အေပရယ်လ29ရက်နေ့၊အယ်လေမြို့ရဲ့ပူလောင်လောင်နေရောင်ခြည်အောက်မှာကျနော်တို့အဝေးရောက်
မြန်မာပေါင်းမြောက်များစွာဟာအတာသကြန်ပွဲကိုယခုလိုပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်ခင်ဗျာ။တောင်ပိုင်း
ကယ်လီဖိုးနီးယားမြန်မာအသင်းမှကြီးမှုးကျင်းပပြီးကယ်လီဖိုးနီးယားသမိုင်းတစ်လျှောက်မှာအစည်ကားဆုံး
သောပွဲဖြစ်ခဲ့ပါတယ်။
ပြည်ပမှသကြန်ပွဲများဟာနှစ်ဟောင်းကုန်လို့နှစ်သစ်ကိုအကူး၊ရေပက်ဆော့ကစားရင်းကုသိုလ်ယူအစရှိတဲ့အစဉ်အ
လာတွေထက်နောက်ကွယ်မှာအဓိပ္ပယ်အများကြီးပိုတယ်လို့ကျနော်ယူဆမိပါတယ်။မအားမလပ်မှုတွေကြားထဲကနေ
မြန်မာပြည်သားအချင်းချင်းအစုအလိုက်အပြုံလိုက်ကိုဆုံတွေ့ပျော်ရွှင်ကျရင်း၊မွေးရပ်မြေကိုမထိတထိကြိတ်လွမ်းကျ
တဲ့ပွဲဆိုရင်လည်းမမှားပါဘူး။