ဗြိတိန်နိုင်ငံTorquayရှိliving-coastကမ်းခြေဒေသတိရစ္ဆာန်ရုံတွင်ပင်းဂွင်းငှက်များအတွက်ပထမဆုံးသောပင်းဂွင်းကူမျဉ်း
ကြားတစ်ခုဖန်တီးလိုက်သည်ဟုဆိုသည်။အကြောင်းမှာပင်းဂွင်းကမ်းခြေတွင်နေထိုင်သောအာဖရိကန်ပင်းဂွင်းအကောင်၈၀ခန့်
သည်အစာကြွေးချိန်ရောက်တိုင်းလူအများဖြတ်သန်းရာနေရာများကိုကျော်ဖြတ်၍အစာကြွေးသည့်နေရာအားသွားရလေ့ရှိရာမကြာ
ခဏဆိုသလိုတိရစ္ဆာန်ရုံလာပရိတ်သတ်များနှင့်တွေ့ဆုံအထိတ်တလန့်ဖြစ်ပွားရလေ့ရှိသည်။
တာဝန်ရှိသူTony-Durkinက"ပင်းဂွင်းတွေကိုလုံလုံခြုံခြုံနဲ့လမ်းဖြတ်ကူးနည်းသင်ပေးဖို့ဆိုတာတော့ခက်လှပါတယ်။ဒါပေမယ့်
အနည်းဆုံးတော့လူတွေသတိထားရှောင်ရှားနိုင်တာပေါ့"ဟုဆိုသည်။သူကဆက်လက်ပြီး"ဒါဟာကမ္ဘာပထမဆုံးသောပင်းဂွင်း
တွေအတွက်မျဉ်းကြားဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။"ဟုပြောကြားသွားသည်။
Source:Daily Mail
0 comments:
Post a Comment