဲသိမ်းသည်။


အခန်းအနားအကျဉ်းချုပ်အားကြည့်ရန်


Read More...

မြောက်အမေရိက ဇနီးထမ်းပြေးပွဲ


၁၉ရာစုတွင်စတင်အခြေပြုသောဖင်လန်လူမျိုးတို့၏ရိုးရာပွဲတစ်ခုဖြစ်သည့်ဇနီးထမ်းပြေးပွဲအား၊မြောက်အမေရိကအဆင့်ပွဲအဖြစ်
နယူးအင်္ဂလန်ပြည်နယ်Sunday-River-Ski-Resortတွင်ကျင်းပခဲ့သည်။အစဉ်အလာအရဇနီးဖြစ်သူအားထမ်းရမည်ဖြစ်သော်လည်း
ယခုကာလတွင်မူအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်လျှင်ရသည်ဟုဆိုသည်။အမျိုးသမီးများကအမျိုးသားများကိုပါထမ်းပြေး
နိုင်သည်သို့သော်မည်သူကမှထိုနည်းလမ်းအားမရွေးချယ်သေးဟုသိရ၏။ထို့အပြင်ပြိုင်ပွဲဝင်များအားလုံးအသက်၂၁နှစ်အထက်ဖြစ် ရဦးမည်ဖြစ်သည်။ပြိုင်ပွဲမှာ၂၅၃.၃မီတာအရှည်အားကုန်းဆင်းကုန်းတက်များသာမကအတားအဆီး၊ရွှံရေအိုင်အစရှိသည့်အခက်အခဲ အချို့ကိုပါဖြတ်သန်းရသည်။ယခုနှစ်တွင်နယူးအင်္ဂလန်၊ကယ်လီဖိုးနီးယား၊နယူးယောက်၊ဗာဂျီးနီးယားအစရှိသည့်ပြည်နယ်များမှစုံ
တွဲပေါင်း၄၀ပါဝင်ခဲ့ကြသော်လည်း၃၄ဖွဲ့သာပန်းဝင်နိုင်ခဲ့သည်။

ပထမဆုအားဘော်စတွန်မှCondozaနှင့်Stonerအတွဲမှရရှိသွားပြီးဖင်လန်တွင်ကျင်းပမည့်ကမ္ဘာ့အဆင့်ပွဲအတွက်စရိတ်ငွေဒေါ်လာ
၁၀၀၀အပြင်၊ဆုကြေးငွေဒေါ်လာ၆၇၅(အမျိုးသမီးအလေးချိန်၏၅ဆ)၊အမျိုးသမီး၏အလေးချိန်နှင့်ညီမျှသောဘီယာတို့ပါရရှိသွား
သည်။Fahnestock-Silverbergအတွဲမှာမူဒုတိယငွေတိဆိပ်ဆုနှင့်အမျိုးသမီးအလေးချိန်ရှိသောဘီယာတို့နှင့်သာကျေနပ်လိုက်ရ
သည်။





Source: sunjournal

Read More...

ချိုင်းနားနှင့်ပဲရစ်မျှော်စင်


တရုတ်ပြည် Tianduchengဆိုတဲ့အရပ်မှာ နာမည်ကျော်အီဖဲလ်မျှော်စင်ပုံစံအတိုင်း မျှော်စင်တခုကို ငွေကုန်ကြေးကျခံပြီးဆောက်လုပ်ထားတယ်တဲ့။
အဲ့ဒီအဆောက်အဦးတ၀ိုက်မှာတော့ ပျမ်းမျှ့ လူ၂၀၀၀ကျော်လောက် နေထိုင်ကြတယ်လို့ဆိုပါတယ်။





source: reuters

Read More...

The Kanamara Matsuri (かなまら祭)


















more photos in flickr
လူမျိုးတစ်မျိုးတွင် ယဉ်ကျေးမှုဓလေ့ထုံးတန်း အစဉ်အလာပွဲတော်များ ရှိကြစမြဲဖြစ်ပါသည်။ ခေတ်သစ်အတွေးအခေါ်စံများနဲ့ မကိုက်ညီသော်လည်း ဘိုးဘွားဘီဘင်လက်ထပ်များကတည်းက လက်ခံကျင်းပခဲ့ကျသော ယဉ်ကျေးမှုအနှစ်သာ၇များမပျောက်ပျက် မတိမ်ကောသွားစေေ၇းအတွက် နှောင်းလူများက လက်ဆင့်ကမ်းပြီး ပွဲတော်များကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့၇ှိကြပါသည်။ ဥပမာဆိုသော် ကျွန်တော်တို့နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း တောင်ပြုံးနတ်ပွဲတော်ကို မည်မျှပင် စီးပွားေ၇းမကောင်းစေကာမူ ခြိမ့်ခြိမ့်သဲ ဆင်နွှဲခြင်ပင်ဖြစ်ပါသည်။

ဂျပန်လူမျိုးတို့တွင်လည်း နိုင်ငံခြားသားမျက်စိနှင့်ကြည့်သော် ထူးထွေဆန်းပြားသော ရိုး၇ာယဉ်ကျေးမှုပွဲတော်တခု၇ှိပါသည်။ ကနမာရ ပွဲတော်ဟုခေါ်တွင်ပါသည်။ ထိုပွဲတော်ကို အဲဒိုခေတ်Edo (1603-1867)မှစတင်ပြီး ကာဝါစာကီခရိုင်တွင် နှစ်စဉ်နှစ်တိုင်း ချယ်ရီပန်းများပွင့်ချိန် ဧပရယ်လ် လတွင်ကျင်းပလေ့ရှိသည်။ ကာဝါစာကီတွင်နေထိုင်ကြသော ပြည့်တန်ဆာများက မိမိတို့ခန္ဓာကိုယ်တွင်ရောဂါမဖြစ်ပွားရန် ယောကျာ်းတန်ဆာရုပ်တုကို ပွတ်သပ်ကိုင်တွယ်၍ ကိုးကွယ်ကြသည်ဟု ဖတ်ရပါသည်။ နောင်နှစ်ပေါင်းကြာမြင့်သောအခါတွင် စီးပွားရေး ပညာရေး ကျန်းမာရေးအဆင်ပြေခြင်းအလို့ငှာ ထိုယောကျာ်း တန်ဆာကို ထမ်းပိုးလှည့်လည်ချင်း ပွတ်သပ်ကိုင်တွယ်ဆုတောင်းခြင်းများ ပြုလုပ်ကြပါသည်။ယနေ့ခေတ်တွင်တော့ ပွဲလာပရိသတ်များမှာ ကာဝါဆာကီနယ်တ၀ိုက်မှ မဟုတ်တော့ဘဲ အတန်းအစားဆုံလင်လှပါသည်။ ကလေးလိုချင်သော အိမ်ထောင်သည်များ၊ ဂေးလ်များ၊ လက်စ်ဘီယန်များ၊ နိုင်ငံခြားသားများ အစရှိသဖြင့် အမျိုး မျိုးအထွေထွေ များပြားလှပါသည်။.တန်ဆာပုံ သကြားချောင်းများ လိင်ဆက်ဆံနေပုံ အရုပ်များ လိင်တန်ဖြင့်ဆော့ကစားခြင်းများမှာ ပွဲတော်၏ သင်္ကေတပင်ဖြစ်ပါသည်။
အဆိုပါပွဲတော်မှ ရရှိသောပိုက်ဆံများကို အေအိုင်ဒီအက်စ် သုတေသနရံပုန်ငွေအဖြစ်လှူဒါန်းကြသည်ဟို ဆိုပါသည်။

ပွဲတော်ကျင်းပနေစဉ်အတွင်း လိင်တန်ကို ပွတ်သပ်ကိုင်တွယ်နမ်းရှုပ်ခြင်းအား မည်သူမျှရှက်ဖွယ်ကောင်းသောအရာဟု မတွေးတောကြပါ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဟု သဘောပွေ့ကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ဆင်နွှဲကြပါသည်။ ကိုယ့်ယဉ်ကျေးမှုပေတံနှင့် နှိုင်းယှဉ်ပါက ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါလိမ့်မည်။ ကမ်ဘာအနှံ့အပြားတွင် အထွေထွေအထူးထူးသော ယဉ်ကျေးမှုများ ဓလေ့ထုံးတမ်းများ အများအပြားရှိပါသည်။ ထိုထိုသောယဉ်ကျေးမှုများကို မလိုက်နာမကျင့်သုံးနိုင်သည့်တိုင် လေးစားသမှု ပြုသင့်သည် ဟု ထိုပွဲတော်အကြောင်း ကြည့်ရှုလေ့လာ၍ ကျွန်တော်သဘောပေါက်မိပါတော့သည်။

youtube video 1

youtube video 2

via sushicam


Read More...

ကိုယ်လုံးတီးဆူရှိ(သို့)Nyotaimori


ဂျပန်လူမျိုးတို့ရဲ့အံမခမ်းယဉ်ကျေးမှုကောက်ကြောင်းတွေထဲမှာတော့Nyotaimoriအမည်ရှိတဲ့ဆူရှိပြင်ဆင်ပုံတစ်
မျိုးဟာအင်မတန်မှထူးဆန်းလှပါတယ်။Nyotaimoriကိုအနီးစပ်ဆုံးဘာသာပြန်မယ်ဆိုရင်တော့
nyo – woman
tai – body
mori – helping, plateful serving, arrangement
Nyotaimori – “Adorned body of woman” (rough translation)
လို့ဆိုပါတယ်။အရှင်းလင်းဆုံးမြန်မာလိုပြန်လိုက်ရင်ဖြင့်၊ကိုယ်လုံးတီးအမျိုးသမီးပေါ်တွင်ဆူရှိနှင့်ဆာရှိမိများအားလှပ
စွာပြင်ဆင်၍စားသုံးခြင်းလို့ရပါမယ်။

ဒီယဉ်ကျေးမှုဟာလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတည်းကတည်ရှိခဲ့တဲ့ဂေရှာယဉ်ကျေးမှုရဲ့တစိတ်တဒေသဖြစ်ပါတယ်။
ဆူရှိကိုယ်တိုင်ဟာဂျပန်လူမျိုးတို့အတွက်အနုပညာတစ်မျိုးဖြစ်သလို၊Nyotaimoriဟာလည်းအလားတူသတ်မှတ်ခြင်
ခံရပါတယ်။

ဒီယဉ်ကျေးမှုဟာ၁၉၉၀ခုနှစ်များအတွင်းနောက်နိုင်ငံများမှာအထူးအဆန်းတစ်ရပ်အဖြစ်စိမ့်ဝင်ပျံနှံ့ခဲဘူးပါတယ်။အထူး
သဖြင့်ဂျာမဏီနဲ့မေရိကန်နိုင်ငံတို့မှာပါ။Nyotaimoriခင်းကျင်းတဲ့ဆူရှိဘားများအနှံအပြားပေါ်လာပြီးနောက်ပိုင်းမှာ
တော့ဆန့်ကျင်ဆန္ဒပြပွဲများပေါ်ပေါက်လာပါတယ်။အကြောင်းရင်းကတော့၊အမျိုးသမီးတွေရဲ့ခန္တာကိုယ်ကိုအရာဝတ္တုပစ္စည်း
တစ်မျိုးအဖြစ်အသုံးချခြင်းဟာလူသားတန်ဖိုးကိုထိခိုက်စေလို့ပါတဲ့။အဲဒီကြောင်းရင်းတွေကြောင့်ပဲအနောက်နိုင်ငံများမှာ
Nyotaimoriခင်းကျင်းတဲ့ဆူရှိဘားအများအပြားပိတ်ပစ်လိုက်ရပါတယ်။ဂျပန်မှာတော့်ရိုးရာဓလေ့တစ်ခုအဖြစ်ကျယ်
ပြန့်ဆဲ့ဖြစ်ပါတယ်။

Nyotaimoriမှာကိုယ်တိုင်ခင်းကျင်းရမဲ့အမျိုးသမီးဟာတစ်ကိုယ်လုံးကိုအမွှေးနံသာမပါတဲ့ဆပ်ပြာနဲ့ဆင်ကျယ်စွာ
ဆေးကျောပြီးအမွှေးအမှင်အားလုံးကိုလုံးဝပြောင်းရှင်းနေအောင်ရိတ်ရပါတယ်။ပုံမှန်အားဖြင့်တော့နာရီများစွာမလှုပ်
မလျှက်နေနိုင်အောင်လေ့ကျင့်ထားပြီးသူများဖြစ်ကျပါတယ်။ရှေးရှေးကတော့အပျိုစင်ကိုသာသုံးလေ့ရှိပြီးယနေ့မှာ
တော့ဆက်လက်ထိမ်းသိမ်းတဲ့ဆိုင်းမျိုးမရှိလောက်အောင်ရှားသွားပြီလို့ဆိုပါတယ်။



အမေရိကန်မှာတော့အယ်အေနဲ့ဆန်ဖရန်ဆစ္စကိုတို့မှာအထက်ပါဆိုင်မျိုးအချို့ရှိပါသေးတယ်။ဂျပန်မှာလောက်တော့
ဂျပန်မဆန်ပါဘူး။ဥပမာ-အစားအသောက်များနဲ့အသားကိုတိုက်ရိုက်မထိအောက်ပလတ်စတစ်ပါးပါးခံခြင်းမျိုး၊အမျိုး
သမီးကိုယ်တိုင်အတွင်းခံအချို့ဝတ်ခြင်းမျိုးတို့ပါ။

ဒါပေမဲ့ဆိုင်တိုင်းမှာတော့စာသုံးသူများလုံးဝလိုက်နာရမဲ့စည်းကမ်းချက်တွေရှိကြပါတယ်..အကြမ်းဖြင်းအားဖြင့်တော့

ခင်းကျင်းသူအမျိုးသမီးအားစကားမပြောရ
ခင်းကျင်းသူအမျိုးသမီးအားလေးစားရမည်
ခင်းကျင်းသူအမျိုးသမီးအားလုံးဝမထိရမကိုင်ရ
တူဖြင့်သာအစားအသောက်များအားကိုင်တွယ်ရမည်
ရိုင်းဆိုင်းသောအပြောအဆိုနှင့်အမူအယာများခွင့်မပြု

Read More...

Otaku And Akihabara


ှီှ်ီှ်ီ်
Otaku 御宅 .
အိုးတခု

ဝီကီမှာတော့ အိုးတခုကို ဒီလိုဖွင့်ဆိုထားတယ်။


Otaku御宅 is a Japanese term used to refer to people with obsessive hobbies, most commonly manga or anime.
anime otaku (one who sometimes enjoys many days of excessive anime watching with no rest)
In modern Japanese slang, the term otaku refers to an overtly obsessive fan of any one particular theme, topic, or hobby. Common uses are anime otaku (one who sometimes enjoys many days of excessive anime watching with no rest) and manga otaku (a fan of Japanese graphic novels), pasokon otaku (personal computer geeks), gēmu otaku (playing video games), and wota (before referred as "idol otaku") that are extreme fans of idols, heavily promoted singing girls. There are also tetsudō otaku or denshamania (metrophiles) or gunji otaku (military geeks).

The otaku, the passionate obsessive, the information age's embodiment
of the connoisseur, more concerned with the accumulation of data than
of objects, seems a natural crossover figure in today's interface of
British and Japanese cultures. I see it in the eyes of the Portobello
dealers, and in the eyes of the Japanese collectors: a perfectly calm
train-spotter frenzy, murderous and sublime. Understanding otaku -hood,
I think, is one of the keys to understanding the culture of the web.
There is something profoundly post-national about it, extra-geographic.
We are all curators, in the post-modern world, whether we want to be or not.

