မဲထည့်မလား၊Ipod-touchယူမလား?

Image Hosted by ImageShack.us

၂၀၀၈ခုနှစ်အတွင်းကျင်းပတော့မည်အမေရိကန်ရွေးကောက်ပွဲအတွက်ယခုအချိန်မှစ၍မဲဆွယ်ပွဲများ၊ထိပ်တိုက်ဆွေးနွေးငြင်းခုန်
ပွဲများသာမကစစ်တမ်းအမျိုးမျိုးပါကောက်ယူပြုစုခြင်းများဖြင့်နိုင်ငံတစ်ဝှမ်းအလုပ်များလျှက်ရှိနေကြသည်။ယခုနှစ်ပိုမိုထူးခြား
သည်မှာလူမည်းလွှတ်တော်အမတ်အိုဘားမားနှင့်အမျိုးသမီးဖြစ်သူဟစ်လာရီကလင်တန်တို့ကြောင့်လည်းအမေရိကန်သမိုင်းကို
အသွင်သစ်ပြောင်းစေမည့်ရွေးကောက်ပွဲအဖြစ်ကမ္ဘာကပါရှုမြင်စိတ်ဝင်စားကြသည်။သို့သော်ပြီးခဲ့သော်စစ်တမ်းတခုအရနယူး
ယောက်တက္ကသိုလ်မှကျောင်းသား၂၀%ရာခိုင်နှုန်း(၅ဦးလျှင်၁ဦး)သည်Ipod-touchရမည်ဆိုပါက၊တရားဝင်မဲထည့်ခွင့်အားစွန့်
လွှတ်မည်ဟုဆိုသည်။ဤသည်ကိုယနေ့ဒစ်ဂျစ်တယ်မျိုးဆက်၏ရာသီပေါ်ကိရိယာများ၏လွှမ်းမိုးမှုဆိုးကျိုးအဖြစ်ရှုမြင်ကြသည်။
Ipod-touchမှာလွန်ခဲ့သော်လအနည်းငယ်ကပြန်လည်ပြင်ဆင်ထုတ်လုပ်ထားသည့်နောက်ဆုံးပေါ်touch-screenသုံးအမ်ပီသရီး
ဖွင့်စက်ဖြစ်ပြီးလက်ရှိဒေါ်လာ၃၀၀ပေါက်ဈေးရှိသည်။

0 comments: