Showing posts with label education. Show all posts
Showing posts with label education. Show all posts

Alan Watts၏ အတွေးအခေါ်များ


နာမည်ကျော် South Park ကာတွန်းစီးရီးဖန်တီးသူတစ်ဦးဖြစ်သူ Trey Parkကနေ အကောင်အထည်ဖော်ပြီး ဒဿနပညာရှင် Alan Watts၏ အတွေးအခေါ်များကို ဖလက်ရှ်ပ်အန်နီမေးရှင်း ကားတိုလေးများဖြင့်တင်ပြထားပါသည်။ အမည်များမှာ Appling, life and music, i, zen, madness, prickles and goo တို့ဖြစ်ကြသည်။ အခြားသော ဖလက်ရှ်ပ် ကားတိုများကို freshminds မှ တဆင့် ကြည့်ရှုနိုင်ပါသည်။

life and music



prickles and goo



Read More...

ပညာရေးသို့မဟုတ်ဆင်းရဲတွင်းမှလွတ်ကင်းရာလမ်း

ဒီကနေ့ည ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရသည်။ ဆင်းရဲတွင်းမှလွတ်မြောက်ဖို့အတွက် ပညာရေးသည်မည်မျှအရေးကြီးကြောင်း ရေးထားသော ဆောင်းပါးတပုဒ်ဖြစ်ပါသည်။ဆောင်းပါးအစပိုင်းကို စာကြောင်းလေးတကြောင်းနဲ့အစချီထားပါတယ်။"It felt like our whole future had been destroyed."တဲ့။
၁၅နှစ်ရွယ်သာရှိသေးတဲ့ မယ်ရီစမတ်ဆိုတဲ့ ကင်ညာသူလေးက ပြည်တွင်းစစ်မီးကြောင့် မီးလောင်ပြာကျနေတဲ့သူမရဲ့ကျောင်းလေးကို ကြည့်ပြီးပြောခဲ့တဲ့စကားလေးပါ။ နှစ်ရှည်ကြာငြောင်းလှစွာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် ကင်ညာနိုင်ငံမှ ကလေးသူငယ်များ၏ ပညာရေးနှင့် အနာဂတ် ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရကြောင်း အထက်ပါစာကြောင်းလေးကသက်သေပြနေပါသည်။ ပြီးခဲ့သောလတွင်တော့ ကင်ညာတွင်ပြည်တွင်းစစ်ပြီး၍ လွတ်လပ်ငြိမ်းချမ်းသောရွေးကောက်ပွဲကျင်းပခဲ့သောကြောင့် မယ်ရီကဲ့သို့ ပညာတတ်ချင်သော ကလေးများအတွက် ရောင်နီသည်သန်းစပြုလာပြီဖြစ်ပါသည်။

နောက် ဆောင်းပါးဖတ်ရင်း တဆက်ထဲတွေးမိသည်က ကင်ညာနိုင်ငံကဲ့သို့ ဆင်းရဲနွမ်းပါးသော အမိနိုင်ငံတွင်ရော ရောင်နီမည်သည့်အချိန်တွင်သန်းပါမည်လဲ။ မည်သည့်အချိန်ထိ တောင်မရောက်မြောက်မရောက် ယောင်တိယောင်ကန်း ပညာရေးစနစ်ဖြင့် စခန်းသွားနေပါဦးမည်နည်း။ စူးစမ်းလေ့လာမှုကိုအားမပေး၊ ဆရာတပည့်အပြန်အလှန်မေးခွန်းထုတ်ဖို့အခြေအနေမရှိ၊ အသိပညာအတတ်ပညာထက် အမှတ်ပညာအဆင့်ပညာကို အားပေးမှုအစရှိသည်တို့သည် ကျွန်တော်တို့ အခြေခံပညာရေး၏ ၀ိသေသလက္ခဏာများဖြစ်ပါသည်။အခြေခံမူလတန်းမှအစ အဆင့်မြင့်ပညာရေးအဆုံး မမြင်ခြင် မကြားခြင်လောက်အောင် တွေ့ရကြားရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နိုင်ငံလူမှုအဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းအစဉ်အလာရ ကြီးသူသည်သာအမှန် ကြီးသူပြောစကား မိဘပြောစကား မြေ၀ယ်မကျနားထောင်ရခြင်း သို့မဟုတ် နာခံရခြင်း၊ မိဘများက မိမိသားသမီးကို အတန်းထဲတွင် အဆင့်ကောင်းအမှတ်ကောင်းရစေလိုခြင်း သို့မဟုတ် ပြိုင်ဘက်မိဘ၏ သားသမီးများထက် အပြတ်အသတ်သာစေလိုခြင်း၊ကြွားဝါလိုခြင်း၊ ကျောင်းဆရာများ၏၀င်ငွေနိမ့်ပါးခြင်းကြောင့် အဆိုပါမိဘများက သူ့ထက်ငါ အပြိုင် ဘာသာရပ်ဆရာများထံ လာဘ်ပေးချဉ်းကပ်ခြင်း၊တပည့်များ အသိပညာ အတတ်ပညာ ကြွယ်ဝစေရန် သေသေချာချာ စေတနာဖြင့် သင်ကြားပြသသောဆရာကောင်းများရှားပါးလာခြင်း သို့မဟုတ် တပည့်များ၏ အတတ်ထက် အမှတ်ကို လိုချင်စိတ်လွန်ကဲမှု၊ လူမှုစီးပွားမတည်ငြိမ်ခြင်းနှင့် အခြားဆက်စပ်နေသောအကြောင်းများကြောင့်ဖြစ်သည်။ ကျွန်တော်တပိုင်းခြင်းစီအလိုက် တင်ပြသွားချင်ပါသည်။

မြေ၀ယ်မကျနားထောင်ရခြင်း သို့မဟုတ် နာခံရခြင်း

ကျွန်တော်တို့ငယ်ငယ်အရွယ်တွင် လျှာမရှည်နဲ့လူကြီး ပြောတာနားထောင် နင်ကအကြီးလား ငါကအကြီးလား စသော ဝေါဟာရအသုံးအနှုန်းများကို မိမိမိသားစုတွင်လည်းကောင်း သူငယ်ချင်းမိသားစုတွင်လည်းကောင်း နေ့စဉ်နီးပါးကြားခဲ့ရပါသည်။ တချို့ စိတ်မရှည်သောမိဘများဆိုလျှင် သားသမီးကို တဖုန်းဖုန်းရိုက်ပါတော့သည်။ ကျောင်းတွင်လည်း အလားတူပင်။ နင်ကဆရာလား ငါကဆရာလား ဆိုတာမျိုး။ ပမာဆိုရလျှင် ကလေးတယောက်သည် ဒါမလုပ်နဲ့ ဒါကိုလုပ်ဆို၍ အမိန့်ပေးခံရသောအခါတွင် သူ၏သေးငယ်သောအသိညဏ်ဖြင့် ဒါဘာကြောင့်မလုပ်ရမည်လဲ ဒါကကောဘာကြောင့်လုပ်သင့်သလဲ စသဖြင့် အလိုမကျတွေးတောမိမည်ပင်။ သို့ပေသော်ငြားလည်း ပြောသည့်အတိုင်းမလုပ်ရင် အဆူအဆဲ အရိုက်နှက်ခံရမည်ကို ကလေးပီပီ ကြောက်စိတ်ဖြင့် အင်တင်တင်နှင့်လက်ခံလိုက်ရပါတော့သည်။ထိုသို့ အမိန့်ဆန်ဆန်ဆုံးမသော စကားများကို နာခံရပါများလာသောအခါတွင် ပညာ၏အခြေခံဖြစ်သော လွတ်လပ်စွာတွေးခေါ်တတ်မှုသည် ကလေးတွင် တဖြည်းဖြည်းနည်းပါးလာပြီး အကြောက်ကိုအခြေခံသော နာခံမှုသာလျှင် ကလေး၏ဦးဏှောက်ကို ကြီးစိုးနေရာယူသွားလေသည်။ ထို ကလေးအရွယ်ရောက်သောအခါတွင်လည်း ဝေဖန်သုံးသပ်မှုကင်းမဲ့ကာ မှားမှားမှန်မှန် အမိန့်အတိုင်းလုပ်ရမည်ဟုသော စိတ်ဖြင့်သာ ဆုံးဖြတ်ချက်များကိုချမှတ်နေပေမည်။ သူငယ်တန်းမှနေပြီး ဘွဲ့ရဖို့အထိသင်ကြားခဲ့ရသော ပညာရပ်များမှာ အသုံးမ၀င်တော့ဘဲ အနာမခံရဖို့အတွက် အမိန့်နာခံရမည်ဟူသော အသိသာလျှင် ပဓါနဖြစ်သွားသည့်သဘောပင်ဖြစ်ပါသည်။ ရလဒ်မှာ အရည်အသွေးရှိသော ငုပ်နေသော ကျောက်ရိုင်းအများအပြားကို တိုင်းပြည်ကဆုံးရှုံးရခြင်းဖြစ်သည်။ ဆိုရပါသော် လွတ်လပ်သော လူမှုဝန်းကျင် လွတ်လပ်သောပညာရေးစနစ်ကို အားမပေးသောတိုင်းပြည်တပြည် သည် တိုးတက်သင့်သလောက်တိုးတက်မည်မဟုတ်ပါ။
ဆက်ပါဦးမည်။
ref:Education is path out of poverty

Read More...