ဇရပ်

မတစ်ထောင်မှာ တစ်ကောင်ဘွားလား
မ သုညမှာ ငါ့ကို ဖွားတာလား
ငါမသိဘူး
ငါ သိတာက
အဆုတ်ထဲလေကို
ခပ်မှန်မှန် ရှုသွင်းနေတယ်ဆိုတာဘဲ
ငါ့မှာ
မောင်းမတစ်ထောင်လဲမရှိဘူး
မောင်းမတစ်ယောက်လဲမရှိဘူး
အစွမ်းကုန်လွင့်ချင်တဲ့ မိုးတိမ်တွေရယ်
ခပ်မျှင်းမျှင်းလေး ခုန်နေတဲ့ ပန်းသီးနီနီရယ်
ကြယ်စုံလင်တဲံ့ သန်းခေါင်ယံစိတ်ကူးတွေရယ်
အဲဒါတွေကလွဲလို့
ငါ့မှာ
ဘာဆိုဘာမှမရှိဘူး
ဒီမယ် မိန်းကလေး
ငါ့သာလာယံဇရပ်ထဲကို
သင်ဝင်လိုက ဝင်လာနိုင်သည်
ထွက်လိုက ထွက်သွားနိုင်သည်
ငါ့ရင်ဘတ်တံခါးကို
သင့်အတွက်
ဟောဒီလို ဟောက်ပတ်ကြီး
ငါဖွင့်ထားမည်။

2 comments:

Anonymous

6:10 PM

ရှိတာတွေထုတ်ကြွားကုန်ပြီ...
ဈေးခေါ်တယ်လာ့.... :)

သက်စံ

6:21 PM

အဟီး။ ဟုတ်တယ်ဆရာဒီးရဲ့။ အစက ခေါင်းစဉ်ကို ဇရပ်ကြော်ငြာလို့ပေးမလို့။ ကဗျာကလည်း သိပ်ရေးတတ်တာမဟုတ်ပါဘူး။ ကဗျာတောင်ဖြစ်ရဲ့လားမသိဘူး။