Showing posts with label china. Show all posts
Showing posts with label china. Show all posts

နမ်းရှုံ့နေပုံအင်တာနက်ပေါ်တင်၍စုံတွဲမှရထားကုမ္ပဏီအားတရားစွဲ


တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိမြေအောက်ရထားဘူတာရုံတစ်ခုအတွင်းတွင်ပွေ့ဖက်နမ်းရှုံ့နေသောစုံတွဲတစ်တွဲအားလုံခြုံရေးကင်မရာများ
မှတဆင့်ဗီဒီယိုရိုက်ယူကာYoutubeနှင့်အခြားသောဗီဒီယိုမျှဝေဆိုဒ်များသို့ပို့ခဲ့သူဘူတာရုံဝန်ထမ်းများအားထိုစုံတွဲမှတရားစွဲဆိုတော့
မည်ဟုသိရှိရသည်။

ထိုသုံးမိနစ်ကြာဗီဒီယိုသည်Youtubeတွင်နှစ်ရက်အတွင်း၁၅၀၀၀ကျော်ကြည့်ရှုပြီးသွားရုံသာမကလှောင်ပြောင်ရယ်မောနေသောအ
သံများပါပါဝင်နေခြင်းကြောင့်ထိုစုံတွဲမှာများစွာအရှက်ရရသည်ဟုဆိုသည်။ထို့ကြောင့်ထိုစုံတွဲမှရှန်ဟိုင်းမက်ထရိုအသုံးပြုသူများ၏
ကိုယ်ရေးကိုယ်တာလုံခြုံမှုအားကိုယ်စားပြု၍ရှေ့နေငှားရမ်းကာတရားစွဲဆိုသွားမည့်အပြင်အမျိုးသားဖြစ်သူကဘူတာရုံတွင်းသို့ဝင်
သည့်အချိန်တိုင်းများစွာစိတ်မသက်မသာဖြစ်နေရသည်ဟုပြောပြသွားသည်။ရှန်ဟိုင်းMetro-Operationကုမ္ပဏီအနေဖြင့်လည်း
လုံခြုံရေးဗီဒီယိုများအားလွဲမှားစွာအသုံးပြုခဲ့သူဝန်ထမ်းများအားစုံစမ်းရှာဖွေကာပြင်းပြင်းထန်ထန်အပြစ်ပေးသွားမည်ဟုဆင်ဟွာ
သတင်းဋ္ဌာနအားပြောကြားသွားခဲ့သည်။


Read More...

စီးကရက်ချစ်သူများအတွက် စီးကရက်မိုဘိုင်းဖုန်း


စီးကရက်ဘူးနှင့်တူအောင်သာဖန်တီးထားခြင်းမဟုတ်ပါ။အမှန်တကယ်စီးကရက်များထည့်သွင်းထားနိုင်သည်။ဖုန်းအားလှန်လိုက်
ပြီးဘက်ထရီထည့်ရာနေရာ၏နောက်တွင်သင်နှစ်သက်ရာဆေးလိပ်၇လိပ်ထည့်ထားနိုင်သည်။စီးကရက်ဗူးများမှာကဲ့သို့ပင်ကျန်း
မာရေးသတိပေးကြေညာချက်များပါဝင်ပြီးdualband-GSM၊microSDကဒ်၊ကာလာLCDစကရင်၊VGAကင်မရာနှင့်Mp3ပါနား
ထောင်၍ရသည်။၁၇၅ဒေါ်လာပေးရပြီးChonghwaတံဆိပ်စီးကရက်တစ်ဗူးနှင့်မီးခြစ်တစ်လုံးပါမေတ္တာလက်ဆောင်ရမည်။(သတိ
တရုတ်ပြည်တွင်သာဖြစ်သည်)

အခြားသောပုံများအားဤနေရာတွင်ကြည့်ပါ

Read More...

ATMစက်ပျက်မှငွေခိုး၍ ထောင်၁သက်ကျ

china

၂၀၀၆ခုနှစ်အေပရယ်လတွင်ဖြစ်သည။်တရုတ်ပြည်တောင်ပိုင်းGuangzhouမြို့နေXu-Tingဆိုသူသည်သူ၏လျို့ဝှက်ချက်တစ်ခု
အားသူငယ်ငယ်ချင်းဖြစ်သူGuoအားပြောပြခဲ့လိုက်သည်။ထိုလျှိ့ဝှက်ချက်မှာမြို့ရှိATMစက်တစ်လုံးတွင်ယွမ်ငွေ၁၀၀၀ထုတ်
တိုင်းမိမိဘဏ်စာရင်းမှ၁ယွမ်သာလျော့ကြောင်းဖြစ်၏။

များမကြာမီXuသည်ယွမ်ငွေ၁၇၅၀၀၀အား၁၇၁ကြိမ်ခွဲ၍ထုတ်ခဲ့ပြီးသူငယ်ချင်းဖြစ်သူGuoကယွမ်၁၈၀၀၀ထုတ်ယူခဲ့ကြသည်။သို့
သော်Guoအားဖမ်းဆီးရမိပြီးထောင်ဒဏ်တစ်နှစ်အပြစ်ပေးခံရချိန်ထိXuသည်၁နှစ်ကြာတိုင်အောင်ဝရမ်းပြေးအဖြစ်ဖြင့်လှည့်ပတ်
တိမ်းရှောင်နေနိုင်ခဲ့သော်လည်းနောက်ဆုံးတွင်တော့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြစ်ပေးခံရသည်။အထက်
ပါပြစ်ဒဏ်သည်ချို့ယွင်းနေသောATMစက်မှယွမ်ငွေ၂သိန်းနီးပါးခိုးယူခဲ့သည့်အမှုအတွက်မတန်တဆကြီးလေးလွန်းလှသည်ဟု
China-Newsအယ်ဒီတာ့အာဘော်မှပြင်းပြင်းထန်ထန်ဝေဖန်ထားသည်။ထို့အပြင်Xu၏ရှေနေကလည်းစက်ချို့ယွင်းမှုသည်ဘဏ်
၏တာဝန်သာဖြစ်ပြီးခိုးယူငွေများအားပြန်လည်ရယူနိုင်ရန်အချိန်အလုံအလောက်ရှိခဲ့သည့်အတွက်ပြစ်ဒဏ်အားလျှော့ပေါ့သင့်
သည်ဟုထုတ်ဖေါ်ပြောကြားသွားသည်။တရားခံXuကတော့သူ၏ပြစ်ဒဏ်အတွက်အယူခံဝင်မည်ဖြစ်ကြောင်းဆိုသည်။

တရုတ်ပြည်သည်ကမ္ဘာပေါ်တွင်သေဒဏ်အပြစ်ပေးခြင်အများဆုံးရှိသည့်တိုင်းပြည်ဖြစ်ပြီး၊တရားစီရင်ရေးစနစ်တွင်မကြာခဏဆို
သလိုပင်လာဘ်စားမှုများ၊တရားမျှတမှုကင်းမဲ့ခြင်းများတိုက်ဖျက်နေသည့်ကြားမှဆက်လက်ဖြစ်ပွါးလျှက်ရှိသည်။

Source:Yahoo

Read More...

ချိုင်းနားနှင့်ပဲရစ်မျှော်စင်


တရုတ်ပြည် Tianduchengဆိုတဲ့အရပ်မှာ နာမည်ကျော်အီဖဲလ်မျှော်စင်ပုံစံအတိုင်း မျှော်စင်တခုကို ငွေကုန်ကြေးကျခံပြီးဆောက်လုပ်ထားတယ်တဲ့။
အဲ့ဒီအဆောက်အဦးတ၀ိုက်မှာတော့ ပျမ်းမျှ့ လူ၂၀၀၀ကျော်လောက် နေထိုင်ကြတယ်လို့ဆိုပါတယ်။





source: reuters

Read More...