ထိုင်းဗုံးကွဲသတင်း


သွေးမြေမကျတဲ့အာဏာသိမ်းပွဲအပြီး၊ဘန်ကောက်မြို့တော်ရဲ့ပထမဦးဆုံးသွေးမြေကျစေတဲ့အခင်းတစ်ရပ်
ဖြစ်ခဲ့ရပါတယ်။ကျနော်ဒီစာကိုရေးတဲ့အချိန်အထိ၃ယောက်မာလကသွားပါပြီ။အာဏာပိုင်တွေရဲ့အဆိုအရ
တော့တောင်ပိုင်းမူဆလင်အရေးအခင်းနဲ့လုံးဝမသက်ဆိုင်ပဲလက်ရှိနိုင်ငံရေးအခြေအနေနဲ့သက်ဆိုင်တယ်
လို့ပဲသတင်းစာတွေကိုပြောဆိုသွားပါတယ်။ဒါပေမယ့်ဘယ်အဖွဲ့အစည်းမှဝင်ခံပြောကြားခြင်းမရှိသေးသလို
လက်သည်လည်းရှာမရသေးပါဘူး။မြန်မာစစ်တပ်လိုအာဏာသိမ်းတာမျိုးမဟုတ်ဘူးလို့တွင်တွင်ကြီးပြော
နေပေမယ့်သိမ်းခြင်းဟာလက်ခံရယူခြင်းမဟုတ်တဲ့အတွက်ပြဿနာကတော့အနည်းနဲ့အများရှိနေဦးမှာပါပဲ
ဗျာ။ဓါးစာခံဖြစ်ရမယ့်သူတွေကတော့ထိုင်းပြည်သူတွေ၊ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသာဖြစ်ပါလိမ့်မယ်။

0 comments: