Hiroshimaမှအိမ်မွေးမိကျောင်းCaiman-kun



ဂျပန်နိုင်ငံHiroshimaမြိုမှအဖိုးအိုMurabayashiတစ်ယောက်မိကျောင်းအားအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူထားခြင်းအားရုပ်သံအ
စီအစဉ်တစ်ခုမှပြသသွားခဲ့သည်ကိုJapan-Probeမှပြန်လည်တင်ဆက်ထားခြင်းဖြစ်သည်။



ဗီဒီယို၏နောက်ခံဂျပန်စကားပြောအားJapan-Probeမှပင်အောက်ပါအတိုင်းအကျဉ်းချုပ်တင်ပြထားသည်။

လွန်ခဲ့သော၂၃နှစ်ကထိုမိကျောင်းငယ်အားအိမ်မွေးတိရစ္ဆာန်ဆိုင်မှဝယ်ယူခဲ့ပြီးCaimanဟုအမည်ပေးခဲ့သည်။Caimanသည်ငယ်
ရွယ်စဉ်ကိုMurabayashi၏သမီးငယ်ပင်ချီပိုးနိုင်ခဲ့သော်လည်းယခုအခါ၂မီတာကျော်အထိကြီးထွားလာပြီဖြစ်သည်။

Caimanသည်လူအများကြားတွင်ပင်နေထိုင်ကြီးပြင်းခဲ့ပြီးမည်သူတစ်ဦးတစ်ယောက်ကိုမျှအန္တရာယ်မပြုပေ။Caiman၏ဘေးတွင်
Murabayashi၏သမီးထိုင်ရင်းကလေးထိမ်းလျှက်ရှိသည်။

အခြားသောဂျပန်ရှိအိမ်မွေးတိရစ္ဆာန်များကဲ့သို့ပင်ဆောင်းရာသီအရောက်တွင်Caimanလည်းkotatsu(အပူပေးစားပွဲ)အောက်တွင်
ဝင်နေရသည်ကိုကြိုက်နှစ်သက်သည်။

Murabayashiသည်Caimanနှင့်အခြားမိကျောင်းတစ်ကောင်တို့အားနေ့စဉ်လမ်းလျှောက်ခေါ်သွားလေ့ရှိသည်။လမ်းလျှောက်ထွက်
တိုင်းလူအများ၏အာရုံစိုက်မှုကိုခံရပြီးအထူးသဖြင့်ကလေးများလွန်စွာသဘောကျကြသည်။တခါတရံတွင်သူငယ်တန်းကျောင်းသို့
အလည်သွားလေ့ရှိသည်။

Murabayashiသည်သူ၏စီးပွါးရေးလုပ်ငန်းအားဂျပန်ဘာသာဖြင့်ပင်မိကျောင်းဟုအမည်ပေးထားသည်။Caimanကြောင့်အိမ်ရှိတာ
တာမိခေါ်ကြမ်းခင်ဖျာများပျက်စီးသည်ကိုသူ၏ဇနီးကမနှစ်သက်သလိုသမီးဖြစ်သူကလည်းသဘောမကျပေ။

Source:Japan Probe

0 comments: