ATMစက်ပျက်မှငွေခိုး၍ ထောင်၁သက်ကျ

china

၂၀၀၆ခုနှစ်အေပရယ်လတွင်ဖြစ်သည။်တရုတ်ပြည်တောင်ပိုင်းGuangzhouမြို့နေXu-Tingဆိုသူသည်သူ၏လျို့ဝှက်ချက်တစ်ခု
အားသူငယ်ငယ်ချင်းဖြစ်သူGuoအားပြောပြခဲ့လိုက်သည်။ထိုလျှိ့ဝှက်ချက်မှာမြို့ရှိATMစက်တစ်လုံးတွင်ယွမ်ငွေ၁၀၀၀ထုတ်
တိုင်းမိမိဘဏ်စာရင်းမှ၁ယွမ်သာလျော့ကြောင်းဖြစ်၏။

များမကြာမီXuသည်ယွမ်ငွေ၁၇၅၀၀၀အား၁၇၁ကြိမ်ခွဲ၍ထုတ်ခဲ့ပြီးသူငယ်ချင်းဖြစ်သူGuoကယွမ်၁၈၀၀၀ထုတ်ယူခဲ့ကြသည်။သို့
သော်Guoအားဖမ်းဆီးရမိပြီးထောင်ဒဏ်တစ်နှစ်အပြစ်ပေးခံရချိန်ထိXuသည်၁နှစ်ကြာတိုင်အောင်ဝရမ်းပြေးအဖြစ်ဖြင့်လှည့်ပတ်
တိမ်းရှောင်နေနိုင်ခဲ့သော်လည်းနောက်ဆုံးတွင်တော့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြစ်ပေးခံရသည်။အထက်
ပါပြစ်ဒဏ်သည်ချို့ယွင်းနေသောATMစက်မှယွမ်ငွေ၂သိန်းနီးပါးခိုးယူခဲ့သည့်အမှုအတွက်မတန်တဆကြီးလေးလွန်းလှသည်ဟု
China-Newsအယ်ဒီတာ့အာဘော်မှပြင်းပြင်းထန်ထန်ဝေဖန်ထားသည်။ထို့အပြင်Xu၏ရှေနေကလည်းစက်ချို့ယွင်းမှုသည်ဘဏ်
၏တာဝန်သာဖြစ်ပြီးခိုးယူငွေများအားပြန်လည်ရယူနိုင်ရန်အချိန်အလုံအလောက်ရှိခဲ့သည့်အတွက်ပြစ်ဒဏ်အားလျှော့ပေါ့သင့်
သည်ဟုထုတ်ဖေါ်ပြောကြားသွားသည်။တရားခံXuကတော့သူ၏ပြစ်ဒဏ်အတွက်အယူခံဝင်မည်ဖြစ်ကြောင်းဆိုသည်။

တရုတ်ပြည်သည်ကမ္ဘာပေါ်တွင်သေဒဏ်အပြစ်ပေးခြင်အများဆုံးရှိသည့်တိုင်းပြည်ဖြစ်ပြီး၊တရားစီရင်ရေးစနစ်တွင်မကြာခဏဆို
သလိုပင်လာဘ်စားမှုများ၊တရားမျှတမှုကင်းမဲ့ခြင်းများတိုက်ဖျက်နေသည့်ကြားမှဆက်လက်ဖြစ်ပွါးလျှက်ရှိသည်။

Source:Yahoo

0 comments: