Cocaineစွဲခြင်းအတွက်ကာကွယ်ဆေးထုတ်လုပ်နိုင်တော့မည်


အမေရိကန်နိုင်ငံ၊Taxesပြည်နယ်Houstonမြို့Baylor-College-of-Medicineမှသိပ္ပံပညာရှင်တစ်စုသည်ကိုကင်းမူယစ်ဆေး၏မော်လီ
ကျူးများအားဦးနှောက်သွေးကြောများတွင်းသို့မရောက်အောင်ဟန့်တားပေးနိုင်သည့်ပဋိဇီဝပစ္စည်းတစ်မျိုးအားဖန်တီးနိုင်ခဲ့သည်ဟု
သိရှိရသည်။အေပီ၏အဆိုအရစမ်းသပ်ကာလအဆင့်အတွင်ရောက်ရှိနေပြီးအောင်မြင်ပါကကမ္ဘာပထမဆုံးသောကိုကင်းကာကွယ်ဆေး
အားထုတ်လုပ်နိုင်တော့မည်ဟုဆိုသည်။

လူကိုယ်ခံစွမ်းအားစနစ်သည်ကိုးကင်းနှင့်အခြားသောမူးယစ်ဆေးဝါးများ၏မော်လီကျူးများသေးငယ်လွန်းသောကြောင့်မှတ်သားကာသ
ဘာဝပဋိဇီဝပစ္စည်းများထုတ်လုပ်ရန်မစွမ်းသာခြင်းဖြစ်သည်။သိပ္ပံပညာရှင်များသည်ကိုကင်းအားအန္တရာယ်မပေးနိုင်အောင်ဖန်တီးထား
သည့်ကာလဝမ်းရောဂါပိုး၏ပရိုတင်းနှင့်ပေါင်းစပ်ခါလူ့ကိုယ်ခံစွမ်းအားစနစ်အားပဋိဇီဝပစ္စည်းထုတ်လုပ်ခိုင်းခြင်းဖြစ်သည်။(ကာလဝမ်းရော
ဂါပိုးသည်ကာကွယ်ဆေးဖန်တီးရာတွင်များစွာအသုံးဝင်သည်)။သွေးကြောများအတွင်းသို့ကိုကင်းဝင်ရောက်လာသောအခါကိုယ်ခံစွမ်းအား
စနစ်မှမှတ်မိသိရှိပြီးဦးနောက်သို့မရောက်စေရန်ပိတ်ဆို့ပေးသည့်ပဋိဇီဝပစ္စည်းများထုတ်လုပ်သည်။ဦးနောက်သို့ကိုကင်းမရောက်နိုင်သည့်
အတွက်မည်သည့်ခံစားမှုမျိုးမှမရနိုင်ဟုသိပ္ပံပညာရှင်များကဆိုသည်။

အထက်ပါစနစ်၏အလားအလာကောင်းမွန်မှုကြောင့်ကာကွယ်ဆေးအဖြစ်ဖန်တီးနိုင်ရန်အမေရိကန်နိုင်ငံ၏Institute-for-Drug-Abuseမှမ
တည်ငွေအဖြစ်ဒေါ်လာ၁၅သန်းထုတ်ပေးထားပြီးဆေးဝါနှင့်အစားအသောက်ထိမ်းချုပ်ရေးဋ္ဌာန၏ခွင့်ပြုချက်သာလိုတော့သည်ဟုဆိုသည်။
အကယ်၍ထိုကာကွယ်ဆေးသာပေါ်လာပ်ါကကိုးကင်းစွဲသူများအားထိရောက်လျှင်မြန်စွာကုသပေးနိုင်သည်သာမကလူငယ်များကိုလည်း
ရောဂါကာကွယ်ဆေးများသဖွယ်ထိုးပေးထားနိုင်မည်ဖြစ်သည်။

0 comments: