ငါးအားဆာကေးတိုက်၍ယတြာချေသောဂျပန်တို့ရိုးရာပွဲ


ဂျပန်လူမျိုးများ၏ကြံကြံဖန်ဖန်ရိုးရာအစဉ်အလာများနှင့်ထူးဆန်းသောPop-cultureများအားဤဘလော့တွင်အလျှင်းသင့်လျှင်သင့်
သလိုတင်ပြလာခဲ့သည်မှာအချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ယခုတစ်ကြိမ်တွင်လည်းထူးထူးခြားခြားရိုးရာပွဲတစ်ခုဖြစ်သည့်ငါးများကို
ဆာကေးတိုက်၍ယတြာခြေခြင်းအခန်းအနားအားဇန်နဝါရီ၇ရက်နေ့ကကျင်းပသွားကြသည်။

ထိုရိုးရာအစဉ်အလာမှာEdoခေတ်(1603-1868)တွင်စတင်ပေါ်ပေါက်ခဲ့ပြီးမိမိ၏အနာဂတ်တွင်ကျရောက်လာမည့်ကံဆိုးမှုများကို
ငါးအားအစားကျခံစေသည့်သဘောဖြင့်ဆာကေးတိုက်ကာမြစ်ထဲသို့လွှတ်ကြခြင်းဖြစ်သည်။အခန်းအနားအားရှင်တိုဘုရားကျောင်း
မှစတင်ကာရိုးရာဝတ်စုံပြည့်ဝတ်ဆင်ထားသည့်အမျိုးသားနှင့်အမျိုးသမီးများကိုယ်တိုင်ငါးဖမ်း၍မြစ်တွင်းသို့မလွှတ်မှီပါးစပ်တွင်းသို့
ဆာကေးလောင်းထည့်ကြသည်။ယခုနှစ်တွင်အသက်၂၅မှ၄၂အရွယ်အမျိုးသားများနှင့်အသက်၁၉မှ၃၃နှစ်အရွယ်အမျိုးသမီးစုစုပေါင်း
၆၂ဦးပါဝင်ဆင်နွှဲကြပြီးဆုမွန်းကောင်းများတောင်းခဲ့ကြသည်ဟုဆိုသည်။ဆာကေးအတိုက်ခံရသောငါးများမှာအစပိုင်းတွင်ရေပေါ်သို့
ပေါလောပေါ်လာသော်လည်းအချိန်အနည်းငယ်အတွင်းအမူးပြေ၍ရေထဲသို့ကူးဝင်ပျောက်ကွယ်သွားကြသည်ဟုဂျပန်အခြေဆိုက်
Mainichiသတင်းတွင်ဖေါ်ပြထားသည်။

2 comments:

Anonymous

4:08 AM

ငါးက အစားခံပေးရတာ ဆိုတော့ သနားပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ဆာကေး တွေ ဘာတွေ သောက်ရသေးတယ်။ သိုးလေးဆို သိတောင် မသိဘူး။ ဒါနဲ့ ဂျပန်အကြောင်းတွေ အရမ်းတင်တော့ မေးကြည့်ချင်လို့။ ဂျပန်မှာလေ Java နဲ့ C+ ဘယ်ဟာ ပိုအသုံးဝင်လဲဟင်။

အေးချမ်းသူ

boedawgyi

4:09 PM

ကျနော်ကဂျပန်ကဟုတ်ဘူးဗျ။ဂျပန်မှာပရိုဂရမ်မာလုပ်
ဖူးတဲ့စိန်မျောက်မျောက်ပဲပိုသိမှာ