နမ်းရှုံ့နေပုံအင်တာနက်ပေါ်တင်၍စုံတွဲမှရထားကုမ္ပဏီအားတရားစွဲ


တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိမြေအောက်ရထားဘူတာရုံတစ်ခုအတွင်းတွင်ပွေ့ဖက်နမ်းရှုံ့နေသောစုံတွဲတစ်တွဲအားလုံခြုံရေးကင်မရာများ
မှတဆင့်ဗီဒီယိုရိုက်ယူကာYoutubeနှင့်အခြားသောဗီဒီယိုမျှဝေဆိုဒ်များသို့ပို့ခဲ့သူဘူတာရုံဝန်ထမ်းများအားထိုစုံတွဲမှတရားစွဲဆိုတော့
မည်ဟုသိရှိရသည်။

ထိုသုံးမိနစ်ကြာဗီဒီယိုသည်Youtubeတွင်နှစ်ရက်အတွင်း၁၅၀၀၀ကျော်ကြည့်ရှုပြီးသွားရုံသာမကလှောင်ပြောင်ရယ်မောနေသောအ
သံများပါပါဝင်နေခြင်းကြောင့်ထိုစုံတွဲမှာများစွာအရှက်ရရသည်ဟုဆိုသည်။ထို့ကြောင့်ထိုစုံတွဲမှရှန်ဟိုင်းမက်ထရိုအသုံးပြုသူများ၏
ကိုယ်ရေးကိုယ်တာလုံခြုံမှုအားကိုယ်စားပြု၍ရှေ့နေငှားရမ်းကာတရားစွဲဆိုသွားမည့်အပြင်အမျိုးသားဖြစ်သူကဘူတာရုံတွင်းသို့ဝင်
သည့်အချိန်တိုင်းများစွာစိတ်မသက်မသာဖြစ်နေရသည်ဟုပြောပြသွားသည်။ရှန်ဟိုင်းMetro-Operationကုမ္ပဏီအနေဖြင့်လည်း
လုံခြုံရေးဗီဒီယိုများအားလွဲမှားစွာအသုံးပြုခဲ့သူဝန်ထမ်းများအားစုံစမ်းရှာဖွေကာပြင်းပြင်းထန်ထန်အပြစ်ပေးသွားမည်ဟုဆင်ဟွာ
သတင်းဋ္ဌာနအားပြောကြားသွားခဲ့သည်။


0 comments: