Showing posts with label asia. Show all posts
Showing posts with label asia. Show all posts

ကမ္ဘာ့ဈေးအသက်သာဆုံးTata Nano(သို့)အိန္ဒိယ၏ပြည်သူ.အတွက်ကား


တံခါး၎ပေါက်နှင့်လူ၅ယောက်တော့ထိုင်နိုင်သည်။မြင်းကောင်ရေ၃၃ကောင်အားရှိ624ccဓာတ်ဆီအင်ဂျင်အားနောက်ထိုင်ခုန်၏
အောက်ဖက်တွင်တပ်ဆင်ထားပြီးပါဝါsteeringမရှိ။လေအေးပေးစက်နတ္တိ။ခေတ်ဟောင်းမော်ဒယ်မော်တော်ကားများကဲ့သို့လက်
ဖြင့်လှည့်ပြီးသာဘေးမှန်များအားတင်နိုင်ချနိုင်သည်။မိုင်ကုန်ဖိနင်းလျှင်တော့တစ်နာရီ၄၃မိုင်(ကီလို၇၀)ထိကောင်းကောင်းပြေး
လိမ့်မည်။သို့သော်ဈေးနှုန်းကအံမခန်းဖွယ်ရာ၊အသစ်စက်စက်တွင်မှဒေါ်လာ၂၅၀၀။ထိုကဲ့သို့အရည်အချင်းများနှင့်ပြည့်စုံသော
ကားအားTata-Nanoဟုခေါ်သည်။

အဆိုပါTata-Nanoအားအိန္ဒိယနိုင်ငံ၊နယူးဒေလီမြိုတွင်ကျင်းပပြသနေသည့်ကားအိပ်စ်ပို၂၀၀၈တွင်Tata-Motors(အိန္ဒိယ)မှပြသ
သွားခဲ့သည်။မထွက်ရှိသေးမည်ကာလကတည်းကပင်လူအများစိတ်ဝင်စားနေခဲ့ပြီးအိန္ဒိယ၏ပြည်သူ့အတွက်ကားဟုရေပန်းစားနေ
ခဲ့သည်။Tata-Motorsဥက္ကဋ္ဌဖြစ်သူမစ္စတာRatan-Tataက"ကျနော်အိန္ဒိယကသာမန်မိသားစုတွေကိုလေ့လာကြည့်မိတယ်။ဖအေ
ကဆိုင်ကယ်မောင်း၊သားကရှေ့နားလေးမှာမတ်တပ်ရပ်ပြီးလိုက်၊နောက်ခုံမှာမအေကခလေးလေးကိုချီပြီးထိုင်တယ်။အဲဒီတော့ဒီလို
သန်းပေါင်းများစွာသောမိသားစုတွေအတွက်ဈေးလည်းသက်သာ၊လုံခြုံဘေးကင်းပြီး၊ဥတုသုံးပါးမရွေးအသုံးပြုနိုင်တဲ့ယာဉ်တစ်စီး
သာထုတ်လုပ်နိုင်ရင်ဘယ်လောက်ကောင်းမလဲပေါ့"ဟုပြောပြသည်။

အထက်ပါအကြံအစည်အတိုင်းအကောင်အထည်ဖေါ်နိုင်ရန်Tata-Motorမှအင်ဂျင်နီယာများနှင့်ဒီဇိုင်နာများ၎နှစ်ကြာအချိန်ပေးခဲ့ရ
သည်။ဈေးနှုန်းများစွာသက်သာပြီး၊လုံခြုံစိတ်ချရရုံသာမကသဘာဝပတ်ဝန်းကျင်းညစ်ညမ်းမှုကာကွယ်ရေးစံနှုန်းများနှင့်လည်းကိုက်
ညီသည်ဟုဆိုသည်။ဓတ်ဆီ၁ဂါလံလျှင်မိုင်၅၀ထိသွားနိုင်ပြီးကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းခြင်းသည်ပတ်ဝန်းကျင်ထိမ်း
သိမ်းရေးအတွက်များစွာအရေးပါသောအချက်ဖြစ်သည်။

Tata၏ပြောကြားချက်အရရှေးဦးစွာစီးရေ၂သိန်း၅သောင်းထုတ်လုပ်မည်ဖြစ်ပြီးနှစ်အကုန်တွင်တော့စီးရေတစ်သန်းခန့်ထိဝယ်လို
အားရှိလာလိမ့်မည်ဟုမျှော်မှန်းထားကာဒီဇယ်သုံးကားများပါဆက်လက်ထုတ်လုပ်ရန်စီစဉ်နေသည်။အိန္ဒိယရှိသာမန်ပြည်သူများက
တော့Tata-Motor၏စွမ်းဆောင်ချက်အားများစွာကျေးဇူးတင်လျှက်ရှိကြသည်။

Source:BBC

Read More...

ချွေးစိမ်းရှင်ရှင်ထွက်ခြင်း ဆရာဝန်များမျက်စိလည်

Image Hosted by ImageShack.us

တရုတ်နိုင်ငံဝူဟန်မြို့မှအသက်၅၂နှစ်အရွယ်Cheng-Shunguoသည်နိုဝင်ဘာလလယ်ခန့်မှအစပြု၍အစိမ်းရောင်ချွေးများထွက်
လာသည်ဟုဆိုသည်။အတွင်းခံအဝတ်အစားများ၊အိပ်ယာခင်းများသာမကရေချိုးလျှင်ပင်ရေများအစိမ်းရောင်ဖြစ်သွားသည်
ဟုတရုတ်သတင်းဋ္ဌာနများအားပြောကြားခဲ့သည်။သို့သော်အနည်းငယ်မျှပင်နေမထိထိုင်မသာမဖြစ်ဟုလည်းဆိုပြန်သည်။ဆေးရုံ
တွင်ဆရာဝန်များမှသွေးစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်းမည်သည်မျှထူးထူးခြားခြားရှာမတွေ့။ဆရာဝန်များမှချန်၏ချိုင်းနှစ်
ဖက်အားသေသေခြာခြာဆေးကြောပေးရာဂွမ်းများအားလုံးအစိမ်းရောင်ဖြစ်၁၀မိနစ်အတွင်းပြောင်းသွားခဲ့သည်။

ဆေးရုံမှပြောရေးဆိုခွင့်ရှိသူအကြီးအကဲမှ"ကျနော်တို့အခုချိန်ထိုတော့ဘာမှရှာလို့မတွေ့နိုင်သေးပါဘူး"ဟုဝန်ခံပြောကြားသွားသည်။
သို့သော်မကြာမီအချိန်တွင်းဖေါ်ထုတ်နိုင်မည်ဟုလည်းမျှော်လင့်ကြောင်းဆိုသည်။

Source:Ananova

Read More...

သတ်သတ်လွတ်စားသုံးရေး လုံ့ဆော်ဆန္ဒပြပွဲ

တိရစ္ဆာန်များအားသားမွှေးနှင့်သားရေအတွက်သတ်ဖြတ်နေခြင်းအားဟောလီးဝုဒ်တွင်ကိုယ်တုံးလုံးဆန္ဒပြဖူးကြောင်းဤနေရာ
တွင်ရေးသားခဲ့ဖူးပြီးဖြစ်သည်။ယခုတစ်ကြိမ်တွင်တော့အရှေ့အာရှတစ်နေရာဖြစ်သောဟောင်ကောင်မြို့၏လမ်းမတစ်နေရာ
၌(PETA)ခေါ်Ethical-Treatment-of-Animalsအဖွဲ့မှသားသတ်လုပ်ငန်းများအားရှုံချသည့်အနေသာမကလမ်းသွားလမ်းလာ
များပါသတိပြုမိစေရန်အောက်ပါအတိုင်းဆန္ဒပြခဲ့ကြပြန်သည်။သူတို့၏ဆောင်ပုဒ်မှာ...

All animals have the same parts. Go vegetarians.


ဆိတ်ကလီစာစားရင်၊သင့်ကလီစာအားပြန်သတိရပါ။
ငါးခေါင်းဟင်းချိုသောက်ရင်းသင့်ခေါင်းအားပြန်ပွတ်ကြည့်ပါ။
ဝက်ခြေထောက်စွတ်ပြုတ်လွေးရင်း...




Read More...

တိုင်ဝမ်တွင်ခေတ်စားနေသော အိမ်သာစတိုင်ရက်စ်တောရန့်




အိမ်သာပုံစံ ဒီဇိုင်းဆင်ယင်ထားသော စားသောက်ဆိုင်များသည် ၂၀၀၄ ခုနှစ်စောစောပိုင်းမှစ၍ တိုင်ဝမ်တွင်ခေတ်စားခဲ့သည်။ တိုင်ဝမ်တွင်စားသုံးသူများသည် အလတ်စား ဘိုထိုင်အိမ်သာခွက်တွင် ထိုင်ပြီး အီးပုံစံ အိုင်စကရင်ကို စားသုံးကြသည် ကိုကြိုက်နှစ်သက်သောကြောင့် ယခုနှစ်တွင်မူ အလားတူ ဆိုင်များ ၁၂ ဆိုင်မျှတိုးပွားလာခဲ့သည် ဟုသိရှိရသည်။



link

Read More...

ချိုင်းနားနှင့်ပဲရစ်မျှော်စင်


တရုတ်ပြည် Tianduchengဆိုတဲ့အရပ်မှာ နာမည်ကျော်အီဖဲလ်မျှော်စင်ပုံစံအတိုင်း မျှော်စင်တခုကို ငွေကုန်ကြေးကျခံပြီးဆောက်လုပ်ထားတယ်တဲ့။
အဲ့ဒီအဆောက်အဦးတ၀ိုက်မှာတော့ ပျမ်းမျှ့ လူ၂၀၀၀ကျော်လောက် နေထိုင်ကြတယ်လို့ဆိုပါတယ်။





source: reuters

Read More...

ရှောင်လင်ဘုန်းဘုန်းများနဲ့နင်ဂျာတို့ရဲ့ အင်တာနက်တိုက်ပွဲ



တရုတ်သိုင်းလောကမှာ ရှောင်လင်ကွန်ဖူးဆိုတာ နာမည်တလုံးနဲ့နေတာပါ။ ရှောင်လင်ထွက်ဘုန်းကြီးတွေဆိုရင် သိုင်းလောကမှာနေရာရတယ်လို့ ငယ်ငယ်တုန်းက သိုင်းဝထ္ကု အတွဲလိုက်ဖတ်စဉ်က မှတ်သားခဲ့ဖူးပါတယ်။ အင်တာနက်အသုံးပြုသူတစ်ဦးကနေပြီးတော့ တချိန်တုန်းက ရှောင်လင်ဘုန်းကြီးတွေဟာ နင်ဂျာတွေရဲ့ စော်နှက်ခြင်းကိုခံခဲ့ရတယ်လို့ ဖွလိုက်ပါတယ်။ ရှောင်လင်ဘုန်းကြီးတွေရဲ့ သိုင်းက ရှောတယ် ညံ့တယ်ပေါ့။ နင်ဂျာတွေကိုမမှီဘူးပေါ့။ တရုတ်နဲ့ဂျပန်က ၁၉၄၀ လောက်ကထဲက ခြိမ်းခြိမ်းတဘုန်းဘုန်းနောင်ဂျိန်ပလေးနေတယ်ဆိုတော့ကာ ရှောင်လင်ဘုန်းကြီးကျောင်းကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ မခံမရပ်နိုင်တွေဖြစ်ပြီး နင်ဂျာတွေဆီက ၀န်ချတောင်းပန်မှုလိုချင်တယ်လို့ တရုတ်မီဒီယာကို အကြောင်းကြားလှမ်းတိုင်ပါတော့တယ်။ Weird Asian Martial Arts Weapons ဆိုတဲ့ပို့စ်ကြောင့်လားလို့တော့ထင်တာဘဲ။ အဲ့ဒီပို့စ်မှာ ရှေးခေတ်တုန်းက တရုတ်သိုင်းသမားတွေ နင်ဂျာတွေရဲ့ တိုက်ပွဲဝင်လက်နက်အကြောင်းရေးထားတာဖတ်လိုက်ရတယ်။ အဲ့ဒီပို့စ်က အင်တာနက်မှာနည်းနည်းခေတ်စားသွားတယ်။
(ဘုန်းဘုန်းတွေအချဉ်မထင်နဲ့ နော် အင်တာနက်သုံးတယ်)။
Reuters news

boing boing's post

Read More...

မိမိကိုယ်ကိုငါးစာကျွေးခြင်း


Fish-spaဟုအမည်တွင်သောSpaအမျိုးအစားသည်ယခုအခါတွင်တရုတ်ပြည်၊ဂျပန်၊တောင်ကိုရီးယား၊တူရကီအစရှိ
သည့်နိုင်ငံများ၌ခေတ်စားလာသောပေါ်ပျူလာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။တကယ်တော့Fish-spaဆိုသည်မှာသာ
မန်ရေပူSpaအတွင်းသို့အပူဒဏ်ခံနိုင်စွမ်းရှိသည့်ငါးလေးမျိုးတစ်မျိုးထည့်သွင်းထားခြင်းဖြစ်သည်။အပူချိန်၄၃ဒီဂရီဆယ်
စီးရက်စ်ခန့်တွင်အသက်ဆက်ရှင်နိုင်သောထိုငါးများအားဆီးရီးယား၊အီရန်၊အီရတ်၊တူရကီတို့တွင်တွေ့ရှိရလေ့ရှိပြီး
Garra-Rufa၊Chinchin-Yu၊Turkey-fish၊nibble-fish၊doctor-fishအစရှိသဖြင့်ခေါ်ဆိုလေ့ရှိသည်။

ထိုငါးများသည်လူ့အရေပြားပေါ်ရှိ၊မကျန်းမာသော၊ရောဂါစွဲကပ်နေသောအစိတ်အပိုင်းများကိုသာစားသောက်ပစ်ကျပြီး၊
အရေပြားကောင်းများကိုမူချန်လှပ်ထားခဲ့ကြသည်။ထိုသို့စားသောက်ခံရာတွင်လည်းနာကျင်မှုလုံးဝမရှိသည့်အပြင်၊အတွတ်
ခံရသည့်အရသာမှအနှိပ်ခံရသကဲ့သို့ကောင်းလှသည်ဟုလည်းဆိုပြန်သည်။မကြာခဏသွားရောက်ခြင်းဖြင့်psoriasisကဲ့
သို့သော(အရေပြားတွင်အနီကွက်များထခြင်း)ကုသရခက်သည့်ရောဂါမျိုးများလုံးဝအရှင်းပျောက်ကင်းသွားသည်ဟုဆို
ကြသည်။

ကမ္ဘာ့ပထမဆုံးသောFish-spaအားဂျပန်နိုင်ငံHakoneတွင်၂၀၀၆ခုနှစ်၌စတင်ဖွင့်လှစ်ခဲ့သည်။သဘာဝအလျှောက်
ကြောင့်သော်လား၊သို့မဟုတ်အစာငတ်ထားခံရ၍ဝင်လာသမျှဖေါက်သည်များအားဝိုင်း၍တွတ်ကြခြင်းလားဆိုသည်မှာ
တော့ထိုငါးများသာသိပေလိမ့်မည်။

Read More...

East Aisa Ads
























































East Asia Ads photo set

Read More...