Sunday Heat(weekly)

ဘိုးတော်ကြီးအကြိုက်
Lord of the rings by Blind Guardian

Lord-of-the-ringsရုပ်ရှင်အနေနဲ့နံမည်မကြီးမှီလွန်ခဲ့တဲ့၁၀နှစ်ကျော်ကတည်းကသီဆိုခဲ့ဖူးတဲ့သီချင်းတစ်ပုဒ်ပါ။
J.R.R.Tolkienရဲ့ပရိတ်သတ်တွေဖြစ်တဲ့Blind-Guardianဟာဂျာမဏီအခြေစိုက်Speed/Power/Epicမက်တယ်
အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။Rock-balladဆန်တဲ့ဒီသီချင်းလေးကိုတော့သူတို့ရဲ့Tales-from-the-Twighlight-world
သို့မဟုတ်Nightfall-in-Middle-Earthတခုခုမှာပါမယ်လို့ထင်ပါတယ်။ကြာပြီဆိုတော့လည်းသိပ်မမှတ်မိတော့ဘူး။
ရုပ်ရှင်ထွက်လာတော့နောက်ခံသီချင်းတော့ဖြစ်မလာခဲ့ပါဘူး။ဒါပေမယ့်လက်ကလိတတ်သူအချို့ကျေးဇူးနဲ့အရုပ်နဲ့အသံ
ဟန်ချက်ညီညီခံစားနိုင်ပါပြီခင်ဗျာ။

Click here to watch the video

စိန်မျောက်မျောက်အကြိုက် - Lithium (Nirvana)

ကျွန်တော့်အတွက်ကတော့ Lithiumဆိုတဲ့ ဒီသီချင်းက ယခုလက်ရှိအချိန်ထိ ဘယ်လောက်နားထောင်နားထောင် မရိုးနိုင်တဲ့ သီချင်းပါဘဲ။
လီသီယမ်ဆိုတာ ဘီပိုလာ လို့ခေါ်တဲ့ စိတ်ကျဝေဒနာခံစားရတဲ့အချိန်မှာ သုံးတဲ့ဆေးပါ။ ဒီသီချင်းစာသားနဲ့ပတ်သတ်ပြီး တော့ ကတ်ဒ် ပရိသတ်အတော်များများ မဆုံးနိုင်အောင် အငြင်းပွားနေဆဲပါဘဲ။ ဒါပေမယ့် နဗားနားရဲ့ ပရိသတ်တွေ အငြင်းပွားလို့မရတဲ့ အချက်က ဒီသီချင်းရဲ့ ညှို့ငင်စွမ်းအားနဲ့ ကတ်ဒ်ရဲ့ အနုပညာပါဘဲ။ သီချင်းနဲ့အတူစိတ်ပါ တခါတည်းလွင့်အောင် Yeah! Yeah! Yeah! ဆိုတဲံ ကတ်ဒ်ရဲ့စိတ်လှုပ်ရှားစရာ အသံက ခင်ဗျားကိုဆွဲခေါ်သွားပါလိမ့်မယ်။

I'm so happy 'cause today
I've found my friends, they're in my head
I'm so ugly, that's OK
'Cause so are you, broke our mirrors
Sunday mornin' is every day
For all I care and I'm not scared
Light my candles in a daze
'Cause I've found God
Yeah!
Yeah!
Yeah!
Yeah!


Click here to watch the video

Tags:

0 comments: