Showing posts with label tech. Show all posts
Showing posts with label tech. Show all posts

Mp3 Player၁၀နှစ်ပြည့်ပြီ


ကမ္ဘာ့ပထမဆုံးMp3ဖွင့်စက်Mpman-F10

ကလေးနှင့်လူငယ်များသာကမယခုအခါလူကြီးများပါတွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီဖြစ်သောMp3ဖွင့်စက်ကလေးများ၏သက်
တမ်းသည်Marchလတွင်၁၀နှစ်ပြည့်သွားပြီဟုဆိုသည်။ကမ္ဘာ့ပထမဆုံးသောဈေးကွက်ဝင်Mp3ဖွင့်စက်မှာကိုးရီးယားနိုင်ငံ၊Saehan
Information-Systemsမှထုတ်လုပ်သောMPMan-F10ဖြစ်ပြီး၁၉၉၈ခုနှစ်မတ်လတွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ထို့နောက်ဂျာမဏီ
နိုင်ငံHannoverမြို့ရှိCeBITပြပွဲတွင်ပထမဆုံးပြသခဲ့ပြီးမှဈေးကွက်အတွင်းအလုံးအရင်းနှင့်စတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။

F10တွင်32mb-Flashမန်မိုရီပါဝင်ပြီးကွန်ပျူတာနှင့်ချိတ်ဆက်ရန်ယနေ့ခေတ်ကဲ့သို့USB-PortအားမသုံးပဲParallel-Portအားအ
သုံးပြုထားသည်။ထို့အပြင်သေးငယ်သောLCD-Displayတစ်ခုပါဝင်ကာအရွယ်အစားမှာ91x70x165.5mmရှိသည်။အမေရိကန်
နိုင်ငံတွင်ဒေါ်လာ၂၅၀နှင့်စတင်ရောင်းချခဲ့သော်လည်းDiamond-Multimediaမှထုတ်လုပ်သည့်Rio-PMP300ဝင်ရောက်လာသည့် နောက်ပိုင်းဒေါ်လာ၂၀၀ခန့်သို့ကျဆင်းသွားသည်ဟုဆိုသည်။

Diamond-Multimedia၏Rio-PMP300မှာပိုမိုအောင်မြင်၍ရေပန်းစားခဲ့ပြီးMp3.comနှင့်ပူးပေါင်းကာအင်တာနက်ပေါ်တွင်သီ
ချင်းများရောင်းချနေခဲ့သေးသည်။သို့သော်များမကြာမီအမေရိကန်တေးသံသွင်းလုပ်ငန်းများRIAAအဖွဲ့မှဥပေဒချိုးဖေါက်သည်
ဟုဆိုကာတရားစွဲဆိုပြီးMP3ဖွင့်စက်များရောင်းချမှုကိုပိတ်ပင်ရန်ကြိုးစားခဲ့သည်။လအတန်ကြာတရားရင်ဆိုင်ခဲ့ကြပြီးတရား
ရုံးမှ"Mp3ဖွင့်စက်သည်အသံဖမ်းစက်အဟုတ်သည့်အပြင်၊အသုံးပြုသူများ၏တရားမဝင်Mp3များနှင့်လည်းမသက်ဆိုင်ဟု"ဆုံး
ဖြတ်ချက်ချခဲ့သည်။

၂၀၀၃ခုနှစ်အရောက်တွင်AppleမှIpodအားWindowsအသုံးပြုသူများပါအသုံးပြုနိုင်ရန်ဖန်တီးပေးလိုက်ခြင်းဖြင့်၊ရှေးဦးကုမ္ပဏီ
များအားကျော်လွှားပြီးဈေးကွက်အားချုပ်ကိုင်လိုက်နိုင်သည်။

Read More...

မေ့လျော့တတ်သူများအတွက်Cyber Googles


ဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်မှပညာရှင်တစ်စုသည်တပ်ဆင်သူကြည့်ရှုသမျှအရာဝတ္ထုပစ္စည်းများအားဗီဒီယိုအဖြစ်ခွဲခြားမှတ်
တမ်းတင်ပြီး၊Databaseအတွင်းတွင်သိမ်းဆည်းထားနိုင်သောCyber-Gogglesအမည်ရှိမျက်မှန်အားဖန်တီးထားကြောင်းဂျ
ပန်အခြေဆိုက်Sankeiသတင်းတစ်ရပ်မှဆိုသည်။Cyber-Goggles၏အထက်ပါစွမ်းဆောင်ရည်ကြောင့်ပစ္စည်းများပျောက်ရှ
သည့်အခါ(ဥပမာ-သော့ပျောက်ခြင်း)လွယ်လင့်တကူပြန်လည်ရှာဖွေနိုင်ကြောင်းဖန်တီးသူများထဲမှတစ်ဦးဖြစ်သူပရောဖက်ဆာ
Tatsuya-Haradaကအာမခံပြောကြားသွားသည်။

Cyber-Gogglesတွင်သေးငယ်သောကင်မရာပါရှိပြီး၊ရိုက်ကူးထားသည့်ဗီဒီယိုအားဝတ်ဆင်သူ၏နောက်ကျောတွင်တပ်ဆင်ထား
သောကွန်ပျူတာငယ်ထံသို့ဦးစွာပို့ပေးသည်။ထို့နောက်ကွန်ပျူတာမှimage-recognitionဆော့ဝဲအသုံးပြုကာအရာဝတ္ထုများကို
အမျိုးအစားခွဲခြားမှတ်သားလိုက်ပြီး၊အသုံးပြုသူမှပြန်လည်ရှာဖွေသောအခါမျက်မှန်ညာဖက်ရှိသေးငယ်သောLCDဖန်သားပြင်
ပေါ်တွင်ဗီဒီယိုအဖြစ်ပြန်လည်ဖေါ်ပြပေးသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကတိုကျိုတက္ကသိုလ်တွင်ကျင်းပခဲ့သောအစမ်းပြပွဲတွင်၊မိုဘိုင်းဖုန်း၊တူ၊အလှပန်းအိုးအစရှသည့်
နေ့စဉ်သုံးပစ္စည်းအမျိုး၆၀ခန့်အားခွဲခြားနိုင်ရန်မျက်မှန်၏မှတ်ဥာဏ်တွင်းထည့်သွင်းထားခဲ့ပြီး၊စမ်းသပ်သူမှလှည့်လည်ကြည့်ရှု၍
လွယ်လင့်တကူပြန်လည်ရှာဖွေနိုင်ခဲ့သည်ဟုဆိုသည်။ပရော်ဖက်ဆာTatsuya-HaradaကCyber-Gogglesသည်မေ့လျော့လွယ်
သောသက်ကြီးရွယ်အိုများအတွက်အရေးပါသောကိရိယာဖြစ်လာမည်သာကမ၊အနာဂတ်လူတူစက်ရုပ်များဖန်တီးရာတွင်လည်း
များစွာအသုံးဝင်မည်ဖြစ်ကြောင်းပြောပြသွားခဲ့သည်။

Read More...

ဂျပန်ရှိအိုမင်းလယ်သမားများအတွက်အကူစက်ရုပ်ဝတ်စုံ


ဂျပန်နိုင်ငံတွင်အသက်အရွယ်ကြီးရင့်လာကြပြီဖြစ်သောလယ်သမားများအားခွန်အားပြည့်ဆက်လက်လုပ်ဆောင်နိုင်ရန်ကြွက်သား
များကိုကူညီဖေးမပေးနိုင်သည့်စက်ရုပ်ဝတ်စုံတစ်မျိုးအားတိုကျိုစိုက်ပျိုးရေးနှင့်နည်းပညာတက္ကသိုလ်မှပရိုဖက်ဆာShigeki-Toyama
ဦးဆောင်သောပညာရှင်တစ်စုကဖန်တီးပေးထားသည်ဟုဂျပန်အခြေစိုက်Sankeiသတင်းစာမျက်နှာတွင်ဖေါ်ပြထားသည်။

ဝတ်စုံတွင်တပ်ဆင်ထားသောအာရုံခံကိရိယာများမှပေးပို့သောသတင်းအချက်အလက်များအားအခြေပြုပြီးပခုံး၊ဒူး၊ခြေထောက်နှင့်
လက်များအတွက်မော်တာ၈လုံးမှကူညီထောက်ပံပေးသွားမည်ဖြစ်သည်။ထို့ကြောင့်လေးလံသောအရာဝတ္ထုပစ္စည်းများအားသယ်
ယူရာတွင်ခွန်အားများစွာမစိုက်ရတော့သလိုလက်မြှောက်၍သစ်ကိုင်းများခုတ်ခြင်း၊မုန်လဥကဲ့သို့ထိုင်၍အားစိုက်နှုတ်ယူရသောစိုက်
ပျိုးပင်များအတွက်လည်းညောင်းညာခြင်းများစွာသက်သာစေမည်ဖြစ်သည်။ဇန်နဝါရီလ၉ရက်နေ့ကအစမ်းပြသခဲ့သောအစီအစဉ်
တွင်အသက်၂၅နှစ်အရွယ်မဟာသိပ္ပံဘွဲ့ကျောင်းသားRyosuku-Tanakaမှ၄၄ပေါင်(၂၀ကီလိုဂရမ်)လေးသောဆန်အိတ်အားမပြ
ရင်း"မထားမှန်းတောင်သိပ်သတိမထားမိဖူး"ဟုဆိုသွားခဲ့သည်။

ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့်၎နှစ်ခန့်အချိန်တွင်စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်မည်ဟုခန့်မှန်းထားပြီးဈေးနှုန်းမှာဒေါ်လာ
၄၅၀၀မှ၉၀၀၀ခန့်ထိရှိနိုင်မည်ဟုသိရသည်။

Read More...

ဈေူးဝယ်ခြင်းအားတစ်ခေတ်ဆန်းသစ်စေမည့်Media Cart


ကုန်တိုက်ကြီးများနှင့်စူပါမားကတ်ကြီးများ၌အသုံးပြုသည့်ဈေးဝယ်တွန်းလှည်းများတွင်ထိုလှည်းများမှတဆင့်ဈေးဝယ်သူများအ
တွက်ကြော်ငြာများနှင့်အထောက်အကူပေးနိုင်မည့်သတင်းအချက်အလက်များပေးပို့နိုင်ရန်Microsoftကော်ပိုရေးရှင်းမှကြိုပမ်း
လျှက်ရှိသည်ဟုအေပီသတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။Microsoftသည်တက္ကဆပ်ပြည်နယ်မှMediaCart-Holdings-Incနှင့်
အတူပူးပေါင်း၍ဆိုင်ရှိရောင်းကုန်ပစ္စည်းများအားလွယ်လင့်တကူရှာဖွေပေးနိုင်ပြီးကောင်တာတွင်စောင့်ဆိုင်းရန်မလိုမိမိဘာသာ
စစ်ဆေးငွေပေးချေနိုင်သောဒစ်ဂျစ်ဒယ်စနစ်တရပ်အားဈေးဝယ်တွန်းလှည်းများတွင်တပ်ဆင်ရန်ကြိုးပမ်းနေသည်မှာ၎နှစ်ကြာ
ခန့်ရှိပြီဖြစ်သည်ဟုဆိုသည်။

Microsoftသည်ယမန်နှစ်ကအွန်လိုင်းကြော်ငြာကုမ္ပဏီaQuantiveအားဒေါ်လာ၆ဘီလျံနှင့်ဝယ်ယူခဲ့ခြင်းမှာဈေးဝယ်လှည်းများ
၏ဖန်သားပြင်ပေါ်တွင်ကြော်ငြာများထည့်သွင်းနိုင်ရန်အတွက်အင်အားဖြည့်တင်းလိုက်ခြင်းဖြစ်သည်။၂၀၀၈ခုနှစ်၏နှစ်ဝက်ခန့်
မှအစပြု၍Wakefern-Food-Corpပိုင်အမေရိကန်အရှေ့ဘက်ကမ်းရှိShopRiteစူပါမားကတ်များတွင်အဆိုပါခေတ်သစ်ဈေး
ဝယ်လှည်း(သို့)Media-Cartများအားစမ်းသပ်အသုံးပြုမည်ဖြစ်သည်။ShopRiteစူပါမားကတ်များ၏ဖေါက်သည်ကဒ်ပြားပိုင်ဆိုင်
သူများသည်ဝက်ဆိုဒ်သို့ဝင်ရောက်၍မိမိဝယ်လိုသောပစ္စည်းစားရင်းအားပြုလုပ်နိုင်ပြီးစူပါမားကတ်သို့အရောက်တွင်ကဒ်ပြား
အားလှည်းတွင်ဖြတ်လိုက်ရုံဖြင့်မိမိအိမ်တွင်ပြုလုပ်ထားခဲ့သောပစ္စည်းစားရင်းပေါ်လာမည်ဖြစ်သည်။ထို့နောက်လိုအပ်သည့်
ပစ္စည်များအားလှည်းတွင်းသို့ထည့်တိုင်းစားရင်းမှဖယ်ထုတ်ပေးကာ၊စုစုပေါင်းကျသင့်ငွေပါပေါ်နေမည်ဖြစ်သည်။

ထို့အပြင်Media-Cartစနစ်တွင်RFIDခေါ်radio-frequency-identificationနည်းပညာအားအသုံးပြုထားခြင်းကြောင့်လှည်းများ
ဆိုင်တွင်းရှိမရှိအားအချိန်မရွေးသိရှိနိုင်မည်ဖြစ်သည်။RFIDနည်းပညာ၏အခြားသောအသုံးဝင်မှုတစ်ခုမှာဈေးဝယ်သူ၏တည်
နေရာပေါ်မူတည်၍သက်ဆိုင်သည့်ကြော်ငြာများလွှင့်ထုတ်ဖမ်းယူပေးနိုင်ခြင်းဖြစ်သည်။ဥပမာ-ဈေးဝယ်သူသည်ဘီစကွတ်များ
ရောင်းချသည့်အတန်းသို့ရောက်ရှိနေပါကဘီစကွတ်အမျိုးမျိုး၏ကြော်ငြာများပေါ်လာမည်ဖြစ်ပြီး၊ယနေ့မည့်သည့်အမျိုးအစား
များဈေးလျှော့ရောင်းချပေးနေကြောင်းအစရှိသည့်အချက်အလက်များပါပါဝင်မည်ဖြစ်သည်။သို့သော်ကြော်ငြာများနှင့်ဈေး
လျှော့ကူပွန်များပိုမိုကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်မူဆက်လက်ကြိုးပမ်းနေသေးကြောင်းMicrosoftမှထုတ်ဖေါ်ပြောကြားသွား
သည်။

ထို့အပြင်Microsoftသည်ဈေးဝယ်သူများအားကြော်ငြာရှင်များပိုမိုထိရောက်စွာကြော်ငြာနိုင်ရန်အတွက်ဈေးဝယ်သူများ၏ဈေး
ဝယ်ပစ္စည်းမှတ်တမ်းကိုဖေါက်သည်ကဒ်ပြားမှတဆင့်မှတ်သားထားနိုင်ရန်အတွက်ပါဆောက်ရွက်လျှက်ရှိသည်။Microsoft၏
ကြော်ငြာကဏ္ဍမန်နေဂျာScott-Ferrisက"ဒါဟာကြော်ငြာရုံသက်သက်မဟုတ်ပဲပိုမိုလွယ်ကူစွာဈေးဝယ်နိုင်ဖို့အတွက်လည်းပါ
ပါတယ်"ဟုပြောပြသွားခဲ့သည်။သို့သော်Microsoftအပါအဝင်မည့်သည့်ကုမ္ပဏီမှဈေးဝယ်သူများ၏ကိုယ်ရေးကိုယ်တာအချက်အ
လက်များအားအသုံးပြုမည်မဟုတ်ဟုဆိုသည်။

www.mediacart.com

Read More...

Apple၏ကမ္ဘာ့အပါးဆုံးNotebook "Macbook Air"


ဆန်ဖရန်ဆစ္စကိုတွင်ကျင်းပနေသည့်Macworld2008တွင်Apple၏CEO၊Steve-Jobက"ကျနော်တို့ကမ္ဘာပေါ်မှာအပါးဆုံးသော
Notebookကိုတီထွင်လိုက်ပါပြီ"ဟုဂုဏ်ယူဝင့်ကြွားစွာဖြင့်MacBook-Airအားမိတ်ဆက်ပြသသွားခဲ့သည်။MacBook-Airသည်
ကမ္ဘာပေါ်တွင်အပါးလွှာဆုံးသောNotebookအဖြစ်မှတ်တမ်းတင်သွားပြီးအလေးချိန်၃ပေါင်(၁.၃၆ကီလိုဂရမ်)သာလေးသည်။အ
ပါးဆုံးသောစက်၏ရှေ့ပိုင်းမှာဝ.၁၆လက်မသာရှိပြီးအထူဆုံးဖြစ်သည့်စက်နောက်ပိုင်းမှာလည်းဝ.၇၆လက်မသာရှိသဖြင့်စာတိုက်
သုံးစာအိတ်အလတ်စားထဲသို့ပင်ထည့်သွင်းနိုင်သည်။ယခုလက်ရှိပေါက်ဈေးမှာဒေါ်လာ၁၇၉၉ဖြစ်ပြီးလာမည့်နှစ်ပတ်သုံးပတ်
အတွင်းစတင်ရောင်းချနိုင်မည်ဟုဆိုသည်။

အသေးစိတ်အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • 13.3-inch LED-backlit glossy widescreen display with 1280x800 resolution
  • 1.6 GHz Intel Core 2 Duo processor with 4MB L2 cache
  • 800 MHz front-side bus
  • 2GB of 667 MHz DDR2 SDRAM
  • 80GB hard disk drive with Sudden Motion Sensor
  • Intel Graphics Media Accelerator X3100
  • Micro-DVI port (includes Micro-DVI to VGA and Micro-DVI to DVI Adapters)
  • built-in iSight video camera
  • built-in AirPort Extreme 802.11n wireless networking and Bluetooth 2.1+EDR
  • one USB 2.0 port
  • one headphone port
  • multi-touch TrackPad with support for advanced multi-touch gestures including tap, scroll, pinch, rotate and swipe
  • 45 Watt MagSafe Power Adapter



Read More...

HD-DVDနှင့်Bluerayသင်ကြိုက်ရာရွေး


HD-DVD,Blureray-Discဆိုတာဘာလဲ?
HD-DVDနှင့်Bluerayဆိုသည်မှာရုပ်ရှင်များ၊ဂိမ်းများ၊ဆော့ဝဲများအစရှိသည့်ဖိုင်များအားသိမ်းဆည်းနိုင်သည့်DVDကဲ့သို့သောမီ
ဒီယံတစ်မျိုးဖြစ်သည်။DVDသည်၁၉၉၇ခုနှစ်တွင်ဈေးကွက်အတွင်းစတင်ဝင်ရောက်ခဲ့ပြီးနောက်ယခုအခါအဖက်ဖက်မှပိုမိုကောင်း
မွန်သောမျိုးဆက်သစ်နှစ်မျိုးဈေးကွက်အတွင်းဝင်ရောက်အစားထိုးလာခြင်းဖြစ်သည်။အထူးသဖြင့်ရုပ်ရှင်များဖြန့်ချီရာတွင်Stand
ard-DVDအစားHD-DVDနှင့်Bluerayတို့ကိုသာအနာဂတ်တွင်တွေ့မြင်ရတော့မည်ဖြစ်သည်။

DVDထက်ဘာများပိုကောင်းလို့လဲ?
HD-DVDနှင့်Bluerayတို့နှစ်ခုစလုံးသည်ဒေတာသိုလှောင်နှုန်းမြင့်မားလှသည့်optical-discအမျိုးအစားဖြစ်ပြီးlayer၂ထပ်ပါDVD
ထက်ဒေတာများ၅ဆခန့်ထိသိုလှောင်ထားနိုင်သည်။ထို့ကြောင့်ရုပ်ရှင်များထုတ်လုပ်ရောင်းချရာတွင်ဒေတာပမာဏကြောင့်High
Definitionခေါ်လွန်စွာကြည်လင်ပြတ်သားလှသည့်ရုပ်သံအရည်အသွေးပေးနိုင်သည်။သို့သော်သာမန်DVDဖွင့်စက်များတွင်နှစ်
မျိုးစလုံးအားကြည့်ရှုမရနိုင်ပါ။

HD-DVDနဲ့Blureray-Discဘာကွာလဲ?
နှစ်မျိုးလုံးသည်High-Defရုပ်သံအရည်အသွေးပေးခြင်းကြောင့်သာမာန်လူများအနေဖြင့်ဆုံးဖြတ်ရန်ခက်ခဲလှသည်။သို့သော်အ
သေးစိတ်ခွဲခြားပြရသော်..

HD-DVDသည်(DVD-Forum)Toshibaကော်ပိုရေးရှင်း၏လက်ရာတစ်ခုဖြစ်ပြီး15GB(single-layer)30GB(dual-layer)နှင့်51
GB(triple-layer)အသီးသီးသိုလှောင်နိုင်သည်။ယနေ့အထိဒေတာဖတ်နှုန်းမှာ1x36Mbit/sနှင့်2x72Mbit/sတို့ဖြစ်ကြသည်။ဝီကီ
ပီးဒီယားရှိမှတ်တမ်းများအရအမေရိကန်နိုင်ငံတွင်၂၀၀၇ခုနှစ်နိုဝင်ဘာအထိHD-DVDဖြင့်ရုပ်ရှင်ကားပေါင်း၃၄၄ကားနှင့်ဂျပန်
တွင်စက်တင်ဘာလအထိ၁၃၃ကားထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

Blueray-Discအား(Blu-ray-Disc-Association)Sonyမှကြီးမှုးထုတ်လုပ်ပြီးblue-violetလေဆာဖြင့်ဖတ်ခြင်းအားအကြောင်းပြု
၍အထက်ပါနာမည်ယူခဲ့သည်။ဒေတာသိုလှောင်နိုင်မှုမှာ25GB(single-layer),50GB(dual-layer)တို့ဖြစ်ပြီးဒေတာဖတ်နှုန်းမှာ
HD-DVD၏နှုန်းအတိုင်းဖြစ်သည်။အမေရိကန်တွင်၂၀၀၇ခုနှစ်နိုဝင်ဘာလထိရုပ်ရှင်ကားပေါင်း၄၁၅ထုတ်လုပ်ခဲ့ပြီးဂျပန်တွင်
အောက်တိုဘာလထိ၁၇၉ကားထုတ်လုပ်ဖြန့်ချီခဲ့ပြီးဖြစ်သည်။

နှစ်မျိုးစလုံးသုံးလို့မရဘူးလား?
တစ်ဂူထဲတွင်ခြင်္သေ့နှစ်ကောင်မအောင်းဆိုသလိုပင်HD-DVDနှင့်Bluerayတို့၏ပြိုင်ဆိုင်မှုသည်လွန်စွာကြီးမားပြီး"Format-war"
ဟုပင်ခေါ်ဆိုကြသည်။သမိုင်းအားအနည်းငယ်ပြန်ကောက်သော်ဗီဒီယိုဖွင့်စက်များပေါ်ဦးစကာလ၌VHSနှင့်Betamaxဟူသော
တိတ်ခွေအမျိုးအစား၂မျိုးပေါ်ခဲ့ပြီးနောက်ဆုံးတွင်VHSမှအနိုင်ယူခဲ့သည်။အကြောင်းမှာရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့်အမြဲ
တမ်း၂မျိုးစီလိုက်မထုတ်နိုင်သလိုဝယ်ယူသူများအနေဖြင့်လည်းသတ်သတ်မှတ်မှတ်စက်တစ်မျိုးသာဝယ်ယူသောကြောင့်Format
နှစ်မျိုးကြာကြာပူးတွဲမတည်ရှိနိုင်ခြင်းဖြစ်သည်။အလားတူပင်HD-DVDနှင့်Bluerayတို့အတွက်လည်းမတူကွဲပြားသည်စက်တစ်
မျိုးစီလိုမည်ဖြစ်သောကြောင့်ရေရှည်တွင်တစ်ခုမဟုတ်တစ်ခုပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ဘယ်တစ်ခုဝယ်သင့်သလဲ?
အကြမ်းဖျင်းအရHD-DVDစက်များသည်Bluerayစက်များထက်ဈေးပိုမိုသက်သာနေသော်လည်း"Format-war"အခြေအနေအရ
Blurayအားပိုမိုဝယ်ယူသင့်သည်ဟုCNETမှဆိုထားသည်။အဓိကအကြောင်းရင်းမှာSonyသည်၂၀၀၈ပထမအပတ်အတွင်းကအ
ကြီးဆုံးရုပ်ရှင်ဖြန့်ချီရေးကုမ္ပဏီဖြစ်သောWarner-Brosအားအောင်မြင်စွာစည်းရုံးလိုက်နိုင်ပြီးအသားစီးရယူလိုက်သောကြောင့်
ဖြစ်သည်။ယခုအခါWarner-Brosသည်Walt-Disney-20th-CenturyFoxနှင့်Metro-Goldwyn-Mayerတို့နှင့်အတူBluerayစနစ်
ဖြင့်ရုပ်ရှင်များထုတ်လုပ်ရောင်းချသည့်အုပ်စုတွင်ပါဝင်လာပြီးထိုကုမ္ပဏီများအားလုံးပေါင်းသည်ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်မှု၏
၇၀%ရှိနေသည်။Paramount၊Dreamworksတို့မှာအပြာရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့်အတူHD-DVDအားဆက်လက်အသုံး
ပြုမည်ဖြစ်ကြောင်းကြေငြာထားသည်။ထို့အပြင်Sony၏Playstaion3စက်များတွင်Blueray-Driveပါဝင်လာပြီးMicrosoftကမူသူ
၏Xbox360အားလိုအပ်လျှင်HD-DVDမှBlueray-Driveများပြောင်းလဲထုတ်လုပ်နိုင်ရန်အသင့်ပြင်ထားသည်ဟုဆိုခြင်းကြောင့်Blu
-erayအားပိုမိုဝယ်ယူသင့်သည်။
(နှစ်မျိုးလုံးအသုံးပြု၍ရသည့်စက်များဈေးကွက်အတွင်းဝင်ရောက်နေသော်လည်းစက်၂မျိုးဝယ်ခြင်းထက်စရိတ်ပိုများနေသည်)


Read More...

ကမ္ဘာ့ဈေးအသက်သာဆုံးTata Nano(သို့)အိန္ဒိယ၏ပြည်သူ.အတွက်ကား


တံခါး၎ပေါက်နှင့်လူ၅ယောက်တော့ထိုင်နိုင်သည်။မြင်းကောင်ရေ၃၃ကောင်အားရှိ624ccဓာတ်ဆီအင်ဂျင်အားနောက်ထိုင်ခုန်၏
အောက်ဖက်တွင်တပ်ဆင်ထားပြီးပါဝါsteeringမရှိ။လေအေးပေးစက်နတ္တိ။ခေတ်ဟောင်းမော်ဒယ်မော်တော်ကားများကဲ့သို့လက်
ဖြင့်လှည့်ပြီးသာဘေးမှန်များအားတင်နိုင်ချနိုင်သည်။မိုင်ကုန်ဖိနင်းလျှင်တော့တစ်နာရီ၄၃မိုင်(ကီလို၇၀)ထိကောင်းကောင်းပြေး
လိမ့်မည်။သို့သော်ဈေးနှုန်းကအံမခန်းဖွယ်ရာ၊အသစ်စက်စက်တွင်မှဒေါ်လာ၂၅၀၀။ထိုကဲ့သို့အရည်အချင်းများနှင့်ပြည့်စုံသော
ကားအားTata-Nanoဟုခေါ်သည်။

အဆိုပါTata-Nanoအားအိန္ဒိယနိုင်ငံ၊နယူးဒေလီမြိုတွင်ကျင်းပပြသနေသည့်ကားအိပ်စ်ပို၂၀၀၈တွင်Tata-Motors(အိန္ဒိယ)မှပြသ
သွားခဲ့သည်။မထွက်ရှိသေးမည်ကာလကတည်းကပင်လူအများစိတ်ဝင်စားနေခဲ့ပြီးအိန္ဒိယ၏ပြည်သူ့အတွက်ကားဟုရေပန်းစားနေ
ခဲ့သည်။Tata-Motorsဥက္ကဋ္ဌဖြစ်သူမစ္စတာRatan-Tataက"ကျနော်အိန္ဒိယကသာမန်မိသားစုတွေကိုလေ့လာကြည့်မိတယ်။ဖအေ
ကဆိုင်ကယ်မောင်း၊သားကရှေ့နားလေးမှာမတ်တပ်ရပ်ပြီးလိုက်၊နောက်ခုံမှာမအေကခလေးလေးကိုချီပြီးထိုင်တယ်။အဲဒီတော့ဒီလို
သန်းပေါင်းများစွာသောမိသားစုတွေအတွက်ဈေးလည်းသက်သာ၊လုံခြုံဘေးကင်းပြီး၊ဥတုသုံးပါးမရွေးအသုံးပြုနိုင်တဲ့ယာဉ်တစ်စီး
သာထုတ်လုပ်နိုင်ရင်ဘယ်လောက်ကောင်းမလဲပေါ့"ဟုပြောပြသည်။

အထက်ပါအကြံအစည်အတိုင်းအကောင်အထည်ဖေါ်နိုင်ရန်Tata-Motorမှအင်ဂျင်နီယာများနှင့်ဒီဇိုင်နာများ၎နှစ်ကြာအချိန်ပေးခဲ့ရ
သည်။ဈေးနှုန်းများစွာသက်သာပြီး၊လုံခြုံစိတ်ချရရုံသာမကသဘာဝပတ်ဝန်းကျင်းညစ်ညမ်းမှုကာကွယ်ရေးစံနှုန်းများနှင့်လည်းကိုက်
ညီသည်ဟုဆိုသည်။ဓတ်ဆီ၁ဂါလံလျှင်မိုင်၅၀ထိသွားနိုင်ပြီးကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းခြင်းသည်ပတ်ဝန်းကျင်ထိမ်း
သိမ်းရေးအတွက်များစွာအရေးပါသောအချက်ဖြစ်သည်။

Tata၏ပြောကြားချက်အရရှေးဦးစွာစီးရေ၂သိန်း၅သောင်းထုတ်လုပ်မည်ဖြစ်ပြီးနှစ်အကုန်တွင်တော့စီးရေတစ်သန်းခန့်ထိဝယ်လို
အားရှိလာလိမ့်မည်ဟုမျှော်မှန်းထားကာဒီဇယ်သုံးကားများပါဆက်လက်ထုတ်လုပ်ရန်စီစဉ်နေသည်။အိန္ဒိယရှိသာမန်ပြည်သူများက
တော့Tata-Motor၏စွမ်းဆောင်ချက်အားများစွာကျေးဇူးတင်လျှက်ရှိကြသည်။

Source:BBC

Read More...

Googleနှင့်Panasonicတို့ပူးပေါင်း၍Internet TVထုတ်လုပ်မည်


PcassaမှMike-Horowitz၊YoutubeမှSteve-Chenနှင့်PanasonicမှToshihiro-Sakamotoတို့မီဒီယာများအားထုတ်
ဖေါ်ပြောကြားနေစဉ်။

အင်တာနက်လောကတွင်တရှိန်ထိုးနေရာယူလာနေပြီဖြစ်သောGoogle-incသည်ပြိုင်ဘက်များအားထပ်မံအလဲထိုးနိုင်ရန်အတွက်
အီလက်ထရောနစ်ဘီလူးကြီးMatsushita-Electric-Industrial-Co-Ltdနှင့်ပူးပေါင်းကာအင်တာနက်တီဗီအားထုတ်လုပ်နေကြောင်း
လွန်ခဲ့သောတင်္နလာနေ့ကထုတ်ဖေါ်ပြောကြားလိုက်သည်။ပြောကြားချက်အရMatsushitaအီလက်ထရစ်၏Panasonicတီဗီများတွင်
Googleပိုင်Youtubeဗီဒီယိုများနှင့်Picasa-Web-Albumsများအားကြည့်ရှုအသုံးပြုနိုင်တော့မည်ဖြစ်ပြီးလာမည့်ဖေဖေါ်ဝါရီလကုန်
ခန့်တွင်စတင်ရောင်းချနိုင်မည်ဟုသိရသည်။

ဤကဲ့သို့ပူးပေါင်းခြင်းဖြင့်အင်တာနက်လောက၏မြန်ဆန်တိုးတက်နေမှုအားHigh-Definitionတီဗီလောကသို့ပါချဲထွင်နိုင်မည်ဖြစ်
ကြောင်းLas-VegasရှိConsumer-Electronics-Showတွင်Panasonic၏ဒုတိယဥက္ကဋ္ဌMerwan-Merebyကပြောကြားသွားခဲ့
သည်။လွန်ခဲ့သောနှစ်ကပင်ကမ္ဘာနံပတ်တစ်plasma-TVထုတ်လုပ်သူMatsushitaသည်LCDတီဗီဈေးကွက်အားထိန်းချုပ်နိုင်
လိမ့်မည်ဟုဆိုခဲ့ပြီးစက်ရုံသစ်ဆောက်ရန်ပါလျာထားခဲ့သည်။ထို့အပြင်၃၇လက်မနှင့်အထက်Plasmaတီဗီများထုတ်လုပ်ရန်စရိတ်
သက်သာသောနည်းပညာတစ်မျိုးရှိထားခြင်းကြောင့်လည်းရင်းနှီးမြုပ်နှံမှုများပြင်းပြင်းထန်ထန်ပြုလုပ်လျှက်ရှိသည်။

Source:reuters

Read More...

