ကျနော့်ရဲ့အကြိုက်ဆုံးတီဗီအစီအစဉ်တွေကတော့Documentaryတွေပါပဲ။ဘာလို့ကြိုက်လဲဆိုရင်တော့သေချာ
မသိဘူးဗျ။ရိုက်တဲ့သူကောင်းရင်ကောင်းသလိုရသမြောက်ပြီး၊ဗဟုသုတရတာတော့အမှန်ဘဲ။တပတ်ကို၂ခု
လောက်တော့အနည်းဆုံးကြည့်ဖြစ်တယ်။ဒီတစ်ပတ်ကြည့်ဖြစ်တာတော့Tetris-FromRussiaWithLoveလို့
ခေါ်တဲ့BBCရဲ့Productionတခုပါ။
Tetrisဆိုတဲ့ဂိမ်းလေးကိုလူတိုင်းကစားဘူးကြမယ်ထင်ပါတယ်။ဗမာလိုတော့တုံးစီတဲ့ဂိမ်းလို့ခေါ်ကြပါတယ်။အံ
ဩစရာကတော့အဲဒီဂိမ်းကိုရေးတဲ့သူကRussianတစ်ဦးဖြစ်မှန်းကြည့်မိတော့မှဘဲသိတော့တယ်။ဇာတ်လမ်း
ကျောရိုးကတော့၊၁၉၈၅မှာပေါ်လာတဲ့ဒီဂိမ်းဟာလူသန်းပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။နောက်ဆက်
တွဲကတော့IntellectualPropertyဆိုတာမပြောနဲ့တဦးချင်းပိုင်ဆိုင်မှုကိုတောင်အသိအမှတ်မပြုတဲ့ကွန်မြူ
နစ်တိုင်းပြည်ကြီးဆီကနေ၊ဂိမ်းဘီလူးကြီး၂ကောင်ဖြစ်တဲ့Nintendoနဲ့Atariတို့ကCopyRightဆိုတာကြီးကို
အပြိုင်အဆိုင်ကြိုးပမ်းကြတဲ့အခါမှာတော့...ကျနော့်အတွက်တော့စိတ်ဝင်စရာအလွန်ကောင်ပါတယ်။
Tags:documentary
0 comments:
Post a Comment