ကွန်ကရစ်လူ

ကွန်ကရစ်တောအုပ်ထဲမှာ
“လ” ကသေခါနီးလူမမာလို
ဖုတ်လိုက်ဖုတ်လိုက် သာနေလေရဲ့
ထုံးစံအတိုင်းဘဲ
စက်ရုပ်မြွေကြီးစီးပြီး
ကိုယ့်အိမ်ယာဂူလေးဆီ
တိတ်တိတ်ဆိတ်ဆိတ်
တိုးဝင်ရတော့မှာပေါ့။
လမင်းကို ထမင်းဆီစမ်းပြီး
စိမ်ပြေနပြေ စားချင်သေးတယ်။

1 comments:

Tesla

9:44 PM

စက်ရုပ်မြို့တော် က ကွန်ကရစ်လူရဲ့ နူးညံ့တဲ့နှလုံးသား ပါလား ကိုဖိုးစိန် good တယ်ဗျို့ :)