ဘောလုံးကွင်းများအတွင်းထိုးဖေါက်ဝင်ရောက်လာသည့်Bluetoothကြော်ငြာများ


ယနေ့မျိုးဆက်မိုဘိုင်းဖုန်းကွန်ယက်များတွင်သုံးစွဲသူများအနေဖြင့်Mp3များ၊ဗီဒီယိုများ၊ဓာတ်ပုံများနှင့်Gameများအစရှိသည့်မီဒီ
ယာများကိုသာမက၊ရာသီဥတုအခြေအနေ၊အားကစားပွဲရလဒ်များ၊ရုပ်ရှင်အချိန်ဇယားများအစရှိသည့်သတင်းအချက်အလက်များ
ကိုပါအခကြေးငွေပေး၍ကြည့်ရှုသုံးစွဲနေကြခြင်းမှာခေတ်စားသည့်အလေ့အထတစ်ခုဖြစ်သည်။အထက်ပါမီဒီယာများအားမိုဘိုင်း
ဖုန်းများအတွက်အခမဲ့ပေးနိုင်ရနိုင်မည့်အစီအစဉ်ရှိလာနိုင်ပါသလားမေးလာပါကရှိသည်ဟုဖြေရလိမ့်မည်။သို့သော်ဘောလုံးပွဲ
များတွင်သာ။

ဗြိတိန်ရှိBlackburn-Rovers၊Birmingham-City၊West-Ham၊Portsmouth၊Wigan-Athletic၊Wolvesနှင့်Celticဘောလုံးအသင်း
များ၏ကစားကွင်းများတွင်Bluepodကြော်ငြာလုပ်ငန်း၏အကူအညီဖြင့်ဗီဒီယိုများ၊အသံဖိုင်များ၊Textများအပြင်ဘောလုံးအသင်းများ
၏သမိုင်းအကျဉ်း၊ပွဲစဉ်ဇယားများအစရှိသည့်အချက်အလက်များကိုကြော်ငြာများကြားညှပ်၍မိုဘိုင်းဖုန်းများသို့အခမဲ့Downloadပြု
လုပ်နိုင်တော့မည်ဖြစ်သည်။ထိုသို့Downloadပြုလုပ်နိုင်ရန်အတွက်ရိုးရှင်းသောBluetoothကြိုးမဲ့စနစ်အားအသုံးပြုထားပြီးအချက်
အလက်ဒေတာများအားလုံးမှာကစားကွင်းတွင်းရှိBluepodဆာဗာငယ်များမှလာသည်ဟုဆိုသည်။

Bluepodကုမ္ပဏီသည်ဘောလုံးကွင်းများအတွင်းရှိထောင်ပေါင်းများစွားသောပွဲကြည့်ပရိတ်သတ်များအားလွယ်ကူသည့်ကြော်ငြာ
ပစ်မှတ်များအဖြစ်ရှုမြင်ထားသည်။မကြာသေးမီကPortsmouthအသင်းပွဲ၏စမ်းသပ်မှုရလဒ်အရပွဲကြည့်ပရိတ်သတ်၂၀၀၀၀အနက်
၆၀၀၀ကျော်မှာရုပ်ရှင်ထရေလာများအား၎င်းတို့မိုဘိုင်းဖုန်းများသို့Downloadလုပ်သွားခဲ့ခြင်းအလားအလာကောင်းမွန်သောကြော်
ငြာလုပ်ငန်းသစ်တစ်ခုအဖြစ်ယူဆကြသည်။အဆိုပါစနစ်အားအသုံးပြုနိုင်ရန်အတွက်Bluetoothစနစ်ပါဝင်သည့်မိုဘိုင်းဖုန်းရှိရမည်
ဖြစ်ပြီးဖုန်း၏Bluetooth-settingများအလိုက်သင့်ပြောင်းလဲရန်လိုအပ်မည်ဖြစ်သည်။

Source:The register

0 comments: