Showing posts with label Politics. Show all posts
Showing posts with label Politics. Show all posts

လက်ပါ..ပါရတဲ့ကိုရီးယားနိုင်ငံရေး



ဟုတ်ပါသည်..ဒီဇင်ဘာ၁၄မှာတော့လက်ပါပါသွားကြခြင်းဖြစ်သည်။အခင်းဖြစ်ပွါးရာနေရာမှာတောင်ကိုရီးယားပါလီမန်၏National
Assemblyတွင်ဖြစ်သည်။အော်ဟစ်ဆဲဆို၊ထိုးကြိတ်ရိုက်နှက်၊ခြင်းတို့မိနစ်အတော်ကြာအောင်ဖြစ်ပွါးနေခဲ့ပြီးနောက်ဆုံးတွင်ပါလီ
မန်အမတ်တစ်ဦးသတိလစ်လဲကြသွားကာထမ်းစင်နှင့်ထုတ်သွားရသည့်အချိန်မှရပ်သွားကြသည်ဟုဆိုသည်။ဤဖြစ်ရပ်သည်မ
နက်ဖြန်၁၉ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲအားတစ်နည်းမဟုတ်တစ်နည်းထိခိုက်လိမ့်မည်ဟုလည်းသုံးသပ်နေကြ၏။သာ
မာကိုးရီးယားပြည်သူတစ်ဦးအတွက်တော့အင်မတန်ရှက်စရာကောင်းချင်ကောင်းနေလိမ့်မည်။တစ်ကမ္ဘာလုံးကကြည့်ပြီးအကဲ
ဖြတ်နေကြသည်ကိုး။အချို့ကလည်းဒါလားကွမင်းတို့ဒီမိုကရေစီဆိုတာဟုအားရဝမ်းသာထောက်ပြနိုင်သည်။သို့သော်ပါလီမန်မ
ရှိ၊ပြန်လှန်ငြင်းခုန်မည့်သူမထား၊လမ်းမပေါ်တွင့်တစ်ဖက်သက်ပစ်ခတ်ရိုက်နှက်ခြင်းဖြင့်သာဖြေရှင်းတတ်သည့်နိုင်ငံတွင်တော့
ရှက်တတ်လာလျှင်ပင်အဆင့်တစ်ဆင့်မြင့်လာသည်ဟုယူဆရမလို....။



Click here to watch the other videos at youtube

Read More...

The Shock Doctrine

The Shock Doctrine by Alfonso Cuarón and Naomi Klein

DIRECTED BY JONÁS CUARÓN. Alfonso Cuarón, director of "Children of
Men", and Naomi Klein, author of "No Logo", present a short film from
Klein's book "The Shock Doctrine: The Rise of Disaster Capitalism."



အထက်က ရုပ်ရှင်ကားတိုလေးကြည့်ပြီး ကြိုက်လို့တင်လိုက်တာပါ။ ပြီးတော့ နာအိုးမိရဲ့ နိုးလိုဂို စာအုပ်ကို နည်းနည်းစိတ်ဝင်တစားရှိလာတာနဲ့ လိုက်ရှာရင်း အီးဘွတ်ခ်လင့်ခ်တခုရလိုက်တယ်။ ဒါပေမယ့် ဖတ်ဖို့ဖီလင်မရှိသေးတာနဲ့ ထုံးစံအတိုင်းနောက်မှဆိုပီးတေးထားလိုက်ရတယ်။
The Shock Doctrine by Naomi Klein


ebook link

Read More...

ကိုမင်းကိုနိုင်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုကဗျာ

အားမာန်အပြည့်ရှိလှတဲ့ဒီကဗျာနဲ့ ဗမာ့ဒီမိုကရေစီတော်လှန်ရေးသူရဲကောင်း ကိုမင်းကိုနိုင်ကို ဂုဏ်ပြုပါတယ်။
ကိုမင်းကိုနိုင်နောင်နှစ်ပေါင်းများစွာ တိုင်းကျိုးပြည်ကျိုးသယ်ပိုးထမ်းရွက်ပြီး ဗမာပြည်သူလူထုကို အမှောင်မှအလင်းသို့လမ်းပြခေါ်ဆောင်နိုင်ပါစေ။

၈၈၈၈

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်။

မင်းကိုနိုင်

Read More...

အလန်ဂရင်းစပန်မှ အီရတ်စစ်ပွဲနှင့်ပတ်သတ်သော သူ၏ထင်မြင်ချက်ကိုဖွင့်ချလိုက်ခြင်း

"I am saddened that it is politically inconvenient to acknowledge what everyone knows: the Iraq war is largely about oil,"

၁၈နှစ်တိုင်တိုင် အမေရိကန် ဗဟိုဘဏ်ကို ပဲ့ကိုင်လာသော အမေရိကန်ဗဟိုဘဏ်ဘော့်စ်ဟောင်း အလန်ဂရင်းစပန်က သူ၏ "The Age of Turbulence: Adventures in a New World,"စာအုပ်တွင် ရေနံသည် အီရတ်စစ်ပွဲ၏ အဓ်က အကြောင်းအရင်းဖြစ်သည်ဟု ဖွင့်ချလိုက်သည်။
ထို့အပြင် ဘုရှ်၏ ဗီတိုအာဏာ အလွန်အကျွံသုံးစွဲခြင်းကိုလည်း ဝေဖန်ထားသေးသည်။သူသည် အမေရိကန်လူမျိုးတို့၏ လေးစားခြင်းခံရသော ရီပတ်ဘလင်ကန်ခေါင်းဆောင်ဖြစ်သည်သာမက တိုင်းသိပြည်သိ စကားမှတ်ချက်များပြောခဲသူဖြစ်သည်။

အပြည့်အစုံဖတ်ရန်

Read More...

ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း(၅)ပထမပိုဒ်


ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း၅သည်ကျန်ရှိနေသေးသည့်မဖေါ်ပြဖြစ်ခဲ့သောအကြောင်းအရာများအားစုပေါင်း၍တင်ပြမည်
ဖြစ်သလိုနောက်ဆုံးအပိုင်းလည်းဖြစ်သည်။အပိုင်း၎မှအချက်အလက်အနည်းငယ်အားပြန်၍ကောက်ရသော်--ရှေးရိုးတိုက်
ရိုက်ဒီမိုကရေစီ၊ကိုယ်စားပြုခံအခြေပြုဒီမိုကရေစီနှင့်ခေတ်ပေါ်နည်းပညာသုံးTeledemocracyဟူ၍ဖြစ်သည်။ထိုအထဲ
တွင်မှကိုယ်စားပြုခံအခြေပြုဒီမိုကရေစီစနစ်သည်ယနေ့လက်ရှိကမ္ဘာ့ဒီမိုကရေစီနိုင်ငံအများစုတွင်အောင်မြင်စွာကျင့်သုံးနေ
သောစနစ်တစ်ခုဖြစ်သည်။သို့သော်နိုင်ငံရေးစနစ်များသည်ပုံသေကားချပ်မဆန်၊မိမိတို့ကာလဒေသ၊လက်ခံရာတန်ဖိုးများ
အပေါ်တွင်မူတည်၍ဥာဏ်ရှိသလိုချော့မွေ့စနစ်ကျစေရန်အသုံးပြုရမြဲဖြစ်သည်။

ထို့ကြောင့်နိုင်ငံအလိုက်ချမ်းသာကြွယ်ဝသလိုပညာတတ်အရေအတွက်အချိုးအစားများပြီး၊ပုဂ္ဂလိကလွတ်လပ်ခွင့်အားလွန်စွာ
တန်ဖိုးထားသည့်ဖင်လန်၊နော်ဝေ၊ဆွီဒင်၊ဒိန်းမတ်စသည်စကင်ဒီနေးဗီးယားနိုင်ငံများ၏ဒီမိုကရေစီအဆောက်အအုံ၊ဗြိတိန်၊အ
မေရိကန်၊ကနေဒါ၊ပြင်သစ်တို့ကဲ့သို့သောလူသိများသည့်ဒီမိုကရေစီအဆောက်အအုံ၊အာရှမှအိန္ဒိယ၊ဂျပန်၊အင်ဒိုနီးရှားကဲ့သို့
သောအာရှတန်ဖိုးများအားအခြေခံသည့်ဒီမိုကရေစီအဆောက်အအုံ၊ထိုအဆောက်အအုံများမှမည့်သည့်အဆောက်အအုံသည်
အကောင်းမွန်ဆုံး၊စနစ်အကျဆုံးဖြစ်သနည်းဆိုသောမေးခွန်းသည်နောက်ကွယ်မှမကြာခဏလိုက်ပါလာလေ့ရှိသည်။

အမှန်တွင်ထိုမေးခွန်းနှင့်ပတ်သတ်၍တိကျပြတ်သားသောအဖြေမရှိ။ကာလံဒေသံဆိုသည့်စကားအတိုင်းပင်ဖြစ်သည်။အထက်
ပါမေးခွန်းနှင့်ပတ်သက်၍နိုင်ငံရေးသိပ္ပံပါရဂူတစ်ဦးဖြေဆိုပုံအားပြန်လည်တင်ပြရလျှင်၊ဒီမိုကရေစီဆိုသည်မှာရေခဲမုန့်နှင့်တူ
သည်။နို့အရသာ၊စတော်ဘယ်ရီအရသာ၊ချောကလက်အရသာစသည့်အမျိုးအစားများတွင်မည်သည်ကပိုကောင်းသနည်းမေး
သော်ကိုယ်ကြိုက်ရာကိုယ်ကောင်းကြပေလိမ့်မည်။သိုသော်ရတိပြတ်အကောင်းဆုံးအားတကယ်တမ်းတွင်မည်သို့မျှဆုံးဖြတ်၍
မရ။အလားတူပင်ဒီမိုကရေစီစနစ်တွင်လည်းဤဤထိုထိုနိုင်ငံများမှပိုကောင်းသည်ဆိုသည်မှာမမှန်ကန်၊လိုအပ်ချက်နှင့်ကိုက်ညီ
ပြီးစစ်မှန်သောဒီမိုကရေစီအသွင်သဏန်ပါရန်သာလိုအပ်သည်။ဥပမာ-လက်ရှိမြန်မာနိုင်ငံတွင်ဘာဒီမိုကရေစီ၊ညာဒီမိုကရေစီ
အစရှိသဖြင့်အမျိုးမျိုးတံဆိပ်တပ်ရန်ကြိုးစားသော်လည်း၊တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါဝင်ခွင့်မရရှိခြင်း၊နိုင်ငံရေးပါတီ
များပင်စုံစုံညီညီမပါဝင်နိုင်ခြင်းမှာမည်သို့မျှဒီမိုကရေစီမဆန်သောဒီမိုကရေစီအားခုတုံးလုပ်မှုကြီးပင်ဖြစ်သည်။

ဆက်လက်၍တင်ပြမည့်နောက်တစ်ပိုင်းမှာ၊နိုင်ငံများတွင်ရှိသည့်အုပ်ချုပ်မှုပင်မစံနစ်သုံးမျိုးဖြစ်သည်။ကမ္ဘာပေါ်တွင်နိုင်ငံ
ပေါင်း၁၀၀ကျော်ရှိသည့်အနက်နိုင်ငံတိုင်းနိုင်ငံတိုင်းသည်အထက်ပါစံနစ်တစ်မျိုးမဟုတ်တစ်မျိုးတွင်အကြုံးဝင်လေ့ရှိသည်။
ရှေးဦးစွာတင်ပြမည့်အမျိုးအစားမှာရှေးအကျဆုံးနှင့်အရိုးရှင်းဆုံးပုံစံဖြစ်သည့်Monarchyခေါ်ဘုရင်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။
ထိုစနစ်အားထပ်မံ၍ခွဲခြမ်းစိတ်ဖြာလိုက်လျှင်အောက်ပါစနစ်ငယ်နှစ်မျိုးရှိလာလိမ့်မည်။

Absolute Monarchy(သက်ဦးစံပိုင်ဘုရင်စနစ်)
Enlightened-despotismဟုခေါ်သည့်သက်ဦးဆံပိုင်ဘုရင်စနစ်သည်ဘုရင်တို့၏ဘုန်းကံ(သို့)ဘုရားသခင်ပေးသည်
အခွင့်အာဏာဟူသောသဘောတရားပေါ်တွင်အခြေခံ၍နိုင်ငံ၏ဥပဒေများအားဘုရင်နှင့်ဘုရင့်မိသားစုကသာချမှတ်ပြဋ္ဌန်းခြင်း
ဖြင့်အုပ်ချုပ်သည်။ယေဘုယျအားဖြင့်အတိုက်အခံအင်အားစုဟူ၍မရှိပဲပေါ်ပေါက်လာသည့်အတိုက်အခံများအားနည်းအမျိုးမျိုး၊
ဥပဒေအဖုံဖုံဖြင့်ချေမှုန်းလေ့ရှိသည်။ဥပမာ-ယနေ့ဆော်ဒီအာရေးဗျ၊ဘရူနိုင်း

Constitutional Monarchy(စည်းမျဉ်းခံဘုရင်စနစ်)
သက်ဦးစံပိုင်စနစ်မှဖွံဖြိုးတိုးတက်လာသောပုံစံတစ်မျိုးဖြစ်သည်။ဘုရင်သည်တိုင်းပြည်၏ဥသျှောင်ဖြစ်နေသေးသော်လည်းပါလီ
မန်တွင်ပြဋ္ဌန်းသည့်ဖွဲစည်းပုံအခြေခံဥပဒေအားဖြင့်အခွင့်အာဏာကိုကန့်သတ်သည်။ရွေးကောက်တင်မြှောက်ထားသည့်အစိုးအ
ရ(သို့)ရွေးကောက်ခြင်းမပြုသည့်အစိုးရအဖွဲ့သည်တိုင်းပြည်အားဥပဒေအရအုပ်ချုပ်ပြီးယေဘူရအားဖြင့်ဝန်ကြီးချုပ်မှာအစိုးရ
အဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။မျက်မှောက်ကာလတွင်ဘုရင့်နှင့်တော်ဝင်မိသားစုအသိုင်းအဝိုင်းသည်တိုင်းပြည်အုပ်ချုပ်ရေးက
ဏ္ဍများတွင်လုံးဝပါဝင်ခြင်းမပြုတော့ပဲနိုင်ငံ၏စည်းလုံးညီညွတ်မှုနှင့်သမိုင်းအစဉ်အလာအားကိုယ်စားပြုသည့်ပုံစံတစ်မျိုးအဖြစ်
သို့ရွှေ့ရှားလာသည်။ဥပမာ-ဗြိတိန်၊နော်ဝေ၊ဂျပန်၊ထိုင်း

အထက်ပါစနစ်၂မျိုးလုံးတွင်Heritage-Ruleခေါ်သားစဉ်မြေးဆက်ဆက်ခံသောစနစ်အားကျင့်သုံးသည်။

Republic(သမ္မတနိုင်ငံ)
အကြမ်းဖျင်းအားဖြင့်ဘုရင့်နိုင်ငံမဟုတ်သည့်နိုင်ငံအားလုံအားRepublicဟုသတ်မှတ်သည်ဟုဆိုသည်။ပိုမိုတိကျစွာဆိုရသော်
အချုပ်အချာအာဏာသည်ပြည်သူလူထု၏သဘောတူကျေနပ်မှုပေါ်တွင်မူတည်၍ပြည်သူလူထုအသီးသီးအားကိုယ်စားပြုသည့်
ကိုယ်စားပြုလွှတ်တော်စနစ်အားအသုံးပြုလေ့ရှိသည်။သမ္မတနိုင်ငံစနစ်တွင်သာမာန်တိုင်းသူပြည်သားအားလုံးသည်အရည်အ
ချင်းပြည့်မှီပါကမည်သူမဆိုခေါင်းဆောင်သမ္မတဖြစ်ခွင့်ရှိသည်။

