ဂျပန်"ဝီ"နှင့်တရုတ်"ဗီ"


နင်တန်းဒိုး"ဝီး"(ဘယ်)၊တရုတ်"ဗီ"(ညာ)


အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ရောက်ရှိပြီးလာချိန်၊ကမ္ဘာ့နိုင်ငံများအလယ်၌နိုင်ငံရေးအရလေးစားဖွယ်ဂုဏ်သိက္ခာမရှိသေး
သော်တရုတ်နိုင်ငံသည်အခြားဖက်ခြမ်းတစ်ခုဖြစ်သောကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာနည်းပညာများတွင်လည်းလေးစားဖွယ်ရာ
မရှိသည့်အပြင်သူခိုးတိုင်းပြည်ဟုပင်ပေါ်ပေါ်ထင်ထင်ခေါ်ဆိုခံလာရသည်။ဖက်ရှင်လောကမှကမ္ဘာကျော်တံဆိပ်အမျိုးမျိုး၊နာမည်
ကျော်အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး၊I-phone၊မော်တော်ကားအင်ဂျင်မှအစဒီဇိုင်း၊ယူကျု၊အမေရိကန်fast-foodစားသောက်ဆိုင်
များ၏တံဆိပ်နှင့်အမည်များအပါအဝင်ပစ္စည်းအမျိုးမျိုးတို့အားတရုတ်ပြည်တွင်ပေါ်ပေါ်ထင်ထင်ထုတ်လုပ်ရောင်းချတင်ပို့လေ့ရှိ
သည်။

လွန်ခဲ့သောနှစ်ပိုင်းအတွင်းဂျပန်နင်တန်းဒိုးကုမ္ပဏီ၏ဂိမ်းလောကအားတစ်ခေတ်စန်းစေခဲ့သောနင်းတန်းဒိုး"ဝီး"အားယခုအခါတရုပ်
ပြည်လုပ်"ဗီ"အမည်ရှိစက်(ဝီနည်းပညာအားခိုးထားသော)ကတရုတ်ပြည်တွင်းဈေးကွက်တွင်းစိန်ခေါ်လာပြန်ပြီဖြစ်သည်။အတုပီပီ
986ယွမ်ဖြင့်(ဒေါ်လာ၁၂၅)ဈေးချိုစွာရောင်းချနိုင်သည့်အပြင်နင်တန်းဒိုးဝီအော်ရိဂျင်နယ်ဂိမ်းခွေများမလိုပဲခိုးကူးခွေများနှင့်အလုပ်
ဖြစ်သည်ဟုသိရသည်။ယခုအချိန်ထိထိုစက်တု"ဗီ"အားတရုတ်နိုင်ငံအတွင်း၃၀၀၀၀၀ကျော်ရောင်းချပြီးဖြစ်သည်။


ဝီရီမုတ်(အလယ်)၊ဗီရီမုတ်(ဘေး)


Source: Engadget

0 comments: