မြို့ ပြအလင်းရောင်



နာဆာရဲ့မြို့ပြအလင်းရောင်ဓာတ်ပုံဟာတစ်ကမ္ဘာလုံးမှာရှိတဲ့နေရာဒေသအားလုံးအားအလင်းရောင်ကိုအခြေခံပြီး
မြင်ရနိုင်ပါတယ်။ဒီလိုမြင်တွေ့ရာမှာနိုင်ငံတွေခွဲခြားကြည့်လိုက်ရင်လူဦးရေအနည်းအများဟာအက္ခရာမကျပဲမြို့ပြ
လူနေမှုစနစ်မည်ရွေ့မည်မျှဖွံ့ဖြိုးတိုးတက်နေသလဲကသာအက္ခရာကျကြောင်းထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။

အနောက်ဥရောပ၊မြောက်အမေရိက၊အာဖရိကနဲ့အာရှတို့သင်နှိုင်းကြည့်လိုက်ပါ။အဖွံဖြိုးဆုံးသောဒေသတွေဟာ
ထိန်ထိန်ညီးနေတာကိုတွေ့ရပါလိမ့်။အဲဒီနောက်ကျနော်တို့ရဲ့အာရှကိုနည်းနည်းပိုပြီးအာရုံပြုကြည့်လိုက်။ဂျပန်ကျွန်း
ဆွယ်၊ကိုရီးကျွန်းဆွယ်၊မလေးကျွန်းဆွယ်နဲ့အိန္ဒိရတိုက်ငယ်တခုလုံးUrbanizationဖြစ်ထွန်းကြောင်းသက်သေ
ခံနေပါတယ်။သို့သော်လည်းတောက်မိမီးခဲတရဲရဲတရုတ်ကြီးတို့နိုင်ငံဟာရှေ့ဘက်ခြမ်းလေးကလွဲလို့အမှောင်ဖုံးနေ
ရှာပါတယ်။

အကယ်၍သင့်ကော်နက်ရှင်မြန်ဆန်ပြီးပုံကြီးများကိုကြည့်နိုင်ခဲ့ရင်တော့ကျနော်တို့ရွှေပြည်ကြီးကိုလည်းသေသေချာ
ချာကြည့်ရှုနိုင်ပါသေးတယ်။အဖွံဖြိုးဆုံးလို့ဆိုနိုင်တဲ့ရန်ကုန်မန္တလေးလမ်းတစ်လျှောက်မှာရှိတဲ့အလင်းစက်ကလေးများ
နဲ့တဖက်နိုင်ငံကကျောက်ဖရားမြစ်ဝှမ်းတစ်လျှောက်ကအလင်းစက်ကြီးများကိုတော့စိတ်မသက်မသာမြင်ရပါလိမ့်မယ်
ခင်ဗျာ။

ပုံကြီးများကြည့်ရန်

0 comments: