Fish-spaဟုအမည်တွင်သောSpaအမျိုးအစားသည်ယခုအခါတွင်တရုတ်ပြည်၊ဂျပန်၊တောင်ကိုရီးယား၊တူရကီအစရှိ
သည့်နိုင်ငံများ၌ခေတ်စားလာသောပေါ်ပျူလာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။တကယ်တော့Fish-spaဆိုသည်မှာသာ
မန်ရေပူSpaအတွင်းသို့အပူဒဏ်ခံနိုင်စွမ်းရှိသည့်ငါးလေးမျိုးတစ်မျိုးထည့်သွင်းထားခြင်းဖြစ်သည်။အပူချိန်၄၃ဒီဂရီဆယ်
စီးရက်စ်ခန့်တွင်အသက်ဆက်ရှင်နိုင်သောထိုငါးများအားဆီးရီးယား၊အီရန်၊အီရတ်၊တူရကီတို့တွင်တွေ့ရှိရလေ့ရှိပြီး
Garra-Rufa၊Chinchin-Yu၊Turkey-fish၊nibble-fish၊doctor-fishအစရှိသဖြင့်ခေါ်ဆိုလေ့ရှိသည်။
ထိုငါးများသည်လူ့အရေပြားပေါ်ရှိ၊မကျန်းမာသော၊ရောဂါစွဲကပ်နေသောအစိတ်အပိုင်းများကိုသာစားသောက်ပစ်ကျပြီး၊
အရေပြားကောင်းများကိုမူချန်လှပ်ထားခဲ့ကြသည်။ထိုသို့စားသောက်ခံရာတွင်လည်းနာကျင်မှုလုံးဝမရှိသည့်အပြင်၊အတွတ်
ခံရသည့်အရသာမှအနှိပ်ခံရသကဲ့သို့ကောင်းလှသည်ဟုလည်းဆိုပြန်သည်။မကြာခဏသွားရောက်ခြင်းဖြင့်psoriasisကဲ့
သို့သော(အရေပြားတွင်အနီကွက်များထခြင်း)ကုသရခက်သည့်ရောဂါမျိုးများလုံးဝအရှင်းပျောက်ကင်းသွားသည်ဟုဆို
ကြသည်။
ကမ္ဘာ့ပထမဆုံးသောFish-spaအားဂျပန်နိုင်ငံHakoneတွင်၂၀၀၆ခုနှစ်၌စတင်ဖွင့်လှစ်ခဲ့သည်။သဘာဝအလျှောက်
ကြောင့်သော်လား၊သို့မဟုတ်အစာငတ်ထားခံရ၍ဝင်လာသမျှဖေါက်သည်များအားဝိုင်း၍တွတ်ကြခြင်းလားဆိုသည်မှာ
တော့ထိုငါးများသာသိပေလိမ့်မည်။
1 comments:
10:48 AM
အမလေးဗျာ
ကြည့်ရတာ အသည်းရားစရာကြီးပါလား
ငါးတွေက လူခြေထောက်တွေ လက်တွေကို လာကိုက်နေကြတာ
အဲဒီငါးတွေက ရွံစရာကြီး ....ekk!
ပန်းပွင့်လေးတော့ ကြက်သီးတောင် ထမိပါတယ်ရှင်
ကျေးဖူးပဲနော်
Post a Comment