ကလေးတွေနဲ့ယနေ့Entertainmentပြဿနာ


A four-year-old changed into his Power Ranger costume and attacked when his family were held up by an armed robber.
ကျနော်ဒီနေ့တော့Ananovaသတင်းမှာဖတ်လိုက်ရတဲ့အထူးအဆန်းသတင်းကတော့ရုတ်တရက်ကြည့်လိုက်ရရင်
ရယ်စရာကောင်းသလိုလိုချီးကျူးစရာကောင်းသလိုလိုရှိပေမဲ့၊တကယ်တန်းသေချာစဉ်းစားကြည့်ရင်တော့ရင်လေးစရာ
လို့ဆိုချင်ပါတယ်။ဓါးပြတစ်စုကသူ့အမေနဲ့၅နှစ်အရွယ်သူ့အမတို့ကိုသေနတ်ထောက်ပြီးဓါးပြတိုက်တော့၎နှစ်သားချာ
တိတ်ဟာအခန်းထဲဝင်သွားပြီးသူပါဝါရိန်းဂျားဝတ်စုံကိုလဲ၊ပြန်ထွက်လာပြီးပလတ်စတစ်ဓါးနဲ့ယားယားဆိုပြီးလို်က်ချတော့
တာပါပဲ။

ဒါနဲ့ဓါးပြတွေလဲစီစဉ်ထားတဲ့အတိုင်းပစ္စည်းတွေအကုန်မယူတော့ပဲ၊တချို့တဝက်နဲ့သာပြန်သွားတယ်ပေါ့ဗျာ။ချာတိတ်က
တော့လူဆိုးတွေကိုနှိမ်နင်းလိုက်တယ်ဆိုပြီးပျော်နေလေရဲ့။ဒါပေမဲ့Realityနဲ့Fantasyကိုမခွဲခြားနိုင်တဲ့သူ့ကိုကောင်
စယ်လာတစ်ယောက်ဆီပို့ပြီးTherapyလုပ်နေရပါတယ်။

ဒီနေရာမှာကျနော်ပြောခြင်တာကာ၊ဟိုးအရင်ခင်ခေတ်တွေကနဲမတူတော့တဲ့၊ဒီနေ့ခေတ်မှာချာတိတ်တွေဟာမီဒီယာတွေဗီ
ဒီယိုဂိမ်းတွေရဲ့လွှမ်းမိုးမှုကိုသိပ်ခံရတယ်။သုံးလေးနှစ်အရွယ်ကျနော့်တူနဲတူမဝမ်းကွဲတွေဆိုလည်းတနေ့နေ့အစွန်းရောက်
သူရဲကောင်းဝါဒကာတွန်းတွေရုပ်ရှင်တွေမကြည့်ရရင်မနေနိုင်ရှာဘူး။ပြီးရင်လူကြီးအလစ်အဲဒီထဲကအတိုင်းပေါက်ကရတွေ
သူတို့ဖါသာလျှောက်လုပ်ကြတော့တာပါပဲ။မိဘတွေအတော်များများကနားမလည်ပဲကလေးတွေကမီဒီယာတွေနဲ့ဒီအတိုင်း
လွှတ်ပေးထားလေ့ရှိတော့Realityနဲ့Fantasyကိုသူတို့ဘာသာခွဲခြားရတော့တယ်ဗျာ။အမှန်ဆိုရင်လူကြီးတစ်ယောက်
ကဘေးကထိုင်တူတူကြည့်ပြီးသူတို့မေးသမျှကိုစိတ်ရှည်လက်ရှည်ဖြေရင်းGuideလုပ်ပေးသင့်တယ်။

နောက်တစ်ချက်ပြောချင်တာက၊သွေးသံရဲရဲသတ်ဖြတ်တာတွေနဲ့ကြောက်စရာသရဲကားတွေအကြောင်းပေါ့။အသက်၁၀နှစ်
၁၂နှစ်အရွယ်ကလေးတစ်ယောက်အပြာကားကြည့်မိရင်မိဘတွေကမ္ဘာပျက်သလိုဖြစ်မယ်။ဒါပေမယ့်သရဲကားတွေကိုတော့
မိဘတွေစိတ်ပူရကောင်းမှန်းမသိဘူး။အမှန်ကလေးတွေသက်ရောက်တဲ့ဆိုးကျိုးနှုန်းကတူတူလောက်ပဲ။ကျနော်သူငယ်ချင်တွေ
ထဲမှာအများကြီးပဲရှိတယ်ဗျ၊ကြီးကောင်ကြီးမားထိသူရဲကိုirrationallyကြောက်တဲ့လူတွေ။အသံလေးတစ်ချက်လောက်
ကြားလိုက်ရုံနဲ့သရဲလားဆိုတာမျိုးတွေပေါ့။သေချာလေ့လာကြည့်တော့သူတို့မိသားစုတွေထဲမှာတစ္ဆေသူရဲအကြောင်းတွေ၊သူ
ရဲကားတွေကလေးဘဝထဲကအရမ်းလွှမ်းမိုးခံရတယ်။အဲဒီတော့ကိုယ့်သားသမီးတွေကိုလူစွမ်းကောင်းရူးထပြီးအသက်အန္တရာယ်
ရောက်အောင်ကစားတာတို့၊လူကြီးဖြစ်တဲ့အထိသူရဲတအားကြောက်သူတို့မဖြစ်ကတော့ကိုယ့်ပေါ်မှာပဲမူတည်နေပါတယ်ဗျာ။
Tags:

0 comments: