ခေတ်စားလာတဲ့ဆယ်ကျော်သက်ရောဂါ


အီတလီနိုင်ငံရဲ့ငွေကြေးတတ်နိုင်သူအသိုင်းအဝိုင်းမှာကိစ္စသစ်တစ်ရပ်ကတော်လေးခေတ်စားလာတယ်လို့စစ်တမ်းများ
အရသိရပါတယ်။ဘာလဲဆိုတော့ရင်သားကြီးထွားအောင်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပြီး၊အထက်တန်းအောင်ကျောင်းသူများအ
သိုင်းအဝိုင်းမှာဖြစ်ပါတယ်။့အထက်တန်းအောင်မြင်ပြီးသွားတဲ့အခါမှာ၊မိဘဖြစ်သူတွေကအထိမ်းအမှတ်ပစ္စည်းပစ္စရဝယ်
ပေးလေ့ရှိကြပြီးမော်တော်ကား၊ခရီးသွားစရိတ်အစရှိသည်တို့ဟာအစဉ်အလာအရအမြဲတမ်းနံပတ်တစ်ချိတ်လေ့ရှိပါတယ်။
ဒါပေမယ့်ယနေ့အီတလီရဲ့ဆယ်ကျော်သက်မိန်းခလေးများရဲ့အယူအဆဟာပြောင်းလဲလာပြီးရင်သားခွဲစိတ်မှုကနံပတ်တစ်
နေရာကိုတက်ချိတ်သွားပါတယ်။အန်ဂျယ်လစ်ကာအမည်ရှိပူပူနွေးနွေးအထက်တန်းအောင်မြင်ထားသူမိန်းကလေးက"ခ
ရီးသွားလိုက်ရင်အလွန်ဆုံတစ်ပတ်နဲ့ပြီးသွားမယ်၊ကားဆိုလည်းအများဆုံး၁၀နှစ်ပေါ့။ရင်သားခွဲစိတ်တာကျတော့တစ်သက်
လုံးထိခံတယ်ရှင့်"လို့ဆိုသွားပါတယ်။

0 comments: