
ချီလီရာဇဝင်ရဲ့အဆိုးဆုံးသောအာဏာရှင်ကြီးPinochetအသက်၉၁နှစ်မှာမာလကဈဉ်ကြွသွားရှာတော့ရာပေါင်းများစွာသောပြည်
သူတွေလမ်းမပေါ်ထွက်ပြီးရှမ်ပိန်တွေနဲ့အောင်ပွဲခံကြသတဲ့။သူရဲ့၁၇နှစ်ကြာသံမဏိစည်းမျဉ်းတွေအောက်မှာနိုင်ငံရေးအကျဉ်းသား
ပေါင်း၃၁၉၇ယောက်အသတ်ခံရပေမဲ့လူတစ်ချို့ကတော့တိုင်းပြည်ကိုချောက်ထဲမကျအောင်ကယ်တင်ခဲ့တဲ့စစ်အေးခေတ်သူရဲ
ကောင်းကြီးလို့မြင်ကြတယ်တဲ့ဗျာ။အလောင်းသယ်ရာလမ်းတစ်လျှောက်ငိုကြွေးသူအချို့အပြင်နိုင်ငံတော်သီချင်းအော်ဆိုတဲ့သူ
တောင်ရှိတယ်ဆိုပဲ။အသက်အင်မတန်ကြီးရင့်နေပြီဖြစ်တဲ့အဖိုးကြီးကိုဒီဘက်ခေတ်မှာလူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ရုံးတင်ခဲ့ပေမဲ့
အသက်အရွယ်ကြီးရင့်နေမှုကြောင့်ဘာမှဟုတ်တိပတ်တိလုပ်လို့မရခဲ့ပါဘူး။ခုနောက်ဆုံးသေသွားတာတောင်ကောင်းကောင်းမသေ
ဘူး၊အဘိုးကြီးဘက်တော်သားတွေနဲ့ပျော်လွန်းလို့အောင်ပွဲခဲ့သူတွေနဲ့လမ်းပေါ်မှာချကြရာကအဓိကရုဏ်းတွေဖြစ်နေကြပြီတဲ့ဗျား။


Click here to watch the AP's videoreport
Source:Cnn,Ap
0 comments:
Post a Comment