အလုပ်ချိန်မှာဝီကီပီးဒီးယား မသုံးရ


ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနတွင်လုပ်ငန်းချိန်အတွင်းအသုံးမပြုနိုင်ရန်ဝီကီပီးဒီးယားခေါ်မည်သူမဆိုပါဝင်ရေးသား၊တည်း
ဖြတ်နိုင်သည့်ဝက်ဆိုဒ်အားပိတ်ပင်လိုက်ကြောင်းသိရှိရသည်။စုံစမ်းစစ်ဆေးမှုများအရ၊အရာရှိ၆ဦးသည်ရုံးလုပ်ငန်းချိန်အတွင်းသူ
တို့၏ကွန်ပျူတာများမှတဆင့်လယ်ယာစိုက်ပျိုးရေးနှင့်မည်သို့မျှမပတ်သက်သည့်အကြောင်းအရာများအားနာရီပေါင်းများစွာအချိန်
ဖြုန်းရေးသာနေသည်ဟုသိရသည်။ပို၍တိတိကျကျဆိုရသော်၂၀၀၃ခုနှစ်မှအစပြု၍ထို၆ဦးသည်ဝီကီပီးဒီယားပေါ်တွင်ခေါင်းစဉ်ပေါင်း
၄၀၈ခုအားရေးသားခဲ့ပြီးထိုအထဲမှတစ်ဦးသည်Gundamအမည်ရှိကာတွန်းဇာတ်လိုက်စက်ရုပ်ကြီးများအကြောင်းအားအကြိမ်၂၆၀
တိုင်တိုင်ပါဝင်ရေးသားခဲ့သည်ဟုဆိုသည်။ထိုကဲ့သို့စက်ရုပ်၊ကာတွန်းအစရှိသည့်အကြောင်းအရာများအားအလွန်အမင်းစွဲလွန်းသည့်
လူကြီး၊ကလေးများအား"Otaku"ဟုခေါ်ကြသည်။ထို့အပြင်ကျန်၅ဦးမှာလည်းရုပ်ရှင်များ၊နိုင်ငံရေးများ၊ဆိုင်းဘုတ်ပေါ်တွင်စားရေးအ
မှားများစသည့်အကြောင်းအရာများအားရေးသားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနမှပြောရေးဆိုခွင့်ရှိသူShimomuraက"ဒီဝန်ကြီးဋ္ဌာနဟာစက်ရုပ်တွေအကြောင်းနဲ့ဘာမှမပတ်သက်
ဘူး"ဟုဆိုသည်။ဝန်ကြီးဋ္ဌာနတစ်ခုလုံးအားဝီကီပီးဒီယားအသုံးပြုခွင့်ပိတ်ပင်လိုက်သော်လည်းWorld-Trade-Organizationနှင့်free
trade-agreementsတို့ကဲ့သို့သောအဖွဲ့အစည်းများ၌ပါဝင်ရေးသားခြင်းအားခွင့်ပြုထားသည်ဟုသိရသည်။

Source:Yahoo
Related Post: Otaku and Akihabara

0 comments: