မြောက်အမေရိက ဇနီးထမ်းပြေးပွဲ


၁၉ရာစုတွင်စတင်အခြေပြုသောဖင်လန်လူမျိုးတို့၏ရိုးရာပွဲတစ်ခုဖြစ်သည့်ဇနီးထမ်းပြေးပွဲအား၊မြောက်အမေရိကအဆင့်ပွဲအဖြစ်
နယူးအင်္ဂလန်ပြည်နယ်Sunday-River-Ski-Resortတွင်ကျင်းပခဲ့သည်။အစဉ်အလာအရဇနီးဖြစ်သူအားထမ်းရမည်ဖြစ်သော်လည်း
ယခုကာလတွင်မူအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်လျှင်ရသည်ဟုဆိုသည်။အမျိုးသမီးများကအမျိုးသားများကိုပါထမ်းပြေး
နိုင်သည်သို့သော်မည်သူကမှထိုနည်းလမ်းအားမရွေးချယ်သေးဟုသိရ၏။ထို့အပြင်ပြိုင်ပွဲဝင်များအားလုံးအသက်၂၁နှစ်အထက်ဖြစ် ရဦးမည်ဖြစ်သည်။ပြိုင်ပွဲမှာ၂၅၃.၃မီတာအရှည်အားကုန်းဆင်းကုန်းတက်များသာမကအတားအဆီး၊ရွှံရေအိုင်အစရှိသည့်အခက်အခဲ အချို့ကိုပါဖြတ်သန်းရသည်။ယခုနှစ်တွင်နယူးအင်္ဂလန်၊ကယ်လီဖိုးနီးယား၊နယူးယောက်၊ဗာဂျီးနီးယားအစရှိသည့်ပြည်နယ်များမှစုံ
တွဲပေါင်း၄၀ပါဝင်ခဲ့ကြသော်လည်း၃၄ဖွဲ့သာပန်းဝင်နိုင်ခဲ့သည်။

ပထမဆုအားဘော်စတွန်မှCondozaနှင့်Stonerအတွဲမှရရှိသွားပြီးဖင်လန်တွင်ကျင်းပမည့်ကမ္ဘာ့အဆင့်ပွဲအတွက်စရိတ်ငွေဒေါ်လာ
၁၀၀၀အပြင်၊ဆုကြေးငွေဒေါ်လာ၆၇၅(အမျိုးသမီးအလေးချိန်၏၅ဆ)၊အမျိုးသမီး၏အလေးချိန်နှင့်ညီမျှသောဘီယာတို့ပါရရှိသွား
သည်။Fahnestock-Silverbergအတွဲမှာမူဒုတိယငွေတိဆိပ်ဆုနှင့်အမျိုးသမီးအလေးချိန်ရှိသောဘီယာတို့နှင့်သာကျေနပ်လိုက်ရ
သည်။





Source: sunjournal

0 comments: