ကျနော့်တို့ပစ္စည်းကသိပ္ပံနည်းကျထုတ်လုပ်ထားတာဗျ။ကျမတို့ဆေးသနပ်ခါးကလည်းသိပ္ပံနည်းကျ
ဖေါ်စပ်ထားတာပါရှင်။အဘတို့ဘာသာကသိပ္ပံနည်းကျကွ။....ဒီလိုစကားလုံးမျိုးတွေကျနော့်ဘဝ
မှာမကြာခဏကြုံတွေ့ဘူးသလိုခင်ဗျားတို့လည်းခဏခဏကြားဖူးမှာပါ။သိပ္ပံနည်းကျဆိုတဲ့စကားလုံး
ဟာဒီကနေ့ခေတ်မှာတော့ဘာမှထူးဆန်းတဲ့စကားလုံးမဟုတ်တော့ပါဘူး။နေရာတိုင်းမှာလိုရင်လိုသလို
ယူအသုံးခံရတဲ့ဘဝကိုရောက်ရှိသွားပါပြီ။လူအားလုံးနီးပါးကလည်းဒီစကားလုံးလေးပါရင်ပိုပြီးစိတ်ချ
ယုံကြည်သွားတတ်ပါတယ်။
ဒါပေမယ့်ဒီစကားလုံးလေးရဲ့နောက်ကွယ်ကအဓိပ္ပယ်ကိုနားလည်သူအရေအတွက်ကတော့အတော်နည်း
နေပါသေးတယ်။ကဲဒါဆိုသိပ္ပံနည်းကျဆိုတာကြီးကဘာကြီးများပါလိမ့်။
ဘိုလိုတော့ScientificMethodလို့ခေါ်ပါတယ်။ပြီးတော့သူ့မှာအခြေခံအဆင့်လေးများလည်းရှိပါ
သေးတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ဖြင့်အောက်ကပုံလေးကိုသေချာလေ့လာကြည့်ပါ။
FlowChartကြီးကိုကြည့်ပြီးခေါင်းလည်းစားမသွားပါနဲ့ဦး။အဆင့်လေးများကတော့ဖြင့်အထက်တန်း
ကျောင်းများကမလုပ်မနေရစမ်းသပ်မှုလေးတွေကနေ၊ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးများထိလိုက်နာရပါ
တယ်။ဒီထဲမှာကျွန်တော်တို့နဲ့သိပ်ပြီးမနီးစပ်တာဆိုလို့Hypothesisဆိုတာသာပါပါတယ်။ဘိုလိုပဲအဓိ
ပ္ပယ်ပြန်ရင်EducatedGuessလို့ပြန်ရပါတယ်။
အဲဒီတော့ကာ၊သိပ္ပံနည်းကျဆိုတာကြီဟာကျနော်တို့လိုသာမာန်လူတွေနဲ့ဘာများသက်ဆိုင်လို့လဲလို့မေး
စရာရှိလာပါတယ်။ရှိသမသိပ်ရှိကိုယ့်လူ။နေ့စဉ်သိပ္ပံနည်းကျဘဝကိုဖြတ်သန်းနေရတာတွေဒုနဲ့ဒေးပါပဲ။
ဥပမာလေးတစ်ခုလောက်ပြချင်ပါတယ်။ဆိုကြပါစို့၊မီးပျက်နေတဲ့ညသန်းခေါင်ယံမှာ၊ခင်ဗျားအပေါ့အပါး
ထသွားချင်တယ်၊သုံးနေကျဓာတ်မီးလေးကိုခေါင်းအုံးကနေယူပြီးခလုတ်နှိပ်လိုက်တယ်။အဲမီးကလင်းမ
လာပါဘူး။အဲဒီတော့ဘာဆက်လုပ်မလဲ။
(၁)Observation:ငါ့ဓာတ်မီးလည်းမလာပါလား
(၂)Question:ဘာများဖြစ်ပါလိမ့်
(၃)Hypothesis:ဓာတ်ခဲကုန်နေတာဘဲဖြစ်ရမယ်
(၄)Prediction:ဓာတ်ခဲကုန်နေတာသာမှန်ရင်
(၅)Experiment/Test:ဓာတ်ခဲအသစ်လဲလိုက်တယ်
(၆)Predicted result:ဓတ်မီးလေးလင်းလာပြီ
အကယ်၍ဓာတ်မီးလင်းမလာဘူးဆိုရင်အဆင့်နံပတ်၂ကိုပြန်သွားရပါလိမ့်မယ်။ပြီးရင်Hypotheisisအသစ်တခု
အလျှင်အမြန်ပေးလိုက်ပါ။အဖြစ်နိုင်ဆုံးကတော့မီလုံးကျွမ်းသွားတာပါ။ဒါဆိုအထက်ကအတိုင်းအဆင့်၎၊၅၊၆
ကိုပြန်သွားပြီးမီးလုံးလဲရပါလိမ့်မယ်။အဲဒါမှမလာသေးဘူးဆိုရင်တော့"ဝါယာကြိုးများရှော့ဖြစ်သလား"ဆိုတာ
မျိုးထိသွားရပါလိမ့်မယ်။ပြန်မကောင်းမချင်းပေါ့။
နောက်ပြီး၊ဓာတ်မီးမလင်းခြင်းဟာနာနာဘာဝ၊ပရလောကသားများကြောင့်လို့Hypothesisကိုပေးလဲရပါတယ်။
ဒါပေမယ့်ဘယ်လိုမှလက်တွေ့စမ်းသပ်လို့မရတဲ့အတွက်သိပ္ပံနည်းကျဆိုတာကြီးရဲ့အပြင်ကိုဖယ်ထုတ်လိုက်ရပါ
တယ်။
ကဲဒီလောက်ဆိုရင်ဖြင့်သိပ္ပံနည်းကျဆိုတာကိုနားလည်လောက်ပါပြီ။နောက်ဆို၉၆ပါးရောဂါပျောက်ပြီးသိပ္ပံ
နည်းကျထုတ်လုပ်ထားတဲ့ရက်ဆားလာရောင်းလို့ရှိရင်ဘယ်လိုသိပ္ပံနည်းကျတာပါလိမ့်။၉၆ပါးအတွက်လူ
၉၆ယောက်ကို၉၆ခါများစမ်းကြည့်ဘူးသလားလို့ပြန်မေးကြည့်ဘို့မမေ့နဲ့ဦးနော။
Tags:science butt
1 comments:
9:26 PM
ဟုတ်ကဲ့ ဘိုးဘိုးကြီး။ :-)
Post a Comment