Theocracy
သီအိုကရေစီအားမြန်မာဘာသာဖြင့်ပြန်ဆိုရန်သီးသန့်စကားလုံးရှိပုံမရပေ။ဘုရင်စနစ်တွင်ဖြစ်စေသမ္မတနိုင်ငံစနစ်တွင်ဖြစ်စေသီ
အိုကရေစီစနစ်အမြစ်တွယ်ပေါက်ဖွားနိုင်သည်။တကယ်တမ်းတွင်တော့သီအိုကရေစီစနစ်ဆိုသည်မှာနိုင်ငံ၏ဥပဒေအထက်တွင်
ဘာသာတရား၏စည်းမျဉ်းစည်းကမ်းများတည်ရှိနေခြင်းဖြစ်သည်။တနည်းအားဖြင့်နိုင်ငံရေးသဘောတရားများအားဘာသာရေး
သဘောတရားများကလွှမ်းမိုးခွင့်ရရှိနေခြင်းဖြစ်သည်။ထိုစနစ်တွင်ဘာသာရေးနှင့်ပတ်သတ်သည့်ဘုန်းတော်ကြီးများ၊ဝန်ထမ်း
များကြီးစိုးမင်းမူကြသည်။ဥပမာပြရသော်အမှောင်ခေတ်နှင့်အလယ်ခေတ်ရှိအများစုသောဥရောပနိုင်ငံများဖြစ်ပြီးသက်ဦးစံပိုင်
ဘုရင်ပင်လျှင်ကျောင်းတော်၏ခွင့်ပြုချက်ဖြင့်သာအမိန့်ဥပဒေများထုတ်ပြန်ရလေ့ရှိသည်။အကြောင်းရင်းမှာထိုစဉ်ကဘုရားသခင်
၏အခွင့်အာဏာရရှိထားသည်ဟူသောဘုရင်များသည်ဘုရားသခင်၏စည်းမျဉ်းဥပဒေသဖြစ်သည့်သမ္မာကျမ်းစာပါစည်းမျဉ်းများ
ဖြင့်သာအုပ်စိုးခွင့်ရှိသလိုဘုရားသခင်၏ဝန်ထမ်းများဖြစ်သည့်ဘုန်းတော်ကြီးများ၏တည်းဖြတ်ခြင်းအားခံရခြင်းကြောင့်ဖြစ်သည်။
Theonomic-lawsဟုနိုင်ငံရေးသိပ္ပံတွင်ခေါ်ကြသည်။ယနေ့ခေတ်၏အထင်ရှားဆုံးသောသီအိုကရေစီနိုင်ငံမှာအစ္စလမ်မစ်သမ္မ
တနိုင်ငံတစ်ခုဖြစ်သည့်အီရန်နိုင်ငံဖြစ်သည်။

ယခင်အပိုင်း၎ပိုင်းနှင့်အတူဖတ်ရန်

Read More...

ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း(၄)


Democracy

ဂရိဘာသာစကားဖြစ်သည့်"Demos"(ပြည်သူ)"Kratos"(အာဏာ)မှဆင်းသက်လာခြင်းဖြစ်သည်။ပို၍တိတိကျကျ
ဆိုရသော်၊ဒီမိုကရေစီဆိုသည်မှာအစိုးရစနစ်တရပ်ဖြစ်ပြီးအာဏာမှာပြည်သူ့လက်တွင်းတွင်အဓိကတည်လေသည်။


တတိယပိုင်းတွင်ဒီမိုကရေစီဆိုသောဝေါဟာရ၏အနက်အကျဉ်းအားရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည်။ယခုအပိုင်းတွင်တော့အခြေ
ခံအကျဆုံးသောဒီမိုကရေပုံစံနှစ်မျိုးအားအကြမ်းဖျင်းတင်ပြမည်ဖြစ်သည်။

Direct Democracy(တိုက်ရိုက်ဒီမိုကရေစီ)

သမိုင်းနောက်သို့အတန်ကြာပြန်လှည့်ကြည့်သော်လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်ဝန်းကျင်ခန့်အချိန်ကဖြစ်သည်။အတွေးအခေါ်၊
သင်္ချာ၊အစရှိသည့်ပညာရပ်များထွန်းကားရာဂရိမြို့ပြနိုင်ငံများသည်သက်ဦးစံပိုင်ဘုရင်စနစ်ထက်ပြည်သူ့ထံတွင်အာဏာတည်သော
ဒီမိုကရေစီစနစ်ထွန်းကားခဲ့လေသည်။သို့သော်ထိုခေတ်အချိန်မှဒီမိုကရေစီသည်ရှုတ်ထွေးနက်နဲမှုကင်းသေး၏။ဤကဲ့သို့ရိုးရှင်းပွင့်
လင်းလှသောဒီမိုကရေစီစနစ်အားယနေ့ခေတ်ပညာရှင်များကတိုက်ရိုက်ဒီမိုကရေစီ(ဝါ)အေသင်ဒီမိုကရေစီဟုသတ်မှတ်ကြသည်။
တိုက်ရိုက်ဒီမိုကရေစီဆိုသည်မှာ၊နိုင်ငံသားအားလုံးမှတိုင်းပြည်၏ဥပဒေများ၊ပေါ်လစီများအားတိုက်ရိုက်မဲပေးသတ်မှတ်ကြခြင်းဖြစ်
သည်။သို့သော်ထိုစဉ်ကကျွန်များ၊အမျိုးသမီးများနှင့်နိုင်ငံသားမဟုတ်သူများသည်မဲပေးရာတွင်ပါဝင်ခွင့်မရှိကြပေ။ထိုကဲ့သိုသော
တိုက်ရိုက်စနစ်မျိုးတွင်၊နိုင်ငံသားများသည်အသိဥာဏ်ဗဟုသုတမြင့်မားရုံသာမက၊တိုင်းပြည်၏လက်ရှိအခြေအနေအရပ်ရပ်အားသ
ဘောပေါက်နားလည်းရန်များစွာလိုအပ်လှသော်လည်း၊အမှန်တကယ်ပါဝင်ဆောင်ရွက်နိုင်ပါကနိုင်ငံသားတစ်ဦးချင်းတို့အတွက်များ
စွာအကျိုးရှိလှမည်ဟုဂရိတို့ကယုံကြည်လေသည်။

ယနေ့ခေတ်တွင်တိုက်ရိုက်ဒီမိုကရေစီစနစ်အားအသုံးပြုသည့်တစ်ခုတည်းသောနိုင်ငံမှာဆွစ်ဇာလန်နိုင်ငံဖြစ်လေသည်။ထို့အပြင်အ
မေရိကန်ပြည်ထောင်စု၊နယူးအင်္ဂလန်ပြည်နယ်ရှိမြိုလေးများတွင်လည်းထိုအစနစ်အားကျယ်ပြန့်စွာအသုံးပြုကြသည်။မြို့အစည်းအ
ဝေးပွဲများတွင်မြိုနေပြည်သူများသည်ဥပမာ-မြို့တွင်းမြူနီစပယ်ခွန်တိုးမြှင့်ရေးကိစ္စ၊မြိုနယ်ရုံးဝန်ထမ်းငှားရန်းရေးအတွက်ဘတ်ဂျတ်
၊အစရှိသဖြင့်ဥပဒေနှင့်ပေါ်လစီများချမှတ်ရာတွင်တိုက်ရိုက်မဲပေးဆုံးဖြတ်ကြသည်။

သို့ရာတွင်တိုက်ရိုက်ဒီမိုကရေစနစ်သည်လိုအပ်ချက်များစွာရှိနေသောစနစ်တစ်ခုဖြစ်ခဲ့သည်။အေသင်အပါအဝင်ဂရိမြို့ပြနိုင်ငံများ
တွင်ထိုစနစ်၏ဆိုးကျိုးဖြစ်သည့်၊အများသဘောတူဆုံးဖြတ်ထားသည့်ဥပဒေအားနောက်တစ်နေ့တွင်အများသဘောတူပင်ပယ်ဖျက်
ပစ်ခြင်းအများသဘောတူရွေးချယ်ထာသောခေါင်းဆောင်အား၊အများသဘောတူပင်ထောင်သွင်းအကျဉ်းချခြင်း၊လူများစုမှလူနည်း
စုအားအမြဲလိုလိုအနိုင်ရနေခြင်းအစရှိသည့်ပြသနားများအားရင်ဆိုင်ရလေ့ရှိသည်။ရလဒ်မှာနိုင်ငံမတည်ငြိမ်မှုပင်ဖြစ်သည်။ထိုကဲ့သို့
သောမတည်ြ့ငိမ်မှုများအားစိတ်အပျက်ကြီးပျက်နေခဲ့သူပလေတိုသည်The-Republicအမည်ရှိစိတ်ကူးယာဉ်နိုင်ငံတော်အားရေး
သားခဲ့ဖူးသည်။အမေရိကန်တော်လှန်ရေးကာလ၊ပြင်သစ်တော်လှန်ကာလများပေါ်ထွန်းလာသည့်အချိန်တွင်ပင်အေသင်ဒီမိုကရေစီ
အားအန္တရာယ်ကြီးမားလှသည့်အစိုးရစနစ်အဖြစ်လူအများစုမှယူဆလျှက်ရှိနေသေးသည်။သို့ရာတွင်အစိုးရဆိုသည်မှာဘုရင်စနစ်
နှင့်မတူညီပဲ၊ပြည်သူလူထု၏သဘောတူကြေနပ်မှုဖြင့်အုပ်စိုးသည်ဟူသောအယူအဆမှာလည်းခေတ်စားနေသည်။

အမေရိကန်တော်လှန်ရေးအပြီးအစိုးရဖွဲ့စည်းရာတွင်James-Madisonအပါအဝင်ခေါင်းဆောင်များသည်၊အမေရိကန်ပြည်သူများ
၏ပညာတတ်နည်းပါးမှု၊ဗဟုသုတခေါင်းပါးမှုတို့အားသိမြင်သည်ဖြစ်ရာတိုက်ရိုက်စနစ်သည်တိုင်းပြည်အားဒုက္ခပေးမည်စနစ်ဟုယုံ
ကြည်ခဲ့ကြသည်။နိုင်ငံရေးသမားများ၏လိမ်လည်လှည့်ဖျား၍အာဏာရယူလိုမှု၊လူနည်းစုများ၏အခွင့်အရေးအစရှိသည်တို့အားကာ
ကွယ်ရန်ကြိုးပမ်းရာမှယနေ့အများစုသိရှိယဉ်ပါးသာအောက်ပါဒီမိုကရေစီစနစ်စတင်ခဲ့လေသည်။

Democratic Republic/Representaive Deomocracy
ဒီမိုကရတ်တစ်သမ္မတနိုင်ငံ(ဝါ)ကိုယ်စားပြုခံအခြေပြုဒီမိုကရေစီ

ကိုယ်စားပြုခံအခြေပြုတိုက်ရိုက်ဒီမိုရေစီစနစ်တွင်ပြည်သူများသည်ရွေးကောက်ပွဲများမှတဆင့်မိမိနှစ်သက်သည့်အစိုးရအားရွေး
ချယ်ကြသည်။သို့သော်ဥပဒေနှင့်ပေါ်လစီများချမှတ်ရေးအတွက်ကိုယ်တိုင်မပါဝင်တော့။မိမိအရပ်ဒေသမှယုံကြည်စိတ်အချရဆုံး
ပုဂ္ဂိလ်အားရွေးချယ်၍မိမိတို့ကိုယ်စားဆုံးဖြတ်ချက်များချမှတ်စေသည်။ထိုရွေးချယ်ခံပုဂ္ဂိုလ်များသည်ဥပဒေများချမှတ်ရာလွှတ်
တော်တွင်မိမိကိုယ်စားပြုသည့်အရပ်ဒေသ၊ပြည်သူလူထု၏အကျိုးစီးပွားအတွက်အခြားဒေသမှရွေးချယ်ခံကိုယ်စားလှယ်များနှင့်
ဆွေးနွေးငြင်းခုန်ရသည်။ဤစနစ်သည်အသက်၁၈ပြည့်ပြီးသူအားလုံမဲပေးခွင့်ဟူသောစနစ်တွင်အခြေခံသည်သာမက၊လူနည်းစု
တိုင်းရင်းသားများ၏အခွင့်အရေးအားကာကွယ်ပေးသည့်သီးခြားစနစ်များလည်းရှိရသည်။ထို့အပြင်အစိုးရ၏အခွင့်အာဏာအား
ဖွဲစည်းပုံအခြေခံဥပဒေဖြင့်ပြန်လည်ကန့်သတ်ထားလေ့လည်းရှိသည်။အမှန်မှာဤစနစ်သည်ဒီမိုကရစ်တစ်သမ္မတနိုင်ငံဟူသော
အမည်နာမဖြင့်စတင်ခဲ့သည်။အစပိုင်းတွင်ထိုတန်ဖိုးသတ်မှတ်ချက်များသည်အနောက်တိုင်းနိုင်ငံများ၊ထို့နောက်ကမ္ဘာအနှံသို့ပြန်နှံ
ွသွားတော့သည်။ဗြိတိန်သို့အရောက်တွင်မူဒီမိုကရက်တစ်သမ္မတနိုင်ငံဟူသောအခေါ်အဝေါ်သည်စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံး
သည့်ဗြိတိသျှတို့အတွက်တော်စိတ်ကသိကအောက်ဖြစ်စေခဲ့ရာမှRepresentavie-Democracyဟူသောဝေါဟာရအားတီ
ထွင်ခဲ့လေသည်။ယနေ့တွင်ကိုယ်စားပြုခံအခြေပြုဒီမိုကရေစီသည့်ကမ္ဘာနိုင်ငံအများအပြားမှမိမိတိုဒေသတန်ဖိုးများအပေါ်မူတည်
၍လိုသလိုပြောင်းလဲကျင့်သုံးလျှက်ရှိသောခေတ်စားသည့်စနစ်တစ်မျိုးဖြစ်လာသည်။

Teledemocracy

ယနေ့တွင်အင်တာနက်၏အကျိုးကျေးဇူးဖြင့်ကမ္ဘာ့ဖွံဖြိုးပြီးနိုင်ငံအများအပြားတွင်နိုင်ငံသားများသည်နိုင်ငံရေးနှင့်ပတ်သက်သည့်
သတင်းအချက်အလက်များအားအကန့်အသတ်မဲ့ရှာဖွေခွင့်ရှိလာကြသည်။သမ္မတလောင်းများ၏ကိုယ်ရေ့းရာဇဝင်အသေးစိတ်
ရှာဖွေနိုင်ခြင်း၊လွှတ်တော်အမတ်များအားမိမိတို့လိုအပ်ချက်များကိုအီးမေးလ်မှတဆင့်လွယ်လွယ်ကူကူတောင်းဆိုနိုင်ခြင်းတို့
သည်Teledemocracy၏အားသာချက်များဖြစ်သည်။နောင်အနာဂတ်တွင်ကိုယ်စားလှယ်များနှင့်ပြည်သူလူထုကြားမိသည့်အ
ခါကမှမပေါ်ထွန်းခဲ့ဖူးသည်အွန်လိုင်းဆက်သွယ်မှုများဖြင့်ပိုမိုပြီးပြည့်စုံသည့်ဒီမိုကရေစီစနစ်မျိုးတည်ဆောက်လာနိုင်မည်ဟုယုံ
ကြည်ကြသည်။၂၀၀၀ခုနှစ်တွင်ကော်လိုရာဒိုပြည်နယ်သည်၊မိမိ၏ပြည်နယ်သားများအားအွန်လိုင်းမဲပေးခွင့်ပြုခြင်းဖြင့်စာမျက်နှာ
သစ်ဖွင့်လှစ်ခဲ့သည်။

ဆက်ရန်ရှိသေးသည်။

Read More...

ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း(၃)


အစိုးရတစ်ရပ်တွင်ရှေးဦးစွာဖန်တီးတည်ဆောက်ပေးရမည့်(Order)ငြိမ်ဝပ်ပိပြားမှုနှင့်(Liberty)လွတ်လပ်ခွင့်
တို့အားဒုတိယပိုင်းတွင်တင်ပြခဲ့ပြီးဖြစ်သည်။ဤတစ်ပိုင်းတွင်တော့ကျန်ရှိနေသေးသောအစိုးရ၏အစိတ်အပိုင်း၂ခုအား
တင်ပြပေးသွားမည်ဖြစ်သည်။

ထိုအခြင်းအရာနှစ်ခုမှာAuthority(အခွင့်အဏာ)နှင့်Legitimacy(တရားဝင်မှု)တို့ပင်ဖြစ်သည်။အခွင့်အာဏာ
ဆိုသည်မှတကယ်တမ်းတွင်တော့အစိုးရ၏ဆုံးဖြတ်ခွင့်များ၊ထိုဆုံးဖြတ်ချက်များကိုအခြားသောအဖွဲ့အစည်းနှင့်ပြည်သူ
လူထုမှလိုက်နာရသည့်သဘောတရားဖြစ်သည်။ကမ္ဘာပေါ်ရှိအစိုးရတိုင်းသည်ထိုအခွင့်အဏာအတွက်စစ်တပ်၊ရဲတို့အ
ပေါ်တွင်မှီခိုရလေ့ရှိပြီးထိုအခွင့်အာဏာအားပုဂ္ဂလိကအကျိုးအတွက်သော်၎င်းမလိုအပ်ပဲအသုံးချခြင်းသည်၎င်းသုံးသင့်
သည်ထက်ပိုမိုအသုံးပြုခြင်းသည်၎င်းအာဏာအလွဲသုံးစားခြင်း(ဝါ)ဖိနှိပ်ခြင်းမြောက်သည်။

တရားဝင်မှုဆိုမှာအခွင့်အာဏာအားပြည်သူအများစု၏လက်ခံသဘောတူခြင်းဟုအကြမ်းဖျင်းနားလည်နိုင်သည်။အစိုးရ
တစ်ရပ်သည်မည်မျှပင်အင်အားကြီးမားသည့်လက်နက်ကိုင်တပ်ဖွဲများရှိစေLegitimacyလျော့နည်းလာလျှင်သော်
၎င်း၊လုံးဝမရှိတော့လျှင်သော်၎င်းတိုင်းပြည်အတွင်းတွင်မငြိမ်သက်မှုများစတင်လာလေ့ရှိသည်။သာဓကပြရသော်အီ
ရတ်ပင်ဖြစ်လိမ့်မည်။ဆက်ဒမ်ပြုတ်ကျသွားခြင်းကြောင့်အီရတ်ပြည်သူအများစုမှာကျေနပ်ဝမ်းသာကြသော်လည်းနိုင်ငံ
တွင်းနိုင်ငံခြားတပ်များတပ်စွဲထားခြင်းအားမကျေနပ်ကြ။အထူးသဖြင့်ဆက်ဒမ်၏ဆွန်နီလူမျိုးများဖြစ်ကြသည်။ဆွန်နီ
တို့သည်အမေရိကန်ဦးဆောင်သည့်အီရတ်အစိုးရသစ်အားမထောက်ခံ၊ရရာနည်းဖြင့်ဆန့်ကျင်ကြသည်။ထိုအထဲတွင်သ
တင်းမပေး၊မပူးပေါင်းခြင်းမှာအထိရောက်ဆုံးဖြစ်သည်။ဥပမာ-ဗုံးထောင်သူများရပ်ကွက်တွင်းခိုအောင်းနေကြသော်
လည်းရေငုံနှုတ်ပိတ်နေခြင်းမျိုးဖြစ်သည်။

ထို့အပြင်Legitimacy၏အရေးပါမှုအားတွေ့နိုင်သောနေရာတစ်ခုမှာမြန်မာပြည်ပင်ဖြစ်သည်။၁၉၈၈ခုနှစ်ပစ်ခတ်မှုများ
မှအစပြု၍ကိုယ်တိုင်ကျင်းပပေးခဲ့သောရွေးကောက်ပွဲရလဒ်အားလျစ်လူရှုမှု၊ဘလောင်းဘလဲပြောဆိုမှုများအဆုံးတို့ကြောင့်
န.ဝ.တ၊န.အ.ဖမှာပြည်သူအမျာစု၏ထောက်ခံအသိအမှတ်ပြုခြင်းအားကာလကြာမြင့်လာသည်တိုင်မရရှိ။နှစ်ပေါင်းများ
စွာမီဒီယာအမျိုးမျိုးမှတဆင့်မိမိကိုယ်ကိုထာဝရမှန်ကန်သူအဖြစ်ကိုယ်ရေသွေးခြင်း၊အတိုက်အခံများအားအမျိုးမျိုးသွား
ပုတ်လေ့လွင့်ပြောဆိုခြင်းတို့မှာယင်းတို့အဓိကလိုအပ်နေသည့်Legitimacyအားဖြည်းဖြည်းခြင်းသဲ့ယူနေခြင်းဖြစ်သည်။
ထို့ကြောင့်တရားဝင်မှု(Legitimacy)ဆိုသည်မှာနိုင်ငံတစ်နိုင်ငံတည်ငြိမ်ရေးအတွက်များစွာအရေးပါလှသည့်နိုင်ငံရေး
တန်ဖိုးတစ်ခုပင်ဖြစ်သည်။

Today, in much of the world, the people will not grant legitimacy to a goverment unless it is based on democracy.


ထို့ကြောင့်ဒီမိုကရေစီဆိုသည်မှာအဘယ်နည်းဟုမေးစရာရှိလာသည်။ဒီမိုကရေစီအစိုးရစနစ်အားမတင်ပြမှီအခြားသော
အစိုးရအမျိုးအစားများနှင့်ပတ်သတ်ပြီးအနည်းငယ်တင်ပြမည်ဖြစ်သည်။

Totalitarian Regime

နိုင်ငံတစ်နိုင်ငံအဖွဲ့အစည်းတစ်ခုအားတစ်ဦးတည်းသောခေါင်းဆောင်မှဦးဆောင်ပြီးနိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအစရှိသ
ဖြင့်နေရာတိုင်းတွင်ထိုတစ်ဦးတည်းမှသာဆုံးဖြတ်ချက်များချချင်းဖြစ်သည်။ထို့အပြင်တစ်ဦးတည်းသောခေါင်းဆောင်သည်
အဆုံးမဲ့သောအခွင့်အာဏာအားပိုင်ဆိုင်ထားလေ့ရှိသည်။ဥပမာ-မြောက်ကိုရီးယား၊ကျူးဘား၊မော်စီတုန်း၊စတာလင်

Aristocracy

နိုင်ငံတစ်နိုင်ငံအဖွဲ့အစည်းတစ်ခုအားအထက်တန်းလွှာများမှသာအုပ်ချုပ်ခြင်းဖြစ်သည်။ဆိုလိုရင်းမှာချမ်းသာကြွယ်ဝသော၊
ပညာတတ်သော၊မျိုးရိုးအစဉ်အလာအရသြဇာအာဏာရှိသောလူများသာအုပ်ချုပ်ခွင့်ရခြင်းဖြစ်သည်။ဥပမာ-အလယ်ခေတ်
ဥရောပနိုင်ငံများ။

Democracy

ဂရိဘာသာစကားဖြစ်သည့်"Demos"(ပြည်သူ)"Kratos"(အာဏာ)မှဆင်းသက်လာခြင်းဖြစ်သည်။ပို၍တိတိကျကျ
ဆိုရသော်၊ဒီမိုကရေစီဆိုသည်မှာအစိုးရစနစ်တရပ်ဖြစ်ပြီးအာဏာမှာပြည်သူ့လက်တွင်းတွင်အဓိကတည်လေသည်။

အထက်ပါအစိုးရအမျိုးအစားသုံးမျိုးအနက်ပထမအမျိုးအစားမှာကမ္ဘာပေါ်တွင်တနေ့တခြားယုံကြည်မှုကင်းမဲ့လာနေသည့်
ပျောက်ကွယ်လုစနစ်တစ်မျိးဖြစ်ပြီးဒုတိယအမျိုးအစားမှာလည်းလုံးဝပျောက်ကွယ်သွားပြီးဖြစ်သည်။သို့သော်တတိယအမျိုး
အစားဖြစ်သည့်ဒီမိုကရေစီအစိုးရစနစ်သည်ရှေးနှစ်ထောင်ပေါင်းများစွာမှအစပြုခဲ့သော်ငြားပြန်လည်ပြုပြင်မွမ်းမံမှုအဆင့်
ဆင့်ဖြင့်ယနေ့တိုင်ရေပန်းစားယုံကြည်ကြဆဲဖြစ်သည်။

နောက်တစ်ပိုင်းတွင်ဒီမိုကရေစီမျိုးကွဲအချို့နှင့်အခြေခံသဘောတရားများအားဖေါ်ပြပါမည်။

ဆက်ရန်ရှိသေးသည်..

Read More...

ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း(၂)


ပထမပိုင်းတွင်ပေါ်လစ်တစ်ဆိုသောစကားလုံး၏အကြမ်းဖြင်းအနက်အဓိပ္ပယ်အားတတ်သိနားလည်သလောက်ကျနော်ရှင်းပြခဲ့
ပြီးဖြစ်သည်။လူတစ်ဦးထက်ပို၍စုဝေးစုပေါင်းနေသမျှကာလပတ်လုံးတွင်ပေါ်လစ်တစ်သည်တည်ရှိနေဦးမည်ဖြစ်သည်။ထိုအခါ
အဖွဲ့အစည်းတိုင်းတွင်မတူညီကွဲပြားမှုများအတွက်ဆုံးဖြတ်ချက်များချရသောအခါရေးပါသောဆုံးဖြတ်ချက်ရသူများအားရွေး
ချယ်ထားရလေ့ရှိသည်။ဥပမာ-မိသားစုတစ်စုတွင်အိမ်ထောင်ဦးစီးဖခင်ဖြစ်သူသည်အရေးပါသောဆုံးဖြတ်ချက်များအားချရလေ့
ရှိသူဖြစ်သည်။သိုရာတွင်မိခင်ဖြစ်သူနှင့်အရွယ်ရောက်လာသောသားသမီးများသည်လည်းရေးပါသောကဏ္ဌတွင်ပါဝင်ခွင့်ရရမည်
ဖြစ်သည်။သို့မဟုတ်လျှင်မိသားစုအတွင်းမကျေမနပ်ချက်များ၊အဖုအထစ်များစတင်လာမည်မှာအသေအချာဖြစ်၏။

ထို့ကြောင့်အစိုးရဆိုသည်မှာအဘယ်နည်းဟူသောမေးခွန်းအားအထက်ပါဥပမာဖြင့်ချိန်ထိုးကြည့်လျှင်သိသာထင်ရှားသောအ
ဖြေတစ်ခုရလိမ့်မည်ဖြစ်သည်။

အစိုးရဆိုသည်မှာနိုင်ငံတစ်ခုအတွင်းပြသသနာများ၊လိုအပ်ချက်များနှင့်အခွင့်အရေးများအားတရားအမျှတဆုံးဖြစ်စေရန်စီမံခန့်
ခွဲရင်းရေးပါသောဆုံးဖြတ်ချက်များချပေးရသည်အဖွဲ့အစည်းတစ်ခုဖြစ်သည်။နိုင်ငံတစ်နိုင်ငံအတွင်းတွင်အစိုးရသည်နှစ်ဖွဲ့မရှိသူ
ဖြစ်ပြီးထူးခြား၍အရေးအပါသောအခွင့်အဏာရှိသည်။

မည်သည့်အတွက်အစိုးရလိုအပ်သနည်း။

မိသားစုတစ်စုတွင်ဦးဆောင်သူဖခင်မရှိတော့သိအခါ၊မိခင်သို့မဟုတ်အကိုကြီးအမကြီးများကဆက်လက်ဦးဆောင်ရုန်းကန်ရသည်။
သို့တည်းမဟုတ်လျှင်ထိုမိသားစုသည်လမ်းဘေးရောက်ရန်သာရှိတော့သည်။လက်တွေ့အခြေအနေတွင်အထင်ရှားဆုံးသာဓကမှာ
ဆိုမားလီးယားနိုင်ငံဖြစ်သည်။ထိုနိုင်ငံတွင်၁၉၉၁ခုနှစ်မှအစပြု၍တရားဝင်အစိုးရဟူ၍မယ်မယ်ရရမရှိ။မြို့တော်"Mogadishu"အ
ပါအဝင်ဒေသအများအပြားအားလူမျိုးစုစစ်ခေါင်းဆောင်များကသိမ်းပိုက်ထားကြသည်။ထိုစစ်ခေါင်းဆောင်များအချင်းချင်းတစ်
ဦးနှင့်တစ်ဦးအာဏာအတွက်စစ်တိုက်ကြသောအခါသွေးချောင်းစီးစေသောပြည်တွင်းစစ်မီးကြီးလောင်ကြွမ်းလေတော့သည်။

ထို့ကြောင့်ကမ္ဘာအရပ်ရပ်ရှိအစိုးရများ၏ရှေးအကျဆုံးနှင့်အရေးအပါဆုံးသောတာဝန်ဝတ္တရားမှားSecurity(သို)Orderဖြစ်ပြီး
မြန်မာဘာသာဖြင့်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ခြင်းဟုခေါ်ဆိုနိုင်သည်။အစိုးရသည်ပြည်သူလူထုအားပြည်ပရန်နှင့်ပြည်တွင်းရာဇ
ဝတ်ကောင်များ၊တရားမျှတမှုမရှိသည်များမှလုံးဝဥသုံကာကွယ်ပေးရမည်ဖြစ်သည်။အခြားသောထင်ရှားသည့်သာဓကမှာအီရတ်
နိုင်ငံဖြစ်သည်။၂၀၀၃ခုနှစ်တွင်အမေရိကန်နှင့်ဗြိတိန်ဦးဆောင်သည့်တပ်များအီရတ်အတွင်းသို့ဝင်ရောက်ခဲ့ပြီးအာဏာရှင်ဆက်ဒမ်
ဟူစိန်၏တပ်များအားအချိန်တိုအတွင်းလွယ်လွယ်ကူကူအနိုင်ယူနိုင်ခဲ့သည်။သို့ရာတွင်ဆက်ဒမ်၏ဘာ့သ့်ပါတီဲပြုတ်ကျသွားအပြီး
ဖြစ်ပေါ်လာသောပုန်ကန်မှုများနှင့်ရုန်းရင်းဆန်ခတ်မှုများအားယနေ့တိုင်အမေရိကန်တို့ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသေး။ထို့
ကြောင့်နိုင်ငံတွင်းငြိမ်ဝပ်ပိပြားမှုသည်အရေးပါလှသောနိုင်ငံရေးတန်ဖိုးတစ်ခုဖြစ်သည်။အဘယ်ကြောင့်အမေရိကန်တို့အိရတ်တွင်
ငြိမ်ဝပ်ပိပြားမှုမတည်ဆောက်နိုင်ခြင်းအကြောင်းရင်းအားနောက်တစ်ပိုင်းတွင်တင်ပြမည်။

ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ခြင်းသည်အကြွေစေ့တစ်စေ့၏ခေါင်းဟုဆိုလျှင်အခြားတဘက်တွင်လည်းအလာတူရေးပါလှသော
နိုင်ငံရေးတန်ဖိုးတစ်ခုတည်ရှိနေပြန်သေးသည်။ဆက်ဒမ်ဟူစိန်လက်ထက်တွင်အာဏာရှင်ကြီးသည်နိုင်ငံအတွင်းထိုက်သင့်သိ
လုံခြုံပိပြားမှုအားတည်ဆောက်နိုင်ခဲ့သည်။သို့သော်ထိုအခြင်းအရသည်အခြားသောအီရတ်နိုင်ငံသားများ၏သွေးစက်များမှစီးဆင်း
လာခြင်းဖြစ်သည်။ထောင်ပေါင်းများစွာသောအီရတ်ပြည်သူများသတ်ဖြတ်ထောင်ချခြင်းခံရသည်။မွေးရပါလွတ်လပ်မှုများစိတ်သုန်း
ခဲ့ရသည်။ထို့ကြောင့်နိုင်ငံတစ်နိုင်ငံတွင်ပြည်ပနှင့်ပြည်တွင်းရန်များမှလုံခြုံနေခြင်းသာမက၊လုံခြုံရေးတွက်အစိုးရ၏မတရားဖိနှိပ်ခြင်း
မှကင်းလွတ်နိုင်ခြင်းသည်လည်းအသက်သွေးကြောတစ်ခုနှယ်ဖြစ်သည်။ထိုအခြင်းအရာအားအင်္ဂလိပ်ဘာသာဖြင့်Libertyဟုခေါ်
ပြီးအဘိဓာန်တွင်တော့လွတ်လပ်မှုပေါင်းတို့တွင်အလွတ်လပ်ဆုံးသောတန်ဖိုးအကြီးမားဆုံးသောတန်ဖိုးတစ်ခုအားဖေါ်ပြသည့်စ
ကားလုံးဖြစ်သည်။နိုင်ငံတစ်နိုင်ငံတွင်မည်မျှLibertyရှိသင့်သနည်းဆိုသောမေးခွန်းသည်ယနေ့အထိစိန်ခေါ်နေသာရှေးဟောင်း
မေးခွန်းတစ်ပုဒ်ဖြစ်သည်။ဥပမာ-အမေရိကန်နိုင်ငံတွင်အကြမ်းသမားပြသနာအကြောင်းပြကာဘုရှ်အစိုးမှတရားရုံး၏ခွင့်ပြုချက်
စောင့်ဆိုင်းစရာမလိုပဲ၊မင်္သကာသူမှန်သမျှ၏အိမ်တွင်းကင်မရာ၊အသံဖမ်းစက်များလျှို့ဝှက်တပ်ဆင်လိုသည်။သို့သော်မေရိကန်ဖွဲ့
စည်းပုံဥပဒေအရပြည်သူတစ်ဦးချင်း၏ပုဂ္ဂလိကလွတ်လပ်ခွင့်အားဆန့်ကျင်နေသည်။ဤတွင်နိုင်ငံရေးငြင်းခုန်ပွဲကြီးစတင်တော့
သည်။

ဆက်ရန်ရှိသေးသည်။

Read More...

ပေါ်လစ်တစ်ကကြီးခခွေးအပိုင်း(၁)


ကျနော်တော်ငယ်စဉ်အခါကဖြစ်သည်။နိုင်ငံရေးဆိုသောစကားလုံးကြားမိတိုင်းကြက်သီးမွှေးညင်းအနည်းငယ်ထမိသည်။လူကြီး
မိဘများ၏သင်ကြားမှုအရနိုင်ငံရေးဆိုသည်မှာကိုယ့်သေတွင်းကိုယ်တူးသောလုပ်ငန်းစဉ်တစ်ခုဟုသာနားလည်ထားခဲ့ဘူးသည်။
ကျောင်းဆရာဆရာမများကလည်း"မင်းတို့ကျောင်းမှာစာကပ်ဘာကပ်၊လူကြီးတွေမြှောက်ပေးတိုင်းလျှောက်မလုပ်ကြနဲ့၊ရာသက်
ပန်ကျောင်းထုတ်ခံရပြီး၊ထောင်ထဲပါဝင်သွားရလိမ့်မယ်"ဟုသတိပေးကြသည်။အမှန်တကယ်ပင်ထိတ်လန့်စရာကိစ္စရပ်တခုအဖြစ်
သက်မှတ်ခဲ့ပြီးဆယ်ကျော်သက်အထက်တန်းကျောင်းသားဘဝတွင်ဝေးဆုံးမှရှောင်ရှားခဲ့သည်။

ဆယ်တန်းအောင်အပြီး၊၂နှစ်ခန့်သင်တန်းများလိုက်တက်ရင်းလပ်ရားလပ်ရားဘဝတွင်၎င်းကောလိပ်သို့ရောက်သည့်အခါတွင်၎င်း
အသက်အရွယ်အရစဉ်းစားဥာဏ်လည်းပိုမိုရင့်သန်လာခဲ့သည်။ထို့အပြင်စာဖတ်ဝါသနာပါသောကျနော်သည်ကျောင်းတွင်ဝါသနာ
တူများစုဝေးမိရာမှစာပေဟင်းလေးအိုးကြီးများ၏စာအုပ်စုစောင်းထားရာကိုယ်ပိုင်အိမ်တွင်းစာကြည့်စင်များသို့စတင်ရောက်ဖြစ်ခဲ့
သည်။ယခင်ဖတ်ရှုနေကြပျော်ဖတ်စာပေ၊ဟိုလှန်ဒီလှန်မဂ္ဂဇင်းများမှတစ်အုပ်ဆိုလျှင်ဆိုသလောက်တွေးအမြင်များပြောင်းလဲသွား
စေနိုင်စာအုပ်များသို့လုံးဝပင်ခြေဦးလှည့်သွားခဲ့သည်။ထိုစဉ်ကကျနော်အနှစ်သက်ဆုံးမှာဆရာပါရဂူဘာသာပြန်သည့်ပလေတို၏
"Republic"

ဤသည်တွင်နှစ်ပေါင်းများစွာငုတ်ရှိုးနေခဲ့သောကျနော့်မသိစိတ်အတွင်းမှနိုင်ငံရေးအပေါ်စိတ်ဝင်စားမှုသည်ဖြည်းဖြည်းခြင်းထကြွ
လာခဲ့သည်။(အမှန်မှာလူသည်နိုင်ငံရေးသတ္တဝါဖြစ်သောကြောင့်မည်သို့ပင်အကြောက်တရားဖြင့်ထိမ်းချုပ်ထားစေ၊အခါအခွင့်သင့်
သောအခါတွင်ခေါင်းပြူလာခြင်းသာဖြစ်သည်။)မကြာခဏဆိုသလိုစိတ်ပျက်ဖွယ်ရာမြင်တွေ့နေ့ရပြီးငယ်စဉ်အခါကမသိနားမလယ်
စွာယုံစားမိခဲ့သည့်"တပ်မတော်သာအမိတပ်မတော်သာအဖ""ဝန်ထမ်းများပါတီနိုင်ငံရေးကင်းရှင်းရမည်""ဖက်ဒရယ်မူကြောင်
့ပြည်ထောင်စုကြီးပြိုကွဲလိမ့်မည်""တပ်မတော်မှပြည်ထောင်စုကြီးမပြိုကွဲစေရန်လက်မလေးတင်ကယ်တင်လိုက်ရသည်အစရှိသည့်
ဦးနောက်ဆေးစကားလုံးများ၏အန္တရာယ်ကိုသိရှိနားလည်လာတော့သည်။

မြန်မာပြည်တွင်ရှိစဉ်အချိန်တုန်းကတော့၊အတတ်နိုင်ဆုံးနီးစပ်ရာသူငယ်ချင်းများ၊ညီငယ်ညီမငယ်များအားနားလည်သလောက်ရှင်း
ပြခဲ့ဖူးသည်။အချို့ကလိုလိုလားလာပင်ပြန်လည်ဆွေးနွေးသလောက်၊အချိုက"မင်းNLDကလား"ဟုပြန်မေးလေ့ရှိသည။်ကျနော့်
သူငယ်ချင်း၏အဖွားဖြစ်သူကတော့ဤကဲ့သို့တုံ့ပြန်သည်"သားရယ်မင်းဆိုတာသူ့ဘုန်းသူ့ကံနဲ့၊မပုန်ကန်ကောင်းဘူး"။နောက်ခ
ရစ်ယန်သူငယ်ချင်တစ်ဦးကမူ"မင်းဆိုတာဘုရားသခင်ပေးထားတဲ့အာဏာရှိတဲ့ကွ၊သူတို့ကိုပုန်ကန်ရင်ကိုယ်ပဲဒုက္ခရောက်လိမ့်မယ်
လို့ကျမ်းစာထဲမှာဆိုတယ်၊မြန်မာပြည်ခုလိုဖြစ်နေတာသူတို့နဲ့ထိုက်လို့သာဘုရားကပေးထားတာ"ဟုဆိုသည်။ဤတွင်ကျနော်ဒေါ
သူပုန်ထတော့သည်။

နအဖသည်မင်းမဟုတ်၊အမှန်တကယ်တွင်အစိုးရဟုပင်တရားဝင်ခေါ်ဆိုနိုင်ငံခြင်းမရှိ။မြန်မာလူမျိုးတို့၏ဗဟုသုတနည်းပါးမှုအပေါ်
အမြတ်ထုတ်၍ဟိုရောင်ရောင်ဒီရောင်ရောင်တက်လုပ်နေခြင်းသာဖြစ်သည်။ထိုသူများအားမင်းအဖြစ်ထိတ်လန့်ကြောက်ရွံ၊အရှုံး
ပေးနေသမျှကာလပတ်လုံးတွင်ကျနော်တို့သည်စိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရပါအမြဲတစေအရုံးကြီးရှုံးနေကြဦး
မည်ဖြစ်သည်။

ကျနော်မြန်မာပြည်တွင်ကဲ့သို့နီးစပ်ရာအသိုင်းအဝိုင်းအားတတ်သိသလောက်လေးမပြောပြနိုင်တော့သော်လည်းဤဘလော့ပေါ်
မှတဆင့်လာလည်မိသူအချို့မသိသေးသည်များသိရှိသွားစေရန်ရည်ရွယ်မိပါသည်။

ရှေးဦးစွာနေဖြင့်ခြေခံအအကျဆုံးသော"နိုင်ငံရေးဟူသည်မှာအဘယ်နည်း"ဟုမေးစရာရှိသည်။ကျနော်ငယ်စဉ်ကတွေးမိသလို
ပင်မြန်မာစကားအနက်အဓိပ္ပယ်အရနိုင်ငံ၏အရေးဟုပင်အလွယ်ကူဆုံးဆိုရလိမ့်မည်။ထို့ကြောင့်နိုင်ငံရေးဆိုသည်မှာနိုင်ငံသား
အားလုံး၏အရေးပင်ဖြစ်သည်ဟုတဆက်တည်းကောက်ယူနိုင်သည်။နိုင်ငံရေးဆိုသောစကားလုံးသည်အင်္ဂလိပ်ဘာသာဖြင့်ပြန်
ဆိုသော်Politicsဟုခေါ်၍ဂရိဘာသာစကား"စကားပြောဆိုညှိနိုင်းခြင်း"မှတိုက်ရိုက်ဆင်းသက်သည်။အကြောင်းရင်းမှာဂရိ
တို့သည်နိုင်ငံရေးသိပ္ပံဘာသာရပ်အားကမ္ဘာပေါ်တွင်ပထမဆုံးစနစ်တကျလေ့လာ၊သုတေသနပြုခဲ့သူများဖြစ်သောကြောင့်ပင်။
သို့သော်ပထမဦးစွာPoliticsအားခေတ်သစ်စကားလုံးများဖြင့်အဓိပ္ပယ်ဖွင့်ဆိုခဲ့သူမှာမေရိကန်နိုင်ငံရေးတွေးခေါ်ပညာရှင်
Harold-Lasswell(1902-1978)ဖြစ်သည်။သူက..Politicsဆိုသည်မှာ

Who gets what, when, and how"


ဟူ၍ဖြစ်သည်။

ထိုအဓိပ္ပယ်ဖွင့်ဆိုချက်မှာရိုးရှင်းလွန်းရကား၊တခါတရံဆိုလိုရင်းအနှစ်သာရအားရှာမတွေ့သည်အထိဖြစ်တတ်သည်။မြန်မာဘာ
သာဖြင့်အနည်းငယ်အကျယ်ချဲ့ရသော်"နိုင်ငံတစ်နိုင်ငံ(သို့)လူ့အဖွဲ့အစည်းတခုအတွင်းတွင်၊မည်သည့်လူတန်းစားမှ၊မည့်သည့်
အချိန်၊မည့်သည့်နေရာတွင်မည့်ကဲ့သို့သောအခွင့်အရေ့းများအားရရှိမည်နည်း"ဟုဆိုရပေမည်။သာဓကပြရသော်လက်ရှိမြန်မာ
ပြည်လက်ရှိအခြေနေတွင်မည်သည့်လူတန်းစားများမှမည်သည့်အခွင့်အရေးများအများအပြားရရှိနေပြီးမည်သည့်လူတန်းစား
မှာအခွင့်အရေ့းမရှိသလောက်သာရှိခြင်းကိုအထင်းသားတွေ့ရမည်။ဤသည်ကိုမြန်မာပြည်၏နိုင်ငံရေးခြေနေဟုခေါ်သည်။

သို့သော်Politicsဆိုသော်စကားလုံးသည်မူရင်းဘာသာစကားအရလွန်စွာပင်ကျယ်ပြန့်လှသည့်အတွက်နေရာတိုင်းတွင့်တည်
ရှိနေတတ်သည်။ဥပမာ-၆ဦးပါမိသားစုတစ်စုရှိသည်ဆိုကြပါဆို့။အားလပ်ရက်တစ်ရက်အားမည်သည့်နေရာသို့သွားရောက်ရန်ဆုံး
ဖြစ်ချက်ကြသည်။အဘိုးနှင့်အဘွားဖြစ်သူနှစ်ဦးကရွှေတိဂုံဘုရားသို့မိသားစုလိုက်တနေကုန်အေးအေးဆေးဆေးသွားရောက်ဖူး
မြင်လိုသည်။ကလေးနှစ်ဦးကမူကစားကွင်းသွာလိုသည်။ထိုအခါအိမ်ထောင်ဦးစီးနှစ်ဦးဖြစ်သူဖခင်နှင့်မိခင်တို့သည်အချင်းချင်း
ဆွေးနွေးရုံသာမကမိသားစုဝင်လေးဦးနှင့်ပါတိုင်ပင်ပြီးဆုံးဖြတ်ချက်ချရသည်။ဤသည်ကိုမိသားစုPoliticsဟုခေါ်သည်။
ထိုကြောင့်လူမှုရေးအဖွဲ့အစည်များ၊ရုံများ၊အားကစားအသင်းများအစရှိသဖြင့်နေရာတိုင်းတွင်ရှိနေတတ်သည်။အသုံးပြုခြင်းနှင့်
မပြုခြင်းတိုသာကွာခြားလေ့ရှိသည်။

ဆက်ရက်ရှိသေးသည်

Read More...