gunji otakuိုတော့ တခါဘဲ အပြင်မှာတွေ့ဖူးတယ်။ ၀တ်ထားတာ အခုဘဲ အီရတ်သွားမယ့်ကွန်မန်ဒိုအတိုင်းဘဲ။ မျက်နှာမှာ အမည်းလိုင်းကြောင်ခြစ်တွေတောင် ချယ်ထားသေးတယ်။ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ကAnime and Manga Otaku.တနေ့အလုပ်စောစောပြီးလို့ ရှင်ဂျုကု ဘူတာတ၀ိုက်နားက အိုးတခုတွေအကြိုက် အန်နီမီ ဂိမ်းဆိုင်တွေကို ဖွဖူးတယ်ရှိအောင်လိုက်ခဲ့ပါလားလို့ ကျွန်တော့်ကို အဖော်စပ်တာနဲ့ လိုက်သွားမိတယ်။ ဘယ်ပြောကောင်းမလဲ မျက်လုံးတွေမူးနောက်သွားတာဘဲ။ အန်နီမီဗွီဒီယိုတွေ၊ ဂိမ်းတွေ၊ အိုးတခုအရွယ်စုံတွေနဲ့ ကျိတ်ကျိတ်တိုးနေတာဘဲ။ သူငယ်ချင်းကလဲ အသေအလဲ တဆိုင်ဝင်တဆိုင်ထွက် စိတ်ကြိုက်မရမချင်း ဖွတော့ နောက်ကလိုက်တဲ့ ကျွန်တော်လည်း လိုက်ရတာပေါ့။ စိတ်ဝင်စားဖို့ကောင်းသလို စိတ်လည်းနည်းနည်းညစ်မိတယ်။ ညစ်ဆိုဗျာ ရိုးရိုး အန်နီမီဂိမ်းတခွေကိုဘဲ ယန်းငါးထောင်(မြန်မာငွေ ၅သောင်း)လောက်ရှိတာကိုးဗျ။ကျွန်တော့်အတွက်တော့ ဘာမှကိုမဟုတ်တာ။ ဒါပေမယ့် အိုးတခုတွေ အတွက်ကတော့ အလွန်အကျွံစွဲမက်ဖို့ကောင်းတဲ့ ဖျော်ဖြေရေးလို့ပြောရပါလိမ့်မယ်။
တချို့ဆိုရင် အန်နီမီ အစွဲလွန်ပြီး အန်နီမီထဲကအတိုင်း ၀တ်စားသွားလာကျတယ်လေ။ ယောကျာ်းလေးတော့မပြောတတ်ဖူး မိန်းကလေးတွေအတွက်တော့ အတော့်ကို ပိုက်ဆံကုန်မယ့်ဖက်ရှင်ပဲ။ တချို့မိန်းကလေးတွေကျတော့ အိမ်ဖော်ဝတ်စုံကို ခြေဆုံးခေါင်းဆုံး စင်မြန်းကြတယ်။ မြင်ခါစတုန်းကဆိုရင် အတော့်ကို အံ့သြမိတယ်။ ဘာလို့ ဒီဖက်ရှင်ခေတ်စားတာလဲပေါ့။ နောက်ကျမှ အထီးကျန်တဲ့အိုးတခုတွေကြောင့်ဆိုတာသိတော့တယ်။ အခုနောက်ပိုင်း အဲ့လိုအထီးကျန်တဲ့ အိုးတခုတွေ ဆာလာရီမန်းတွေအတွက် မွန်းကြပ်မှုကိုဖျော်ဖြေပေးတဲ့ Maid Cafeတွေ ဂျပန်မှာ ခေတ်စားလာတယ်။ စားပွဲထိုးမလေးတွေက အိမ်ဖော်လို ၀တ်စားဆင်ယင်ပြီး လာတဲ့ စားသုံးသူတွေကို အိမ်ကြီးရှင်ယောကျာ်း)လို့နာမ်စားသုံးပြီး ကိုယ့်ယောက်ျားလိုပြုစုဆက်ဆံရတယ်။ ပြန်လာပြီလား မောလာပြီလား ဘာသောက်မလဲ ဘာညာပေါ့။ ဟိုဟာ ဒီဟာတော့မပါဘူး။ ပါတဲ့ဆိုင်တွေရှိရင်လဲရှိမှာပေါ့။ ကျွန်တော်ကတော့ ဗွီဒီယိုမှာဘဲကြည့်ဖူးတယ်။ ကိုယ်တိုင်တော့ မသွားဖူးဘူး။ ဈေးကြီးမယ်ထင်တယ်။
ပိုက်ဆံရှိရင်တော့ သွားဖူးတယ်ရှိအောင် တခေါက်လောက်တော့သွားကြည့်ချင်တယ်။ ဆိုတော့ အဲ့ဒီဆိုင်မျိုးတွေခေတ်စားလာတော့ ခုနပြောတဲ့ အိမ်ဖော်ဖက်ရှင်လဲ ခေတ်စားလာတာပေါ့။ ကျွန်တော်မြင်ဖူးတဲ့ အိမ်ဖော်ဝတ်စုံဆိုရင် မြန်မာငွေ ကျပ်၁၅သိန်းလောက်ရှိတယ်။ စိတ်လေသွားတယ်ဗျာ။ ဟား ဟား။ လောကကြီးမှာ ဒါမျိုးတွေရှိသေးသကိုး လို့ ပေါင်ချိန်လေသံနဲ့ သာမာန်လူတယောက်အတွေးနဲ့တွေးမိပါကြောင်း။

Tokyo Maid Cafe



Tokyo: Lolitas, Cosplay, and Gawkers in Akihabara


Singapore’s 1st Maid Cafe

Read More...