မိုဘိုင်းဖုန်းများအတွက်Polaroidနှင့်Zinkတို့၏မှင်မဲ့Printer


ရိုက်လျှင်ရိုက်ချင်းကင်မရာအတွင်းမှဓာတ်ပုံချက်ခြင်းထွက်စေသည့်နည်းပညာဖြင့်လူသိများခဲ့သူPolaroid-Corpသည်နောက်တစ်
ဆင့်အနေဖြင့်မိုဘိုင်းဖုန်းနှင့်ဒစ်ဂျစ်တယ်ကင်မရာများအတွက်သေးငယ်ပြီးသယ်ဆောင်သွားနိုင်သည့်Printerတစ်မျိုးစတင်ရောင်း
ချတော့မည်ဖြစ်ကြောင်းတရားဝင်ကြေငြာသွားခဲ့သည်။အလေးချိန်၈အောင်စသာလေးပြီး၊ဖဲထုတ်အရွယ်သာသာရှိသည့်ပရင်တာ
၏ပေါက်ဈေးမှာဒေါ်လာ၁၅၀ဖြစ်သည်။

ပိုမိုထူးခြားသည့်အချက်မှာZink-Imaging-Inc၏thermal-printing-technologyအားအသုံးပြုထားခြင်းကြောင့်မှင်မလိုအပ်ပဲရောင်
စုံဓာတ်ပုံငယ်များရိုက်ထုတ်နိုင်ကြောင်းLas-VegasရှိConsumer-Electronics-Showနှစ်ဖွဲပေါင်း၍ပြသသွားခဲ့သည်။Zink၏နည်း
ပညာသစ်သည်လွန်စွာသေးငယ်ပြီးအထူးစီမံထားသည့်အရောင်ခဲလေးများအားစက္ကူတွင်းသို့မြုပ်နှံထားကာအပူရှိန်အားအသုံးချ
ခြင်းဖြင့်လိုရာအရောင်များပေါ်ပေါက်လာစေသည်။၂၀၀၅နှစ်တွင်စတင်တည်ထောင်ခဲ့သောzinkသည်သူ၏နည်းပညာအားရမန်နှစ်
ကတည်းကထုတ်ဖေါ်ပြသခဲ့သော်လည်းယခုနှစ်မှသာPolaroidနှင့်ပူးပေါင်း၍ဈေးကွက်တွင်းတင်သွင်းလာခြင်းဖြစ်သည်။Zinkသည်
ဂျပန်ဈေးကွက်အတွက်Tomy-Coအားတရားဝင်ပူပေါင်းဆောင်ရွက်မည့်သူအဖြစ်ကြေငြာထားသော်လည်းဈေးနှုန်းနှင့်စတင်ရောင်း
ချမည့်အချိန်အားအတိအကျထုတ်ပြန်မထားသေးပေ။

အထက်ပါမှင်မဲ့Printerအားကြိုးမဲ့Bluetoothနှင့်သော်လည်ကောင်းUSBကြိုးဖြင့်သော်လည်းကောင်းအသုံးပြုနိုင်ပြီး၂လက်မx၃
လက်မအရွယ်ရောင်စုံဓတ်ပုံများအားကပ်ခွါစနစ်ဖြင့်ပါရိုက်ထုတ်နိုင်သည်။လိုအပ်သည့်အထူးစက္ကူတစ်ရွက်အတွက်မူ၄၀centsခန့်
ကုန်ကြမည်ဟုဆိုသည်။

Source:AP

Read More...

နားဖြင့်ပါစကားပြောနိုင်မည့် Sanyo၏ကိရိယာသစ်


ဂျပန်နိုင်ငံNS-ELEXကုမ္ပဏီမှအသစ်တီထွင်လိုက်သောနည်းပညာအရစက်ရုပ်အလုပ်ရုံများ၊ဆောက်လုပ်ရေးအလုပ်ခွင်များအ
ပါအဝင်အခြားဆူညံသောနေရာများတွင်မိုဘိုင်းဖုန်းများအားအနှောက်အယှက်ကင်းကင်းပြောနိုင်တော့မည်ဟုသိရသည်။ထိုကိ
ရိယာသစ်သည်Earphoneပုံသဏ္ဍန်ရှိပြီးSanyoလျှပ်စပ်ပစ္စည်းကုမ္ပဏီမှထုတ်လုပ်သည့်အီလက်ထရောနစ်chipအမျိုးအစားတစ်
မျိုးအသုံးပြုထားသည်။

ဂျပန်ဘာသာဖြင့်"e-Mimi-kun"ဟုအမည်ပေးထားပြီးအင်္ဂလိပ်လိုgood-ear-boyဟုအဓိပ္ပယ်ရသည်။လူ့နားရွက်သည်သာမာန်
အားဖြင့်ပတ်ဝန်းကျင်ရှိဆူညံသံများကို၆ဆလျှော့ချပေးပြီးထိုကိရိယာက၁၀ဆထိလျှော့ချပေးနိုင်သည်ဟုဆိုသည်။ထို့အပြင်ဤ
ကိရိယာသည်မိုက်ခရိုဖုန်းအဖြစ်ပါတစ်ပြိုက်နက်အသုံးပြု၍ရသည်။လူသားတို့စကားပြောသည့်အခါစကားသံတုန်ခါမှုသည်ပါး
စပ်မှသာမကနားရွက်ကပါထွက်သည်ဖြစ်ရာ၊ထိုနားကြပ်တပ်ဆင်ထားခြင်းဖြင့်နားတွင်းတုန်ခါမှုများအားဖမ်းယူပေးနိုင်မည်။ထို့
ကြောင့်ဆူညံနေသည့်ပတ်ဝန်းကျင်တွင်ပါးစပ်အားလက်အုပ်၍ဖုန်းပြောရန်မလိုအပ်တော့သလိုတဖက်မှအသံအားလည်းရှင်း
ရှင်းလင်းလင်းကြားနိုင်သည်ဟုဆိုသည်။

အထက်ပါကိရိယာသည်ကြိုးဖြင့်သာမက၊ကြိုးမဲ့bluetoothစနစ်ဖြင့်ပါမိုဘိုင်းဖုန်းများနှင့်ချိတ်ဆက်အသုံးပြုနိုင်သည်။Sanyo၏အ
ဆိုအရလာမည့်အေပရယ်လတွင်ဈေးကွက်သို့စတင်တင်သွင်းမည်ဖြစ်ပြီးဈေးနှုန်းမသတ်မှတ်ရသေးဟုသိရသည်။



Source:AFP

Read More...

Washletခေါ်စူပါအိမ်သာများ


လွန်ခဲ့သောနှစ်ပေါင်းများစွာကဂျပန်လူမျိုးတို့သည်မဖွံဖြိုးမတိုးတက်သေးသောအခြနေအရအိမ်သာအညစ်အကြေးစွန့်အပြီးတွင်
တုတ်ချောင်းလေးများကိုအသုံးပြုခဲ့ကြသည်။Chugiကိုခေါ်ဝေါ်ပြီးအသုံးပြုရလွယ်ကူရန်အချောသတ်ထားကြသည်။ထို့နောက်Meiji
မင်းဆက်ကာလ(၁၈၆၈-၁၉၁၂)သို့အရောက်တွင်မူအိမ်သာသုံးစက္ကူများအသုံးပြုမှုဖြည်းဖြည်းခြင်းစတင်လာသည်။Meijiကာလ
သည်ဂျပန်နိုင်ငံ၏ရှေးရိုးဆာမူရိုင်းနှင့်စစ်ဘုရင်များကြီးစိုးသည့်ခေတ်မှနိုင်ငံရေး၊စီးပွားရေး၊လူမှုရေးဘက်စုံတွင်ဖွံဖြိုးတိုးတက်မှု
အတွက်အနောက်တိုင်းအားအတုယူပြီးပြုပြင်ပြောင်းလဲခဲ့သောကာလဖြစ်သည်။ထိုစဉ်ကဂျပန်တို့အသည်အိမ်သာသုံးစက္ကူအတွက်
အနောက်တိုင်းမှတင်သွင်းခဲ့ရပြီးတန်ဖိုးလည်းကြီးခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးအချိန်အတော်ကြာသည့်အချိန်ထိဂျပန်တို့သည်အာရှပုံစံအိမ်သာများ(ဆောင့်ကြောင့်ထိုင်အိမ်သာ)များသာအ
စဉ်အဆက်အသုံးပြုခဲ့ကြသော်လည်းယနေ့ခေတ်အရောက်တွင်အနောက်တိုင်းပုံစံ(ဘိုထိုင်)အိမ်သာများကိုသာပိုမိုသုံးစွဲလာကြသည်။
သက်တောင့်သက်သာပိုရှိသလိုသက်ကြီးရွယ်အိုများအတွက်ပို၍အဆင်ပြေစေသည်။သို့သော်ဂျပန်တို့၏ဝါသနာအတိုင်းအနောက်
တိုင်းအိမ်သာတွင်ဒစ်ဂျစ်တယ်နည်းပညာနှင့်အီလက်ထရောနစ်ပစ္စည်းများတပ်ဆင်အသုံးပြုရာမှWashletခေါ်High-techစူပါအိမ်
သာများစတင်ပေါ်ပေါက်လာကြသည်။


အကြမ်းဖျင်းအားဖြင့်ဂျပန်ရှိအိမ်များတွင်Washletကိုအသုံးပြုကြသလိုအများသုံးအိမ်သာအများစုတွင်လည်းအသုံးပြုကြပြီးမည်သို့မျှ
မထူးခြားသောသာမာန်နေစဉ်သုံးပစ္စည်းဖြစ်သည်။သိုသော်Washletများအားဂျပန်နိုင်ငံအပြင်ဘက်တွင်တွေ့ရခဲပြီးအသုံးပြုမှုမရှိသ
လောက်ပင်။TOTOကမ္ပဏီလိမိတက်မှ၁၉၉၇တွင်စတင်ထုတ်လုပ်ပြီးတစ်နှစ်ထက်တစ်နှစ်ပိုမိုအဆင့်မြင့်သည့်မော်ဒယ်များအား
ထုတ်လုပ်လျှက်ရှိသည်။

Washletအသုံးပြုပုံနှင့်စွမ်းဆောင်ရည်များ။

သာမာန်ဘိုထိုင်အိမ်သာပုံစံရှိပြီးအနီးတွင်လိုသလိုထိန်းချုပ်ရန်ကြိုးမဲ့Control-Panelပါရှိသည်။နောက်ဆုံးပေါ်မော်ဒယ်များတွင်ခ
လုတ်၃၈ခုထိပါရှိသည်။


ခလုတ်၃၈ပါControl Panel


လူအနီးရောက်လာသည်နှင့်Sensorမှချက်ခြင်းအာရုံခံသိရှိကာကမုတ်အဖုံးအားဖွင့်ပေးသည်။Control-Panelမှလည်းအဖုံးအဖွင့်အ
ပိတ်ထိန်းချုပ်နိုင်သည်။

အညစ်အကြေးစွန့်အပြီးအိမ်သာတွင်းမှရေပိုက်ငယ်တစ်ခုထွက်လာကာစအိုအားရေဆေးပေးသည်။မစင်စွန့်အပြီးအတွက်function
တစ်မျိုးဖြစ်သလိုအမျိုးသမီးများကျင်ငယ်စွန့်အပြီးအတွက်လည်းနောက်functionတစ်မျိုးပါသည်။ရေအားအပြင်းအပျော့အားလိုသ
လိုထိန်းချုပ်ပေးနိုင်သည်။

ချမ်းအေးသောရာသီအတွက်ထိုင်ခုံနေရာအားအပူပေးသည့်စနစ်ပါရှိပြီးနွေရာသီအတွက်လေအေးပေးစက်ပါသည်။ရေဆေးအပြီး
တင်ပါးအားအခြောက်ခံပေးမည့်စက်လည်းပါရှိသည်။အပူချိန်အားလိုသလိုညှိနိုင်သည်။

ကိစ္စအပြီးရေလောင်းရန်အတွက်လည်းရေအားအပြင်း၊အပျော့နှစ်မျိုးပါသည်။

အချို့သော်မော်ဒယ်များတွင်MP3ဖွင့်စက်ပါရှိကာSDအမျိုးအစားmemory-cardထည့်သွင်းအသုံးပြုနိုင်သည်။


SDကတ်ထည့်၍လိုရာMP3နားဆင်နိုင်သည်


အချို့သောမော်ဒယ်များတွင်အိုဇုန်းဖြင့်အနံဖျောက်သည့်စနစ်ပါရှိပြီးချက်ခြင်းအနံအသက်များပျောက်ကင်းစေသည်။

စမ်းသပ်ဆဲFunctionများ

အနာဂတ်တွင်medical-sensorsများပါထည့်သွင်းတပ်ဆင်မည်ဖြစ်ပြီးဆီးဝမ်းတို့ကိုပါစစ်ဆေး၍ဆီးချို၊သွေးတိုး၊အဆီပမာဏ
တို့ကိုတိုင်းတာပေးနိုင်မည်။ထို့အပြင်အထက်ပါအချက်အလက်များအားအင်တာနက်မှတဆင့်ဆရာဝန်ထံတိုက်ရိုက်ပို့ပေးနိုင်
မည်ဟုဆိုသည်။

အနာဂတ်တွင်ခလုတ်များနှိပ်စရာမလိုရန်စကားသံနားလည်နိုင်မည့်စနစ်လည်းပါဝင်မည်ဆိုသည်။

TOTOကုမ္ပဏီလိမိတက်၏ပထမဆုံးသောZoeအမည်ရှိမော်ဒယ်သည်၁၉၉၇တွင်ကမ္ဘာ့အဆင့်အမြင့်ဆုံးနှင့်အရှုပ်ထွေးအိမ်သာ
စနစ်အဖြစ်Guinnessကမ္ဘာ့စံချိန်တွင်မှတ်တမ်းတင်ခြင်းခံရပြီးယနေ့မော်ဒယ်များသည်ထို့ထက်အဆပေါင်းများစွာကောင်းမွန်
လာကြသည်။

click here to watch the video at youtube
Click here to watch the video at youtube

Reference:dannychoo,wikipedia

Read More...

Nano Bibleကမ္ဘာ့စံချိန်သစ်တင်


သကြားခဲ၏တစ်ဝက်သာသာရှိသောဘိုင်ဘယ်

အစ္စရေးနိုင်ငံHaifaရှိTechnion-instituteမှသိပ္ပံပညာရှင်တစ်စုသည်ဝ.၀၁လက်မသာရှိသည့်မျက်နှာပြင်ဧရိယာပေါ်တွင်စာလုံး
ရေ၃၀၀၀၀၀ကျော်ပါဝင်သောသမ္မာကျမ်းစာဟောင်းအားဟီးဘရူးဘာသာနှင့်ရေးထိုးနိုင်ခဲ့သည်ဟုသိရှိရသည်။တစ်ဆတစ်ဆ
နှင့်ဖွံဖြိုးတိုးတက်လာသောနာနိုနည်းပညာများထဲမှparticle-beamနည်းပညာသစ်အားအသုံးပြု၍ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟု
ဆိုသည်။ထိုနည်းပညာအရလွန်စွာသေးငယ်လှသောgallium-ionsလေးများအားဆောက်ကဲ့သို့အသုံးပြု၍မျက်နှာပြင်ပေါ်တွင်စာ
လုံးများအားထွင်းခဲ့ကြခြင်းဖြစ်သည်။တက္ကသိုလ်၏သိပ္ပံသင်ကြားမှုရေးရာအကြံပေးOhad-Zoharကထိုကဲ့သို့ဘိုင်ဘယ်တစ်ခုလုံး
အားထွင်းရန်အချိန်၁နာရီခန့်သာကြာခဲ့ကြောင်းအေပီသတင်းဋ္ဌာနအားပြောပြခဲ့သည်။ထို့အပြင်သူကဆက်လက်ပြီးဤနည်းပညာ
သစ်သည်နောင်တစ်ချိန်တွင်ဇီဝမော်လီကျူးများနှင့်ဒီအန်အေတို့ပေါ်တွင်အချက်အလက်မြောက်များစွာအားသိုးမှီးနိုင်လိမ့်မည်ဟု
ဆိုသည်။

Guinnessကမ္ဘာ့စံချိန်အရကမ္ဘာ့အသေးဆုံးဘိုင်ဘယ်မှာ1.1x1.3x0.4ထုထည်ရှိပြီ0.4အောင်စလေးကာစာမျက်နှာပေါင်း၁၅၁၄
မျက်နှာသာရှိရာယခုNanoဘိုင်ဘယ်မှာစံချိန်သစ်တင်သွားပြီဖြစ်ကြောင်းGuinnessမှပြောရေးဆိုခွင့်ရှိသူAmarilis-Espinoza
ကဆိုသည်။

Read More...

Beerဖွင့်၊ငှဲ့ပေးသည့်စက်ရုပ်



ဘီယာဆိုင်မှာလိုငှဲ့ပေးမည့်ကောင်မလေးငယ်ငယ်ချောချောလေးတွေမရှိလျှင်ပဲဖြစ်ဖြစ်၊စက်မှုယန္တယားတွေများသာအရှုးအမူးစွဲ
လမ်းသူများတွက်ပဲဖြစ်ဖြစ်အိမ်တွင်ဘီယာဘီယာမေါ့ရန်ပုလင်းဖွင့်၊ငှဲ့လုပ်ပေးနိုင်မည်စက်ရုပ်ဖြစ်သည်။တက္ကသိုလ်ကျောင်းသား
တစ်ဦး၏အင်ဂျင်းနီယားရင်ပရောဂျက်အတွက်ဖန်တီးထားသည်ဟုဆိုသော်လည်းမည်သည့်နိုင်ငံမည်သည့်တက္ကသိုလ်မှဟုမူရင်း
ဆိုဒ်တွင်မပါရှိ။ဘီးလုံးလေးများသုံး၍ဘီယာပုလင်းအားဆွဲယူပုံနှင့်ပြန်ထုတ်ပုံအယူအဆကတော့တော်သဘောကျစရာကောင်း
လှသည်။သို့သော်သံဘူးများဝယ်မသောက်မိရန်တော့လိုသည်။


Beer
Uploaded by reelgood0008


Source:Techblog

Read More...

အမေရိကန်ရဲတို့အစ္စရေးလုပ်Corner-shot သေနတ်များသုံးမည်


အိုဟိုင်းရိုးပြည်နယ်၊Akronရဲတပ်ဖွဲ့သည်မကြားသေးမီကအစ္စရေးနိုင်ငံလုပ်Corner-shotခေါ်ထောင့်ချိုးများတွင်လူကိုယ်တိုင်ထွက်
ပစ်စရာမလို၊အန္တရယ်ကင်းစွာပစ်မှတ်များကိုပစ်ခတ်နိုင်သည့်သေနတ်များကိုဝယ်ယူလိုက်သည်ဟုသတင်းများကဆိုသည်။ဈေး
ကွက်ရှာဖွေရန်အမေရိကန်သို့ရောက်ရှိလာသည့်ထိုအစ္စရေးသေနတ်ကုမ္ပဏီသည်Akronမြို့တော်ဝန်Don-Plusquellicနှင့်တွေ့
ဆုံအပြီး၊အစမ်းသဘောဖြင့်Akronရဲတပ်ဖွဲ့အားအသုံးပြုကြည့်စေရာမှနောက်ဆုံးဝယ်ယူသည့်အဆင့်ထိရောက်ရှိသွားကြသည်။

Corner-shotသေနတ်များသည်ဘေးတိုက်၉၀ဒီဂရီထိချိုးပြီးပစ်ခတ်နိုင်သည်။သေနတ်တွင်ဒစ်ဂျစ်တယ်ကမ်ကော်ဒါများကဲ့သို့အ
သေးစားမော်နီတာပါဝင်သောကြောင့်ကွယ်ရာမှပစ်မှတ်များအားလည်းလွယ်ကူစွာရှာဖွေနိုင်သည်။စမ်းသပ်သူများ၏အဆိုအရ
ထိုမော်နီတာမှာသာမန်မျက်စိထက်ပင်ပိုမိုမြင်နိုင်ပြီးသေနတ်ပစ်ဗီဒီယိုဂိမ်းများတွင်အသုံပြုသည့်အပေါင်းလက္ခဏာသဋ္ဌန်ပစ်မှတ်
ပါပါဝင်သေးသည်။Corner-shotသေနတ်တစ်လက်၏လက်ရှိဈေးနှုန်းမှာဒေါ်လာ၅၀၀၀ဖြစ်ပြီး၊လေဆာချိန်မှတ်၊မီးလုံးအစရှိသည့်
အပိုပစ္စည်းများထပ်မံတပ်ဆင်မှုပေါ်တွင်မူတည်ပြီးဒေါ်လာ၁သောင်းဝန်းကျင်ထိရှိနိုင်သည်ဟုသိရသည်။မကြာမီအချိန်အတွင်းသေ
နတ်ကုမ္ပဏီမှအိုဟိုင်းရိုးပြည်နယ်အရှေ့မြောက်ပိုင်းတွင်စင်တာတစ်ခုဖွင့်လှစ်၍တစ်နိုင်ငံလုံးရှိရဲတပ်ဖွဲ့များအားဖြန့်ဖြူးရောင်းချ
သွားမည်ဆိုသည်။

Read More...

ဆိုနီ၏လက်စွမ်းအင်သုံး ဒစ်ဂျစ်တယ်ကင်မရာ



လွန်ခဲ့သည့်ကြသပတေးနေ့ကဆိုနီသည်ကမ္ဘာ့ပထမဆုံးသောဘက်ထရီမဲ့ဒစ်ဂျစ်တယ်ကင်မရာတစ်မျိုးအားမိတ်ဆက်ပြသ
သွားသည်။"Twirl-N'-Take"ဟုအမည်ပေးထားပြီးပီဇာဖြတ်ကိရိယာနှင့်ဆင်တူသောထိုကင်မရာသည်၁၅စက္ကန့်ခန့်လက်
ဖြင့်ကိုင်လှုပ်ပေးပါကဓာတ်ပုံတစ်ပုံရိုက်ကူးနိုင်သည့်လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်သည်ဟုဆိုသည်။မိုဘိုင်းဖုန်းများတွင်
အသုံးပြုသည့်ကင်မရာမျိုးကိုပင်အသုံးပြုထားပြီး၊လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်သည့်ကိရိယာငယ်ပါဝင်သည်။သို့သော့်ကင်
မရာတွင်မော်နီတာငယ်မပါဝင်သောကြောင့်ရိုက်ကူးပြီးဓာတ်ပုံများကြည့်ရှုရန်ကွန်ပျူတာလိုအပ်သည်။ဤကင်မရာမှာဆို
နီ၏ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊လက်လုပ်စွမ်းအင်နည်းပညာပစ္စည်းများစားရင်တွင်ပါဝင်ပြီးစီးပွါးရေးအရထုတ်လုပ်ရောင်း
ချရန်မရှိသေးဟုသိရသည်။

Source:AFP

Read More...

မိုဘိုင်းဖုန်းဖြင့်ရေးသော ၀တ္ထုစာအုပ်များ



ဂျပန်တွင် အရောင်းရဆုံးဝတ္ထုစာအုပ်များ၏ တ၀က်သည် မိုဘိုင်းဖုန်းဖြင့်ရေးသည်ဟုသိရှိရသည်။ ကေတိုင်း ရှိုးဆက်စူ ဟူခေါ်သော အဆိုပါမိုဘိုင်းဖုန်း ၀တ္ထုများသည် ဂျပန်ထုတ်ဝေရေးလောကတွင် အံ့သြဖွယ်တွင်ကျယ်လာသည်။ အနိုင်ကျင့်ခံ မုဒိန်းကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသော အထက်တန်းကျောင်းသူလေးအကြောင်းရေးထားသော ကိုအိဇိုရာ(အချစ်ကောင်းကင်) ဟုခေါ်တွင်သော မိုဘိုင်းဖုန်းဝတ္ထုသည် ထုတ်ဝေချိန်မှစ၍ ၁.၂သန်းကျော် ရောင်းချရသည်ဟုဆိုသည်။ အင်တာနက်တွင်တင်ထားသော အဆိုပါမိုဘိုင်းဖုန်းဝတ္ထုများကို ငယ်ရွယ်သော ဖတ်ရှုသူပရိသတ်များက ၎င်းတို့၏ မိုဘိုင်းများမှတဆင့် အခငွေပေးဆောင်ဖတ်ရှုရာမှ ခေတ်စားကျယ်ပြန့်လာသည်ဟု
Sydney Morning Herald သတင်းအရသိရှိရသည်။

via (TechCrunch )

Read More...

ကမ္ဘာ့အသေးဆုံးCamcorder


Spy-gadgetsမှထုတ်လုပ်သောမိုက်ခရိုကမ်ကော်ဒါ(ဒေါ်လာ၂၉၅)သည်ကမ္ဘာပေါ်တွင်ရုပ်သံအရည်အသွေးအကောင်းဆုံးရနိုင်
သည့်အသေးငယ်ဆုံးသောကင်မရာအမျိုးအစားဖြစ်သည်။အရွယ်အစားမှာသာမန်Wringleyပီကေတောင့်အခွံတွင်းတွင်ပင်သယ်
ယူ၍ရနိုင်သည်။၁ဂစ်ဂါဘိုက်Mircro-SDကဒ်အားအသုံးပြုထားပြီး၃၃နာရီကြာဗီဒီယိုများသိုလှောင်ထားနိုင်သေးသည်။ဗီဒီယိုဖိုင်
များအာ3းgpဖိုင်အမျိုးအစားဖြင့်သိမ်းဆည်းပေးပြီ3းgpအသုံးပြုနိုင်သည့်လက်ကိုင်ဖုန်းများနှင့်PDAများတွင်ကြည့်ရှုနိုင်သလိုပီစီ
တွင်လည်းRealtimeနှင့်Quickplayerတို့ဖြင့်ကြည့်နိုင်သည်။



via: Geekalert

Read More...

100Gbpsရလာတော့မည့်Broadband Internet


Familab, Batavia, Illinois


ဖိုင်ဘာOpticနည်းပညာဖြင့်ယခုအခါ၁၀ဂစ်ဂါဘိုက်အထိမြန်သောအင်တာနက်ကော်နက်ရှင်များအသုံးပြုနေကြပြီးဖြစ်သည်။အ
ကယ်၍ကွန်ယက်တစ်ခုစီတွင်ထို၁၀ဂစ်ဂါဘိုက်စီမြန်သောဖိုင်ဘာOpticဆယ်ခုစီတပြိုင်နက်အသုံးပြုပါကမည်မျှထိမြန်လာနိုင်
မည်နည်း။

ယနေ့ကမ္ဘာပေါ်တွင်အသုံးပြုနေသောအင်တာနက်အမြန်နှုန်းသည်အလွန်ကြီးမားသောဒေတာများနှင့်ဗီဒီယိုဖိုင်များပို့ရာတွင်များ
စွာနှောင့်နှေးစေလျှက်ရှိသည်။သို့ရာတွင်အထက်ပါသဘောတရားအားအခြေခံထားသောအင်တာနက်အားInternet2မှအကောင်
အထည်ဖေါ်လိုက်ခြင်းဖြင့်တစ်စက္ကန့်လျှင်၁၀၀ဂစ်ဂါဘိုက်ထိသွားလာနိုင်သောအလွန့်အလွန်မြန်နှုန်းမြင့်သည့်အမျိုးအစားတစ်မျိုး
စတင်ပေါ်ပေါက်လာပြီဖြစ်သည့်အပြင်ထို့ထက်ပိုမိုမြန်သည့်အမျိုးအစားများပါပေါ်လာဦးမည်ဟုကုမ္ပဏီကဆိုသည်။

အမေရိကန်နိုင်ငံရှိတက္ကသိုလ်ပေါင်း၂၀၀ကျော်နှင့်အစိုးရဋ္ဌာနများ၊ကုန်ထုတ်စီးပွါးရေးအဆောက်အအုံးများတွင်အထက်ပါအလွန်
မြန်နှုန်းမြင့်လှသည့်အမျိုးအစားအား၂၀၀၈ဇန်နဝါရီတွင်တရားဝင်စတင်အသုံးပြုမည်ဖြစ်သည်။အောက်တိုဘာ၁၀ရက်နေ့၊အစမ်း
သုံးပြုပြသည့်ပွဲတွင်ဒေါက်တာCarl-Lundstedကသူ၏နေအိမ်မှFermilabစမ်းသပ်လေ့လာရေးဆောက်အအုံသို့တစ်terabyte
(မစ်ဂါဘိုက်၁သန်း)ရှိသည့်ဖိုင်များအား၅မိနစ်အတွင်းအရောက်ပို့ပြနိုင်ခဲ့သည်။ယနေ့အသုံးပြုလေ့ရှိသည့်1Mbpsနှုန်းဖြင့်သာပို့
မည်ဆိုပါကနာရီပေါင်း၉၂ကျော်ထိကြာမည်ဖြစ်သည်။

Internet2ကုမ္ပဏီ၏CTOဖြစ်သူRick-Summerhillက"နောင်တစ်ချိန်မှာမီးခလုတ်တို့၊ရေပိုက်ခေါင်းတို့ဖွင့်ရသလိုဘဲ၊မြန်နှုန်းမြင့်
နက်ဝေါ့ကွန်နက်ရှင်ကိုနေရာမရွေးအချိန်မရွေးရအောင်ကျနော်တို့လုပ်ပေးနိုင်လိမ့်မယ်"ဟုဆိုသည်။

Read More...

ဂျပန်မှလေအေးပေးစက်ပါအင်္ကျီသစ်



ဂျပန်နိုင်ငံတွင်ယခုနှစ်ပိုမိုပူနွေးလာသည့်နွေရာသီအားဖြေရှင်းရန်စရိတ်လည်းသက်သာ၊စွမ်းအင်လည်းချွေတာရာရောက်သည့်
လေအေးပေးစက်အင်္ကျီတစ်မျိုးတီထွင်လိုက်ပြန်သည်။ဆိုနီမှပညာရှင်ဟောင်းKouzi-Ichigaya၏လေအေးပေးစက်အင်္ကျီ
၏ခါးနေရာတွင်၁၀စင်တီမီတာခန့်ရှိပန်ကန်အသေးစားနှစ်လုံးပါဝင်ပြီး၊ပန်ကန်မြန်နှုန်းအားလိုသလိုထိန်းချုပ်၍ရသည်ဟုဆိုသည်။
ပန်ကာလည်ပတ်စေရန်အတွက်USBကြိုးအားအသုံးပြုနိုင်သလိုမော်တော်ကားအတွင်းရှိမီးခြစ်အပေါက်နှင့်လည်းချိတ်ဆက်အသုံး
ပြုနိုင်သည်။အပြင်သွားလာရင်းဝတ်ဆင်ရန်အတွက်လည်းAAအရွယ်အစားဓာတ်ခဲလေးလုံးထည့်သွင်းနိုင်သေးသည်။

Size XL 126/45, fans 1.2W, 325g, material 80 percent polyester, 20 percent cotton.


လေအေးပေးစက်အင်္ကျီများတည်ထွင်အသုံးပြုမှုသည်ဂျပန်နိုင်ငံတွင်ခေတ်စားလာသောတီထွင်မှုတစ်ခုပြုပြီးလေအေးစက်ပါသည့်
ဂျက်ကတ်တစ်မျိုးအားShuji-Matsuhitaဆိုသူမှ၂၀၀၅ခုနှစ်ကတည်းကတီထွင်ခဲ့ဖူးသည်။

Read More...

အပြုံးရှာနည်းပညာသစ်နှင့်ဆိုနီကင်မရာများ


အမ်ပီးသရီးဖွင့်စက်အရောင်းပြိုင်ပွဲကြီးတွင်တဖြည်းဖြည်းနေရာပျောက်ဆုံးလာသောဆိုနီသည်အဆင့်မြင့်ဒစ်ဂျစ်တယ်ကင်မ
ရာဈေးကွက်တွင်တော့ထိပ်တန်းနေရာ၌ရှိနေကြောင်းပြသလိုက်သည်။ဆိုနီ၏အသစ်တီထွင်ထုတ်လုပ်လိုက်သောDSC-T70
နှင့်DSC-T200အမျိုးအစား၈မစ်ဂါပစ်ဆဲလ်ပါကင်မရာများတွင်နောက်ဆုံးပေါ်"အပြုံးရှာ"နည်းပညာထည့်သွင်းထားသည်
ဟုဆိုသည်။

ထိုကင်မရာများဖြင့်ရိုက်ကူးရာတွင်မိမိရိုက်ကူးမည့်ပုဂ္ဂိုလ်အားကင်မရာပါစနစ်ဖြင့်မှတ်သားလိုက်ပြီးထိုပုဂ္ဂိုလ်ပြုံးသည့်အချိန်
၌အလိုလျှောက်ရိုက်ကူးပေးသည်။အပြုံးအနေအထားနှင့်ပတ်သတ်၍အနည်းငယ်၊အတော်အသင့်နှင့်ဝါလုံးကွဲရယ်မောခြင်း
ဟူ၍အဆင့်၃ဆင့်ပါရှိပြီးမိမိကြိုက်နှစ်သက်သလိုချိန်ဆပေးနိုင်သည်။ထို့အပြင်အုပ်စုဖွဲ့ရိုက်ကူးရာတွင်လည်းအုပ်စုတွင်းမှ
တစုံတဦးအား"Key-smile"အဖြစ်မှတ်သား၍တစ်အုပ်စုလုံးအားလည်းရိုက်ကူးနိုင်သည်။

ဆိုနီသည်သည်Omron-Corp၊ဂျပန်(လူ့မျက်နှာပြင်အရေပြားနှင့်ပါးစပ်၊မျက်လုံးတို့အပေါ်မူတည်၍ပျော်ရွှင်မူအားတွက်
ချက်တတ်သည့်ဆော့ဝဲထုတ်လုပ်သူ)နှင့်ပူးပေါင်းကာအထက်ပါနည်းပညာအားထည့်သွင်းဖန်တီးထားသည်။ထိုကင်မရာ
အမျိုးအစားများအားလာမည့်အပတ်မှအစပြု၍ဂျပန်နိုင်ငံနိုင်ငံတွင်စတင်ရောင်းချမည်ဖြစ်ပြီအောက်တိုဘာလတွင်တစ်
ကမ္ဘာလုံးအတိုင်းအတာဖြင့်ဖြန်ချီမည်ဟုဆိုသည်။

Source:Msnbc

Read More...